Menu bar

30 May 2013

mixed races

ဒီရက်ပိုင်း တွေရတဲ. လူနာ အများစုနဲ. ပါလာတဲ့ ကလေးလေးတွေ တွေ.ရတာ အဖြူအမဲ ရောမွေးထားတာလေးတွေပဲ များနေတယ်။ အသားညိုတိုတို၊ ဆံပင်က ကပ္ဗလီအကောက်လေးတွေနဲ.။ အသားက ဝါတာတာ မျက်လုံး အညိုလေးတွေ။ ဆံပင်က နက်မှောင်လို. မျက်လုံးလေးက ပြာတာတာ ညိုညိုတိုတိုလေးတွေ ... တွေ.ရတာ စုံနေတာပဲ။

အဖြူနဲ. ကပ္ဗလီ၊ အဖြူနဲ. ကရေဘီရန်း၊ အဖြူနဲ. middle east (မြန်မာလို ဘယ်လိုခေါ်တယ်မသိ)၊ အဖြူနဲ. အာရှသား (ကုလား တရုပ် အစုံ) အဟဲ တို.မြန်မာတောင် ပါလိုက်သေးတယ်နော် ရောစပ်လို. မွေးလာတဲ့ ကလေးတွေ အသားအရောင် ဆံပင်အရောင် ရောင်စုံ ရောစပ်လို.ရယ်ပါ။ 

ကျမ အနေနဲ. လူမျိုးရေး ခွဲခြားတဲ့ စိတ်ဓါတ် မရှိပေမယ့် စိတ်ထဲ တွေးမိတာက နောင် ၁၀နှစ်ဆိုရင် Caucasian ဆိုတာတောင် ရှိပါဦးမလားလို.။ အားလုံး Mixed Races လေးတွေပဲ ဖြစ်နေမလား။ ကမ္ဘာရွာကြီးရဲ့ ကောင်းကျိုးလား ဆိုးကျိုးတွေလားပါပဲ။ 

24 May 2013

ခုနှစ်နေ့ ဘုရားရှိခိုး

ကြာသပတေးနေ့ ပဋိသန္ဓေယူ(အမိဝမ်းတိုက်သို့ ၀င်စားခြင်း)

သုံးလူ့ရှင်ပင်ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့၊ ကိန်းပါကို။


သောကြာနေ့ ဖွားမြင်

သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။


တနင်္လာနေ့ တောထွက်

ဖွါးမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို။


ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်

တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေဥာဏ်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မညီးကြည်ဖြူနေတော်မူလျှက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါ ကို။


စနေနေ့ ဓမ္မစကြာတရားဟော

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြ်ာရွှေဖွါး၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီစုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်၊ ရွှန်းတယ်ကို။


အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ

တရားနတ်စည်၊ စော်ရွှန်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သည့်သူ၊ နတ်လူဗြဟ္မာ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံတိုင်းမယုတ်၊ ကုသိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗုစံတော်မူသည်၊ ၀ှန်းဆူသောင်းလုံးကျော်တယ်ကို။


တနင်္ဂနွေနေ့ တေဇောဓါတ်လောင်(မီးသင်္ဂြီုလ်)

နိဗ္ဗုစံပြီး၊ ရှုမအီသာ၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုလျော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓါတ်တေဇောလျှင်၊ ရှင်စောဥာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိပ် ကြွင်းတယ်ကို။


ဆုတောင်း
ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျှက်၊ သုံးလူတို့ထက်၊ မြတ်ထက်မြတ်သား၊ ကိုယ် တော်ဘုရားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဒါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း၊ ကြွယ်စေသော်။


မှတ်ချက်။ ငယ်ငယ်က အမြဲရွတ်ဆိုနေကျ ၇ နေ.ဘုရားရှိခိုးကို ကဆုန်လပြည့်နေ.မှာ http://saytanarpankhinn.blogspot.co.uk အဲဒီ ဘလော့ဂ်မှာ တွေ.တာနဲ. ပြန်ကူးယူပြီး ကုသိုလ်ပြုပါတယ်။

Islams and Terrorism

ဘာသာရေးဆိုတာ လူတွေကို ကောင်းအောင် ဆုံးမပေးတာ။ လူ.ရဲ. လောဘ ဒေါသ မောဟတွေကို ထိန်းချုပ်ပြီး လူကောင်း တစ်ယောက် အဖြစ် ကျင့်ကြံနိုင်အောင် လမ်းကြောင်းပေးတာလို ကျမ ယုံကြည်ပါတယ်။ ကျမကိုယ်တိုင်လဲ မိရိုးဖလာ ကြောင့်တင် မဟုတ်ပဲ၊ ဗုဒ္ဓဘာသာကို မိမိကိုယ်တိုင်ပါ သေချာ ယုံကြည်စွာ ကိုးကွယ်လို. ဗုဒ္ဓဘုရားဟောခဲ့ တဲ့ တရားနဲ. အတတ်နိုင်ဆုံညီအောင် ငါးပါးသီလမြဲအောင် ဆိုတာတွေကို အလွန် သတိထား ကျင့်ကြံနေထိုင်ပါတယ်။ 

မြန်မာမှာနေတုန်းက တခြားဘာသာရပ်အကြောင်းတွေကို သိပ်မသိပေမယ့် ဒီနိုင်ငံရောက်တော့ ဘာသာအမျိုးမျိုး လူအမျိုးမျိုးနဲ. အပေါင်းအသင်းဖြစ်ခဲ့ရပါတယ်။ သူတိုရဲ. ဘာသာရပ်တွေအကြောင်း တစေ့တစောင်း ပြောပြကြတော့ အစ္စလာန် ဟင်ဒူ ခရစ်ယာန်ဘာသာ ဆိုတာတွေ အကြောင်းလဲ နဲနဲလေး သိလာရပါတယ်။ 

