Menu bar

29 April 2012

Fuel for Exercising

ဒီနေ. Exercise Physiology တွေပြန်ဖတ်ဖြစ်တာနဲ. ဒီမှာ နဲနဲ မြန်မာလို ပြန်ဝေမျှ လိုက်ပါတယ်။ ဒီ လူ.ခန္တာကိုယ်ရဲ. သုံးတဲ့ အင်နာဂျီတွေရဲ. အကြောင်းဟာ အသေးစိတ်ပြောရင် အလွန် ရှုပ်ထွေးတာမို.၊ ကျမလဲ လိုရင် ဖတ်လိုက် ပြီးရင် ပြန်မေ့သွားလိုက်နဲ. ဆိုတော့၊ ဒီမှာ လိုရင်း အကြမ်မျဉ်း နဲနဲ ပဲ ရေးပါမယ်။ တော်ကြာ ခေါင်းရှုပ်ကုန်မှာ စိုးလို.ပါ။ ကျောင်းမှာတုန်း ကတော့ ရှေ.က ဆရာမ ရှင်းပြတာကို ခေါင်းတွေကုတ်ပြီး မျက်စိကလေး ကလယ် ကလယ်နဲ. နားထောင်ခဲ့ ဖူးပါတယ်။ 

ခန္တာကိုယ်မှာ အားလုံးသိတဲ့ အတိုင်း ကစီဓါတ်(carbohydrate)၊ အဆီဓါတ်(Fat) နဲ. အသားဓါတ်(Protein) တို.ကနေ ATP လို.ခေါ်တဲ့ အင်နာဂျီကို ထုတ်ပါတယ်။ လူတယောက်ရဲ. နေ.စဉ် လိုအပ်တဲ့ အင်နာဂျီဟာ ဘယ်လောက် လှုပ်ရှားသွားလာမှုများတယ် ဆိုတာ မူတည်ပြီး ၁၈၀၀ ကယ်လိုရီ ကနေ ၃၅၀၀ ကယ်လိုရီလောက်အထိ ပျမ်းမျှ ပြောင်းလဲမှု ရှိပါတယ်။ အခြေခံကတော့ ရှင်းရှင်းလေးပါ။ ဝင်သွားတဲ့ ကယ်လိုရီ ပမာနနဲ. ပြန်သုံးလိုက်တဲ့ ကယ်လိုရီပေါ် မူတည်ပြီး ဝင်တာများရင် ကိုယ်အလေးချိန် တက်မယ်။ ထွက်တာများရင် အလေးချိန်ကျမယ်ပေါ့။ သကြားတဇွန်းဟာ ၂၀ ကယ်လိုရီ၊ နှမ်းဆီတဇွန်း ၄၅ကယ်လိုရီ ထုတ်နိုင်ပါတယ်။

28 April 2012

ကျမရဲ. ဒုက္ခများ

Covent Garden
ဘုရားဟော တရားတော်မှာ လောဘ၊ ဒေါသ၊ မောဟ တွေကင်းအောင် နေရမယ် ဆိုထားပါတယ်။ ကျမရဲ. ပြင်မရတဲ့ ဒုက္ခကတော့ အလွန်အင်မတန် သနားတတ်ပြီး ငိုပြဲတာပါပဲ။ ဘယ်လောက် ငိုတတ်သလဲ ဆိုရင် ရုပ်ရှင်ကြည့်လဲ ငို၊ လမ်းပေါ်မှာ သနားစရာ တွေ.ရင်လဲ ငို၊ အာဇာနည်နေ. ဥသြဆွဲသံကြားလဲ ငို (ငယ်ငယ်က)၊ တခါတလေ ရုပ်ရှင်ထဲက ဝမ်းနည်းစရာများဆို အိပ်မက်ထဲအထိ ယူပြီး ဇတ်လမ်း ဆက်ပြီး ငိုပါသေးတယ်။ အခုတော့ ကိုယ့်အကြောင်း ကိုယ်သိ၊ ဝမ်းနည်းစရာ ကားဆို ဘယ်တော့မှ မကြည့်တော့ပါ။ အခု Titanic ရုံပြန်တင်နေတာ ပြန်တော့ ကြည့်ချင်သား၊ ဒါပေမယ့် သဘောင်္မှောက်တော့  တွေ.ရတဲ့ ဝမ်းနည်းခန်းတွေကြောင့် သွားပြန်မကြည့်ဖြစ်ပါ။ 


မေမေက ရှမ်းပြည်ဇာတိဆိုတော့ ငယ်ငယ်က မေမေ့ကို ရှမ်းနာမည်တခုလောက် ရွေးပေးဆိုတော့ မေမေက “မငှဲပြို” တဲ့၊ ပထမတော့ ဘာမှနားမလည် မသိတော့ တော်တော် လှတဲ့ နာမည် လို.တောင် ထင်လိုက်သေးတယ် (အဟဲ)။ နောက်မှ ပြန်သိရတာ မငှဲပြို - မငိုပြဲ တဲ့။ ကဲ ကောင်းရော။

