ကျမတို. ဆေးကျောင်းမှာ အဏုဇီဝဗေဒ ဘာသာရပ် စသင်ထဲက နေရာ ဒေသ ကို လိုက်လို. ရောဂါ ပိုးမွှား အမျိုးအစား ကွဲပြားနိုင်တယ်ဆိုတာ သင်ကြား ရပါတယ်။
ဥပမာ ငှက်ဖျားဆိုတာ အာရှ အာဖရိက နို်င်ငံတွေမှာ များပေမယ့် ဥရောပမှာတော့ အတွေ.ရနဲပါတယ်။ ငှက်ဖျားကို ခြင် ကတဆင့် ကူးဆက်စေတာ ဆိုတော့၊ ဒီနိုင်ငံမှာ ခြင်ကလဲ မရှိတော့၊ ငှက်ဖျားရပြီး ဒီနိုင်ငံ ပြန်လာတယ်ဆိုရင်တောင် တယောက် မှ တယောက် ရောဂါ မကူးဆက်နို်င်ပါဘူး။ ၂၀၀၈ ခုနှစ်က ကျမ ရောဂါပိုးမွှားဌာန (တမျိုးပြောရရင်) ခရီးသွားတဲ့ သူတွေကို အထူးကုတဲ့ ဌာနမှာ (Infectious diseases/traveller medicine) မှာတာဝန်ကျပါတယ်။ တစ်ညနေမှာ အရေးပေါ်ဌာနက ဖုန်းဆက်လာပါတယ်။ “အမြန်လာကြည့်ပါ။ နိုင်ဂျီးရီးယားက လာတဲ့ တယောက် ငှက်ဖျားပိုး ပေါ့စတစ် တွေ.တယ်တဲ့” Ok ဆိုပြီး ဆင်းသွားတော့ လူနာက ပထမ ရှာမရဘူး။ ဒါနဲ. သူနာပြု တယောက်ကို မေးကြည့်တော့ “သြ ဟိုးအခန်းထဲမှာ Isolate လုပ်ထားတယ်တဲ့။ (သူ.ရောဂါ သူများမကူးရအောင် သီးခြား အခန်းတခုထဲ ခွဲထဲ့ထားခြင်းကို ဆိုလိုပါသည်။)လှမ်းကြည့်လိုက်တော့ နိုင်ဂျီးရီးယား သူ ရောဂါသည်လေးက အူကြောင်ကြောင် မျက်နှာလေးနှင့်။ အားလုံးမှ အဆင်ပြေရဲ.လား ဆိုတဲ့ မျက်နှာလေးနှင့် ခုတင်ပေါ်မှာ။
ဘေးမှာ သူနာပြုတယောက်က မျက်နှာဖုံး၊ လက်အိပ်၊ ခန္တာကိုယ်ကို ကာကွယ်တဲ့ အင်္ကျံ ကြီးစွတ် ပြီး ဆေးပေးဖို. လုပ်နေတော့ “အမ် ဘယ်လို ဖြစ်နေတာလဲ” ဆိုတော့ “ရောဂါမကူရအောင် အကာအကွယ် ယူထားတာလေ” တဲ့။ ကျမ စိတ်ထဲမှာတော့ တွေးမိ လိုက်တာကတော့ “အင်းဒီငှက်ဖျားရောဂါသည် ခြင်ကိုပါ မှောင်ခို ကူး သယ်လာသလား မသိ” လို.။
