Menu bar

9 March 2012

နို်င်ငံ ရပ်ခြား ပြောမိသော မြန်မာ စကားများ

နိုင်ငံ ရပ်ခြား မှာ နေနေ ကြတဲ. ရောင်းရင်း အပေါင်း အသင်းတွေတော. ဒီလို အဖြစ် မျိုးတွေ ကြုံဖူး ကြမလား မသိပါ။ ကိုယ် တနယ် ရပ်ခြားမှာ ဆိုတာကို. မေ.ရော.ပြီး မြန်မာလိုတွေ ပြောမိတာ လေ။


ကိုယ်တွေ. အဖြစ် အပျက် လေးတချို.ကို ပြန်ပြော ရရင်ဖြင်. ပထမဆုံး ကတော. လန်ဒန် ဘက်တန် ဆိုတဲ. အရပ်မှာပါ။ ရောက်ခါစ မြန်မာ သူငယ်ချင်းတွေနဲ. တွဲနေပြီး စာမေးပွဲ ဖြေဖို. ပြင်နေတဲ. အချိန်။ မြန်မာလိုနေ မြန်မာလို အတူတူ စားကြဆိုတော. တခါ တလေ နို်င်ငံခြားရောက်နေပါလား ဆိုတာတောင် မေ.နေတဲ. အထိ။ ဒီလိုနဲ. တနေ. မှာ အိမ်ရှေ. ထွက်လိုက်တော. ကပလီ တယောက် အိမ်ရှေ. မှာ လှေခါးကြီးနဲ. တွေ.လိုက်တော.။ “ဘာလုပ် မလို.လဲ” လို. မေးလိုက်မိတယ်။ အိမ်လာပြင်တာ လားပေါ့။ အဲ လူက ကိုယ်.ကို အူကြောင်ကြောင်  မျက်လုံးတွေနဲ. ဆက်ကြည်.နေတယ်။ အဲဒီတော. ကိုယ်က ဒီလူ ငါမေးတာ ဘာ.ကြောင်. ပြန် မဖြေရတာလဲ ပေါ.။ စိတ်လဲ နဲနဲ လေး တိုချင်သွားတယ်။ အဲဒါနဲ. ထပ်ပြီးတော. “လှေခါးနဲ. ဘာလုပ် မလို.လဲ လို.မေးနေတာ” လို. ထပ်ပြောလိုက် တယ်။ ဒီတော. မှ အဲဒီလူက "Are you speaking in your language? I don't understand a word you said" ဘာတွေ ပြောနေတာလဲ။ ဘာမှကို နားမလယ် ဘူး ဆိုတာလိုမျိုး အင်္ဂလိပ် လိုပြော လာတော.မှ ပဲ ကိုယ်.ကိုယ်ကို သတိရပြီး ရီရ တော.တယ်။

နောက် တခေါက်ကတော. ဆေးရုံမှာ။ ဘော.စ် (Consultant) ကို လူနာ အကြောင်း ပြောပြနေရင်း တဝက်မှာ မှားပြောမိတာ ကိုယ်.ကို သတိရတော. “အဲတော. ဟုတ်ပါဘူး” ဆိုပြီး ပြင်ပြော ဖို. ကျိုးစားခါမှ ပိုဆိုးတဲ. ဆီ ရောက်တော.တယ်။ ဘော.စ် (Consultant) ကလဲ       “WHAT?” ဆိုပြီး ထအော်ရော ဟိ။

အဲဒီ လို မကြာ ခဏ “အမလေး” “အမေ.” “ဘုရား” အော်မိတာတွေကတော. အခေါက်ပေါင်း မရေ အတွက် နိုင်အောင်ပါပဲ။ညဂျူတီ တခေါက်တုန်းကလဲ တညလုံး ပင်ပင်ပန်းပန်း အလုပ်လုပ် ပြီး  မနက် ၅နာရီ လောက်မှ ခဏ ဆိုပြီး အိပ်ပျော် သွားပါတယ်။ ကိုယ်ရယ် ကိုယ်.ရဲ. စီနီယာ ကုလားတယောက် က အခန်းရဲ. တခြား ထောင်.က ခုတင် တခုရယ်မှာ ပေါ.။ တချက် ဆတ်ခနဲ နိုးလာတော. အလန်.လန်. အဖြတ်ဖြတ် နာရီ ကြည်.လိုက်တော. ၈နာရီ အတိ။ ဘော.စ် Consultant လာပြီး ward round လုပ်မယ်.အချိန် ရောက်နေပြီ။ ဒါနဲ. ခမန်း ခတန်း စီနီယာ ကုလား ဆရာဝန်လေး ကို “ထထ မြန်မြန် ထတော. Consultant လာတော.မယ်။ ငါတို. နောက်တောင် ကျနေပြီ” လို. ထအော်ပါရော။ အဲဒါနဲ. အိပ်ချင်မူးတူး ဖြစ်နေတဲ. ဆရာဝန် လေးကလဲ တကယ်.ကို အူကြောင်ကြောင် ဖြစ် နေပုံနဲ. “Emm, what?” ဆိုမှပဲ .. "hee heee sorry" ပါပေါ.။အဲဒီလိုပဲ ဆေးရုံမှာ ဟိုးတလော က ဒီလိုပဲ ဖြတ်သွားတုန်း တွေ.လိုက်ရတာ။ စစ္စတာကြီး တယောက် ပွစိပွစိ ပြောနေတာကို ရှေ.က ဆရာဝန် ကတော. ပထမတော. ဘာမှ ပြန်မပြောဘူး Ok Ok ပေါ.။ နောက် မှ အသာလေး ဟိုဖက်ကို လှဲ. ပြီးတော. သူတယောက်ထဲ ရေရွတ် နေတာကို ကြားမိလိုက်တာကတော. “ ဒီမိန်းမတော. ကွာ ငါ လုပ်ထဲ. လိုက်ရ မကောင်း ရှိချေရော.မယ် ” ဆိုပဲ ..ဒါကြောင်. တိုင်တပါးမှာ နေပေမယ်. မြန်မာ လိုပြောကြတဲ. အခါမှာ သတိတော. ထားရပါတယ်။ မကြာသေးတုန်းကမှ စိုက်ပရပ်စ် (Cyprus) ကို အလယ် သွားတုန်း အမျိုးသားနဲ. မြန်မာလိုတွေ အားရပါးရ ပြောနေတုန်း စားပွဲထိုးလေး တယောက် က လာနှုတ်ဆက်တာ ခံရ ဖူးပါတယ်။ “မြန်မာ က လာလည် နေတာလား။ ဘယ်တုန်းက ရောက်လဲတဲ.” တခြား ရီခဲ.ရတဲ. အဖြစ် ကလေးတခုကတော. သူငယ်ချင်းတယောက် စူရှီ (Sushi) ဆိုင်မှာ သွားစားတုန်း စောင်.ရတာ သိပ်ကြာတော. စိတ်မရှည်ဖြစ်လာရောတဲ.။ ဒါနဲ. သူတို.ရဲ. အော်ဒါလာယူတဲ. ကုလားမလေးကို “ဒီမိန်းမတော.ကွာ နှေးကွေးလိုက်တာ ဖင်ကို တချက်လောက် ဆောင်.ကန် လိုက်ရ” လို. ပြောလိုက်သတဲ.။ ဒီတော. ကုလားမလေးက သူ.ဖက်ပြန် လှဲ.လာပြီး “ကန်လိုက်ပါ အကိုရယ် ကန်လိုက်ပါ” လို. ပြောလိုက်တော.မှ ငိုးအားထပ် ရီအားသန်ရ ပါသတဲ.။