One special person

ဒီနေ.ဟာ ကျမဘဝရဲ. အရေးပါသူ တယောက်ရဲ. မွေးနေ.ပါ။ ဒီနိုင်ငံမှာ သူတို. ပြောတဲ့ “Your other half” လို. ဆိုတဲ့ ကျမရဲ. ခင်ပွန်း၊ အိမ်မှာ ကျမ ကျားကျားလို. ခေါ်တဲ့ တယောက်သောသူရဲ. မွေးနေ.ပေါ့။ ကျမမွေးနေ.တိုင်းကိုတော့ သူက ထူးထူးခြားခြား လက်ဆောင်တွေ (Gucci, LV အိတ်တွေက အစပေါ့ ဟီးဟီး) ဝယ်ပေးထားပေမယ့် သူ.အတွက်တော့ ကတ် တခုကလွဲလို. ဘာမှဝယ်မထား ဖြစ်ပါဘူး။ ဝယ်ပေးရအောင်လဲ သူက အလွန် ချေးကျွတ်များတာကိုး။

သူနဲ. ကျမ စတင် ခင်မင် ရင်းနှီးခဲ့တာလဲ အခု ၁၀နှစ် ပြည့်ပါပြီ၊ လက်ထပ်တာလဲ ဒီ ဇူလိုင်ဆို ၇နှစ်တောင် ရှိပါပြီ။ ပြောရင်တော့ ဒီ ၁၀နှစ်ဆိုတာ ဘာမှ မဟုတ်သလိုပါဘဲ။ ရန်ဖြစ်လိုက်ကြ ပြန်တဲ့ လိုက်ကြ၊ အဆင်မပြေတာတွေ တယောက်ကို တယောက် အားပေးပြီး ကျော်ဖြတ်ခဲ့ကြ နဲ.ပါ။ အဆင် မပြေ ရုန်းကန်ခဲ့ရတာတွေကလဲ နဲတော့ မနဲခဲ့ပါဘူး။ လက်ထပ်ပြီး သူ.အလုပ်နဲ. ကျမ အလုပ် နေရာ မတူလို. ခွဲနေခဲ့ရတာ၊ နေ.တိုင်းဖုန်းဆက်ပြီး အလွမ်းသယ်ခဲ့ရတာလဲ တော်တော် ကြာပါတယ်။ ဒီနိုင်ငံရဲ. ဆရာဝန် အလုပ်က တနှစ်တခါ ဆေးရုံ ပြောင်းရပါတယ်။ အခုတော့ စီနီယာပိုင်းကို ရောက်လာပြီဆိုတော့ အရင်လောက် မခက်တော့ပါဘူး။ သူ ရော ကျမပါ ဆေးရုံချင်း မတူကြပေမယ့် အိမ်နဲ. နီးတဲ့ဆေးရုံတွေမှာပါ။ 

27 April 2012

ကျမနဲ. ပေါက်ကရများ

ပြန်ပြောပြရရင် ကျမဟာ မကြာခဏ မရည်ရွယ်ပဲ ပေါက်ကရ ဖြစ်တတ်ပါတယ်။ တခါက ကျမ အလွန် စည်းကမ်းကြီး တည်တံ့လို. လူတို်င်းကြောက်ရတဲ့ Consultant ဆရာကြီးအောက်မှာ လုပ်ရပါတယ်။ တနေ.တော့ သူနဲ. ward round လုပ် လူနာတွေ လိုက်ကြည့်ရပါတယ်။ တခြားဆရာဝန်တွေက မလာတော့၊ ဆရာကြီးနဲ. ကျမနဲ.ရယ်ပါ။ ကျမက ရှေ.မှလျှောက်၊ ဆရာကြီးနဲ. သူနာပြုက နောက်ကလျှောက်ပေါ့။ ဒီလိုနဲ. လူနာတွေထားတဲ့ အခန်းထဲ ဝင်သွားတော့ အလွန် တက်ကြွ စိတ်လှုပ်ရှားနေတဲ့ ကျမဟာ အောက်မှာ ရေဆိုနေတဲ့ ကျမ်းပြင်ကို မမြင်၊ သတိမထားမိပဲ ဝှီးခနဲ လျှောပြီး လူနာတွေရဲ. ခုတင် အလယ် တဲ့တဲ့မှာ ဖင်နဲ.ဘုန်းခနဲ လဲပါရော။ အဲဒီမှာ အသက် ၈၀ကျော်လူနာ ၃ယောက်နဲ. ဆရာကြီးက ပြေးလာပြီး ကျမကို လာထူရပါတယ်။ ဖင်ညောင်ရိုးမှာလဲ တော်တော်လေး အီသွားရပါတယ်။ ကျမရဲ. တခြား သူငယ်ချင်း ဆရာဝန်များကတော့ ပြောမဆုံး ရယ်မဆုံးတော့ပါ။ 

