Menu bar

19 January 2014

စိတ်ဖိစီးစရာ ညဂျူတီများစွာ

ဒီနေ. တနင်္ဂနွေနေ. ခါတိုင်း စနေ တနင်္ဂနွေ အလုပ်လုပ်ရတတ်ပေမယ့် ဒီတပတ်တော့ အားရက်မို. အိမ်မှာ နားနားနေနေပေါ့။ မနက်ခင်း အပျင်းထူပြီး အကြာကြီး အိပ်ချင်ပေမယ့် ယောက်ျား ညဂျူတီမို. ပြန်လာရင် ဗိုက်ဆာတယ်အော်ပြီး ပြန်လာတတ်တဲ့ သူ.အတွက် စားဖို.သောက်ဖို. ထပြီး ပြင်ဆင် ချက်ပြုတ်ထားရပါတယ်။ 

ပြောတဲ့အတိုင်း နေ.လည် ၁၁နာရီလောက်မှာ ညည်းညည်းငြူငြူ နဲ.အမျိုးသား ပြန်ရောက်လာပါတယ်။ ပင်ပန်းလွန်းလို. ဒီအလုပ်မလုပ်ချင်တော့ကြောင်း၊ အလွန်စိတ်ညစ်ကြောင်း စိတ်ပျက်ကြောင်း ဘယ်လောက်တောင် စိတ်ကုန်ကြောင်း ဆိုတာတွေ သူ Oncall ကျတိုင်း အထူးသဖြင့် Night Duty ကျတိုင်း နားမခံသာအောင် သူက ညည်းနေကျပါ။ ဒီလို ကြားနေကြ အသံလေးတွေကို အမျိုးသား တခါးပေါက်က ဝင်လာတယ်ဆိုတာနဲ. ဆူဆူညံညံ ကြားလိုက်ရပါတယ်။ ဒီလို ညည်းမယ်၊ ရေချိုးမယ်၊ ပြီးရင် တနေကုန် သူ တခေါခေါနဲ အိပ်ပြီး ညကျ ပြန်ထ၊ ချက်ပေးထားတာ စားသောက်ပြီး ဆေးရုံကို ညဂျူတီအတွက် ပြန်သွားရပါလိမ့်မယ်။

သူ. ဆေးရုံ Oncall တာဝန်ပြောတော့ ကျမဆေးရုံလုပ်တုန်းက ယူခဲရတဲ့ Oncall တွေ အကြောင်းတွေ ပြန်တွေးမိလာပါတယ်။

ပထမဆုံး အင်္ဂလန်မှာစလုပ်တဲ့ Foundation Year 1 မှာ ညဂျူတီဆိုရင် ည ၇ ရက်ဆက်တိုက်၊ ၄ပတ်မှာ တစ်ပတ် ဆင်းရပါတယ်။ အဲဒီတုန်းက Oncall နာရီများတဲ့ အတွက် လခကလဲ များပါတယ်။ ဒီမှာ Oncall ဘယ်နှစ်နာရီ ဆင်းလဲပေါ်မူတီပြီး လခကို Banding ဆိုတာနဲ.ပေးပါတယ်။ Banding ဆိုတာ ကိုယ့်ရတဲ့ ရတဲ့ အခြေခံ လခရဲ. ရာခိုင်နှုန်း ဘယ်လောက် ပိုတိုးရမယ် ဆိုတာပါ။ အဲဒီအချိန်က ဒီမှာခေါ်တဲ့ 2A Banding (75% + Basic Salary) နဲ. တလကို ကျမ အင်္ဂလန်ပေါင် ၂၉၀၀ ကျော် အိတ်ထဲဝင်ပါတယ်။ အဲဒီအချိန်က အင်္ဂလန်ရောက်ပြီ မကြာခင် ဆိုတော့ ပစ္စည်း အကောင်းစားလဲ မကြိုက်တတ် မသုံးတတ်သေး။ အပြင်မှာလဲ ထွက်မစားတတ်သေး။ ကားလဲမရှိတဲ့ ကားဖိုးမကုန်။ အိမ်ကလဲ ဆေးရုံက အလကားပေးတဲ့ အိမ်မှာနေရတာဆိုတော့ တလတလ အသားတင်ကို စုမိတာပါပဲ။ (အင်း အဲဒီ ဘဝလေးတွေ သတိရလိုက်တာနော်)

