Menu bar

4 March 2012

ကြိုမမြင် နိုင်သော အရာများ

အင်တာနက် သတင်းများမှ ဆရာဦးနေဝင်းမောင် နှလုံးရောဂါနဲ. ဆုံးပါးသွားရတဲ့ အကြောင်း တလောလေးကမှ ဖတ်လိုက်ရပါတယ်။ တချို.ကလဲ အင်တာနက် သတင်းတွေမှာ ဝိတိုရိယ ဆေးရုံမှ ဆရာဝန်ငယ်လေးကို အပြစ်တင်ကြသလို၊ တချို.ကလဲ မြန်မာကျန်းမာရေး စနစ်ကြီးတခုလုံးကို ဝေဖန်ထားတာတွေကို ဖတ်လိုက်ရပါတယ်။ 

ဒါနဲ.ပဲ လတ်တလော ကိုယ်တွေ. ကြုံရ ကြားရတဲ့ ဒီဆေးလောကရဲ. ခန်.မှန်းလို. မရနိုင်တဲ့ အကြောင်းများကို နဲနဲ ရေးချင်စိတ် ပေါက်လာပါတယ်။ 

အယင်တပတ်က အသက် ၃၀ လောက်ရှိတဲ့ အမျိုးသားတယောက် ရင်ပတ်ထဲ အောင့်တာနဲ. အရေးပေါ် (ambulance) ကိုခေါ်ပါတယ်။ အရေးပေါ် လူနာတင်ယဉ်နဲ. ဆေးပညာ အရေးပေါ်ကုထုံး သင်းကြားပြီး လူနာတွေကို ရှေးဦးပြုစု ကုသရတဲ့၊ ဒီမှာတော့ ပါရာမက်ဒစ် (Paramedics) ရယ်လို.ခေါ်တဲ့ သူတွေ ရောက်လာပါတယ်။ နှလုံးစမ်းသပ်မှုနဲ. အီးစီဂျီ (ECG) လုပ်ပြီးတဲ့ အခါမှာတော့ ဘာပြောင်းလဲမှု၊ ဒါမှမဟုတ် ပုံမှန်မဟုတ်တာတွေကို မတွေ.ခဲ့ပါဘူး။ 

အဲဒီတော့ ဒီပါရာမက်ဒစ်တွေဟာ လူနာလေးကို အနီးဆုံး ဆေးရုံငယ်လေးကို ခေါ်လာပါတယ်။ အဲ  ဆေးရုံလဲရောက်ရော လူနာလေးခမျာ ရင်ပတ်တွေ ပိုအောင့်လာပါရော။ ဒါနဲ. အီးစီဂျီ နောက်တခု ထပ်ဆွဲကြည့်တော့ အဲဒီမှာ ပုံမှန်မဟုတ်တော့တဲ့ ပြောင်းလဲမှုတွေ တွေ.နေရပါပြီ။ ဆိုလိုတာကတော့ ဒီလူနာလေးမှာ နှစ်လုံးသွေးကြော ပိတ်နေပြီပေါ့။ ကုထုံးကတော့ ပိတ်နေတဲ့ သွေးခဲကို ပျော်အောင် ဆေးပေးရင်ပေး။ ဒါမှမဟုတ် ခွဲစိတ်မှု အသေးစားလေးနဲ. သွေးကြောကို ပြန်ပွင့်အောင် လုပ်ရပါတယ်။ ဒါကို ပြိုင်မာရီ ပီစီအိုင် (Primary PCI) လို.ခေါ်ပါတယ်။ လုပ်တာကတော့ ပေါင်ရင်း ဒါမှမဟုတ် လက်ကောက်ဝတ် မှနေ ဂိုက်တန်နဲ. ပိုက်ချောင်း သေးသေးလေး ထဲ့ပြီးတော့ နှစ်လုံးသွေးကြောနား ရောက်အောင်သွား။ ပိတ်နေတဲ့ နေရာကို ရှာပြီးတော့ ပိတ်နေတဲ့ သွေးခဲကို ရှင်းထုတ်ဖို. လုပ်ရင်လုပ်၊ ဒါမှမဟုတ် စတန်. (Stent) လို.ခေါ်တဲ့ ပိုက်သေးသေးလေး ထားခဲ့ပြီး ဒီနှလုံးသွေးကြောကို ပြန်ဖွင့် ထားခဲ့ရပါတယ်။ 