26 April 2012

သင်္ဘော ဆရာဝန်

ဒီနေ. ဆေးရုံမှာ Caribbean Cruise Holiday သွားပြီး ပြန်လာပြီး နမိုနီးယားနဲ. ဆေးရုံရောက်လာ တဲ့ လူနာတယောက်ကို ကုခဲ့ရပါတယ်။ ဒါနဲ. လွန်ခဲတဲ့ ၃ နှစ်လောက်က အလွန်ခင်မင်ခဲ့တဲ့ သဘောင်္ ဆရာဝန်မလေး တယောက် ပြန်ပြောပြခဲ့တဲ့ သူ သဘောင်္လိုက်စဉ်က အတွေ.အကြုံများကို ပြန်သတိရမိပါတယ်။ ကျမလို အလွန် စွန်.စွန်.စားစား ပေါက်ကရ လုပ်ချင်တဲ့သူ အတွက်တော့ သူမ ပြောပြသမျှဟာ ရင်ခုန် စရာတွေချည်းပါပဲ။ 

အမှန်တော့ သဘောင်္ဆရာဝန် တယောက်လုပ်ဖို. ဆိုတာ အလွန်.ကို မလွယ်ကူတဲ့ အလုပ်ပါ။ လူရာထောင်ချီပါတဲ့ သဘောင်္မှာ ကိုယ်တယောက်ပဲ ဆရာဝန်ပါတာ ဆိုတော့ ဖြစ်သမျှ ရောဂါမှန်သမျှကို ကိုယ်ပဲ ဖြေရှင်းရပါသတဲ့။ နှာစီး၊ ချောင်းဆိုး၊ ပင်လယ်လှိုင်းမူး တာကစလို.၊ ချော်လဲ ကျိုးပဲ့၊ မူးလဲတာတွေပါ မကျန်ပေါ့။ ဇိမ်ခံ သဘောင်္ကြီးတွေကလဲ ကြီးလွန်းတော့ အထဲမှာ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ အရက်ဘား၊ ရေကူးကန်၊ စတိတ်ရှိုး ဆိုတာတွေကစလို.၊ စုံစီနဖာ အကုန်ပါပါတယ်။ ဆရာဝန် အတွက်လဲ ဓါတ်မှန်ရိုက်၊ သွေးဖောက်တာ အပြင် အသေးစား ခွဲစိတ်ခန်းလေးပါ ပါသတဲ့။ 

24 April 2012

LONDON VIRGIN MARATHON

ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက လန်ဒန်မှာ လုပ်တဲ့ Virgin မာရသွန်ပွဲကို သွားခဲ့ရပါတယ်။ ကြီးကြီး ငယ်ငယ် မသန်စွမ်းသူများပါ မကျန် မလျှော့သော ဇွဲ လုံ.လနဲ. ယှဉ်ပြိုင်တာကို ကြည့်ပြီး၊ မျက်ရည်ကျလုနီးပါး အားကျခဲ့ ရပါတယ်။ ဘေးကနေ အာပြဲကြီးနဲ. အားပေး၊ ထိခိုက် ဒါဏ်ရာ ရသူတွေကို လဲ အမြန်ကုပေးလို. အလွန် အလုပ်ရှုပ်ခဲ့ရတဲ့ အပတ် ဖြစ်ခဲ့ ရပါတယ်။ 

မာရသွန်ပြေးတယ် ဆိုတာ အမှန်တော့ တကယ့်ကို မလွယ်တဲ့ အလုပ်တခုပါ။ တခါ ပြေးနိုင်ဖို. အတွက် လပေါင်းများစွာ ကိုယ်ခန္တာ ကြံ့ခိုင်အောင် လေ့ကျင့်ရပါတယ်။ တကယ် (၂၆.၂ မိုင်ကို) မနားတန်း ပြေးတယ်ဆိုတာ ခန္တာကိုယ် အပေါ်မှာ ကောင်းတဲ့ ဖက်ရော အဆိုးဖက်ပါ အများကြီး ထိရောက်နိုင်ပါတယ်။ 

မပြေးခင် ခန္တာကိုယ် အာဟာရ ပြည့်ဝမှု၊ ရေဓါတ်၊ ဆားဓါတ် ပြည့်ဝစွာ ပြန် ဖြည့်ဆီးမှု ဆိုတာတွေဟာ အလွန်.အလွန်ကို အရေးကြီးပါတယ်။ တချို.လဲ ဒီပွဲမတိုင်မီ ဝမ်းသွားတာ၊ နဲနဲ နေမကောင်းတာ ဖြစ်ပြီး၊ လပေါင်များစွာ လေ့ကျင့်ထားတာ၊ မဖျက်ခင်ဘူး၊ ပြေးမှာပဲ ဆိုဝင်ပြေးပြီး လမ်းတဝက်မှာတင် ဆက်မသွားနိုင်၊ ရပ်လိုက်ရတာတွေ၊ တချို.ဆို မူးလဲ၊ ဒါဏ်ရာရပြီး သယ်ထုတ်ရတာတွေ အမြောက်အများပါ။