အလုပ်အကြောင်း ပြောရရင်တော့ ကျမအနေနဲ. ပင်ပန်းတယ် ညည်းငြူတယ် ဆိုတာသိပ်မရှိခဲ့ပါ။ အဲဒီအချိန်က အစစ အရာရာ စိတ်ဝင်စားပြီး အမြဲတက်ကြွနေခဲ့တဲ့ အချိန်တွေပါ။ ညဂျူတီရဲ. စိတ်ညစ်စရာ တခုပဲ ရှိခဲ့တာက ခွဲစိတ်နဲ. အရိုးမှာ လုပ်တုန်းကပါ။ သူနာပြုတွေက ညညဆို လူနာတွေကအိပ်နေတော့ အမြဲအားနေတာဆိုတော့ အဲဒီအချိန်မှာ Fluid Balance တွေ ထိုင်တွက်တော့တာပါပဲ။ Fluid Balance ဆိုတာ လူနာတွေ တနေ.ကို ရေသောက်တာ ဆေးပိုက်ကသွင်းတာ အားလုံး ပေါင်းပြီး ဘယ်လောက်ဝင်တယ်၊ ရှူးရှူးပေါက်ပြီး ဘယ်လောက်ပြန်ထွက်တယ်ဆိုတဲ့ သင်္ချာတွေတွက်တာပါ။ အဲလိုတွက်ပြီး ကျမကို Bleep ခေါ်ပါပြီ။ ပြီးရင် ဘယ်သူကတော့ ရှူးရှူးမပေါက်တာ ဘယ်နှစ်နာရီ ရှိသွားပြီ။ ဘယ်သူက သောက်တာများပြီး ပေါက်တာ နဲနေပြီ အစရှိသဖြင့် တင်ပြပြီး complaint တွေ တက်တော့တာပါပဲ။ တခါတလေ ကျမ မေးခွန်းလေး ရှင်းရှင်းလေးတခုပဲ ပြန်မေးရပါတယ်။ အခု ညဘယ်နှစ်နာရီရှိပြီ။ နင်တို.ရော အိပ်နေရင် ရှူးရှူးထပေါက်သလားလို.။ 

ဆရာဝန်တွေအတွက် သူနာပြုတွေက အလွန်အရေးကြီးပါတယ်။ သူတို.ဆီမှာ ကျမတို. ဆရာဝန်တွေ အတွက် သင်ယူစရာတွေ အများကြီးပါ။ သူတို.ကြောင့် ကျမတို. အလုပ်များစွာ သက်သာတာရှိခဲ့ သလို အမှားပေါင်းများစွာ မဖြစ်အောင်လဲ ပြုပြင်ခွင့် ကာကွယ်ခွင့်တွေ ရခဲ့ပါတယ်။ ဒါပေမယ့် သူတိုတွေဟာ အများအားဖြင့် စာအုပ်ကြီးနဲ. လုပ်တတ်တော့ တခါတလေ စိတ်ညစ်စရာတွေလဲ ကြုံရတတ်ပါတယ်။ 

