Menu bar

25 December 2013

ဖိနပ် ကလေးတွေ

ကျမရဲ. ဖိနပ်ကလေးက အတော့်ကို အိုဟောင်းနေပြီဆိုတော့ Christmas sales မှာ ဖိနပ် အသစ် ဝယ်ဖို. စဉ်းစားရပါတယ်။ 

မြန်မာမှာတုန်းကတော့ ဖိနပ်တမျိုး ၁၂ရာသီ စီးလို.ရပါတယ်။ ဒီမှာတော့ ဆောင်းတွင်းအေးရင် ဝတ်တဲ့ Long boots,  နွေပူလာရင် ဝတ်တဲ့ Sandals အလုပ်တက်ရင် ဝတ်ရတဲ့ Smart shoes, အားကစားလုပ် လမ်းလျှောက်ထွက်ရင် ဝတ်တဲ့ Trainers မျိုးစုံ နေအောင် ရှိထားရပါတယ်။ တချို.ကောင်မလေးတွေကတော့ ည Night club သွားရင် ဝတ်တဲ့ ၅ပေ ၆ပေမြင့်တဲ့ ဒေါက် ချွန်ချွန်လေးတွေပါ ရှိမှာပါ။ ကျမကတော့ ဒီလို ဒေါက်ဖိနပ်မျိုးစီးတာ ကိုယ့်ကိုယ် အပြစ်ပေး နှိပ်စက်နေတာနဲ.တူလို. မစီးပါ။ တချို.ကပြောပါတယ်။ အဲဒီလို ဒေါက်မြင့်မြင့် ကလေး စီးလိုက်ရင် ကိုယ့်ကိုယ် ယုံကြည်မှုတက်သွားတယ်တဲ့။ ကျမစီးတုန်းကတော့ အဲဒီ Confidence က ဘယ်နေမှန်းမသိ၊ ချော်လဲပြီး ခြေကျိုးတာပဲ အဖတ်တင်ခဲ့ပါတယ်။  


Shoe insole
ဒီနိုင်ငံမှာ ခြေထောက်နာ ခါနာ ဒူးနာ ဆိုတာတွေနဲ. လာပြတဲ့ လူနာတွေ၊ High profile နာမည်ကျော် အားကစား သမားတွေမှာ ကျမတို. Biomechanical assessment ဆိုတာ လုပ်တတ်ပါတယ်။ သူတို.ရဲ. လမ်းလျှောက်တဲ့ စတိုင်၊ သူတို. ခြေထောက် အနေအထားကြည့်ပြီး ခြေထောက်ပြားတာ (Flat feed, pronated feet) ခြေခုန်းမြင့်တာ (high arch, supinated feet) လမ်းလျှောက်ရင်၊ ပြေးရင်၊ ခြေဖနောင့်နဲ. စပြီး နင်းသလား (Heel striker) ခြေထောက်ပြားပြီးချသလား (Midfoot or forefoot striker)၊ ခြေထောက်ဘယ်နေရာက ဖိအားအများဆုံး (Pressure points) အစရှိသဖြင့် စမ်းသပ်မှု မျိုးစုံ လုပ်တာပါ။ အဲလိုလုပ်ပြီးတော့ သူတို.ရဲ. လမ်းလျှောက်တဲ့ စတိုင်ကို ပြန်ပေးရုံတင်မက၊ သူတို.စီးတဲ့ ဖိနပ်တွေကိုလဲ insole shoes (ဖိနပ်ထဲ ထဲ့ပေးတဲ့ အခံတွေ), Heel raise, အစရှိသဖြင့် အမျိုးမျိုး အသင့်တော်ဆုံး ဖြစ်အောင် ဒီဇိုင်လုပ်ထဲ့ပေးပြီး Modify လုပ်ပေးတတ်ပါတယ်။ 

အရင်ထဲက ကျမတွေးမိတာက ဒီလို ရောဂါ အခြေအနေမျိုးသာ မြန်မာနိုင်ငံမှာဆို ဘယ်လိုလုပ်မလဲပေါ့။ မြန်မာနိုင်ငံမှာ ကတီပါဖိနပ်၊ ဖိနပ်အပြား၊ ဒေါက်ဖိနပ် ဆိုတာတွေဟာ insole ထဲ့ပြီး ပြင်လို.ရတဲ့ ဖိနပ်မျိုးတွေမှ မဟုတ်တာ။ တယောက်ထဲ တွေးမိတာမှ မကြာသေး။ စင်္ကာပူရောက်နေတဲ့ အင်္ဂလန်က ဆရာဝန်မ တယောက် ညည်းတာ တွေ.မိလိုက်ပါတယ်။ စင်္ကာပူမှာ အားလုံးက Sandals, flipflops တွေပဲ ဝတ်ပြီး လျှောက်သွားနေတော့ Plantar fasciopathy (ခြေဖိနောက်နာတဲ့) လူနာတွေခြည်း တွေ.တွေ.နေရတယ် ဆိုပြီးတော့ပါ။