အရမ်းသဘောကောင်း ကူညီတတ်တဲ့ အစ္စလာန်ဘာသာဝင် တချို.နဲ.လဲ အလုပ်တွဲလုပ်ခဲ့ရသလို အပေါင်းအသင်းအရင်းကြီးတွေ ဖြစ်ခဲ့ပါသေးတယ်။ ပြောရရင် ကျမ အနေနဲ. အစ္စလာန်ဘာသာ အပေါ် ဘာမှ မကောင်းတဲ့ ခွဲခြားတဲ့ အမြင်မရှိပါ။ အစ္စလာန်ဘာသာဟာလဲ အမှန်တကယ် လေ့လာမယ်ဆိုရင် အရင်းအမြစ်ဟာ ကောင်းဖို.သွန်သင် ဆုံးမထားတယ်လို. ထင်ပါတယ်။ အရင် တခေါက် post မှာ ရေးခဲ့ ဘူးသလို သူတို.ဘာသာရဲ. စောင့်စည်းရတဲ့ ကျင့်ဝတ် ငါးခု The Five Pillars ကို ပြန်ကြည့်ပါ။ ဘယ်အချက်ကမှ အကြမ်းဖက် လူသတ်ရမယ်ဆိုတာ မပါပါဘူး။ မရှိဆင်းရဲတဲ့ လူတွေကို ပြန်ကြည့်ရှု စောင့်ရှောက်ရမယ် ဆိုတာပဲ ပါပါတယ်။ 

ဒါဆို ဘာကြောင့် ကမ္ဘာ တဝှမ်း အကြမ်းဖက် လူသတ် သွေးသံတရဲရဲဆိုတဲ့ ကိစ္စတွေ ဖြစ်လိုက်တိုင်း ဘာကြောင့် မွတ်စလင် ဘာသာဝင် တွေနဲ.ပဲ ဆက်နွယ်ပါဝင်နေရပါသလဲ။ ကျမ စိတ်ထဲမှာ မေးစရာ မေးခွန်းလေးတွေ ပေါ်လာပါတယ်။ လတ်တလောက ဘော်စတွန် မာရသွန် ဘုံးခွဲတာ၊ အခု အင်္ဂလန် စစ်သားနဲ. ဖြစ်တဲ့ ကိစ္စ တွေ အပါအဝင်ပါ။  

အစ္စလာန်ဘာသာဝင် အများစုကပဲ သတ်ချင်ဖြတ်ချင်တဲ့ စိတ်ဓါတ်ရှိကြတာလား

တခြားဘာသာဝင်တွေကပဲ သူတို. အပေါ် မကောင်းမြင်စိတ်နဲ. (Prejudice) ဆက်ဆံလို. ဒီလို အကြမ်းဖက် လူသတ်တဲ့ ကိစ္စတွေ ပေါ်ပေါက်လာရတာလား

တွေ.ပါ ကြုံပါမျာတော့ ထုံသွားတယ်တဲ့။ ဥပမာ သတ်တဲ့ ဖြတ်တဲ့ ရုပ်ရှင်ကားတွေ ကြည့်ကြည့်။ ပထမဆုံး ကြည့်တာဆိုရင် ကြောက်တာ၊ ရွံ.တာ၊ မကြည့်ရဲတာတွေ ရှိကောင်းရှိမယ်။ ကြည့်ပါများတော့ လူ.စိတ်က ထုံသွားပြီ။ ဘာမှမရွံ.မကြောက် ဖြစ်သွားတတ်ပါတယ်။ မွတ်စလင်ဘာသာဝင်တွေကရော မိမိတိုရဲ. အပေါင်းအသင်း ဘာသာတူသူတွေက သတ်ဖြတ် ဘုံးခွဲတာတွေ ကြည့်ပြီးတော့ လူသတ်တာ ဘုံးခွဲတာ ဘာမှာ မဟုတ် အသေးအဖွဲ ကိစ္စတခုလို. ထင်သွားတာလား

ဘာသာရေး အကြောင်းပြပြီး Messenger တရားဟောသူတွေကပဲ သူတို.ဘာသာဝင်တွေကို အသုံးချပြီး ”ဘုရားသခင်က ပြောတယ် ... အကြမ်းဖက်ရမယ်” ဆိုပြီး ဝါဒဖြန်. သင်နေတာလား 

ဘာကြောင့် ဒီ တိုတောင်းလှတဲ့ လူ.သက်တမ်းမှာ ဒီလို သွေးသံ တရဲရဲ ဖြစ်ရပ်တွေ ကြားနေ ကြုံတွေ.နေရတယ် မသိ။ ကျမက ဗဟုသုတ အလွန်နဲပါတယ်။ 

ဘာသာရပ်အပေါ် သူ.တိုရဲ. ယုံကြည်ရပ် အပေါ် ဘာမှာ ဆန်.ကျင် ဝေဖန်ချင်တာ မရှိပေမယ့် အကြမ်းဖက် လူသတ်တဲ့ ကိစ္စတွေ အပေါ်မှာတော့ ဘယ်ဘာသာ ယုံကြည်သူဖြစ်ဖြစ် အပြင်းအထန် ရှုပ်ချပါတယ် လို. 

20 May 2013

Voice Journal မှ စေတနာရှင် ပြည်သူကြီး ပေးခဲ့တဲ့ အတွေးများ


မအားမလပ် အလုပ်တွေရှုပ်လို. မရေးတော့ဘူး ထားပေမယ့် တွေးရင်းတွေးရင်း မနေနိုင်တော့လို. ရေးပါဦးမယ်။ မရေးရရင် အီးတစ်နေတဲ့ ဖီလင်နဲ. နေလိုမရဖြစ်နေလို. ရေးမှကို ဖြစ်တော့မယ်။

တလောက Voice Journal က စေတနာရှင်ပြည်သူကြီး တယောက်ရေးထားတဲ. ဆရာဝန်တွေ အပေါ် သူ.ရဲ. သဘောထားနဲ. ပေးထားတဲ့ အကြံပြုချက်များကို ဖတ်ရပါတယ်။ သူ.ကြောင့်ပဲ Facebook မှာ အတော် ဂရက်ရိုက်သွားခဲ့ရပါသေးတယ်။ ကျမကတော့ ဘယ်သူ.ဘက်မှ ဘက်မလိုက်ပဲ သူ.ရဲ. အယ်ဒီတာ ပေးစာကို အချက်လက်ကျကျ ပြန်သုံးသပ်ကြည့်ချင်ပါတယ်။ 