Physician ဖြစ်ဖို. ဆက် training တွေဆက်တော့ Core Medical trainee ဘဝရောက်တော့ ည ၇ည ဆက်တိုက်လုပ်ရတာ ဆရာဝန်တွေ အတွက်အလွန်ပင်ပန်းတယ်ဆိုပြီး ၄ည တခါ ၃ညတခါ ခွဲလုပ်ရပါတယ်။ အဲဒီတုန်းက Doctors' Mess (Oncall ဆရာဝန်တွေ စုနေတဲ့ အခန်းမှာ) ကြည့်လိုက်ရင် Medical oncall ဖြစ်တဲ့ ကျမတယောက်ကပဲ တညလုံး ဆူဆူညံညံပါ။ ခွဲစိတ်၊ အရိုး၊ ကလေး OG မေ့ဆေး အားလုံး နားတဲ့ အချိန် အိပ်နေတဲ့ အချိန်မှာတောင် ကျမမှာ မနားရ တညလုံး အလုပ်လုပ်။ ခဏ နားမလား Doctors Mess ထဲပြန်လာရင် ၅မိနစ်မခံ Bleep က ဆူဆူညံညံ အသံတွေမြည် ဆိုတော့ ကျမရဲ. အလွန်ဖြစ်ချင်လှတဲ့ Physician ကြီးရဲ. ဘဝကို အထပ်ထပ်အခါခါ ပြန်သုံးသပ်မိ တွေးမိလာပါတယ်။ 

Cardiology (နှလုံးအထူးကု ဆေးရုံမှာ) လုပ်တော့ ပိုတောင်ဆိုးသေး။ Heart attack case လာရင် ဒီမှာ Primary PCI လိုခေါ်တဲ့ သွေးကြောထဲ့ Contrast နဲ.ကြည့်ပြီး (Angiogram) ပိတ်နေတဲ့ သွေးကြောထဲ တခါထဲ stent ထဲ့တာတွေလုပ်ပါတယ်။ Heart Attack ဆိုတာတွေကလဲ ညမှ ဖြစ်တာများတာကိုး။ Arrythmia case တွေကိုလဲ တခါထဲ Pacemaker ညတွင်ချင်းထဲ့တာ များပါတယ်။ ဒါတွေကို Consultant က ဦးဆောင်ပြီးလုပ်ရတာ ဆိုတော့ အသက် ၄၀ .. ၅၀ ကျော်ရှိတဲ့ Consultant ကြီးတွေ ညကြီး သန်းခေါင် ထရတော့ အိပ်ချင်မူးတူးနဲ. စိတ်တို ဒေါသတွေများပြီး တွေ.ရာ မြင်ရာ မဲတာကိုလဲ ခံခဲ့ရပါတယ်။ အဲဒီမှာ နှလုံး အထူးကုအလွန် ဖြစ်ချင်ခဲ့တဲ့ ကျမရဲ.စိတ်ပြင်းပြမှုတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားရတဲ့အထိပဲ ဆိုပါတော့။ 