23 April 2012

Holiday to California

Helicopter explosion (From Die Hard)
ကယ်လီဖိုးနီးယား လို. ဆိုထားပေမယ့် ဒီမှာ တကယ်ပြောချင်တာက ယူနီဗာဆယ် စတူဒီယို နဲ. လော့စ်အိန်ဂျယ်လီစ် မှာ လည်ခဲ့တဲ့ ဟောလီးဒေး အတွေ. အကြုံလေးတွေပါ။ ၂၀၀၈ တုန်းက သွားခဲ့တာ ဖြစ်ပြီး ခရီးသွား အတွေ.အကြုံ မှတ်တမ်းလဲ မရေးခဲ့တော့ အာရုံမှာ ဝေဝေဝါးဝါး ကျန်ခဲ့တာလေးတွေ ပြန် ရေးဖြစ်တာပါ။ မြန်မာနိုင်ငံမှာ တုန်းကတော့ သိကြတဲ့အတိုင်း အိုဗာဆီး လည်ဖို.က အလွန်ခက်တော့ ဘယ်မှ မရောက်ဖူးခဲ့ပါဘူး (အခုတော့ အရင်လို မဟုတ်တော့ဘူး ထင်ပါတယ် နော်)။ ဒီ အင်္ဂလန်မှာ အခြေချပြီးတဲ့ အခါမှာတော့ တသက်နဲ. တကိုယ် ဘယ်မှ မရောက်ဖူးခဲ့သမျှ အခွင့်အရေးရတုန်း တနှစ်ကို တနိုင်ငံ လည်ကြမယ် လို. အမျိုးသားနဲ. သဘောတူ ဆုံးဖြတ်ခဲ့ ကြပါတယ်။ ဒီတော့ အရမ်းရောက်ဖူးခဲ့ချင်တဲ့ အမေရိက ကလဲ စာရင်းထဲမှာ ထိပ်ဆုံးကပေါ့နော။ 

20 April 2012

ရာသီဥတုနဲ. စိတ်ခံစားမှု

ဒီအင်္ဂလန် ရောက်ခါစ ဆေးရုံမှာတွေ.တဲ့ အင်္ဂလိပ် လူနာတွေက “အပြင်ကို ကြည့်လိုက်ပါဦး၊ မှုန်မဲနေတာပဲ။ စိတ်ညစ်စရာကြီး” လို. ပြောလိုက်တိုင်း ကျမက “ကိုယ့်ဘာသာ ကို အထဲမှာ နေတာပဲ သူ.ဘာသာသူ အပြင်မှာ ဘာဖြစ်ဖြစ်ပေါ့” လို. စိတ်ထဲ က ပြန်ပြောမိပါတယ်။ ခု နေတာကြာလာတော့ မှ ရာသီဥတု ဟာ လူတယောက်ရဲ. စိတ်ကို ဘယ်လောက် သက်ရောက်မှုရှိပြီး လွှမ်းမိုးနို်င်တယ် ဆိုတာ သိလာရပါတယ်။ ကျမလဲ သူတို.နဲ ပေါင်းပြီး ခုတော့ မိုးမှောင်နေပြီ ဆို ညည်းတတ်နေပါပြီ။ 

ဒီရက်ပိုင်းလဲ အင်္ဂလိပ် နွေရာသီ ရောက်ခါနီး Spring ထဲ ရောက်နေတာတောင် မိုးတွေက ရွာ မှောင်လို. မဲလို. အလွန် စိတ်ညစ် ဖို.ကောင်းပါတယ်။ မနက် အလုပ်သွားချိန် ဆိုရင်လဲ မိုးက မဲမဲ ဆို အလွန် စိတ်ညစ်မိတပါဘဲ။ ဒီကြားထဲ ရေဒီယိုက Bruno Mars' Lazy Song တို.၊  Westlife's "I wanna go home" တို.များလာရင် ပိုတောင် စိတ်ဓါတ်ကျသေး။ မိုးကတော့ ရွာလဲ နဲနဲ ပဲ ဆိုတော့ ထီးဆောင်း စရာ မလိုသလောက်ပါဘဲ။ ကျမတော့ မိုးကာဝတ်ပြီးဘဲ ပြေးပါတယ်။ 

19 April 2012

ကမ်းခြေမှ ဘောလီဘော


အားကစားပွဲများ အားလုံး ယှဉ်ကြည့်လျှင် ဒီ ကမ်းခြေ ဘောလီဘောပွဲလောက် ဘယ်အားကစားပွဲမှ ဟော့ရှော့ ဖြစ်လောက် မည်ဟု ကျမ မထင်ပါ။ 