ကျမတို.ရဲ. လူနာလေးအကြောင်း ပြန်ပြောရင်၊ သူ.ကို အမြန်ဆုံး နှလုံးဆေးရုံကြီးကိုပို.ပြီး ပီစီအိုင် (PCI) လုပ်ဖို. ပြင်ဆင်ကြပါတယ်။ အရေးပေါ်ယဉ်နဲ. ပြန်ခေါ်သွားတုန်း လမ်းမှာ ဒီလူနာလေးရဲ. နှလုံးဟာ ရပ်သွားပါတော့တယ်။ ဒါနဲ. ရင်ပတ်ပေါ် တက်ဖိ ဆေးတွေပေး၊ စီပီအာ (CPR) လုပ်ပြီး ဒီလူနာလေးရဲ. နှလုံးပြန်ခုန်စေဖို. ကျိုးစားကြပါတယ်။ လူနာတင်ယဉ်ကြီးကလဲ နောက်ပြန်လှဲ.ပြီး လူနာလေးကို ဆေးရုံငယ်လေးဆီကို ပြန်ခေါ်လာတာပေါ့။ အဲဆေးရုံလဲ ပြန်ရောက်ရော လူနာလေးရဲ. နှလုံးက ပြန်ခုန်လာပါရော။ ဒါနဲ.  ကဲ နှလုံးအထူးကုများဆီ ပြန်ခေါ်သွားဖို. တခါ ထပ်လုပ်ရပြန်ပါတယ်။ ဒီတခေါက်တော. အားလုံး ငြင်းကြ ခုန်ကြ။ ဘယ်လို သူ.ကို နှလုံးခွဲတဲ့ အဆောင် (Lab)ကို ရောက်အောင် သယ်ရပါ့မလဲရယ်ပေါ့။ နောက်ဆုံးမှာတော့ လူနာလေးဟာ ချောချောချူချူ လိုအပ်တဲ့ ကုသမှုတွေ နှလုံးကုသဆောင်မှာ ကုသပြီး ခုတော့ ဆေးရုံက ဆင်းသွားပါပြီ။ ပြောရရင်တော့ အသက်တချောင်း စုပေါင်း အင်အားနဲ. ကယ်တင်ခဲ့ လိုက်နိုင်တယ်ပေါ့။

နောက်တယောက်ကတော့ ၁၄နှစ် အရွယ် ကလေးငယ်လေးရယ်ပါ။ ဆေးရုံရဲ. အရေးပေါ် ဌာန ထဲကို သူ.ဖခင်နဲ. အတူ လမ်းလျှောက် ဝင်လာပါတယ်။ နေလို.သိပ်မကောင်ဘူး။ ဗိုက်နဲနဲ အောင့်နေတယ်လို. ပြောပါတယ်။ အဲလိုနဲ. နာရီဝက်အတွင်းမှာ ဒီကလေးရဲ. နှလုံး ခုန်တာ ရုတ်တရက် ရပ်သွားပါတယ်။ စီပီအာ (CPR) တွေလုပ်ပြီး တော့ ကလေးဟာ နှလုံးတော့ ပြန်ခုန်လာပါတယ်။ ဒါပေမယ့် အသက်တော့ စက်နဲ. ရှူအောင် လုပ်ထားရတယ်။ နောက် CT/MRI လို.ခေါ်တဲ့ အထူးဓါတ်မှန် တွေနဲ. ဆက်လက် စစ်ဆေးချက်တွေ ထွက်လာတော့မှ၊ လည်ပင်းနားက သွေးကြောတခု ပိတ်သွားတာတဲ့။ ဘယ်လိုလုပ် ပြီး ၁၄နှစ် အရွယ်လေးက သွေးကြောပိတ်သွားတဲ့ ရောဂါဖြစ်ရတယ် ဆိုတာတော့ ဒီဆေးပညာနဲ. ဖြေရှင်းချက် ထုတ်နိုင်ပါ့မလား မသိပါ။ 