ဒီလိုနဲ. နှလုံး အထူးကုဆိုတဲ့ စိတ်ကူးယဉ် ဘဝလေးကနေ အားကစား ဆေးပညာ အထူးကု ဖြစ်ဖို. အကြောင်း ဖန်လာတယ်ပဲ ဆိုပါတော့။ အားကစားဆေးပညာ အကြောင်းလေ့လာတော့ Training မှာ အရေးပေါ်ဋ္ဌာန မှာ ၆လ rotation လုပ်ရပါတယ်။ ကျမကတော့ ပျော်လို. ၇လ လုပ်ဖြစ်ခဲ့ပါတယ်။ အလုပ် အရှုပ်ဆုံး စိတ်ဝင်စားစရာ အကောင်းဆုံး စိတ်ဖိစီးမှုအများဆုံး အချိန်တွေပဲ ဆိုပါတော့။ ညဂျူတီတွေဆိုရင် အလုပ်ရဲ. ၆၀ ရာခိုင်နှုန်းလောက်က အမူးလွန်နေတဲ့ အရက်သမား၊ ကိုယ်ကိုယ်ကို သေကြောင်းကြံပါမယ်ဆိုပြီး Paracetamol လေး ၆လုံးလောက် သောက်လာတဲ့ သူတွေ၊ အိုးမဲ့အိမ်မှာ ချမ်းချမ်းအေးအေးနဲ. ဆေးရုံမှာ အကြောင်းဖန် တညလာအိပ်ဖို. ကြံတဲ့သူတွေနဲ ပြည့်နေပါတယ်။ ကျန်တဲ့ ၄၀ရာခိုင်နှုန်းကတော့ တကယ့် လူနာတွေပေါ့။ Major Trauma cases (ဒါဏ်ရာ ပြင်းပြင်းထန်ထန်ရလာတဲ့) သူတွေ အတွက် Trauma Team ကို ဦးဆောင်ပြီး ဆေးကုပေးရတာ၊ အရိုးကျိုးတာ အဆစ်လွဲတာတွေကို ပြန်တဲ့အောင် လုပ်ပေးရတာ၊ အရမ်းကို Sick ဖြစ်နေတဲ့ လူနာတွေကို ကုရတာ အချိန်နဲအမျှ အရမ်းအလုပ်ရှုပ် ပြာယာခတ်နေရပေမယ့် ကျမတော့ အလွန်ပျော်ခဲ့ပါတယ်။ ကိုယ့်ကိုယ်လဲ တကယ်ပဲ လူနာတွေရဲ. အသက်ကိုကယ်တဲ့ အရေးပါတဲ့ ဆရာဝန်ကြီး တယောက် အဖြစ်နဲ. ခံစားလို.ရခဲ့ပါတယ်။ အခုထိတောင်း ကျမရဲ. အလုပ်တွေက အားရက်ရရင် အရေးပေါ်ဌာနမှာ Locum (Oncall ပိုယူပြီး ပိုက်ဆံပိုရှာတာပါ) သွားသွား ပြန်လုပ်ဖြစ်နေပါသေးတယ်။ 

အဲဒီ Accident and Emergency Rotation ပြီးထဲက ကျမ ညဂျူတီမယူရတော့ပါ။ အားကစား အသင်းတွေနဲ. ခရီးသွားရင် နေ.ည ၂၄နာရီ သူတို. ကျန်းမာရေး အတွက် တာဝန်ရှိပေမယ့် ဆေးရုံ Night ဆင်းရတာနဲ.တော့ ဘယ်နှိုင်းလို.ရပါ့တော့မလဲနော် ..

5 January 2014

ဟန်းဘက်အိပ်တွေ

ကျမမှာ လှဖို.ပဖို. တန်ဖိုးသိပ်ကြီးတဲ့ ကျောက်မြတ်ရတနာ ဖက်ရှင်ပစ္စည်းတွေ မရှိပေမယ့် ဟန်းဘက်အိပ်ကလေးတွေတော့ ကျမ အနည်းငယ် အရူးထတတ်ပါတယ်။ စစဝယ်တုန်းကတော့ အရမ်းခင်တဲ့ အင်္ဂလိပ်သူငယ်ချင်းမလေး တယောက် ကိုင်ထားတဲ့ ၁၀နှစ်ကျော် အိုနေပြီဖြစ်တဲ့ အိပ်ကလေးကို အားကျမိလို.ပါ။ အဲဒီ အိပ်ကလေးကို ထုတ်ကိုင်လာတိုင်း သူမကို ကြည့်ရတာ အလွန် စမတ်ကျပြီး ဖက်ရှင်ကျကျနဲ. အထက်တန်း ဆန်နေသလိုပါပဲ။ ဒါနဲ. ကျမလဲ အဲဒီလို ၁၀နှစ်ကျော်ကိုင်လို.ရတဲ့ အိပ်အကောင်းစား တခုလောက်လိုချင်လာမိပါတယ်။ ဈေးပေါတာတွေ ဝယ်ရင်တော့ ၁နှစ် ၂နှစ်ဆို အိပ်ကဟောင်းသွား ပျက်စီးသွားတာပေါ့နော်။ 