ကျမ ဆရာဝန်အနေနဲ. သွားရတော့ ပထမဆုံး ဘာပွဲမှ မစခင် တာဝန်ရှိ လူတဦးက လာခေါ်ပါတယ်။ ဒိုင်လူကြီးများနှင့် နည်းပြများကို အရင်ဆုံး အရက်သောက်ထားလား မသောက်ထားလား အသက်ရှူ မှုတ်ထုတ်တဲ့ စက်ကလေးနှင့် (alcohol breath test) အရင်ဆုံး စစ်ပေးရမည်တဲ့။ ကျမလဲ ပထမတော့ နဲနဲတော့ကြောင်သွားပါတယ်။ အရင်ဘယ် ကစားပွဲမှာမှ ဒိုင်လူကြီးရဲ. အရက် အတိုင်းအတာ တိုင်းပေးရဖူးသည် ဆိုတာ မရှိခဲ့ ဖူးဘူး မဟုတ်ပါလား။ မသေချာတော့ ပြန်မေးကြည့်ရသေး။ “အားကစား သမား တွေ တားမြစ်ဆေး သုံးမသုံး စစ်ပေးရမှာကို ပြောတာလား” ဆိုတော တာဝန်ရှိ လူကြီးက မဟုတ်ဘူး ဒို်င်လူကြီးနဲ. နည်းပြတွေကို စစ်ရမှာ လို. သေချာပြန်ပြောပြပါတယ်။ ကဲ ပြောတဲ့ အတိုင်းလုပ်တာပေါ့ ဆိုပြီး သူ.နောက် လိုက်သွားတော့ ဒိုင်လူကြီးတွေ အားလုံးက ကျမကို တန်းစီ စောင့်နေတာကို တွေ.လိုက်ရပါတယ်။ ... လက်ထဲမှာ ပါးစပ်မှာ မှုတ်တဲ့ဟာလေးတွေကို တယောက်တခုကိုင် ပြီးတော့ပေါ့။ ကျမလဲ .. “အားပါးပါး ဒီလောက် အရသာ ရှိတဲ့ အတွေ.အကြုံမျိုး ဒီတခါ မှပဲတွေ.ဖူးတော့တယ်” လို. တွေးမိ လိုက်ပါသေးတယ်။ အရင် ဘယ်ပွဲတုန်းကမှ ဒီလို ဆက်ဆံတာ မခံဘူးပါ။ ဒိုင်လူကြီးတွေက ကိုယ့်ကို တန်းစီစောင့်ဖို. ဝေးလို. ကိုယ့်ကို သိပ်အရာပေးချင်တာ မဟုတ်။ ကိုယ့် အားကစားသမား ဒါဏ်ရာရနေတာ အရှင်းကြီး မြင်နေရတာတောင် သူသဘောတူတာ စောင့်ပြီးမှ သွားကူလို.ရတာလေ။

16 April 2012

ပြီးပြန်ပေါ့ ဒီနှစ် အတာ သင်္ကြန်

သင်္ကြန် လဲကျပြီးပြန် ပါပြီ။ သြော် အကုန်မြန်လိုက်တဲ့ အချိန်တွေဆိုတာ ..။

မြန်မာပြည်က သူငယ်ချင်းတွေတော့ အတာကူးပြီး ပျော်မြူးစွာ နှစ်ကူး ခဲ့ကြမယ် ထင်ပါတယ်။ ရပ်ဝေးရောက်နေတဲ့ မြန်မာတွေကတော့ သင်္ကြန်သီချင်းလေးတွေ နားထောင်ပြီး ငယ်ဘဝ စမြုံပြန်ကြ မလား၊ အလုပ်တွေ ရှုပ်နေတာနဲ. ပဲ မေ့မေ့ ရော့ရော့ ရှိနေမလား၊ နီးစပ်ရာ ပေါင်းပြီးလုပ်ကြတဲ့ နိုင်ငံရပ်ခြားရဲ. သင်္ကြန်အသေးစားလေးတွေလဲ ရောက်ဖြစ်ကြမလား မပြောတတ်ပါ။ တခု အသေအခြာ ပြောနိုင်တာကတော့ ကျမလို အေးတဲ့ နိုင်ငံ ရောက်နေရင်တော့ ရေလောင်းဖို. ဆိုတာ စိတ်ကူးထဲတောင် မထဲ့ နိုင်ပါလို.။ ဒီမှာ ဘို သူငယ်ချင်း တချို.ကို သင်္ကြန် ရေလောင်းတဲ့ အကြောင်းပြောပြရင် တော်တော် ရူးကြတာပဲ ဆိုတဲ့ အကြည့်နဲ. အကြည့်ခံ ရပါတယ်။ အလွန်ပူပြင်းတဲ့ နွေရဲ. အပူမှာ အလောင်းခံ ရတဲ့ သင်္ကြန်ရေ ဟာ ဘယ်လောက် အေးမြတယ်ဆိုတာ သူတို မခံစားဖူးတော့ မသိနိုင်ပါဘူး။

15 April 2012

Oxford သင်္ကြန် ညနေခင်း

မြနန္ဒာနဲ. ကနေတဲ့ သင်္ကြန် သမီးပျိုလေးများ
မနေ. ညနေက သွားလည်ခဲ့ တဲ့ Oxford သင်္ကြန် ညနေခင်းလေး ရဲ. ဓါတ်ပုံ တချို.ပါ။ စကားတွေပြော မုန်.တွေစားနဲ. ဓါတ်ပုံ တော့ သိပ်များများ မရိုက်ဖြစ်ခဲ့ပါဘူး။ ကျမတို. ရောက်သွားတဲ့. အချိန် နဲနဲနောက်ကျတော့ ရှမ်း အစီအစဉ် က ပြီးနှင့်နေပါပြီ။ အင်္ဂလိပ် comedian ရဲ. အစီအစဉ် စနေပါပြီ။ အပြောကောင်းတယ်လို. ဆိုရမယ်ထင်ပါတယ်။

အတိုချုပ်လေး ပြန်ပြောပြရမယ် ဆိုရင် ....