အဲဒီလို မွေးကထဲက လျှောက်လာ သွားလာနေတဲ့ စတိုင်ကို နည်းအမျိုးမျိးစုံနဲ. ပိုကောင်းတဲ့ စတိုင်ပြင်ဖို. ကြိုးစားနေတဲ့ ဆေးအသိုင်းအဝိုင်းက လူတွေ ရှိသလို၊ တချိန်ထဲမှာပဲ တချို.တွေကလဲ အဲလို အမျိုးစုံ Modify လုပ်ထားတဲ့ ဖိနပ်တွေစီးတာ ပြဿနာပိုများလာအောင်သာ ဖိတ်ခေါ်နေတာ ဖြစ်တယ် ဆိုပြီး အညင်းပွားကြပြန်ပါတယ်။ 

အခုဆိုရင် Minimalist shoes လို.ခေါ်တဲ့ ဘာထောက်အမြင့် Heel Support အထောက်အကူမှ မပါပဲ ဖိနပ်ကို ပါးနိုင်သမျှ အပါးဆုံးပြန်လုပ်ပြီး စီးနေတဲ့ နာမည်ကြီး  တွေ အများကြီး ရှိပါတယ်။ ဖိနပ်မပါပဲ ပြေးတာ အားကစားလုပ်တာ (Bare foot running) တွေတောင် အတော် ပြန်ပေါ်ပြူလာ ဖြစ်နေပြန်ပါတယ်။ 

ဒီ အားကစား ဆေးပညာမှာလဲ တခြားဘာသာရပ်တွေလို နေ.စဉ်နှင့် အမျှ အမျိုးမျိုး ပြောင်းလဲ နေတာကြောင့် နောက်နေ.များ ဘာဖြစ်ဦးမလဲဆိုတာ စောင့်ကြည့်ရင်း အခုတော့ ဖိနပ် အသစ်ကလေးရဖို. စိတ်ကူးယဉ် ပြင်ဆင်လိုက်ပါဦးမယ်။ 

21 December 2013

Taping in Sport Medicine

မြန်မာမှာ SEA Games တွေ လုပ်နေတာ မြန်မာ ဘောလုံးပွဲတွေ ကြည့်ပြီးတော့ တချို. အားကစားသမားတွေ အထူးသဖြင့် မလေးရှားက ဘောလုံးသမားတွေ Kinesio Tape တွေ ကပ်ထားတာ သတိထားမိလိုက်ပါတယ်။ 


အားကစား ဆေးပညာမှာ ဒီ Tape တွေ ကို အလွန်.အလွန် သုံးကြပါတယ်။ ဥပမာ ဘောလုံးပွဲ တခုမစခင် သူတို.ရဲ. အဝတ်လဲခန်းထဲ ဝင်ကြည့်လိုက်ရင် ဘောလုံးသမားတွေ တယောက်ပြီး တယောက် Tape တွေများစွာနဲ အလွန် အလုပ်ရှုပ်နေတဲ့ Physiotherapist ကို တွေ.ရပါလိမ့်မယ်။ တခြားအားကစားတွေမှာ ခန္တာကိုယ် နေရာအနှံ. ဖြစ်နိုင်ပေမယ့် ဘောလုံးမှာတော အများဆုံး လိုအပ်တတ်တာ ခြေကျင်းဝတ်ပါ။ မြန်မာ ဘောလုံးသမား ကျော်လင်းလို ခြေကျင်းဝတ် ဒါဏ်ရာမရအောင်၊ ရပြီးသား ဒါဏ်ရာ ပြန်မဖြစ်အောင် ကာကွယ်ဖို. ဆိုပါတော့။ 

