Menu bar

17 March 2012

ခြေဖနောင့် နာခြင်း (Plantar fascitis)

မြန်မာလိုတော့ တချို.က ခြေဖနောင့် အတက်ထွက်တယ် လို.ခေါ်တတ်သော ခြေဖနောင့်နာပြီး လမ်းလျှောက်တာ ခက်စေသော Plantar Fascitis ဆိုတဲ့ အကြောင်းကိုပြောပြ ချင်ပါတယ်။

ခြေဖဝါးမှာ Plantar Fascia လို.ခေါ်တဲ့ အရွတ်ပြားလေးရှိပါတယ်။ ခြေထောက်ရဲ. arch ကို ထောက်မပေးထားပြီး လမ်းလျှောက်သွားလာရ လွယ်ကူအောက် ကူညီပေးနေတဲ့ အရွတ်ပြားလေးပါ။ အခန်.မသင်.ရင် သူလဲ ရောင်ကိုင်းပြီး နာနိုင်ပါတယ်။ 

သုတေသန စာတန်းတွေမှာ လူ ၁၀ယောက်မှာ ၁ယောက် ဖြစ်နိုင်တယ်လို. ဆိုထားပါတယ်။ လမ်းလျှောက်များတဲ့ သူတွေ၊ တနေ.တာ မတ်တပ် ရပ်နေရတာ များတဲ့ သူတွေ၊ အားကစား စလုပ်ပြီး မာတဲ့ လမ်းမပေါ် အကြာကြီး ပြေးမိတဲ့ သူတွေ၊ မတော်တဲ့ ကိုယ်နဲ. အဆင်မပြေ တဲ့ ဖိနပ်တွေကို ဝတ်တဲ့သူတွေ၊ ကိုယ်အလေးချိန် သာမန်ထက် ပိုနေတဲ့ သူတွေ နဲ. ခန္တာကိုယ် အနေအထား (Allignment or Biomechanics) မမှန်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးတဲ့ သူတွေမှာ တော့ ဓါတ်မှန်ရိုက်ကြည့် လိုက်ရင် ခြေဖနောင့်မှာ အတက် ထွက်နေတာ တွေ.ရနို်င်ပါတယ်။ အတက်ရှိသူတိုင်းလဲ ခြေဖနောင့် မနာပါ။


လူနာအနေနဲ. ခံစားနိုင်ရတာတွေ ကတော့ ခြေဖနောင့်မှာ နာပါမယ်။ သွားရခက် လာရခက် ဖြစ်တတ်ပါတယ်။ မနက်ထချိန်၊ ငြိမ်ငြိမ်ထိုင်နေပြီး ရုတ်တရက် ထရပ်လိုက်တဲ့ အချိန်မျိုးတွေမှာ ပိုနာတတ်ပါတယ်။ ခြေဖနောင့်က အရိုးပေါ် (ပုံပါ အတိုင်း အတွင်းပိုင်း နဲ. ခြေချောင်နား ၂လက်မလောက် ရှေ.နားလောက်) ဖိကြည့်လိုက်ရင် အလွန်နာပါလိမ့်မယ်။ အဲဒီနေရာ မှာ plantar fascia က ဖနောင့်ရိုးနဲ. လာဆက်ပြီး အဲဒီနေရာကပဲ စပြီး ရောင်တတ်တာမို.လို.ပါ။

ဆရာဝန်တယောက် အနေနဲ.တော့ လူနာပြောတဲ့ ရောဂါဖြစ်စဉ် ကို နားထောင်မယ်။ လူနာကို စမ်းသပ်ကြည့်မယ် ဆိုတာနဲ.တင် ရောဂါ အမည်တပ်၊ Diagnose လုပ်လို.ရပါတယ်။ တခြား စမ်းသပ် စစ်ဆေးဖို. Tests တွေ မလိုပါဘူး။