ဒီစေတနာရှင် ပြည်သူကြီးက သူ.အစာအိမ်ရောင်တာ သွားပြတာ ကြည့်မယ့် ဆရာဝန် ဆေးခန်းလာတာ နောက်ကျတာနဲ. ဒေါသပုန်ထပြီး ရေးထားတဲ. စာဆိုတော့ ဒေါသရဲ. အငွေ.အနှောင်းတွေ သူစာမှာ ထင်ဟပ်နေဆဲပါ။ သူ.စာကို ဖတ်ရတာ Australia ကို အတော် အထင်ကြီးပြီး ကိုယ့်နိုင်ငံမှာနေပြီး ကိုယ့်ပြည်သူပြည်သားတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေကိုတော့ အတော်ဆော်ချင်နေပုံ ရတယ်လို. အထင်အမြင် ရစေပါတယ်။ ဒေါသနဲ. ရေးထားတော့ စာတပိုဒ်လုံး မှန်တာလဲ ပါပါလိမ့်မယ်၊ ပိုပြော ချဲ.ပြောတာတွေလဲ ပါပါလိမ့်မယ်။ ဆေးပညာ အကြောင်း နားမလည်တဲ့ အရပ်သားဆိုတော့ သူမှန်တယ်ထင်ပေမယ့် မှားနေတာတွေလဲ ပါပါတယ်။ စာ တပိုဒ်လုံး ထောက်ပြစရာ အချက်တွေ အများးကြီး ရှိပါတယ်။ ဒါပေမယ့် ကျမက အဲဒါတွေ တခုချင်း ထောက်ပြ ဖြေရှင်း ချေပချင်လို. မဟုတ်။ကျမရင်ထဲ အခုထိ ကျလိ ကျလိ ယားစေတဲ့ သူ.ရဲ. အကြံပြုချက်တွေကို ပြန်ပြောပြချင်လို.ပါ။ 

ကဲ စေတနာရှင် ပြည်သူကြီးရဲ. စေတနာ အပြည့်နဲ. အကြံပြုထားတဲ့ အကြံပြုချက်များ .... တခုချင်း  ပြန်ကြည့်ရအောင် ..


၁။ ဆေးတက္ကသိုလ်များမှ ဆရာဝန်များ ကျင့်ဝတ်ကို ကောင်းစွာ သင်ကြားပေးရန်။ 

(ဆရာဝန် ဖြစ်လာသူတိုင်း ဆရာဝန် ကျင့်ဝတ်နဲ. အညီ ကျင့်ကြံရမယ် ဆိုတော့၊ လူသား အားလုံးလဲ လူသား ကျင့်ဝတ်နဲ. ကျင့်ကြံရမယ်။ ဒါကိုတော့ ကျမ လက်ခံနိုင်ပါတယ်။

ဒါပေမယ့် စေတနာရှင် ပြည်သူကြီးကပဲ ပြောထားတာ၊ သူ.တူမ ဆရာဝန်မ Australia မှာ ညသန်းခေါင်လာတဲ့ အမျိုးသမီးလူနာကို အချိန်လားဖြုန်းနေမှန်း သိပေမယ့် မကုရင် လူနာ တရားစွဲမှာကြောက်လို. ပျူပျူငှာငှာ ဆက်ဆံပြီး ကုပေးရတယ်တဲ့။ 
ဟုတ်ကဲ့ ကျမအခုလုပ်တဲ့ England မှာလဲ အချိန်ကုန် ငွေကုန် အရက်သမား ဆေးသမားများ ဆေးရုံမှာ လာလာ ရှုပ်တာ အမြဲကို ရှိပါတယ်။ သူ.တို.တရားစွဲမှာစိုးလို.တော့ မဟုတ်၊ ဆရာဝန်ဆိုတဲ့ ကျင့်ဝတ်ကြောင့် ကျမတို.မှာ လူတန်းစားခွဲခြားလို. မရပဲ အားလုံး တန်းတူညီမျှ ဆက်ဆံပြီး  ဆေးကုပေးရပါတယ်။ စေတနာရှင်ကြီးရဲ. တူမ ဆရာဝန်ကျင့်ဝတ် ဆိုတာ ဘာတွေလဲ မေ့ကုန်ရင် ပြန်ဖတ်ရအောင် ပြောပြတာပါလို.။ စေတနာရှင်ကြီးကလဲ ဆရာဝန်ကျင့်ဝတ်နဲ. ပက်သက်ပြီး ဝင်ရောက် ဝေဖန် အကြံပြုချင်ရင် ဆရာဝန် ကျင့်ဝတ်မှာ ဘာတွေပါလဲဆိုတာ အရင်လေ့လာပါသင့်ပါတယ်လို.)



၂။ ဆရာဝန် တဦးလျှင် ဆေးခန်း တခုထက် ပိုထိုင်ခွင့်မရှိစေရန် 

(စေတနာရှင်ကြီးရေ “ကိုယ်ပိုင်အားလပ်ချိန်”တို. “အခြေခံ လူအခွင့်အရေး”တို. ဆိုတဲ့ စကားတွေ ကြားဖူးပါသလားလို.။ အစိုးရအလုပ်ချိန် ဆေးရုံမှာ တာဝန် ထမ်းဆောင် အလုပ်လုပ်ပြီးတော့ ကျန်တဲ့ အချိန် ကိုယ့် ကိုယ်ပိုင် အချိန်မှာ ကိုယ်ဘာသာကိုယ် ဆေးခန်း ၁ခုပဲ ထိုင်ထိုင်၊ အခု ၁၀၀ ပဲထိုင်ထိုင်ပေါ့။ အခြေခံ အကျဆုံး လူ.အခွင့်အရေးတောင် ဆရာဝန်တွေမှာ မရှိရတော့ဘူးလား။  ဆရာဝန် ဆေးခန်းနောက်ကျတယ်၊ မကျေနပ်ဘူးဆိုရင် အဲဒီ ဆရာဝန်နဲ. သွားမပြနဲ.ပေါ့ကွယ်။ ရီစရာတွေ သိပ်မပြောပါနဲ.လို.။ အဓိပါယ်မရှိတဲ့ အကြံပြုချက်တွေနဲ. တော့ ဆရာဝန်တွေကို မလုပ်ကြံပါနဲ.လို.)