ဒါနဲ. Tape အကြောင်းနဲနဲ ရှင်းပြရရင် အဓိက အခြေခံအားဖြင့်တော့ ၂မျိုးရှိပါတယ်။ 


ပထမ တမျိုးက Athletic tape ဒါမှမဟုတ် Zine Oxide tape လို.ခေါ်တာပါ။ ဒီ tape ရဲ. အဓိက ရည်ရွယ်ချက်က ခန္ဓာကိုယ်မှာ Support ဒါမှမဟုတ် Stability ရအောင် အတွက် သုံးပါတယ်။ ဥပမာ ခြေကျင်းဝတ်က အရွတ် (Ligament) ဒါဏ်ရာ ရသွားတယ် ဆိုပါတော့။ ဒီ Zinc Oxide tape နဲ.သုံးပြီး ခြေကျင်းဝတ်ရဲ. လှုပ်ရှားမှုကို အထောက့်အပံ့ ဖြစ်အောင်၊ ခြေခေါက်လဲတာကို ကာကွယ်ရအောင် သုံးပါတယ်။ ဒီ tape ရဲ. ကောင်းကျိုးဟာ သုတေသန စာစောင်တွေ များစွာမှာ သက်သေပြုထားပြီးသားပါ။



ဒုတိယ Tape အမျိုးအစားကတော့ Kinesiology tape လို.ခေါ်ပါတယ်။ ဂျပန်ကြီး တယောက် ရှာတွေ.ပြီး စတင် အသုံးပြုခဲ့တာပါ။ ဒီ tape ကိုတော့ နာနေတဲ့ ကြွက်သားကို အနာရော့အောင်၊ ကြွက်သားရဲ. ဝန်နဲအောင် လုပ်လို.ရသလို (Muscle inhibition and reduce loading)၊ သိပ် အသုံးမပြုမိတဲ့ ကြွက်သားတွေကို နှိုးဆွစေဖို. အနေနဲ.လဲ (Activation) သုံးလို.ရပါတယ်။ ဒါဏ်ရာရထားတဲ့ နေရာကို (ဥပမာ ဘောလုံးကန်ရင်း ကိုယ့်ပေါင်ကို မတော်မဆ အကန် ခံရတယ် ဆိုပါတော့) ဒါနဲ. ကပ်ထားရင် နောက်နေ. ရောင်လာတာ မရှိအောင် အရောင်နဲအောင် ကာကွယ်လို.ရပါတယ်။ တချို. အရွတ်တွေ ရောင်တယ် နာတယ်ဆိုရင်လဲ (Tendinopathy) ဒါလေးသာ ကျွမ်းကျင်စွာ နည်းလမ်းကျအောင် ကပ်ပေးလိုက်၊ အနာက ချက်ချင်း ပျောက်သွားပြီး လူနာ ကျေးဇူး အတန်တန် တင်တာကို ခံရတတ်ပါတယ်။ တခါတရံ.မှာ ပြတ်နေ ဒါဏ်ရာရနေတဲ့ အဆစ်နဲ. အရွတ် အတွက် အသုံးပြုလို.ရပေမယ့် athletic tape လောက်တော့ support  မလုပ်ပေးနိုင်ပါ။ နိုင်ငံ အတော်များများရဲ. အားကစား ဆေးပညာမှာ အလွန် ပေါ်ပြူလာဖြစ် အသုံးများတဲ့ tape  ပါ။ အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ.လဲ လာပါတယ်။ သုတေသနတွေမှာ သူ.ရဲ. ကောင်းကျိုးကို အသေအချာ သက်သေမပြနိုင်ပေမယ့် အားကစား ဆေးပညာမှာတော့ အလွန်အသုံးများတဲ့ အရေးပါတဲ့ အရာ တခုပါပဲ။


အဓိက အားကစား ဆေးပညာမှာ သုံးတဲ့ Tape တွေရဲ. အကြောင်း အတိုချုပ်ကတော့ ဒီမျှပါပဲရှင်။

Disclaimer: Photos are taken from the internet randomly. No copyright infringement intended.