ဆရာတယောက် ကလဲ သူ.ရဲ. လူနာတယောက် အကြောင်း ပြန်ပြောပြ ဖူးပါတယ်။ ၁၆နှစ် အရွယ်  ကလေးမလေး ဆေးရုံကို ခေါင်းကိုက် လို. ဆိုပြီးလာပြတယ်တဲ့။ အားလုံး စမ်းသပ် စစ်ဆေးချက်တွေက ပုံမှန်တွေပဲတဲ့။ ဒီတော့လဲ သူမကို ပုံမှန် ခေါင်းကိုက်တာပါပဲလေ ဆိုပြီး အိမ်ပြန်လွှတ်လိုက်ပါတယ်။ နောက်တနေ. မနက်မှာတော့ ဒီကလေးမလေးဟာ အိပ်ယာထဲမှာ လုံးဝ အသက်မရှိတော့တာ တွေ.ရတယ်တဲ့။ သေပြီး ခွဲစိတ်တဲ့ (Post mortem) စစ်ဆေးမှုတွေမှာလဲ ဘာဖြစ်လို. ဆုံးပါးသွားတာလဲ ဆိုတာ အဖြေရှာမရသေးပါဘူး။

အဲဒီလိုပဲ သူငယ်ချင်းတယောက် ကလဲ ခေါင်းကိုက်တယ်ဆိုတဲ့ လူနာတယောက်ကို ခေါင်းကိုက် ပြေဆေးလေးပေးပြီး အိမ်ပြန်ခိုင်းလိုက်တာ။ မသက်သာလို. နောက်မှ CT ဓါတ်မှန် ရိုက်လိုက်တော့မှ အဲဒီလူနာ ဦးဏှောက် ကင်ဆာဖြစ်နေတာကို တွေ.ရပါတော့တယ်။ ကျမတို.ဆီ တနေ. တနေ. ခေါင်းကိုက်တယ် ဆိုပြီးလာပြတာ ဒုနဲ.ဒေး။ အားလုံးကို CT ဓါတ်မှန် ရိုက်ဖို.က မဖြစ်နိုင်ပါ။ အမေရိကားမှာတော့ ကျန်းမာရေး အာမခံ (Insurance) နဲ.ပေးတာဆိုတော့ စစ်ဆေး စမ်းသပ်ချက်တွေ ပိုလုပ်ကြမယ် ထင်ပါတယ်။ ဒီလို ဥပမာပေး ပြောစရာတွေကတော့ အများကြီးပါ။ ဘုရားဟော တရားကဲ့သို. “ကွေးသောလက် မဆန်.မှီ။ ဆန်.သောလက်မကွေးမှီ” လူတယောက်ဟာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဆရာဝန်လဲ လူသားပေမို. အမှားလဲ ပြုမိနိုင်ပါတယ်။ တခြားသော သူတွေ အမှားပြုမိက ပြင်ရန်လွယ်ပေမယ့် ဆရာဝန်တွေ မှားက အသက်တခုနှင့် ရင်းနှီး နိုင်တာကြောင့် ကျမတို.တတွေ ပိုလို. သတိထားကြရပါမယ်။ ဒီလို သတိထားတာတောင်မှ အမှားတခု ဖြစ်က တယောက်ကို တယောက် ပုံချ အပြစ်တင်နေမယ့် အစား အားလုံး ဝိုင်းပြီး နောင်ကို ဘယ်လို ပိုကောင်းအောင် လုပ်ရမယ်လို. သုံးသပ်မိ ကြမယ်ဆိုရင်ဖြင့် ....။