၃။ ဝင်ငွေခွန် စည်းကြပ်ရန်။ အထူးကု ဆရာဝန်ကြီး သမားတော်ကြီးများ MBBS ဘွဲ.ရသည့် အချိန်မှစ၍ ယနေ.အထိကာလ တခုလုံးအတွက် ၁နှစ်လျှင် သိန်း၁၀၀၊ နှစ်၃၀ဆိုလျှင် သိန်း ၃၀၀၀ သတ်မှတ် ဝင်ငွေဆောင်ရန်  

(ဗုဒ္ဓေါ မြတ်စွာဘုရား ... ဆရာဝန်ဖြစ်ရတာ အတော် မလွယ်ပါလားနော်။ နိုင်ငံတခုလုံး စည်းပွားရေးရှင်ကြီးတွေ၊ ခရိုနိုကြီးတွေ၊ လေကြောင်းလိုင်း တလိုင်းလုံးပိုင်ပြီး မိလျှန်နဲ.ချီ လစဉ် ဝင်ငွေရှိပါတယ် ဆိုတဲ့ လူတွေ၊ အသာ မျက်ကွယ်မှာထားလို. ဆရာဝန်ကြီးတွေပဲ အခွန်ကောက်ဆိုပါလား ...။ စေတနာရှင်ကြီးရယ် ဦးဏှောက်ရှိခဲ့ရင် နဲနဲ ပြန်စဉ်းစားကြည့်ပါ။ ဦးဏှောက်ရှိမရှိ သေချာအောင်လဲ CT Head scan လေးရိုက်ကြည့်ပါလားလို ဆရာဝန် တယောက်အနေနဲ. ပြန်အကြံပြုချင်ပါတယ်။ လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆရာဝန် ဆိုတဲ့ လူတန်းစားနဲ. နိုင်ငံ့ သယံဇာတာတွေနဲ. ကြီးပွားနေတဲ့ သူတွေနဲ. ဘယ်သူက အခွန်ပိုဆောင်သင့်လဲ။ 
မှန်ကန်တဲ့ တရားမျှတတဲ့ ဥပဒေရှိတဲ့ နိုင်ငံသာဆိုရင် လူတိုင်း တူညီတဲ့ အခွင့်အရေးနဲ. ဝင်ငွေ အနည်းအများပေါ် မူတည်ပြီး တိုင်းသူပြည်သားတိုင်း အချိုးကျ အခွန်ဆောင်သင့်ပါတယ်။ အဲ Educational Clearance (EC) အတွက် ဒါဏ်ငွေပေးရမယ်ဆိုရင်လဲ ဆရာဝန်ဆိုတာ တခုပဲ ခွဲခြားမထားပဲ၊ ရှိသမျှ ပညာတတ် တက္ကသိုလ်အားလုံး ညီတူညီမျှ ကောက်ခံဖို. စဉ်းစားသင့်ပါတယ်။ ဒါမှ တရားမျှတတဲ့ ဥပဒေ ဖြစ်မှာပေါ့နော်)


၎။ ဆရာဝန် ကြီးကြပ်ကော်မတီဖွဲ၍ စည်းကမ်းဖေါက်ဖျက်သော ဆရာဝန်ကြီးများအား ဆမ ဒါဏ်ငွေ အစရှိသဖြင့် အပြစ်ယူရန် ....

(ဒီအချက်ကိုတော့ အဓိပါယ် ရှိတဲ့ အတွက် ကျမ ထောက်ခံပါတယ်။ ဆရာဝန်လဲ ဆရာဝန် ကျင့်ဝတ် စည်းကမ်းဆိုတာ ရှိတယ် မဟုတ်ပါလား။ စည်းကမ်းဖေါက်ဖျက်လို အပြစ်ဒါဏ်ပေးတာ တရယ်မျှတပါတယ်။ 
ဒါပေမယ့် ဆရာဝန်တွေ အပေါ် မတရား စွပ်စွဲ အပြုလုပ်ခံရတဲ့ ကိစ္စတွေအတွက် ဆရာဝန်တွေဖက်က ရပ်တည်ပေးမယ့် အစိုးရ အဖွဲအစည်းလဲ ဖွဲပေးသင့်ပါတယ်။ လူသတ်သမားတောင် FAIR TRIAL ပေးပြီးမှ ပြစ်ဒါဏ်ချရတာ မဟုတ်လား၊ တဘက်ပြောစကားနဲ. တင် အပြစ်ပေးလိုမရ၊ နှစ်ဘက်လုံး နားထောင်မှ ဘယ်ဘက်က မှားလဲဆိုတာ သိနိုင်တော့မှာပေါ့နော်)

ကဲကဲ ရေးပြီးတော့ မောသွားပြီ။ ဒီမှာပဲ ရပ်ပြီး ကိုယ်အလုပ် ကိုယ်ပြန်လုပ်ရတော့မယ်။ 

Now I am just going to mind my own business!!

မှားတာရှိ ဝန်ဒါမိ၊ အပြုသဘော ဝေဖန်ချက်များအားလုံးကို လဲ ကြိုဆိုပါ၏  

18 May 2013

Foam Rolling

အသက်ကကြီးလာတော့ မကြာခဏ တကိုယ်လုံး ကိုက်တတ်ခဲတတ်နဲ.။ ငယ်ငယ်ကဆို အိမ်က မွေးစားထားတဲ့ ကလေးမလေးတွေနဲ. တက်တက်နင်းခိုင်းရတာ ကျမ မှတ်မိပါသေးတယ်။ အဲလို ငယ်ကတဲက ညောင်းတတ်တာလေ။

အခုတော့ ကိုယ့်ကို နင်းပေးနှိပ်ပေးဖို. ဆိုတာ ဝေးလို. အင်္ဂလန်မှာ အစစအရာရာ ကိုယ်အားကိုယ်ကိုးရတာ။ ဒါပေမယ့် ဒီ Foam Roller ဆိုတာလေး ရှာတွေ.ထားတော့ အတော်လေး ဟန်ကျနေပါတယ်။ ဒီ Foam လေးပေါ်မှာပဲ ကိုယ့်ရဲ့ ခန္တာကို်ယ် အလေးချိန်လေးနဲ. အသာ လှိမ့်ပေးတော့ အနှိပ်ခံရတဲ့ အတိုင်း အလွန် အညောင်းပြေပါတယ်။ အရမ်းနာမှာလဲ မစိုးရိမ်ရတော့ပါ။ 