19 December 2013

မြန်မာ ဘောလုံးပွဲ နဲ. ပေးသင့်ခဲ့တဲ့ ဂိုး

ကဲကဲ အားလုံး Facebook မှာ ဒီလောက် ဆူဆူညံညံ ဒီဘောလုံးပွဲ အကြောင်းပဲ ပြောနေကြတာ ကျမလဲ ဝင်ပြီး တခုခုတော့ ပြောချင်လာပြီ။

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက ကမ္ဘာ့ အဆင့်မှာ နာပါတ် ၄၀တဲ့။ အမျိုးသားအသင်းကတော့ ၁၄၀တဲ့။ ဒါတောင် ထိုင်းအသင်းထက် တို.က အပေါ်မှာ ရောက်နေသေးတယ်။ FIFA ရဲ. အဆိုအရပေါ့။ 

မနေ.က မြန်မာအမျိုးသမီး ဘောလုံးပွဲကို အလုပ်က ပြန်လာပြီး နဲနဲလေး ကြည့်လိုက်ရပါတယ်။ တို.မြန်မာတွေ အတော့်ကို တော်ပါတယ်။ ဂိုးလ်သွင်းတဲ့ Finishing အပိုင်းလေးပဲပဲ နဲနဲ စိတ်ရှည်ဖိုနဲ. တိုးတက်ဖို.လိုနေတာ။ ကန်လိုက်တဲ့ ဘောလုံးတွေဆိုတာ လိုရာ Target မရောက်ပဲ ဂိုးလွန်ဘောတွေခြည်း ဖြစ်ဖြစ်သွားရတာ။

နောက် လူကျွန်ဘောအဖြစ် အပါယ်ခံလိုက်ရတဲ့ ဂိုးကတော့ ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါ။ 

FIFA  ရဲ. အခု အသစ်ချမှတ်ထားတဲ့ စည်းကမ်းအရ ဘောလုံးသမားဟာ လူကျွန်တဲ့နေရာမှာ ရှိနေလို.ရပါတယ်။ သူ.က ဘောလုံးကို ဝင်မကစားရင် (သူ.ဆီကို ဘောလုံးပေးလိုက်တာ၊ သူ.ကိုယ် ခြေထောက်နဲ ဘောလုံးကိုထိပြီး ဂိုးဝင်သွားတာမျိုး) ဒါမှမဟုတ် တခြားအသင်းရဲ. ကစားတာကို အနှောက်အယှက် ဖြစ်အောင် မလုပ်ရင် (ဥပမာ ဂိုးသမား မမြင်ရအောင် ကာထားတာမျိုး) လူကျွန်တဲ့ အနေအထားမှာ ရှိပေမယ့် လူကျွန်ဘော အဖြစ် ပြစ်ဒဏ်ပေးလို.မရပါ။ 

ဒိုင်လူကြီးတွေရဲ. အသုံးမကျမှု၊ မှားယွင်းမှု တခုဟာ တိုင်းပြည်အတွက် ပြည်သူတွေ အတွက် ဘယ်လောက်များ ထိခိုက်နစ်နာ သွားရသလဲဆိုတာ။

အရင်က ကျမပြောတတ်တဲ့ ဆရာဝန်ဆိုတာ လူ.အသက်နဲ့ အလုပ်လုပ်ရတာမို. အမှားအယွင်း အဖြစ်မခံဘူးဆိုတာ။ အခုနောက်ပိုင်း ကျမ တွေးမိနေတာ ဒီဘောလုံးဒိုင်လူကြီးတွေဆိုတာ အဆုံးအဖြတ် မှားယွင်းမှုဟာ ဘယ်လောက်အထိ တာရောက်တယ် သန်းခြည်တဲ့ လူတွေကို ထိခိုက်နိုင်တယ် ဆိုတာ။ သူတိုလဲ့ လူသားပါဆိုပေမယ် အမှား အယွင်းမရှိအောင် ၂ဆ ၃ဆ ပိုပြီးတောင် ဂရုစိုက်သင့် သတိထားသင့်တာပါ။ 

တလောက သူငယ်ချင်းတွေနဲ ဆွေးနွေးဖြစ်တယ်။ Premier League ဘောလုံးပွဲတွေရဲ. အကြောင်းနဲ. ပက်သက်လို.ပေါ့။ တချို.သော ဒိုင်လူကြီးတွေရဲ. ညံ့ဖျင်းတဲ့ ဆုံဖြတ်ချက်တွေ အကြောင်းနဲ ပက်သက်ပြီးတော့လေ။ ခုတိုးတက်လာတဲ့ နည်းပညာတွေနဲ. ဘောလုံးပွဲတခုရဲ. ကံကြမ္မာကို ဒီ ဒိုင်လူကြီး ၃ယောက် (မျက်စိခြောက်လုံး) ရဲ လက်ထဲ ဝကွက်မအပ်ထား သင့်တော့ပါဘူး။ Camera တွေ Video Analysis တွေကို ပြန်ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါပြီ လို.။

