ဒီတပတ် စနေ နဲ. တနင်္ဂနွေ ဆေးရုံမှာ တာဝန်ကျတုန်း သူနာပြုလေး တယောက် က လာတို်င် ပြန်တယ်။ ဂျူနီယာ SHO လေး နှစ်ယောက် က ရိုင်းလို.တဲ.။ ပြောထားပါဦး ဆိုပြီးတော.။ ဒီ SHO လေး ၂ ယောက်က အန္ဒိယက လာကြတာပါ။ တကယ်တော. ၂ယောက်လုံးက ရိုးသားပြီး တော်ကြတဲ. သူတွေပါ။ ဘာသာစကား မတူ အပြောမတတ်ကြတာနဲ. အချင်းချင်း နားလယ်မှု လွဲတာတွေ ဖြစ်ကုန် ကြရတာ။
ပြန်တွေး ကြည်.တော. ဒီအဖြစ်မျိုးတွေ နို်င်ငံခြားမှ လာပြီး တိုင်းတပါးမှာ အလုပ်လုပ်နေကြတဲ. သူတွေမှာ မကြာခဏ ကြုံရမယ်ထင်ပါရဲ.။ ဘာသာစကား ကွာခြားမှုနဲ. အလေ.အထ ထုံးတန်းစဉ်လာ ကွာခြားမှုတွေ ကြောင်. နားလည်မှုတွေမှားကြတာတွေကို။ ကိုယ်ကိုယ်တိုင်လဲ ဒီ အင်္ဂလန်ရောက်ခါစက ဒီ အခက်အခဲတွေ ဖြတ်သန်းရဖူးပါတယ်။ ကံကောင်းလှစွာနဲ. ရောက်ခါစက အင်္ဂလိပ် အမျိုးသမီးကြီး တဦး နဲ. ခဏ နေရတော. သူမကပဲ သင်ပေးခဲတာ မြောက်များစွာပါ။ ဓါး ခက်ရင်း ကိုင်တာကအစပေါ.။ ဥပမာ “ဒါလိုချင်လား” မေးရင် ကိုယ်ကတော. YES or NO ပေါ.။
ဒီတော. Jean က၊ အဲဒီလိုပြောတာ ဒီနိုင်ငံမှာ ရိုင်းတယ်။ "Yes please" "No, Thank you" ဆိုတာတွေကအစ ပြောပြပေးခဲ.ပါတယ်။ သူရှေ.က ခေါင်းငုံ.သွားတာ၊ သူ. ကိုလက်နှစ်ဖက်နဲ. တခုခု လှမ်း ပေးတာ၊ သူလာရင် ထပေးတာတွေ လုပ်မိရင် သူဟာ “ဘုရင်မကြီး မဟုတ်ဘူး။ ဒီနိုင်ငံမှာ ဒါမျိုး ဘယ်သူမှ မလုပ်တဲ. အတွက် ကိုယ်က အလုပ်ထဲ မှာ လုပ်ပြနေရင် သူများရီစရာ ဖြစ်မယ်။ တချို.ကလဲ မဟုတ်တာ လုပ်ထားတဲ.သူလို အထင်မှားစရာ ဖြစ်မယ်” လို. သင်ပြဖူးပါတယ်။