Menu bar

14 March 2012

အင်္ဂလန် စစ်ဆေး (သူငယ်ချင်းတို. ဆီမှ ကြားမိသမျှ)

အင်္ဂလန်က စစ်ဆေး ဆရာဝန်လေးတွေ သူတို.ရဲ. စစ်တာဝန် မကျခင် ပုံမှန် ဆေးရုံတာဝန် ထမ်းဆောင်နေတဲ့ အချိန်တွေမှာ ကျမ သူတို.တွေနဲ. အတူတူ အလုပ်တွဲလုပ်ရပါတယ်။ သူတို.ဆီမှ တချို. အာဖဂန်နစ်စတန်တို.  အီရပ်တို. တာဝန် သွားထမ်းဆောင်ပြီး ပြန်လာသူ တချို.တွေရဲ. အတွေ. အကြုံတွေ ကိုလဲ ပြန်ကြားရပါတယ်။

ဥပမာ အခုနောက်ပိုင်း ပေါ်တဲ့ သေနတ် ကျည်ဆန်တွေက လူကို ထိလိုက်ပြီ ဆိုတာနဲ. ခန္တာကိုယ်ထဲမှာ တုန်ခါမှုနဲ. မွှေနောက် သွားအောင် ပြုလုပ်ထားကြောင်း။ ဒါ့ကြောင့် ဟိုးတလောက လူနာလေး တယောက်ဆို ကျည်ဆန် ခန္တာကိုယ်ထဲ ဝင်သွားတဲ့ အပေါက်က ပေါင်ရင်းမှာ။ သူ. ဗိုက်ထဲမှာ ကျည်ဆန် မွှေနောက် ဖျက်ဆီးပြီး  ကျည်ဆန် ပြန်ထွက်လာတဲ့ အပေါက်က လည်ပင်းမှာ။ ဗိုက်ဖွင့်လိုက်တော့ သူရဲ. အသဲ၊ ဘေလုံး၊ အူ၊ အဆုတ် တော်တော် များများကို ကျည်ဆံ ဖြတ်သွား သတဲ့။ ဖျက်ဆီးတာများပြီး ကုမရအောင် လုပ်ထားသော တိုးတက်လာသော လက်နက်ပညာရယ်လို.ပဲ ပြောရမလား။

ဆရာဝန် တယောက် အနေနဲ.လဲ လူနာတယောက်တွေ.ရင် သူ.လူ ကိုယ့်လူရယ် လို. ခွဲခြားခွင့် မရှိပါဘူး။ လူနာဟာ လူနာပဲပေမို. ဘယ်သူက ဒါဏ်ရာ ပိုပြင်းတယ် ဆိုတာ ကိုပဲ ခွဲပြီး ဆေးကုသ ဖို. စတင်ရပါတယ်။ တခါတလေ ကိုယ်ရဲ. ရဲဘော် ဒါဏ်ရာကို အရင်ကြည့် ချင်ပေမယ့် ရန်သူ. ရဲဘော်က ဒါဏ်ရာ ပိုပြင်းတော့ ကိုယ့် လူကို အသာထားလို. ရန်သူကို ကုဖို.ပဲ အရင်လုပ်ရ သတဲ့။


တခါကတော့ အရမ်းဒါဏ်ရာပြင်းတဲ့  ကိုယ့်ဘက်သား လူနာရယ်၊ ရန်သူဘက်က လူနာရယ်ကို ဟယ်လီကော်ပတာ တစ်စဉ်းနဲ. ရှေ.တန်းကနေ ပြန်သယ်လာတယ်တဲ့။ ဟယ်လီကော်ပတာ တခုထဲမှာ ဒီလူနာက ၂ ယောက်။ သူတို.ကို ဆေးကုတဲ့ သူတွေ ကကု။ ဒီလူနာ၂ ယောက်ကလဲ သူတို. ရဲ. မပြီးသေးတဲ့ တိုက်ပွဲနဲ. ခြေထောက် နဲ. အချင်းချင်း ကန်ကျောက် ပြီး ရဟတ်ယဉ်ပေါ်ကနေ တွန်းချဖို. လုပ်ကြ။ ဒါနဲ. ဆေးကုဖို. ကျိုးစားနေတဲ့ သူတွေက သူတို. ကိုဆွဲကြ ရယ်ပေါ့။