Black Knight နဲ. King Arthur က လောင်းကစား လုပ်ပြီး Black Knight မေးတဲ့ မေးခွန်း ရဲ. အဖြေ ကို King Arthur ကရှာရမယ်။ မဖြေနိုင်ရင် အာသာ ဘုရင်ကြီး အသတ်ခံ ရမယ်ပေါ့။ လောင်းကစား ကို ဘုရင်ကြီးက သဘောတူလိုက်ပါတယ်။ မေးတဲ့ မေးခွန်းက တော့ “ဒီကမ္ဘာမှာ မိန်းမတွေ တကယ် လိုချင်တာဘာလဲ” တဲ့။ 

သီချင်းလေး တပုဒ်

ကားမောင်းရင်း  Jason Mraz ရဲ. "I won't give up" ဆိုတဲ့ သီချင်းကို ရေဒီယိုမှာ မကြာခဏ ကြားမိပါတယ်။ နားထောင်ရင်း ထောင်ရင်း အရမ်းစွဲပြီး အခုရက်ပိုင်း သံစဉ် မမိပဲ လိုက်ဟဲ ဖြစ်နေတဲ့ သီချင်းလေးရယ်ပါ။ အရမ်းကို အဓိပါယ်ရှိတဲ့ သံစဉ်စာသားတွေနဲ. သီချင်းတပုဒ်လို.လဲ ဆိုလို.ရပါတယ်။ အလွန် ချိုသာတဲ့ အသံနဲ. ဂစ်တာတီးပြီး ဆိုနေတာ ရင်ကို တကယ် လာမှန်စေပါတယ်။ 


10 April 2012

One very unique patient

During my training, I have to do 6-month placement in general practice. During GP sessions, we have 10-minute slots for each patient. It actually is not easy to see one patient in 10 minutes. We have to ask a few questions, examine them, make data entry on computer system, and provide medical prescriptions if needed. Although I do not like it, I have no choice but to rush and speed up when seeing patients to keep up with my time frame.

There is one lady, who I think is very lonely at home, likes to come to GP surgery everyday for no reason. She just likes to come and chat or sometimes complains some random non-medical stuff. Not only that she likes to come and chat at reception but she also likes appointments to see a doctor every now and then. 

One other problem with her is that she is extremely deaf to the point that she can not hear anything at all. She doesn't like wearing hearing aids either, so how do we communicate with her? She shouts and we write on the paper for her to read.  Joy!

9 April 2012

Spanish Easter possession celebration

ကျမတို. အတွက်ကတော့ Easter ဆိုတာ ရုံးပိတ်ရက်ရှည် ဟောလီးဒေးပါဘဲ။ အင်္ဂလိပ် အသက်ကြီး ရွယ်အို အိမ်တွေ သွာလည်မယ် ဆိုရင်တော့ သူတို.ခေါ်တဲ့ Fish cake ဆိုတာ စားရပါလိမ်.မယ်။ Salmon ငါးနဲ. လုပ်တာမို.လို. Salmon မကြိုက်တဲ့ သူတွေတော့ နံတယ် ထင်မှာပါ။ နောက် Easter ဥလေးတွေပေါ့။

ခရစ်ယာန်တွေကတော့ Jesus ဘုရားသခင် လက်ဝါးကပ်တိုင်မှာ အသတ်ခံရပြီး နောက် ပြန်လည် ထမြောက်လာခြင်း အထိမ်းအမှတ်နဲ. ဆင်နွှဲတဲ့ ပွဲလို. ထင်ပါတယ်။ ဘာသာမပြန်တတ်တဲ့ အတွက် မှားနေတယ်ဆိုလဲ ခွင့်လွှတ်ကြပါလို.။

တွေးစရာ မြန်မာ မှုလေးတွေ

တနေ. အလုပ်ထဲမှာ အားလူးဖုတ် အတင်းတုတ် နေကြတုန်း သူငယ်ချင်းတယောက်က သူ.နဲ. အကြာကြီး ပေါင်းသင်းနေတဲ့ သူ.ရဲ. partner က သူ.ကို propose လုပ်လာကြောင်း၊ ဘယ်လောက် Romantic ဖြစ်ကြောင်း စတာတွေကို ဝမ်းသာအားရ ကိုပြောပြပါတယ်။ သူ.အကြောင်းပြောပြီးတော့ ကျမဘက်ကိုရော လှဲ.ပြီးတော့ နင်တို မြန်မာတွေရော ဘယ်လို Propose လုပ်ကြလဲတဲ့။ ကျမလဲ ကျမတို မြန်မာမှာ စတွဲပြီ၊ ရည်းစား ဖြစ်ပြီ ဆိုတာနဲ. လက်ထပ်ဖို. ရည်ရွယ်ကြောင်း အထူးတလည် Propose လုပ်စရာ မလို၊ လက်ထပ်ဖို. စိတ်ကူးနဲ. သာ တွဲကြကြောင်း၊ လက်မထပ်ခင် အတူနေတဲ ယဉ်ကျေးမှုလဲ မရှိကြောင်း ရှင်းပြမိ ပါတယ်။