အဲဒီတော့ နှိပ်တာတွေ အကြောင်းပြောရရင် ဒီမှာ ဆေးပညာ (Physio/ Physical therapist) တွေရဲ. နည်းတွေနဲ. နှိပ်နည်း မြောက်များစွာရှိပါတယ်။ ကြွက်သားတွေကို နှိပ်နယ်ပေးတော့ သွေးလှဲ.ပတ်မှု အားကောင်းစေပါတယ်။ တချို.ကြွက်သားတွေ အရွတ်တွေမှာ ဒါဏ်ရာရပြီးတာပဲ ဖြစ်ဖြစ်၊ အသုံးများလွန်း အပြင်းအထန် အားကစားလုပ်ပြီးတော့ ပဲဖြစ်ဖြစ်၊ ကြွက်သားတွေ တင်းနေတတ်ပါတယ်။ ဒါဏ်ရာလေးတွေ ရပြီးတော့လဲ အနာရွတ်တွေဖြစ်ပြီး ကြွက်သားနဲ. အရွတ်တွေ ကပ်နေ (Adhesion)တာလဲ ဖြစ်တတ်ပါတယ်။ ဒါတွေကို သေသေချာချာ နှိပ်နယ် Foam roll လုပ်ပေးခြင်းနဲ. သက်သာစေပြီး ကြွက်သားတွေကို ပိုကျန်းမာစေသတဲ့။ Long and Strong Muscles လို.လဲ တင်စား ပြောကြပါသေးတယ်။ တချို.ကြွက်သားလေးတွေမှာတော့ အချိန်အလွန်ကြာ အသုံးပြုခံရတာ များလွန်းတော့ ကြွက်သား အထုံး အဖုအထစ် ကလေးတွေ ဖြစ်လာပြီး အာရုံကြောကိုပါ ထိခို်က်ပြီး နာတာကြင်တာတွေ ဖြစ်စေပါတယ်။ ဆေးပညာမှာတော့ Myofascial trigger points (Or) Myofascial refer pain လို.ခေါ်ပါတယ်။ ဒါတွေကိုလဲ Sport Massage နဲ. နှိပ်တာ ကောင်းကောင်းလုပ်ပေးတာနဲ.တင် ပြောက်ကင်းနိုင်ပါတယ်။ ကျမတွေ.ဖူးတဲ့ လူနာတချို. ပခုန်းနာ ခါးနာတာ နှစ်နဲချီကြာနေတာ အခုမှ Physiotherapist ကောင်းကောင်းနဲ.တွေ.ပြီး maunal therapy ကောင်းကောင်း အနှိပ်ခံလိုက်ရတာ နှစ်အတော်ကြာ နာနေတာတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကင်းသွားတာတွေ တွေ.ဖူးပါတယ်။ 

Foam rolling နဲ.လဲ သေသေချာချာ အသုံးပြုတတ်ရင် အဲဒီလို အကျိုးအမြတ်မျိုး ရတာကြောင့် ဒီမှာတော့ အားကစား သမား တော်တော်များများ အသုံးပြုကြပါတယ်။ ကျမကိုယ်တိုင်ကတော့ အားကစား သမားတော့ မဟုတ်ပေမယ့်၊ သိပ်ညောင်းတတ်လွန်းတော့ ညနေစောင်း အိမ်ပြန်ရောက်ပြီး ဒီ Foam roller လေးနဲ.ပဲ ညားညားနေရတာ အတော်ကြာပါပြီ ပေါ့ကွယ်...။

17 May 2013

ချစ်ပြီးတော့ မုန်း

တနေ.က ကားမောင်းရင်း ရေဒီယိုမှာ ကြားလိုက်မိတဲ့ သတင်းလေးတပုဒ်ပါ။

အင်္ဂလန်လွှတ်တော်အမတ် (Liberal Democrat MP Chris Huhne) နဲ. သူ.အမျိုးသမီး ကား Speed Ticket လိမ်မိလို. နှစ်ယောက်လုံး ထောင်ကျသွားကြသတဲ့။ စဖြစ်တာက လွန်ခဲ့တဲ့ ၈နှစ် လောက်ကဆိုပါတယ်။ 

အင်္ဂလန် လမ်းတွေပေါ်မှာ speed camera တွေရှိပါတယ်။ အဲဒီ Speed Camera တွေရှေ.မှာ ကားတစီး သတ်မှတ် အရှိန်ထက် ပိုမြန်မောင်းမိရင် အဲဒီကားရဲ့ နောက်ပိုင်း လိုင်စင်ဓါတ်ပြားကို အော်တိုမတ်တစ် ဓါတ်ပုံရိုက်ယူထား တတ်ပါတယ်။ ဒါကို ရဲတွေက နောက်မှ ဒီကားပိုင်ရှင် ဘယ်သူလဲ ဆိုတာ ရှာပြီးတော့ အဲဒီအချိန် ဒီကားကို ဘယ်သူ မောင်းတာလဲ ဆိုတာ စုံစမ်းပါတယ်။   Penalty points အပြစ်ဒါဏ် အမှတ်တွေ သတ်မှတ်ထားတာထက် များလာရင်တော့ လိုင်စင် အသိမ်းခံရတာ။ စည်းကမ်းလိုက်နာဖို. သင်တန်း ပြန်တက်ရတာ မျိုးတွေ လုပ်ရပါတယ်။ 

ဒီ လွှတ်တော်အမတ်က အဲဒီ ticket ရောက်လာ ချိန်မှာ သူမှာ အရင် ရထားတဲ့ Penalty points တွေ များနေပြီ ဆိုပဲ။ ဒါနဲ. သူ.မိန်းမက သူ.အစား ညာပြီး အဲကားကို သူမ မောင်းတာပါ ဆိုပြီး ဒါဏ်ငွေဆောင်ပြီး သူ.ယောက်ျားအစား အပြစ်ဝင်ယူပေးလိုက်တယ်။ အဲဒီတုန်းကတော့ အချစ်တွေနဲ. အကောင်းပေါ့။ အဲ နောက်နှစ်အတော်ကြာတော့ အမျိုးသား လွှတ်တော်အမတ်က သူ.ရဲ. အတွင်းရေးမှူးကလေးနဲ. ဖောက်ပြန်တဲ့ သတင်းတွေထွက်လာပြီး သူ.မိန်းမကြီးနဲ. ကွာရှင်းမယ်လုပ်ပါရော။ မခံမရပ်နိုင်တဲ့ သူမိန်းမက သတင်းသမား (ဂျာနယ်လစ်ဆိုပါတော့) တယောက်နဲ. စကားပြောပြီး ဒီ အရင်က ကိစ္စကို ဖော်ကောင်လုပ်ပါရော။ သတင်းစာထဲမှာ သတင်းကြီး တရပ်အနေနဲ. ပါလာတော့ ဥပဒေအရ စုံစမ်းရ အရေးယူရတာတွေ ဖြစ်လာပါတယ်။ ပထမတော့ မိန်းမက  သူ.ယောက်ျားက ခြိမ်းချောက်လို. လုပ်ရပါတယ်ဆိုပြီး တရားရုံးမှာ လျှောက်ပါတယ်။ ဒါပေမယ့် တရားသူကြီး နဲ. ဂျူရီတွေမှ ခြိမ်းချောက်တာ ဘာသက်သေမှမရှိ၊ တရားရုံးကို လိမ်ညာတယ် Obstruction of Justice ဆိုပြီး လင်မယား ၂ယောက်လုံး တယောက် ထောင် ၈လ ချလိုက်ပါတယ်။ 

