Menu bar

20 February 2013

Oscar Pistorius - Highs and Lows, good and bad

အော်စကာ ပစ်စ်တိုးရိယပ်စ် ဆိုတဲ့ နာမည်ဟာ အားကစားတွေ အကြောင်းစိတ်ဝင်စားတဲ့ သူများ အများစု ကြားဖူးပြီးသား ဖြစ်နိုင်လောက်ပါမယ်။ ဒါမှမဟုတ် သတင်းဖတ်တဲ့ လူများ သူ.ရဲ့ လောလောလတ်လတ် မော်ဒယ်ရည်းစားကို သေနတ်နဲ. ပစ်သတ်တဲ့ သတင်းကို တွေ.မိဖတ်မိကောင်း ဖတ်မိပါလိမ့်မယ်။ သူဟာ ကျမရဲ့ အရင်က အားကစားသမားတွေ ထဲမှ ချီးကျူးအားကျခဲ့ရတဲ့ အားကစားသမား တယောက်လဲ ဖြစ်ခဲ့ပါတယ်။ ဟိုးအရင်ထဲက ကျမ အချိန်ရရင် သူ. အကြောင်းရေးဦးမယ် ဆိုပြီး အားခဲထားတာပါ။

သူဟာ တောင်အာဖရိကနိုင်ငံမှ ခြေနှစ်ဖက်လုံး ဖြတ်ထားပြီး အိုလန်ပစ်ရော၊ မသန်စွမ်းသူတွေပဲ ပြိုင်တဲ့ ပါရာအိုလန်ပစ်ရောမှာပါ ဝင်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ကိုင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အခု အမြန်ဆုံး ဆိုတဲ့ world record ကို ကိုင်ထားသူလဲ ဖြစ်ပါတယ်။ သူ.ကို သူရဲ့ ခြေတုကြောင့် လူအများ၊ သတင်းစာတွေထဲမှာ Blade Runner လို.လဲ အသိများကြပါတယ်။

သူဟာ မွေးတုန်းက ခြေနှစ်ဖက်လုံးမှာ fibula လိုခေါ်တဲ့ အရိုးမပါဘဲ မွေးလာတဲ့ သူပါ။ အသက် ၁၁လသားအရွယ်မှာ ခြေနှစ်ဘက်လုံး ဒူခေါင်းအောက်ကနေ ဖြတ်လိုက်ရပါတယ်။ ငယ်စဉ်ကထဲက ခြေထောက်မရှိပေမယ့် ဘဝကို အရှုံးမပေး ခြေတုနဲ. အားကစားပေါင်း မြောက်များစွာမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ဥပမာ အမေရိကန် ဘောလုံး (Rugby)၊ တင်းနစ်စ်၊ water polo နပန်းလုံး အစုံပါပဲ။ သူအသက် ၁၇နှစ်မှာ တာတို ပြေးတာ စလေ့ကျင့် ယှဉ်ပြိုင်ခဲပြီး၊ ၂၀၀၄ ပါရာအိုလန်ပစ်မှာ မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ကို ရခဲ့ပါတယ်။ 

14 February 2013

အားကစား ဖိနပ်လေးများ

ခြေလက်မသန်သူတွေ အတွက်လုပ်တဲ့ အားကစား (Paraolympics) ရဲ့ ပြေးခုန်ပြစ် ပြိုင်ပွဲတခုမှာ အိန္ဒိယက အားကစား သမား တယောက် ဖိနပ်မပါပဲ အမြင့်ခုန်တာကို ဒီနိုင်ငံမှ လူများစွာက “သနားပါတယ်” လို ပြောကြတာ ကျမ ကြားမိပါတယ်။ ကျမအတွက်တော့ ဖိနပ်မပါဘဲ အားကစားလုပ်တာ အထူးအဆန်းမဟုတ်လှ။ ဒီအနောက်နိုင်ငံမှာတော့ အားကစား အမျိုးမျိုး အတွက် ဖိနပ်အမျိုးအစားပေါင်း မြောက်များစွာ ရှိပါတယ်။ ဥပမာ ဘောလုံး၊ တာတိုပြေးတာ အစရှိသဖြင့်ပေါ့။ အဲဒီတော့ ကျမအနေနဲ.  နဲနဲ စူးစမ်းချင်တဲ့ စိတ်ကလေး ပေါ်လာပါတယ်။ ဖိနပ် အမျိုးပေါင်း ဘယ်လောက်များ ရှိမလဲပေါ့။ 

