ကဲ ပြောလို.မှ မဆုံးသေး။ စိတ်နှောက်စရာ က ပေါ်လာပြီ။ သူငယ်ချင်း တယောက်က ဖုန်းခေါ်လာပြီး ရှေ.လထဲမှာ ဒီနိုင်ငံရဲ. ကျောင်းပေါင်းဆုံ အားကစားပွဲမှာ ဆရာဝန် အလုပ်လုပ်ပေးဖို. ပြောလာ ပါတယ်။ အိုလန်ပစ်ပွဲရယ်၊ တခြား အားကစားပွဲ တွေရယ် ထပ်နေတာကြောင့် လုပ်ပေးနိုင်မယ် မထင်ကြောင်း ပြောတော့ သူက စိတ်ဆိုးပြီး အတင်း ကာရော လုပ်ရမယ်လို မျိုး ပြောလာတယ်။ ဖုန်းချပြီးတော့ တယောက်ယောက်နဲ. ငြင်းခုန် ပြီးတိုင်း ဖြစ်ရတဲ့ စိတ်ထဲ လေးလံ၊ ဒေါသ၊ မောဟ၊ မပျော်ရွှင်မှုဆိုတာတွေ ဟာ အဟုန်နဲ. ကျမရင်ထဲ စီးဝင်လာပါတော့တယ်။ ရင်က လဲ တလှပ်လှပ်နဲ. နေလို.က မကောင်းချင်တော့၊ ပျော်နေတဲ့ အပျော်လေးတွေလဲ ကြက်ပျောက် ငှက်ပျောက်။