နောက် သူတို. ထပ်မေးတဲ့ မေးခွန်းက Domestic violence လို.ခေါ်တဲ့ အိမ်ရှင်မ တွေ အထိုး အရိုက် အနို်င်ကျင့် ခံ ရတာ မျိုးတွေရော ရှိလားတဲ့၊ နင်တို.က ဗုဒ္ဓ ဘာသာ နိုင်ငံ ဆိုတော့ ဒါမျိုးတွေ နဲမှာပေါ့တဲ့။ ကျမလဲ နဲနဲ ပြန် စဉ်းစား ကြည့်ပြီး “အင်း ငါ မြန်မာ ပြည်မှာတုန်းကတော့ ဆေးရုံမှာ ဖြစ်စေ၊ လူမှု အပေါင်းအသင်းတွေကြားမှာ ဖြစ်စေ ဒါမျိုး မကြုံဖူး မကြား ဖူးဘူးလို.” ပြန်ဖြေခဲ့ မိပါတယ်။ ပြန်တွေး ကြည့်တော့ မြန်မာ မလေးတွေ ထုတ်ဖော် မပြောဘဲ အိမ်မှာ ကျိတ် အရိုက်ခံ ရ တတ်သလားတော့ ကျမ မသိပါ။ ရုပ်ရှင်တွေထဲတော့ တခါတရံ ဒါမျိုး ကြည့်ခဲ့ ဖူးတယ် ထင်ပါတယ်။ 

ipad နဲ. ဆွဲ ကြည့်တဲ့ ပုံလေးတွေ

ကစားစရာ New toy (ipad) လေး ရထားတယ် ဆိုတော့ ဒီနေ. အားအား ယားယား လျှောက်ဆော့ကြည့်ရင်း ဆွဲထားတဲ့ ပုံလေးတွေပါ။ လက်ချောင်း တုတ်တုတ်လေးတွေနဲ. ကွန်ပြူတာ မျက်နှာပြင်မှာ ဆွဲရတာ ဆိုတော့ သိပ်တော့ မလှဘူးပေါ့ နော။ တကယ် ငယ်ငယ် လေးတန်း ကလေး ဘဝ လောက်ကို ပြန်ရောက်သွား သလိုပါပဲ။ အလွန် ကလေးဆန်သော Immature ပုံလေးတွေပေါ့ ဟဲ ဟဲ။  ယောက်ျားကတော့ အားပေးရှာပါတယ် .. သူ သူငယ်တန်းလောက်က ဆွဲတဲ့ ပုံလေးတွေ ကျနေတာပဲတဲ့။

Paper53 ဆိုတဲ့ app ကို သုံးပြီး ဆွဲထားတာပါ။


8 April 2012

ခါးနာတတ်တဲ့ သူတွေ

အရေးပေါ်ဌာနမှာ ခါးနာလို. လာပြတာဆိုရင် တခါတလေ လူနာကို မမြင်ခင် ကတဲက စိတ်နဲနဲ ညစ်မိတာ အမှန်ပါပဲ။ ဘာလို.လဲ ဆိုတော အများစုဟာ Chronic back pain လို.ခေါ်တဲ့ နာတာရှည် ခါးနာတတ်သူတွေ ဖြစ်ပြီး ဆေးပညာ အရ ကုရန် မလွယ်တာတွေ ဖြစ်လို.ပါပဲ။အနာပျောက်ဆေးသောက် လေ့ကျင့်ခန်းလုပ် စိတ်ဖိစီးတာတွေ ဖယ်ထုတ်ပြီး အကောင်းမြင်နိုင်အောင် ကျိုးစား ဆိုတာကလွဲလို. သိပ်လဲ ပြောစရာ အကြံပေးစရာ သိပ် မရှိလှပါဘူး။ ကိုးရီးယား ဇတ်လမ်းတွဲတွေ ထဲကလို  aja aja fighting ပေါ့နော။