ဘောလုံးက စပြောမယ်ဆိုရင် ဘောလုံးကန်တယ်ဆိုတာ မျက်ခင်းပြင်ပေါ် (Turf) မှာ ပြေးမယ်၊ ခုန်မယ်၊ ကန်မယ်၊ အမြန် ခန္တာကိုယ် အနေအထား ဦတည်ရာတွေ ပြောင်းရတာတွေ ရှိမယ်။ အဲဒီတော့ မျက်ခင်း (Turf) ပေါ်မှာ ချော်မလဲဘဲ ကုတ်ဆွဲထားပြီး ပြေးလွှားနိုင်မယ့် cleat Or Studs လို. ခေါ်တဲ့ အတက်ကလေးတွေ ဘောလုံး ဖိနပ်အောက်မှာ ရှိရပါတယ်။ သူတိုမရှိရင် မျက်ခင်းပြင်မှာ ချော်လဲနိုင်ပါတယ်။ ဒီထောက်တံ Stud တွေရဲ့ အရေအသွေးအပေါ် မတည်ပြီး ပျမ်းမျှ ဘောလုံး ဖိနပ်တရံရဲ့ တန်ဖိုးဟာ အင်္ဂလန်ပေါင် ၂၀၀ - ၃၀၀ ရှိတတ်ပါတယ်။ ပွဲမစခင်မှလဲ ဘောလုံးသမားတွေ ကွင်းထဲ မဝင်ခင် ဒိုင်လူကြီးဟာ အဝတ်လဲခန်း အပြင်ကနေ ဘောလုံးသမား တယောက်စီရဲ ဘိနပ်တွေ လာစစ်တာ လုပ်ရပါတယ်။ အမေရိကန်ဘောလုံး (Rugby) လဲ Studs ပါတဲ့ ဖိနပ်တွေနဲ.ပဲကစားတာပါ။

3 February 2013

Twitter Addiction

ဒီရက်ပိုင်း ကျမ Twitter Addiction ရနေပါတယ်။ 

အခုခေတ်ကလဲ များလိုက်တဲ့ Social Media တွေ ဆိုတာနော်။ အရင်ကတော့ Friendster, Facebook လောက်ပဲ ကျမသိပါတယ်။ အဲဒီကနေ အခုနောက်ပိုင်းမှာတော့ Twitter, Instagram, LinkedIn, Flickr, Stumblr, Google Plus ... အောင်မြတ်လေး၊ ရေတွက်လို. မှ မဆုံးနိုင်ပါလားနော်။

Twitter တွေ နာမည်စကြီးလာတုန်း ၂၀၁၀ လောက်တုန်းကတော့ ကျမနဲနဲ သုံးကြည့်ဖူးပါတယ်။ ဒါပေမယ့် သူငယ်ချင်း အချင်းချင်း စကားပြောတာ နှုတ်ဆက်တာ ဘာကြောင့် လူအများသိအောင် Public လုပ်ပြောရသလဲ ကျမ နားမလည်ခဲ့။ သူများကို Follow လုပ်တော့ သူများ အချင်းချင်း လူသိရှင်ကြား ရန်ဖြစ်ကြတာ၊ အတင်းတုတ်ကြတာ၊ မမြင်ချင်မှ အဆုံး မြင်နေရ သိနေရ။ တချို.ကလဲ “ငါဒီနေ. ချော်လဲလာတယ်” “ဗိုက်ဆာလိုက်တာ စားစရာမရှိဘူး” ဆိုတာတွေ ကမ္ဘာပေါ်ရှိသမျှ လူတွေ သူတို.အကြောင်း သိရအောင်လား တွိထားကြသေး။ ကျမ အနေနဲ.လဲ Twitter Account ရှိလာပြီဆိုတော့ တွိ (tweet) ရမယ် ဝတ္တရားက ရှိလာတော့ ဘာကို တွိရမှန်းလဲ မသိ။ အဲဒါနဲ. မသုံးဖြစ်ပဲ twitter account လေး ပြစ်ထားဖြစ်ပါတယ်။