ကုသဖို.ကတော့ 

၁။ ဝသောသူများ အလေးချိန်လျှော့ပါ။
၂။ အနာအကိုက်အခဲ ပျောက်ဆေး၊ အရောင်ကျဆေးများ (Paracetamol, Anti-inflammatories) များသောက်နိုင်ပါတယ်။
၃။ ကိုယ်နဲ. လျှော်ညီ သော ဖိနပ်ကို ရွေးစီးပါ။
၎။ တချို. ခန္တာကိုယ် အလိုင်းမန်. allignment မမှန်သူတွေ အတွက် (ဥပမာ၊ ခြေထောက် မသိမသာ ခွင်နေသူ။ ခြေထောက်ပြား သူတွေအတွက်) အထူးလုပ်ထားတဲ့ ဖိနပ် အောက်ခံ Insole Shoes ဆိုတာတွေ ဒီနိုင်ငံမှာ ရှိပါတယ်။
၅။ ခြေထောက် အားကစားလုပ်ပါ။ ဥပမာတချို. အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။ 

ဒါနဲ.မှ မသက်သာသေးဘူး ဆိုရင်တော့ ဆရာဝန်နဲ.ပြပြီး ခြေဖနောင်.ထဲ စတီးရိုက် (steroid) ဆေးထိုးလို.ရပါတယ်။ မလိုလားအပ်တဲ့ side effect တခုကတော့ အခန်.မသင့်ရင် steroid ကြောင့် ဖနောင့်မှာ ရှိတဲ့ အဆီနေရာတွေကို သေးကျုံ.သွားစေနိုင်ပါတယ်(Fatpad atrophy)။ ဒီ အဆီတွေဟာ လမ်းလျှောက်ရင် ကူရှင်အနေနဲ. ဆောင်ရွက်ပေးတာမို. သူတို.သာ သေးရှုံ.သွားမယ်ဆိုရင် လမ်းလျှောက်ရင် နာတာတွေ ဖြစ်လာနိုင်ပါတယ်။

နောက် ဒီနိုင်ငံ ရဲ. ကုထုံးတခုကတော့ Extracorporeal shock wave therapy လို့ဆိုတဲ့ တုန်ခါမှုနဲ ရှော့ (Shock) ပေးပြီး ရောင်တာ ကျအောင် လုပ်ပေးတာပါပဲ။ အပ်စိုက်ကထုံး တို. (acupuncture) နှိပ်နယ်ပေးတာ တို.လဲ စမ်းသပ် ကြည့်လို.တော့ရပါတယ်။ အကျိုးရှိ အရှိ ဆိုတာကတော့ သုတေသန အထောက်အထားတွေ နဲပါသေးတယ်။


Plantar fascitis အတွက် လေ့ကျင့်ခန်း ဥပမာတချို.ကတော့
မျက်နှာ သုတ်ပဝါ ဒါမှမဟုတ် ပဝါ အဝတ်စ တခုကိုယူပြီး ခြေထောက်မှ တင်းလာသည် အထိ ဆွဲပေးပါ။
ပုလင်း၊ သံဘူး အလွတ်၊ ဒါမှမဟုတ် ဘောလုံး သေးသေး တလုံးယူပြီး ကျန်းပြင်မှာ လှိမ့်ပေးနိုင်ပါတယ်။
ပုံပါအတိုင်း လှေခါးထစ်မှာ ဖနောင့်ကို နှိမ့်ချပေးတာဟာ Plantar fascia နှင့် Archellie tendon တို.အတွက်ကောင်းစေပါတယ်
ပုံပါအတိုင်း ခြေသလုံးမှ ကြွက်သားများကိုလဲ မကြခဏ တင်းလာသည်အထိ ဆွဲဆန်.ပေးသင့်ပါတယ်


နောက်ဆုံးတခုကတော့ ကျန်းပေါ်မှ ခဲတန်၊ မျက်နှာသုတ်ပုဝါ စတာတွေကို ခြေချောင်းလေးတွေ သုံးပြီတော့ ကောက်ပေးပါ။