Menu bar

22 March 2012

ဝါသနာ နှင့် စွဲလန်းမှုများ

လူတိုင်းမှာ ဝါသနာ ဆိုတာတော့ ရှိသင့်ပါတယ်။ ဒါပေမယ့် တချို. ဝါသနာနဲ. လုပ်ချင်တာတွေ အတွက် အချိန်၊ ငွေ ဆိုတာတွေ တော်တော် နောက်ကလိုက်ယူ ရတတ်ပါတယ်။ ဥပမာ Glof ရိုက်တာမျိုးပေါ့နော။ ရောင်းရင်း အပေါင်းအသင်းများတော့ ကြုံဖူးမလားမသိပါ။ တခါတရံ ဝါသနာပါလို.ပါ ဆိုတာကနေ စလိုက်တာကနေ  နေ.မအိပ်နို်င် ညမအိပ်နိုင် အစွဲအလန်းလွန်ကြူးပြီး စားဒီစိတ် သွားဒီစိတ် ဖြစ်မိတတ်ကြပါတယ်။ 

တခါက ဆေးရုံ စိတ်အထူးကုမှာ တောင် တွေ.ဖူးပါတယ်။ အိမ်မှာရှိတဲ့ ပစ္စည်းတခု ပြင်ဖို. ကျိုးစားလိုက်တာ ကနေ မရမနေ ရအောင်လုပ်မယ်ဆိုပြီး ၃ ရက်တိတိ လုံးဝ မအိပ်ပဲ ကျိုးစားပြီး ဆေးရုံရောက်လာပါသတဲ့။ စွဲလန်းမှုဟာ လွန်လွန်းလာရင် စိတ်ရောဂါဆိုတာ ဖြစ်လာတာပေါ့။ တခါကလဲ မိခင်ကြီးတယောက် ၁၆နှစ်အရွယ် သူ.သမီးကို လာပြဖူးပါတယ်။ Facebook လိုမျိုး Social network ကို အလွန်အကြူး သုံးပြီး အပြင်လောကနဲ. လုံးဝ အဆက်အသွယ်မလုပ် အခန်းထဲက မထွက်နိုင်တော့ပဲ ဖြစ်နေလို.ပါတဲ့။ 

ဒီစာ ရေးဖြစ်ရတဲ့ အကြောင်းကလဲ ကျမအနေနဲ. အခု ဘလော့ကလေး စမိတာကနေ ဘလော့ ဒီဇိုင်း တွေလေ့လာရင်း မြင်မြင်ရာ ညဘက် အိပ်ရင် တောင် HTML code တွေပဲ မြင်မိနေလေရဲ.။ အဲဒါနဲ. အမှတ်ရမိတာက ဆေးကျောင်းပြီးလို. အလုပ်သင် စဝင်ခါစ လူနာတွေ သွေးဖောက်ပေးရတော့ တွေ.သမျှ လမ်းသွားလမ်းလာတွေ ဘတ်စ်ကားပေါ်က လူတွေ ရဲ. လက်ကိုပဲ လိုက်ကြည့်ပြီး  “ဟင်း ဒီလူ. သွေးကျောကြီးတွေများ .. ဒင်း ကို သွေးဖောက်ရရင်တော. ”  ဆိုတဲ့ စိတ်နဲ.ပဲ လူတိုင်းကို လိုက်ကြည့် သွားရေယိုခဲ့ ဖူးတာ တွေကိုပါ။ 
ဒီ အကြောင်းနဲ. ပက်သက် စကားဆက်ရရင် ဒီ အင်္ဂလန်လာပြီးတော.တောင် ဘယ်လောက် သွေးဆက်ဖောက်ရသေးသလဲဆိုတာ တခါက မြို.ထဲသွားတုန်း လူတယောက်က ဝမ်းသာအားရ လာနှုတ်ဆက်လာပုံက  “ဆရာမလေး .. ငါ့ကို မမှတ်မိဘူးလား။ နင် နံနက်ခင်းတို်င်း ငါ့ကို သွေးလာဖောက်တယ်လေတဲ့”  ကဲ ကောင်းရော ..

နောက်ထပ် အဲဒီလိုပဲ ဘဝမှာ တော်တော် စွဲစွဲလန်းလန်း လုပ်ခဲ့ဖူးတာတွေက .. အင်္ဂလန်ရောက်ပြီး ရေပြန်ကူးတုန်းက တွေ.သမျှ မြင်သမျှ အရာမှန်သမျှဟာ စိတ်ကူးထဲမှာ ရေကူးကန် အဖြစ်နဲ.မြင်မိနေတာ။ (အိပ်မက်ထဲ အထိတောင် ရေဆက်ကူးပြီး ဘေးက အိပ်နေတဲ့ ယောက်ျားကို နဲနဲ ကန်ထဲ့မိ လိုက်သေးတယ်။) နောက် ကွန်ပြူတာ တွေစသုံးတော့ ဝင်းဒိုး အကြောင်းကို မရမက သူရဲမရဲ လေ့လာဖူးတာ။ ဓါတ်ပုံ အက်ဒစ်တင်းတွေ အပေါ်မှာလဲ တော်တော် အချိန်တွေပေးခဲ့ ဖူးတာ။ ပြောရရင်တော့ အများကြီးပါ။ 

ဆိုလိုချင်တာက လူတိုင်းမှာ စိတ်အပန်းဖြေ ဝါသနာလေးတွေ ရှိဖို.တော့ လိုအပ်ပါတယ်။ ဒါပေမယ့် အတန်အသင့် ဆိုတာနဲ. အတိုင်းအတာ တခု တော့ ရှိရပါမယ်။ ဘယ်အချိန်မှာ ရပ်သင့်တယ်ဆိုတာ ကိုလဲ သိရပါမယ်။ ကိုယ်ရဲ. အားလပ်ချိန် ကို အကျိုးရှိရှိ အသုံးချမိဖို. ဝါသနာလေးတွေကိုလဲ ရွေးချယ်တတ်ရပါမယ်။ အားလပ်ချိန်မှာ အားကစားတခု ထလုပ်တတ်တဲ့သူနဲ. ကွန်ပြူတာဂိမ်း ပဲ ထို်င်ကစားတတ်တဲ့ သူနဲ.တော့ မတူဘူးပေါ့နော။ ဥပမာ ရုပ်ရှင်ကြည့်တာက အစ အင်္ဂလိပ်ကား ကြည့်တော့ အင်္ဂလိပ် အသုံးအနှုန်းလေးတွေပါ မှတ်သားနိုင်ပါတယ်။ (ကျမတော့ ကိုးရီးယားဇတ်လမ်း တွဲလေးတွေ ကြိုက်လို.ကြည့်မိတာတော့ ထဲ့မပြောတော့ဘူးပေါ.နော်)။ 

ဒီစာလေးကိုတော့ ဒီမှာပဲ အဆုံးသတ်ပြီး ဒီနွေရာသီအတွက် ကျမ ဘာ ဝါသနာ အကျင့်လေးတခုကို မွေးမြူရမယ်ဆိုတာ တွေးလိုက်ပါ ဦးမယ်။