Menu bar

28 March 2012

အင်တာနက်မှာ သတိထားစရာ

ကိုယ် ပြုမိတဲ့ အမှား၊ သူများတွေ မှားတဲ့ အမှားတွေကို ကြည့်ပြီး ဘဝမှာ သင်္ခန်းစာယူရမယ်လို. ငယ်စဉ်က ဆုံးမတာ မကြာခဏ ခံရဖူးပါတယ်။ အကောင်းဆုံးကတော့ ကိုယ် အမှား မကျူးလွန်ခင် သူများတွေရဲ. အမှားကနေ သတိထားပြီး ရှောင်နိုင်ရင် အကောင်းဆုံးပေါ့နော။  

အရင်တပတ်က ဘောလ်တွန် ရဲ. ဘောလုံးသမား  Fabrice Muamba ဘောလုံးကွင်းမှာ နှလုံးရောဂါနဲ. နှလုံးရပ်သွားတဲ့ အကြောင်း ကြားမိပါတယ်။ တကမ္ဘာလုံးမှ ဘောလုံး ပရိသတ်များက သူ.အတွက် စိတ်ပူနေချိန်မှာ ဝေးလ်စ်က အသက် ၂၁နှစ်အရွယ် ကျောင်းသားတယောက် က အရက်ကလဲ သောက်ထားတော့ မဆင်မချင်၊  Twitter မှာ ပေါက်ကရ လျှောက်ရေးတယ်တဲ့။ စ တာကတော့ နောက်ပြောင်သလို “Lol F*** Muamba, he is dead” ဆိုပြီး သူ.ရဲ. တွစ်တာမှာ ရေးသတဲ့။ နောက် သူရဲ. သူငယ်ချင်း၊ အသိတွေက အဲဒီလို မပြောသင့်ကြောင်း၊ အသက် ၂၃နှစ် ဘောလုံးသမား ခင်မျာမှာ သူ.အသက်အတွက် သေမင်းနဲ. တိုက်ပွဲဝင်နေစဲ ဖြစ်ကြောင်း ပြန် တွိ (Tweet) လုပ်ကြပါတယ်။ 



ဒါကို မခံမရပ်နို်င် အဲဒီကျောင်းသားက ပြန်လည် ချေပရင်း လူမဲ လူမျိုး တွေကို လူမျိုးရေး ထိပါးစေတဲ. စကားတချို.ပါလာတယ်တဲ့။ ဒါကို အင်္ဂလန်အသင်း ရဲ. အရင် ဘောလုံးသမားဟောင်း နဲ. တခြား လူတစုတွေက တွေ.သွားပြီး၊ မခံမရပ်နိုင် ဖြစ်ပြီး၊ ရဲကို တိုင်လိုက်တော့၊ အခု ဒီကျောင်းသားလေးဟာ အဖမ်းခံ၊ ထောင် ၅၄ ရက် အချခံရပြီး၊ သူ.ရဲကျောင်းကနေလဲ ထုတ်ပယ်တာ ခံရပါတယ်။ ဒီကျောင်းသားဟာ အရင်က ဘာပြစ်မှု မှတ်တမ်းမှ မရှိဖူးခဲ့ပါဘူး။ သူဟာ Forensics Scientist ဖြစ်ချင်တဲ့သူ တဦး ပါတဲ့။ အခုတော့ သူရဲ. မဆင်မခြင် လုပ်မိတာလေးကနေ သူ.ဘဝ တခုလုံး ကို ပျက်စီးစေခဲ့ပါပြီ။ Criminal record ရာဇဝတ်မှု မှတ်တမ်း ရှိသွားပြီ ဆိုမှတော့ Forensics Scientist ဖြစ်ဖို.နေနေသာသာ ဒီနိုင်ငံ မှာ ကျောင်းကောင်းကောင်း အလုပ်ကောင်းကောင်း ရဖို.ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တော့ဘူး မဟုတ်ပါလား။ 

ဒီမှာ သင်္ခန်းစာ ယူစရာက အင်တာနက်မှာ ရေးတာတွေကို သတိထား ဆင်ခြင်ဖို.ပါ။ ကျမလဲ Facebook သုံးပါတယ်။ ဒီ Facebook ကြောင့်ပဲ ကြာမင်းစွာ အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတွေ မိသားစုတွေနဲ. ပြန်အဆက်အသွယ် ရခဲ့ပါတယ်။ ဒါပေမယ့် ဒီ Facebook ထဲ မဆင်မခြင် ရေးသားသူတွေ ဒုက္ခရောက်ကြတာလဲ မကြာခဏ ဖတ်ဖူးပါတယ်။ သုံးတတ်ရင် အလွန် အသုံးဝင်နိုင်ပေမယ့် ဒီ social networks များကြောင့်ပဲ  ဒုက္ခရောက်နိင်ကြောင်း သူငယ်ချင်း ရောင်းရင်းများ သတိထားရအောင် ရှဲ လိုက်ခြင်းပဲ ဖြစ်ပါကြောင်း ...။