တနေ.မှာလဲ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတယောက် အီဂျစ်မှပြန်လာပြီး ဝမ်းသွားကာ ဆေးရုံရောက်လာပါတယ်။ စစ်ကြည့်တော့ ဝမ်းကိုက် ပိုးတွေ.ပါတယ်။ ပိုးသတ်ဆေးပေးပြီး သူမကို ရောဂါပိုး အကြောင်းရှင်းပြရပါတယ်။ သူမရဲ. မေးခွန်းတခုက သူမ ဒီပိုးကို ဘယ်လိုရလာတာလဲတဲ့။ ဒီတော့လဲ သူမနားလည်အောင် သေသေချာချာ ရှင်းပြရပါတယ်။ ပထမ ဝမ်းကိုက်ပိုးရှိတဲ့ လူက အီးအီးပါတယ်။ အီးအီးကုန်းပြီး လက်ကိုသေသေချာချာ မဆေးပဲ အစားအသောက်၊ အိုး ခွက်တွေကိုကိုင်တယ်။ နောက်တယောက်က အဲဒီ အစားအစာ၊ ညစ်ပတ်နေတဲ့ အိုး ခွက်နဲ. စားမိ သောက်မိရာက ရောဂါပိုး ကူးဆက်ရတာပါပေါ့။ ရှင်းပြလို.မှ ကျမစကား အဆုံးမရောက်ခင် သူမ အာပြဲကြီးနဲ ထအော်လိုက်တာကတော့ “ငါ အီဂျစ်ကိုသွား သူတို. အီးစားပြီးပြန်ခဲ့တာပေါ့” တဲ့။ သူမအတွက် ဝမ်းကိုက်ပိုးကို လွယ်လွယ်ကူကူ ကုလို.ပြောက်သွားပေမယ့် သူမရဲ. စိတ်ဒဏ်ရာ ကိုတော့ တော်တော် လေး ကုယူလိုက်ရပါတယ်။
နိုင်ငံခြားမှာ အနေကြာပြီး မြန်မာနိုင်ငံ ပြန်ပြီး စားချင်တာတွေ စားမိတဲ့ သူတွေကလဲ မကြာခဏ ဝမ်းသွားတတ် ကြပါတယ်။ အရင်မြန်မာပြည်မှာနေတုန်းကတော့ ခန္တာကိုယ်ရဲ. ကိုယ်ခံတပ်သားတွေက အဆင့်သင့်ဆိုတော့ စားချင်တာစား ပေမယ့် သူတို.က ပါလာတဲ့ ပိုးမွှားကို တိုက်ထုတ်လိုက်တာနဲ. ရောဂါဖြစ်တဲ့ဆီ မရောက်တော့ပါဘူး။ နိုင်ငံရပ်ခြား အနေကြာတော့ ဒီတပ်သားတွေ သုံးဖို.မလိုတော့ဘူးပေါ့။ ဒီလိုနဲ. ကိုယ့်နိုင်ငံ အလယ်ပြန်ရောက် စားချင်ရာတွေ စားမိပြန်တော့ အဆင့်သင့် ပြင်မထားတဲ့ ကိုယ်ခံ တပ်သားတွေနဲ.လဲတွေ.ရော ကိုယ်ပဲ စစ်ရှုံးပြီး ဝမ်းပျက် ဝမ်းကိုက်တာတွေ ဖြစ်ပါရော။ ဒီလိုမဖြစ်ရအောင် ကျမ သူငယ်ချင်းတချို.ကတော့ ပိုးသတ်ဆေး ကျိုသောက်ပြီး အစားသောင်ကျန်းချင်တိုင်း သောင်းကျန်းကြသတဲ့။ ဒီမှာ ဆက်ပြောရမယ် ဆိုရင် မြန်မာပြည်မှာ ပိုသတ်ဆေးတွေကို ဆရာဝန် အညွှန်းစာ မပါပဲ ဝယ်ချင်တိုင်း ဝယ်လို.ရပါတယ်။ ဒါဟာ တကယ်တော့ အလွန် အန္တရယ် ရှိနိုင်ပါတယ်။ ဥပမာ ပိုးသတ်ဆေး မတိုးတော့တဲ့ ရောဂါပိုးတွေ ပေါ်လာနိုင်တာမျိုးက စလို.ပေါ့။ နိုင်ငံရေး နည်းဗျူဟာတွေ ကျမ မသိ နားမလည် တာကြောင့် ဒီအကြောင်းကိုတော့ ဒီမှာပဲ ရပ်ထားလိုက်ပါတော့မယ်။