အရင် တပတ်က အလုပ်မှာ လုပ်ဖော်ကိုင်ဖက် ဆရာဝန် တယောက်က ခါးနာတာနဲ. ပက်သက်ပြီး စာသင်ဖို. တချိန် ယူပေးပါပြောတော့ အင်တာနက်မှာ လျှောက်ဖတ်ကြည့်တော့ မှ တချို.လူနာတွေ ညည်းငြူထားတာတွေ တွေ.မိပါတယ်။ တချို.ကပြောတာ “ဆရာဝန်က သူ ခါးနာတာကို လုံးဝ ဂရုမစိုက်ဘူး” “သူခါးနာတာ ဆရာဝန်က ဘာ စစ်ဆေးချက် Xrays မှ မလုပ်ဘူး”၊ တယောက်ကတော့ “ငါ သာ အရင်ကလို ငယ်ငယ် ချောချောလေးဆိုရင် ဆရာဝန်တွေ က သေသေချာချာ ဂရုစိုက်မှာပဲ” တဲ့။ နှိပ် ထားတာတွေကတော့ စာမျက်နှာ ၃မျက်နှာလောက်ရှိပါတယ်။ 

7 April 2012

မွေးနေ. လက်ဆောင်

တရက် က အလုပ်ကနေ နောက်ကျနေတော့ အိမ်က ခင်ပွန်းက ဘာကြောင့် နောက်ကျနေရတာလဲ ဆိုပြီးတော့ ဖုန်းခေါ် အပူတိုက်ပါတယ်။ သူ ဗိုက်ဆာရင် ဒါမျိုး လုပ်နေကျဆိုတော့ လဲ သိပ်တော့ အထူးအဆန်း မဟုတ် ပြန်လာပါပြီ ဆိုပြီး၊ အိမ်ရောက်တော့ အိပ်ခန်းမှာ အမြန် ရေချိုး အဝတ်လဲ မယ် လုပ်လိုက်တော့မှ  ...  အိပ်ယာပေါ်မှာ စောင့်နေတဲ့ အမျိုးသားရဲ. မွေးနေ. လက်ဆောင်လေးတွေ ကို အံ့သြ ရင်ခုန်စွာ တွေ.လိုက်ရပါတော့တယ်။ 

အရုပ်တွေ သိပ် ကြိုက်တတ်တဲ့ ကျမ ချက်ချင်းပဲ တွေ.ရတဲ့ ပန်းရောင် ယုန်ရုပ်ကလေးကြောင့် လှပ်ခနဲ ရင်ခုန်သွားရသလို၊ သစ်ခွ ပန်းပင်လေးကိုလဲ ကမန်းကတန်း နေရာ ချပြီးတဲ့ အခါမှာတော့ ipad လေးကို စ ကလိ ကြည့်ရပါတော့တယ်။


2 April 2012

ဘာသာစကား

UK athletic
ဒီတပတ် ပိတ်ရက်က အားကစား ပွဲတခုမှာပေါ့ .. ဒိုင်လူကြီး က ပြင်သစ်က အားကစား သမားလေးကို လှမ်းပြောလိုက်တယ်၊ “နောက် နင်တို. ပြေးရမဲ့ အလှဲ.ရောက်ပြီ။ ဒီကိုလာ တန်းစီပါ” တဲ့
ပြင်သစ် အားကစားသမားလေးက လှဲ. ကြည့်တယ်၊ ပြီးတော့ ရယ်ဖြဲဖြဲနဲ. “yeah yeah” ဆိုပြီး ရှေ. ဟိုးဘက်ကို ဆက်လျှောက် သွားပါတယ်။ 
ဒိုင်လူကြီးက “မဟုတ်ဘူး နင့်ကို ဒီကို လာလို.ပြောတာ” လှမ်းအော်ပြန်တယ်။
အားကစားသမား “ဟင်” ကြောင်တောင်တောင်လေး လှဲ. ကြည့်ရှာပါတယ်။
ဒိုင်လူကြီး က ဒီတခါတော့ လက်ဟန် ခြေဟန် ဖြင့် “လာခဲ့ လာခဲ့” ဆိုမှ သူလဲ သဘောပေါက် သွားတယ် ထင်ပါတယ်။ “သြော်” ဆိုပြီး ပြုံးစိစိ လျှောက်လာတော့တယ်။ 

ကျမလဲ အပေါ်မှာထိုင်ပြီး သူတို. ဖြစ်နေတာ တွေကို ကြည့်ကောင်းကောင်း ကြည့်နေရင်း ဘာသာစကား တွေ ကြောင့် ဖြစ်ရတဲ့ အခက်အခဲ တချို. အကြောင်းစဉ်းစား မိပါတယ်။ နိုင်ငံတကာ အားကစားပွဲတွေမှာတော့ အားကစား သမား ထိခိုက် ဒါဏ်ရာ ရရင် မကြာခဏ အရမ်းခက်တွေ. တတ်ပါတယ်။ ကိုယ်ပြောတာ သူကနားမလည်၊ သူပြောတာ ကိုယ်နားမလည်ပေါ့။ ကျမရဲ သဘောကတော့ တခါတလေ သူတို.ကို နဲနဲလေး အချိန်ပေး သွေးအေးအောင် စောင့်ပြီး မှ လက်ဟန် ခြေဟန်တွေနဲ. ဘာသာပြန်ဖို. နဲ. ထိခိုက် ဒါဏ်ရာရတဲ့ နေရာ စမ်းသပ် ကြည့်ဖို. ကျိုးစားပါတယ်။