အဲဒီလိုနဲ. လွန်ခဲ့တဲ့ ၃နှစ်က အရဲစွန်.ပြီး သူငယ်ချင်းကိုင်ထားတဲ့ Mulberry bayswater အိပ်ကလေးတလုံးကို ဈေးကြီးကြီးပေးပြီး ဝယ်မိခဲ့ပါတယ်။ ယောက်ျားဆီမှာ ဓါးမြတိုက်ပြီးတော့ပေါ့။ အဲဒီအချိန်က ဝယ်တုန်းက မှတ်မှတ်ရရ အင်္ဂလန်ပေါင် ၅၅၀ Selfridges မှာ ဈေးကြီးလွန်းလို.ဆိုပြီး အရဲစွန်.ပြီး ဝယ်ရတာ။ ဝယ်ပြီးတော့လဲ ရိုရိုသေသေ တန်ဖိုးထားပြီး နေ.စဉ်လို ထုပ်ကိုင်ဖြစ် သုံးဖြစ်ခဲ့ပါတယ်။ 

တနေ.က သူငယ်ချင်းတယောက် သူ.ရည်းစား ကောင်မလေး အတွက် ကျမနဲ. အမျိုးအစားတူ အိပ်ဝယ်ပေးချင်တယ်ဆိုပြီး ကျမကို အကြံဥာဏ် တောင်းလာပါတယ်။ ကျမကိုင်ထားတာ စမတ်ကျလို.ဆိုပဲ (ခွိခွိ)။ ဒါနဲ. ကျမနဲ. အမျိုးတူအိပ်ကလေးကို အင်တာနက်မှာ ရှာကြည့်ပေးဖြစ်ပါတယ်။ အဲ့ဒီအခါမှ တွေ.လိုက်ရတာက အဲဒီအိပ်တွေက အခုဆိုရင် အသစ်ဝယ်ရင် အင်္ဂလန်ပေါင် 895 နဲ. ebay လို website မျိုးမှာ အဟောင်းပြန်ဝယ်မယ် ဆိုရင်တောင် ပေါင် ၇၀၀ ကျော်ပါတယ်။ 

ဒါနဲ. လျှောက်ကြည့်ဖြစ်တော့ အဲဒီ Mulberry အိပ်တင်မဟုတ်ဘူး။ ကျမရဲ. သိပ်မများလှတဲ့ တခြား ဈေးကြီးပေးဝယ်ထားတဲ့ အိပ်တွေဆိုရင်လဲ ဒီ ၁နှစ် ၂နှစ် အတွင်းမှာတင် ဈေးတွေက ပေါင် ၁၀၀ကျော် ၂၀၀မက အတော်တက်နေတာ တွေ.ရပါတယ်။ (ဟဲဟဲ) ကျမသာ ဒီအိပ်တွေပြန်ရောင်းရရင်တော့ အတော် မြတ်နေပြီပေါ့။ ဒါကြောင့် ဒီနိုင်ငံမှာ တချို.တွေက ပြောကြတာ၊ ပိုက်ဆံအိပ်တွေကို အရင်းအနှီး မြှုပ်နှံမှုအနေနဲ. ဝယ်သိမ်းထားကြတယ် ဆိုပြီးတော့ပါ။ 