ဒီကိစ္စ ကျမ ခေါင်းထဲ ဝင်လာတာက အလွန် စိတ်မြန်တဲ့ ကျမမှာလဲ Speed ticket တခု ရထားတာ ရှိပါတယ်။ ၃နှစ်တော့ ပြည့်ခါနီးပါပြီ။ အိမ်ကို ရဲဆီကနေ စာရောက်လာပြီး “ဒီကား ဒီအချိန် ဒီလမ်းမှာ ဘယ်သူမောင်းတာလဲ” စုံစမ်းခံရတုန်းက အမျိုးသားကို “သွပ်ပြားကို တကယ်ချစ်ရင် ရဲကို ဒီကား ငါမောင်းတာပါလို” ပြန်ရေးပေး နောက်ဖူးပါသေးတယ်။ နောက်ပဲ နောက်တာနော်။ တော်သေးတာပေါ့ မဟုတ်တာ မလုပ်မိလို.။ တော်ကြာ ကျမပါ ၈လ ဂျေးလ် (Jail) ထဲရောက်နေဦးမယ်။

မကောင်းမှုသည် စိတ်ကွယ်ရာမရှိတဲ့။ ဘယ်သူ မသိ မိမိကိုယ် မိမိ သိတာကြောင့် အတတ်နိုင်ဆုံး ဖြောင့်မှန်စွာ နေထိုင်တာပဲ ကောင်းပါတယ်လို ...။

16 May 2013

မေ့မရသော ဖြစ်ရပ်တခု

ဒီကိစ္စဖြစ်ခဲ့တာ နှစ်နဲ.ချီ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ကျမ မေ့မရသေးပါ။

အရင်ကျမလုပ်ခဲ့တဲ့ အလုပ်တခုမှာ မန်နေဂျာကြီး တယောက်ရှိပါတယ်။ အလုပ်မှာ အလွန်အာဏာကြီး သြဇာညောင်းလို. ကျမတို.ရဲ့ ကိစ္စ အတော်များများ သူနဲ.ပဲ ဆွေးနွေးတိုင်ပင်ခဲ့ရပါတယ်။ 

တနေ.တော့ အလုပ်မှာ "Reception" ဧည့်ခံ နေရာမှာ လူလိုလို. မန်နေဂျာကြီးကပဲ အလုပ်ခေါ်စာထုပ်၊ လူရွေးပြီး အင်တာဗျူးပြီး အလုပ်ခန်.လိုက်ရပါတယ်။ အဲဒီ မိန်းကလေးကို အလုပ်ပေးတော့်မယ်လို. မန်နေဂျာကြီးက ဖုန်းထဲမှာ ကတိပေးပြီးမှ အဲဒီ မိန်းကလေးက ကျမကိုယ်ဝန် လေးလရှိနေတယ်။ ဒါ့ကြောင့်ခွင့် ကြိုစီစဉ်ချင်တယ်လို. ပြောပါရော။

ဒီနိုင်ငံမှာ ကိုယ်ဝန်ရှိလာရင် (NHS ဆေးရုံတွေမှာ) Maternatiy Leave ဆိုပြီး လစာပြည့်နဲ. ၆လ။ လစာတဝက်နဲ. ၆လ၊ စုစုပေါင်း ၁၂လ ခွင့်ယူလို.ရပါတယ်။ 

အဲဒီ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ စကားလဲ ကြားရော မန်နေဂျာကြီးက ဒါဆိုတော့ အလုပ်ပေးလို. မဖြစ်သေးဘူးဆိုပြီး ပြန်ပြောလိုက်မိတယ်တဲ့။ မန်နေဂျာကြီးဘက်က စဉ်းစားကြည့်ရင် အလုပ်အသစ်ခန်.တာ အလုပ်မှာ လူလိုလိုပေါ့။ ခန်.ပြီးတာနဲ. မကြာခင် ၁နှစ် ခွင့်ပြန်သွားမယ့်လူကို ဘယ်သူခန်.ချင်ပါ့မလဲ။ 

အမျိုးသမီးက သူ.ကိုယ်ဝန်ကြောင့် အလုပ်မပေးတော့ဘူးလဲ ကြားရော၊ ရှေ.နေငှားပြီး ကိုယ်ဝန်ကြောင့် လူတန်းစားခွဲခြားတာ "Discriminate" လုပ်ပါတယ်ဆိုပြီး တရားစွဲပါရော။ အဲလိုနဲ. ကျမတို.ရဲ. ချစ်ကြောက်ရိုသေခဲ့ရတဲ့ မန်နေဂျာကြီး အလုပ်ထွက်သွားရပါတယ်။

ဒီစာရေးဖြစ်တာက လောကမှာ ကိစ္စ အဖြစ်အပျက် အတော်များများဟာ မျက်တမှိတ် လျှက်တပြက် အတွင်း ဖြစ်တတ်ကြပါတယ်။ တကယ် သံဝေဂ တရားရစရာပါ။ ကျမ ဒီဖြစ်ရပ်ကို ပြန်တွေးမိတိုင်း သတိလေးနဲ. နေဖို.၊ ဘုရားတရား မမေ့ဖို.၊ ဘာမဆို နှစ်ခါပြန် စဉ်းစား ဆင်ခြင်ဖို. မကြာခဏ ကိုယ့်ကိုယ် ပြန်သတိပေးမိတော့တာပါဘဲ။ 

14 May 2013

Unusual names in medical profession

ဒီစာမှာတော့ အလုပ်အတူတူ တွဲလုပ်ဖူးတဲ့ ထူးထူးခြားခြား အင်္ဂလိပ်နာမည်တွေ ပိုင်ဆိုင်တဲ့ သူငယ်ချင်း လုပ်ဖေါ်ကိုင်ဖက်တို.ရဲ့ နာမည်လေးတွေ အကြောင်း ရှဲလိုက်ပါဦးမယ်။

