Menu bar

2 March 2012

ဘာသာပြန်

ဒီနေ. ဆေးစာများ ဖတ်နေတာကနေ မြန်မာလို ကျန်းမာရေး အသိပညာပေး လေးများ ရေးကြည်.ရမလား တွေးမိပါတယ်။ ဖတ်နေတာက မနေ. ကတွေ.တဲ. လူနာတချို. အကြောင်းပါ။ သူတို. လက်ကောက်ဝတ်မှာ နာနေတဲ.သူ။ ခါးနာလို. လာပြတဲ.သူ။ အားကစားပွဲမှာ ချော်လဲပြီး ပေါင်တံ အတွင်းပိုင်းမှာ နာနေတာ။ သူတို.ရဲ. တူညီသော မေးခွန်းတွေကတော. ဘယ်လိုအားကစားမျိုး ကို လုပ်ပြီး ပြန်ကျန်းမာ လာအောင် လုပ်ရမလဲ ဆိုတာပါပဲ။ မြန်မာ သူငယ်ချင်း အချို. ကလဲ ဒီမေးခွန်းကို မေးဖူးတော.၊ ကိုယ်ကလဲ ဒီအားကစား နဲပတ်သက်တဲ. ဆေးပညာမှာ အထူးကုယူထာတဲသူ ဆိုတော.၊ ဒီကစ လို. ကျိုးစားရေး ကြည်. မယ်လို. တွေးမိပါတယ်။ အဲဒီ အခါမှ ကျမရဲ. အရင်က ကြိုမမြင် ခဲတဲ. အခက်အခဲတွေက ပေါ်လာတော. တာပါပဲ။ 


ကျွန်မတို. ဆေးကျောင်းစတက်တဲ. အချိန်ကစလို. ဆေးစာတွေကို အင်္ဂလိပ် ပုံနိပ်စာအုပ်တွေနဲ. ပဲ  သင်ကြားခဲ. ရပါတယ်။ အတွင်း ကိုယ်ခန္နာ အစိပ်အပိုင်း အူကလီစာ အရိုး ကြွက်သား အားလုံး တို.ကို အင်္ဂလိပ်လိုပဲ ကျက်မှတ် ခေါ်ဝေါ် မှတ်သား ခဲ.ရပါတယ်။ ကောင်းတဲ. အချက်ကတော. ဒီအင်္ဂလန် ကိုရောက်တော. သူတို. ရဲ. ဘာသာစကား တိုးတက်အောင် ကျိုးစားရပေမယ်. ဆေးပညာ အခေါ်ဝေါ်တွေက ဒါတွေပဲဆိုတော. အခက်အခဲ မရှိခဲပါဘူး။ 
ဒီမှာ ဂျာမန် သူငယ်ချင်း နဲ. စကားပြောမတော. သူတို. ဆေးကျောင်း မှာ ဆေးစာအုပ် အားလုံးကို ဂျာမန် လိုဘာသာပြန်ထာကြောင်း သူ.မှာ အစစ အရာရာ ခုမှ အင်္ဂလိပ်လို အခုမှ ဘာသာ ပြန်နေရာတာ အလွန် ဒုက္ခရောက် ကြောင်း ပြောပြပါတယ်။ အဲဒီတုန်းကတော. ကိုယ်.န်ုင်ငံမှာ ဒီလိုဘာသာပြန် ထားတဲ. ဆေးစာအုပ်တွေ မရှိတာကိုပဲ ကျေးဇူးတင်ရတော. မလိုဖြစ်ရပြန်ပါတယ်။

အဲ အခု အားကစား ကျန်းမာရေး နဲပက်သက်တာတွေ ရေးတော.မယ်ဆိုမှ ကျမ ခေါင်းကိုက်နေရပါပြီ။ ဥပမာ ကျမ အထက်မှာ ဖေါ်ပြခဲ.တဲ.လူနာတွေလို ခါးနာတတ်တဲ.လူနဲ. ပေါင်တွင်းမှာ ဒါဏ်ရာရသွား တဲ. သူတို. အတွက် အားကစား အစိတ်အပိုင်း တခုက ပေါင်တရှောက်မှာ ရှိတဲ. ကြွက်သားတွေကို သံမာလာအောင် လုပ်ချင်း ပါပဲ။ ဒီကြွက်သားတွေဟာ ခန္တာ ကိုယ် တခုလုံး ရဲ. တောင်.တင်းခိုင်မာ မှုမှာ လဲ (Core stability) အရေးကြီးပါတယ်။ နောက်ထပ် ဒါဏ်ရာမရအောင် ကာကွယ်ရာမှာ လဲ ဒီကြွက်သား တွေရဲ. ပြော.ပြောင်း တဲ. (Flexibility) နဲ. သူတို.ရဲ. သံမာမှုအား (Strength) တွေဟာ အလွန် အရေးကြီးပါ တယ်။ သူတို.နဲ. ပတ်သက် တဲ. အားကစား လုပ်သင်.တာတွေကို ကျမ မပြန်တတ် ပြန်တတ် (ဖတ်ထားတာလေး တွေကို) စိတ်ကူး ထဲမှာ ဘာသာပြန်ကြည်. ရရင် ဖြင်.      “ဒီပေါင်တံ အတွင်းပိုင်း မှာရှိတဲ. ကြွက်သားကို (Adductor muscle) တင်းအောင် အဲ ရှုံ.ပြီး      ပေါင်အောက်က ကြွက်သားတွေ (Hamstrings) သန်မာအောင် ပက်လက်လန် နေရာ ကနေ တင်ပါးကို ဆွဲမ လိုက်ရင်” ....တွေးရင်း တွေးရင် ကျမ ရဲ. စာတွေက ဘာအဓိပါယ်မှ မရှိတဲ.  ဟာသတခု ရယ်လိုပါပဲ။ တစ်ယောက်ထဲလဲ ရီမိပါရဲ.။ သြော် ဒုတ္ခ ဘဝ ရယ်လို. ညည်းငြူရင်း နိဂုံး ချုပ်လို.၊ နောက်.တနေ.တာ အတွက် လုပ်ငန်း ခွင်ဝင်ဖို.၊ ပြင်လိုက် ပါဦးမယ်။အလွယ်တကူနဲ. တော. ကျမလက်မလျှော.တတ်ပါ။ မအားတဲ.ကြား က အားလပ်မဲ. အချိန်ကို ကျိုးစား ရှာပြီး ဆက်လက် ကျိုးစားနေဦးမှာပါ လို.။