ဒီနိုင်ငံမှာက မြန်မာပြည်မှာလို ရွှေတွေ စိန်တွေ မဝတ်ကြ မဝယ်စုတတ်ကြပါ။ ဖက်ရှင်ပစ္စည်းဆိုလို. ဖန်စီ ဒီဇိုင်း ကျောက်မြတ်ရတနာ အတုတွေပဲ ဝတ်ကြပါတယ်။ တတ်နိုင်သူများကတော့ ဈေးကြီးတဲ့ အိပ်တွေနဲ. ဖိနပ် အကောင်းစားတွေ၊ Chanel တို.လို ဈေးအလွန်ကြီးတဲ့ ဒီဇိုင်နာကထုတ်တဲ့ ကျောက်မြတ်ရတနာတွေ ဝယ်ဝတ်ကြပါတယ်။ ဥပမာ Victoria Beckham ရဲ. Iconic  အိပ်တခုဖြစ်ခဲ့ဖူးတဲ့ Hermes Birkin အိပ်တွေဆို တအိပ်ကို ပေါင်၈၀၀၀ အနဲဆုံး တန်ပါတယ်။ Chanel classic flap ဆိုရင်လဲ အသေးဆုံးအိပ်က အခုဆို ပေါင် ၂၆၁၀ ရှိပြီး အကြီးဆုံးက £3315 ပါ။  ဒီ အိပ်တွေက ဘယ်တော့မှ Sales မချတဲ့ အပြင် နှစ်စဉ်တိုင်းလဲ ပေါင် ၁၀၀ သို. ၂၀၀ တက်နေတော့ လူတိုင်းကလဲ တတ်နိုင်ရင် ဝယ်ထားလိုက်မယ် ဆိုတာတွေခြည်းပါ။ ဈေးကြီးကြသလို အလွန်လဲ အကြမ်းခံကြပါတယ်။ ဥပမာ LV (Louis Vuitton) ရဲ. Canvas အသား၊ Gucci နဲ. Coach က ပိတ်သားလို၊ Prada က Saffiano leather ဆိုတာတွေဟာ ဖျက်စီးလို.တောင်မရအောင် အကြမ်းခံကြတယ်လို. အများ အဆိုပြုကြပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အချက်တခုက အဲဒီလိုဈေးကြီးလွန်းတဲ့ ဒီဇိုင်နာပစ္စည်းတွေက အတုတွေကလဲ အတော်ကို ထွက်တတ်ပါတယ်။ မသိရင် အစစ်ကိုင်ထားလားမသိ အတုတွေလားမသိပေါ့။ 

တချို. အင်တာနက် ဝက်ဆိုဒ်တွေမှာလဲ ပစ္စည်းအဟောင်းတွေ ပြန်ရောင်းတဲ့ သူတွေ၊ အဟောင်းပေမယ့် အစစ်ဖြစ်ကြောင်း Authentication လုပ်ပေးတဲ့သူတွေ မြောက်များစွာ စီးပွားဖြစ် လုပ်နေတာတွေကို တွေ.ရပါလိမ့်မယ်။ 

တနိုင်ငံနဲ. တနိုင်ငံ တန်ဖိုးထားကြတဲ့ အပေါ်ယံ အဆောင်အယောင် ပကာသန ပစ္စည်းတွေနဲ. အကြောင်းအရာတွေ မတူကြောင်းတွေးမိတာလေးရယ်ပါ။ 

ကျမကတော့ မတတ်နိုင်မှနေ သူများဝတ်ပြီးသား အဟောင်းတော့လဲ မကိုင်ချင်၊ ကိုယ်မတတ်နိုင်တာနဲ. အတုနဲ.လဲ ရှိုးပြဖို. စိတ်လုံမှာ မဟုတ်လို. လိုချင်တာလေးတွေ လိုချင်ကြောင်း တရာလေးပဲ မှတ်ပြီး သွားရည်ဆက်ကျ လိုက်ပါဦးမယ်လို. ....။

