Menu bar

30 March 2012

သိပ်မြန်လွန်းတဲ့ စိတ်ရယ် ..

ဒီနေ. မေမေနဲ. မနက်က ဖုန်းပြောရတော့ စိတ်ထဲ တော်တော် ဝမ်းသာပြီး ပေါ့ပါးနေမိတယ်။ မိဘတွေနဲ. စကားပြောလိုက်ရတိုင်း ရင်ထဲ ခံစားရတဲ့ မိဘ မေတ္တာကြောင့် အဲဒီ တနေ.လုံး စိတ်ထဲ ကြည်လင် လန်းဆန်း စေသလိုပါပဲ။ ဝမ်းသာစရာလေးတွေ မေမေက ပြောပြတော့ ပိုလို. ရွှင်မြူး ကြည်နူး ရပြန်တယ်။ 

ကဲ ပြောလို.မှ မဆုံးသေး။ စိတ်နှောက်စရာ က ပေါ်လာပြီ။ သူငယ်ချင်း တယောက်က ဖုန်းခေါ်လာပြီး ရှေ.လထဲမှာ ဒီနိုင်ငံရဲ. ကျောင်းပေါင်းဆုံ အားကစားပွဲမှာ ဆရာဝန် အလုပ်လုပ်ပေးဖို. ပြောလာ ပါတယ်။ အိုလန်ပစ်ပွဲရယ်၊ တခြား အားကစားပွဲ တွေရယ် ထပ်နေတာကြောင့် လုပ်ပေးနိုင်မယ် မထင်ကြောင်း ပြောတော့ သူက စိတ်ဆိုးပြီး အတင်း ကာရော လုပ်ရမယ်လို မျိုး ပြောလာတယ်။ ဖုန်းချပြီးတော့ တယောက်ယောက်နဲ. ငြင်းခုန် ပြီးတိုင်း ဖြစ်ရတဲ့ စိတ်ထဲ လေးလံ၊ ဒေါသ၊ မောဟ၊ မပျော်ရွှင်မှုဆိုတာတွေ ဟာ အဟုန်နဲ. ကျမရင်ထဲ စီးဝင်လာပါတော့တယ်။ ရင်က လဲ တလှပ်လှပ်နဲ. နေလို.က မကောင်းချင်တော့၊ ပျော်နေတဲ့ အပျော်လေးတွေလဲ ကြက်ပျောက် ငှက်ပျောက်။
အဲဒီတော့ ဘယ်လို ထိန်းရပါ့မလဲ။ ဒီလောက် လှုပ်ရှား မငြိမ် မသက် ဖြစ်နေတဲ့ စိတ်ကို။ ဗုဒ္ဓဘာသာ တဦး ပီပီ၊ တရားကိုမှတ် စိတ်ကို ပြန်လျှော့ဖို. ကျမ ကျိုးစား ပါတယ်။ တခါတလေ ဒီလောက်မြန်တဲ့ စိတ်နဲ. မပြောသင့်တာတွေလဲ ပြောမိကုန်။ နောက်မှ နောင်တရ ဆိုတာတွေဟာ မကြာခဏ လူတိုင်း ကြုံရတတ်တဲ့ ဖြစ်စဉ်တွေပါ။ ဒါမျိုးတွေ မဖြစ်အောင် ဘယ်လိုနေရမလဲ။ 



ဝိပဿနာ ဆိုတာ ကျမစိတ်ထဲ အမြဲတော့ ရှိပါတယ်။ အမြဲ ကျင့်ကြံ အားထုတ် ပြီး သတိလေးနဲ. နေဖို.ဆိုတာတော့ ကျမနဲ. အဝေးကြီး ရှိပါသေးတယ်။ တကယ် မလုပ်နိုင်သေးပါဘူး။ ဒီတော့လဲ ကျမ အမြဲ လုပ်နိုင်တဲ့ “နမောတဿ ဘဂဝါတော အရဟတော သမ္ဗာ သမ္ဗုဒ္ဒဿ” ရွတ်တာနဲ. “သရဏဂုံ သုံးပါး” တည်ဆောက်တာပါ။ ကျမ ဝမ်းသာလဲ ရွတ်ပါတယ်။ ဝမ်နဲ စိတ်ရှုပ်နေလဲ ရွတ်ပါတယ်။ ကားမောင်းရင်း ရွတ်၊ ရေချိုးတုန်း ရွတ်၊ အလုပ်သွားလဲ ရွတ် ဆိုသလို သတိရတိုင်း နေည မရွေးကို ရွတ်တာပါ။ 

ယုံကြည်မှု ကြောင့်လားတော့ မသိ။ စရွတ် ခတဲက ကျမစိတ်ကို ကြည်လင်လာ စေသလို၊ ကံကောင်း တတ်တာတွေ၊ အမှားတွေ.တာ နဲတာတွေ၊ ကို လက်တွေ ချက်ချင်း ကြုံတွေ.ရပါတယ်။ နိုင်ငံ ရပ်ခြားနေသူအတွက် ဘာသာတရား မမေ့ဖို.ဆိုတာ အလွန် အရေးကြီးလှတယ် မဟုတ်ပါလား။
မျက်စိလည် လမ်မှား ရောက်လာပြီး ဒီစာလေးကို ဖတ်မိတဲ့ သူငယ်ချင်း ရောင်းရင်း အပေါင်းအသင်း များကို ရှဲချင်လို. ဒီစာလေးရေးဖြစ်သွားခြင်း ဖြစ်ပါတယ်။ ယုံကြည်စွာနဲ. ရွတ်ကြည့်ပါ။ တကယ် အကျိုးထူး ခံစားရပါလိမ့်မယ်လို. တိုက်တွန်းပြီး ဒီစာလေးကို အဆုံးသတ်လိုက် ပါတယ်။