အရင် ကျမနဲ. အလုပ် အတူတူလုပ်ရတဲ့ ဆရာဝန်ကြီး Consultant တယောက်ရဲ. နာမည်က Dr. Dead တဲ့။ အဟဲ .. ကျမတို. သူ.ကိုခေါ်ရင် ဒေါက်တာ ဒီအက် (De'ad) လို. ပြောင်းခေါ်ရပါတယ်။ လူနာတွေကြားရင် ကြောက်ပြီး ထွက်ပြေးကြလို.လေ။ 

အမျိုးသားကလဲ ပြောတယ် သူ.ဆရာကြီး Consultant ရဲ. နာမည်က Dr. Sorrw တဲ့။ ဆရာရယ် နာမည်ကြားတာနဲ. ငိုချင်လာပြီနော်။ 

အဲ ရှိသေးတယ်။ အင်္ဂလိပ်နာမည်တွေထဲက အလွန်အသုံးများတာ။ Dr. Payne တဲ့ (အသံထွက်တာ Dr. Pain လို.ပဲခေါ်တာကိုး)။  ဆရာနာမည်ကြားရတာနဲ.တင် ရင်ထဲ အသဲထဲ သိပ်နာတယ်နော် ဟိ။ 

မနေ.ကလဲ Chronic Pain နဲ. လူနာတယောက်ကို Pain Clinic က Doctor Blame ဆီကို refer လုပ်လိုက်ရသေးတယ်။ 

ကျမသူငယ်ချင်း သူနာပြုတယောက်ရဲ. နာမည်ကတော့ Diana တဲ့။ သူငယ်ချင်း အပေါင်းအသင်းတွေက အတိုကောက် သူမကို Di လို.ခေါ်ကြတယ်။ ဘာဖြစ်တယ် မှတ်လဲ။ ကျမ သူငယ်ချင်း ဆရာဝန်တယောက်ကပေါ့။ အသက်မြော့မြော့ သေခါနီး လူနာနားကနေ သူနာပြုဆရာမလေး Di ကို အားပြဲကြီးနဲ. လှမ်းအော်ခေါ်လိုက်တာ ... "Die .. Die" ဆိုပြီး တော့. .. အဟဲ လူနာရှင်တွေ မျက်ပြူးသွားရတယ် ဆိုပါတော့။ ဖြစ်မှ ဖြစ်တတ်ပါတယ်။

ကျမနဲ. လောလောဆယ် အတူတူ အလုပ်လုပ် တွဲလုပ်နေတာကတော့ Dr. TooGood တဲ့။ တကယ်ပါပဲ အတော်လွန်လား အချော်လွန်လားဆိုတာ ... ပြန် မပြောနဲ.နော် ဟဲဟဲ။ အခုတော့ အရမ်းခင်ရတဲ့ သူနာပြုမလေး Ms DrinkWater ဆီမှာ ရေသွားတောင်းသောက်လိုက်ဦးမယ်။ 

10 May 2013

Don't criticise what you don't know well enough

ကျမ ဘဝမှာ သေသေချာချာ မလေ့လာ မသိဘဲ အထင်မှားမိတာတွေ မကြာခဏ ရှိပါတယ်။ ဥပမာတချို. ပြောရရင် ...

လူတွေကပြောကြတယ် ဘောလုံးသမားတွေဆိုတာ လခတွေ မထိုက်မတန် မတရားရပြီး အကျင့်မကောင်း ရိုင်းတဲ့သူတွေ၊ ဘဝင်မြင့်နေတဲ့လူတွေတဲ့။ ကျမလဲ သူတို.တွေ မီလျန်နဲ.ချီရနေတာ တွေ.နေရတော့ ပထမတော့ မှန်တယ်လို. ထင်ခဲ့ပါတယ်။ ကံကောင်းလိုက်တဲ့ သူတွေလို.လဲ တွေးမိပါတယ်။ ဒါပေမယ့် အခု သူတိုနဲ. အနီးကပ်တွဲ အလုပ်လုပ်တော့မှ သူတို.ရဲ့ဘဝ ဘယ်လောက် သနားစရာကောင်းလဲ။ မရေရာ မသေချာတဲ့ ဘဝတွေဘဲ တွေ.ရပါတယ်။ ဘဝအာမခံချက်မရှိ၊ ကစားနိုင်တဲ့ (Career) သက်တမ်းက တို၊ ဒီကြားထဲ ဒါဏ်ရာကြောင့် အကြာကြီး အနားယူရတာလဲ ဖြစ်နိုင်၊ တခါတလေ သိပ်မကစားနိုင် အမှားအယွင်းလုပ်မိရင် အားလုံး ဆဲတာ ဆိုတာခံရ၊ ဒါကြောင့် တချို.တွေ စိတ်ဓါတ်ကျ၊ သေကြောင်းကြံတာတွေ ဖြစ်ကြ၊ အသက် ၇-နှစ် ၈နှစ်လောက်ထဲက စလေ့ကျင့် သင်ယူ ကြရတာ၊ ဒီလို မနေမနား အပြင်းအထန် လေ့ကျင့်ပြီး နားရက်ဆိုတာကလဲ မရှိသလောက် ...။ သူတို.ကိုကြည့်ပြီး ကျမတော့ သနားမိပါတယ်။ (သူ.တို.တွေကိုယ်ထက် အဆ ရာထောင်ချီမက ပို ချမ်းသာတာ ခဏ ဘေးဖယ်လို.ပေါ့)။ အရင်က ထင်ခဲ့ မိတဲ့ ဘာမှမလုပ် McDonald စားပြီး လခ မတရားရနေတဲ့ လူတွေ ဆိုတဲ့ အတွေးတွေ ဖြောက်မိပါတယ်။