3 January 2014

မိန်းမတွေရဲ. ဒုက္ခ

Christmas မှာ အားတုန်း အင်တာနက် လျှောက်ကြည့်ရင်း တချို. ဘလော့ဂ်တွေ Youtuber တွေကိုလဲ လျှောက်ကြည့်ဖြစ်ပါတယ်။ အရင်ပို.စ်မှာ ရေးတဲ့ အတိုင်း ကျမလဲ ဖိနပ် အသစ်ရှာနေတုန်း ဆိုတော့ တခြား မိန်းကလေးတွေ ဘယ်လို ဖိနပ်စီးကြသလဲ၊ ဘယ် Brand ကကောင်းလဲ လျှောက်ကြည့် လျှောက်ရှာမိပါတယ်။ အဲဒီမှာ တခု သတိထားမိတာက ကောင်မလေး အများစု ပြောနေကြတာ ဖိနပ်အမြင့်တွေ အချွန်တွေဘယ်လို စီရကြောင်းနဲ. အဲဒါ တနေကုန်စီးထားရရင် ဘယ်လို ခြေထောက်နာတာ သက်သာအောင်း လုပ်ရကြောင်း။ ဥပမာ Vasaline လို အဆီလေး လိမ်းထားရင် နောက်နေ. ခြေထောက်မှာ အရည်ကြည်ဖု ထွက်တာနဲကြောင်း။ ဘယ် Plaster လို ဟာမျိုး ဆောင်ထားသင့်ကြောင်း။ တချို. ဒီဖိနပ် ချွန်ချွန်မြင့်မြင့်ကြီးတွေနဲ. တနေကုန် ၁၃နာရီ ဝတ်ထားပြီး ခြေထောက်နာတာနဲအောင် ဘယ်လိုလုပ်ရကြောင်း အစရှိသဖြင့်ပါ။ 

ကျမ ပြန်စဉ်းစားမိပါတယ်။ ခြေထောက် အရည်ကြည်ဖု ထွက်မှ ဘယ်လို Plaster ကပ်မယ်ဆိုတာထက် အရင်ထဲက ခြေထောက် အရည်ကြည်ဖု မထွက်ပဲ ခြေထောက် သက်သာတဲ့ ဖိနပ်ကို ရွေးစီးတော့ မကောင်းပေဘူးလားလို.။ ဘာကြောင့်များ ကိုယ့်ကိုယ် ညှဉ်းစဲပြီး လှချင်ကြသလဲ မသိ။ မိန်းကလေး ဆိုတော့လဲနော်။

နောက် တချို.ကလဲ ရေးထားတယ်။ ဝမှာစိုးလို. အစားလျှော့တာ တနေ.တနေ.ကို ဘာမှ မစားပဲ အစာခံ အငတ်ခံနေရတာ။ “ငါ့ ဘဝက အမြဲတမ်းကို ဆာလောင်နေရတဲ့ ဘဝတဲ့”။ တချို.ကတော့ ဆင်းရဲလွန်းလို. ဆာလောင်တယ်။ သူတို.ကတော့ ပိုက်စံ ရှိပေမယ့် မစားနိုင် အမြဲဆာလောင်နေရတယ်။ ကိုယ့်ကိုယ် နှိပ်စက်တဲ့ နောက် ဘဝတမျိုးပေါ့နော်။

နောက်ရှိသေးတယ်။ အကျီ င်္ ကျပ်ကျပ်တွေကို ဒုက္ခခံ ဝတ်ရတာ။ ကိုယ်မှာ Piercings တွေဖောက် (ဥပမာ လျှာထဲ၊ နို.သီးထိပ်တွေမှာ၊ ဝမ်းဗိုက်မှာ အစရှိသဖြင့်) ပြီး အလှဆင်ကြတာ။ တကိုယ်လုံး ဆေးမှင်ကြောင် လျှောက်ထိုးတာတွေ။ ပိုက်စံပို တတ်နိုင်သူများကတော့ Plastic surgery တွေ၊ Botox ထိုးတာတွေ .. နည်းလမ်းပေါင်းစုံ အနာခံပြီး လှချင်ကြတာကို ပြောတာပါ။ 

လူ.ဘဝက တိုလွန်းလှပါတယ်။ လူ.အပြင်ပန်းလှဖို.ထက် အတွင်းစိတ်လှဖို.သာ အားလုံး ပို ကြိုးစားကြမယ်ဆိုရင် ....။  အသက်ကြီးလာလို. ထင်ပါရဲ. ဘာရယ်မဟုတ် လျှောက်တွေးမိတာလေးတွေပါ။