ဒီရက်ပိုင်း အရိုးအထူးကုတွေနဲ. တွဲလုပ်ရပါတယ်။ တမျိုးမထင်ပါနှင့် ကျမ Surgeon မဟုတ်ပါ၊ ဆေးကျောင်းထဲက ကျမ ဆေးဝါး Physician  လုပ်ပဲ လုပ်မယ် ကျွေးကြော်လာသူ၊ Physician တယောက်အဖြစ်ပဲ ရပ်တည်နေသူပါ။ အတွေ.အကြုံအတွက် အရိုးအထူးကုနဲ. လုပ်ရမယ်ဆိုတော့ ကျမ အနည်းငယ် လန်.မိပါတယ်။ ဒီမှာ ပထမဆုံး Posting အရိုးဆောင်မှာ လုပ်တုန်းက လူနာတယောက် ပေါင်ရိုးကျိုးပြီး (fracture neck of femur) ခွဲကုရပါတယ်။ ခွဲပြီး ၃ရက် မြောက်မှာ လူနာက အမောဖေါက်၊ သွေးထဲက အောက်စီဂျင်အတိုင်းအတာတွေ ထိုးကျပါတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေရှိတာက သွေးခဲ အဆုတ်ထဲကို ရောက်သွားတဲ့ Pulmonary Embolism ဆိုတာပါ။ ခွဲစိတ်ထာတဲ့ လူနာတွေရဲ့ ဖြစ်တတ်တဲ့ Complications တခုဖြစ်ပြီး အသက်အန္တရယ်နဲ.လဲ အလွန်နီးပါတယ်။ ဒါနဲ. အရိုးဆရာ Consultant ကို အကြောင်းကြားတော့ သူမေးတာက

6 May 2013

english usages

ကျမတို. ဒီအင်္ဂလန်မှာ နေတာလာ ရ-နှစ်ခွဲရှိပါပြီ။ ဒါပေမယ့် အင်္ဂလိပ်စကားကတော့ သင်လို.မဆုံးနိုင်စရာ၊ အခုထိ လေ့လာစရာ မှတ်သားစရာတွေ အများအပြား ရှိနေဆဲပါ။ ဆေးပညာနဲ. ပက်သက်ပြီး ပြောရတာ ရှင်းပြရတာ မခက်ပေမဲ့ တခါတလေ ဟိုအကြောင်း ဒီအကြောင်း လေပေါချင်ရင်တော့ အင်္ဂလိပ်စကားရှာမရ ဘာသာပြန်မရ အခက်တွေ.တာ ဖြစ်တတ်တုန်းပါ။ 

ဒီတပါတ် စနေ တနင်္ဂနွေ တနလာင်္ ၃ရက် ပိတ်ရက်ရပါတယ်။ နေကလဲသာ၊ ရာသီဥတုကကောင်းတော့ သူငယ်ချင်းတွေ နေရာ အရပ်ရပ်က လာလည်ကြပါတယ်။ အရမ်းခင်တဲ့ အင်္ဂလိပ် သူငယ်ချင်း ၂ယောက်ပါ အပါအဝင်ပေါ့။ သူတို.နဲ. ပန်းခြံထဲ လမ်းလျှောက်လို. ဒီလိုပဲ အလာပ သလာပ စကားတွေ ပြောရင်း မြွေတွေအကြောင်း ရောက်သွားပါတယ်။ 

အင်္ဂလန်မှာတော့ မြွေမရှိကြောင်း၊ ကျမတို. ငယ်စဉ်က ကွမ်းခြံကုန်းမှာ နေတုန်းက အိမ်နားမှာ မြွေကြီး အကြီးကြီးတကောင် ရှိကြောင်းနဲ. သူထွက်လာရင် ကျမတို. ဘယ်လို ခြောက်တော့မှ မြွေက ထွက်ပြေးသွားကြောင်း (Snake ran away) ကျမက ဆရာမကြီး လူတတ်မကြီး လုပ်ပြီး ပြောပြပါမိပါတယ်။ အဲဒီစကား ကြားတော့ ကျမသူငယ်ချင်း ဘိုနှစ်ယောက်မှာ ရယ်လိုက်ကြတာဆိုတာ။ နောက်တော့မှ သူတို.ပြန်ရှင်းပြတာက မြွေမှာ ခြေထောက်မရှိတော့ မပြေးနိုင်ကြောင်း။ ဒီအတွက် Run ဆိုတာ မသုံးရကြောင်း။ Snakes can not run, they slither and slide တဲ့။ ဟုတ်ပါ့။ ပြန်တွေးမှ အဲဒီတော့လဲ မှန်သား။ မြန်မာလိုတော့ မြွေထွက်ပြေးသွားတယ်ပဲ ပြောတာကိုး။ 

ဒီတပါတ် စနေ တနင်္ဂနွေရဲ့ မှတ်သားမိတဲ့ သင်္ခန်းစာ တခုပါ။ 

1 May 2013

National Anthems



God Save the Queen


ငယ်ငယ်ကဆို ကျောင်းမှာ နေ.စဉ် မနက် မနက် ဆို သြကာသရွတ်၊ ညနေ ကျောင်းမဆင်းမှီ နိုင်ငံတော် သီချင်းဆိုခဲ့ရတာ အမှတ်ရမိပါတယ်။ အဲဒီတုန်းကတော့ ဘာရယ် တန်ဖိုးမထားပေမယ့် အခုတော့ အဲဒီ စနစ် စည်းကမ်းကြောင့်သာ ကျမတို. အားလုံး သြကာသရွတ်တတ် ကမ္ဘာမကျေ ဆိုတတ်တာမို. ကျေးဇူးတင်ရပြန်ပါတယ်။ 

အခုရက်ပိုင်း မကြာခဏ အားကစားပွဲတွေ သွားရလွန်းတော့ တချို.ပွဲတွေမှာဆို နိုင်ငံတော် သီချင်း ဆိုရပါတယ်။ ကျမကတော့ ဒီနိုင်ငံရဲ.သီချင်း ဘယ်လိုက်ဆိုနိုင်မှာလဲ။ ခုထိတော့ ကမ္ဘာမကျေကလွဲလို.လဲ သူတို. သီချင်းကို လိုက်မဆိုချင်ဘူးလေ။ အဲ ကျမတယောက်ထဲ အားကျိုးမာန်တက် နိုင်ငံတော် သီချင်းလိုက်မဆိုနိင်တာလား ဆိုတော့လဲ မဟုတ်ပြန်ဘူး။ ခက်တာက ဒီနိုင်ငံက လူတော်တော်များများကတောင် သူတို.နိုင်ငံရဲ. နိုင်ငံတော်သီချင်းကို စာသားတွေ မရကြဘူးတဲ့။ ကဲ မခက်ပေဘူးလား။ ကျမတော့ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တခုလို. မြင်မိပါတယ်။