17 December 2013

စာမေးပွဲများ

ငယ်စဉ် ကျောင်းတက်တုန်းကတော့ ကျက်လိုက်ရတဲ့ စာတွေ၊ စာမေးပွဲမှာ ကောင်းကောင်း ဖြေနိုင်ဖို.အတွက်လေ။ ပထမ အစမ်းစာမေးပွဲ၊ ဒုတိထ အစမ်း၊ နောက်ဆုံး စာမေးပွဲကြီး။ ဒီလိုနဲ. ကျောင်းပြီးလို. တက္ကသိုလ်တက်ရင်တော့ ရုပ်ရှင်ထဲမှာ တွေ.ရတဲ့ တက္ကသိုလ်ကျောင်းသူတွေအတိုင်း ပျော်ပြစ်လိုက်ဦးမယ် တွေးခဲ့တာ။ 

တက္ကသိုလ်ရောက်တော့လား။ မျက်စိလည်ပြီး ဆေးကျောင်းရောက်သွားတာ ဆိုတော့၊ ကျက်ပြန်ဦးဟဲ့ စာတွေ ဒီကျူတိုရီယယ် မပြီးသေး နောက်တခုက မျက်စောင်းထိုးနေပြန်ပြီ။ ဖြေလိုက်ရတဲ့ စာမေးပွဲ ကျက်လိုက်မှတ်လိုက်ရတဲ့ စာတွေဆိုတာ။ တခါတလေ အံ့တောင်သြတယ်။ ငါ့ဦးဏှောက် သေးသေးလေးက ဒါတွေ အကုန် မှတ်နိုင်သလားဆိုပြီးတော့။

ဒီလိုနဲ. အားခဲပြီး ကျက်ရ ဖတ်ရ။ သူငယ်ချင်း အပျော်အပါး ဆွေမျိုးတွေ အကြောင်းဆိုတာလဲ သိပ်မတွေးနဲ. မပျော်နိုင်ခဲ့။ ဒီလိုနဲ. ယက်ကန် ယက်ကန် ဆရာဝန် ဖြစ်ခဲ့ပေါ့။ ဒီဘဝတော့ ဘာစာမှ မကျက်တော့၊ အေးဆေး အိပ်ချင်တိုင်းအိပ် နားချင်တိုင်း နားပြစ်တော့မယ် တွေးမိတာ။ 

ဒါပေနဲ. ဘယ်ဟုတ်ပါ့။ နိုင်ဂံဂျားသွားဖို. စာစ ဖတ်ရပြန်ရော။ စာမေးပွဲ တွေ အထပ်ထပ် ဖြေ။ နိုင်ဂံဂျား မှာ အလုပ်တွေ စ၊ အေးဆေးဖြစ်ပလား တွေးမိတယ် နေဦး နေဦး။ အားတင်းပြီး နောက်ဆုံး စာမေးပွဲလေး တခုတော့ ဖြေဦ။ တွေးခဲ့တဲ့ Physician ကြီး ဖြစ်အောင် နောက်ဆုံး စာမေးပွဲလေးတခု MRCP လေးရအောင်း အားခဲ ကြိုးစားလိုက်ဦးပေါ့။ 

ဒီလိုနဲ. MRCP ပြီးလို. နာမလား အောက်မေ့ပါတယ်။ အားကစား နဲ.ပက်သက်တဲ့ ဆေးပညာ လုပ်မိတော့ ဒါနဲ. ပက်သက်ပြီး စာမေးပွဲတွေ ထပ်ဖြေရဦးမယ်တဲ။ ဒီလိုနဲ. စာတွေပြန်ကျက်။ အိမ်က ယောက်ျားကို အထပ်ထပ် တောင်းပန်၊ သူကိုပဲ လူနာလုပ်ပြီး အပြင်းအထန်လေ့ကျင့်ရင်းနဲ. အောင်သွားပြန်ပြီ စာမေးပွဲတွေဆိုတာ။ တော်ပြီ တော်ပြီ။ ဒီ တသက် စာမေးပွဲဆိုတာ အသံတောင် မကြားချင်တော့ဘူး။ အခုတော့ အပြတ် အသပ် နှပ်ပြီလို.ထင်တာ။ 

ဖြေရမယ့် စာမေးပွဲတွေတော့ မရှိတော့ပါဘူး။ ဒါပေမယ့် စာတွေကတော့ ဖတ်ရ ကျက်ရ ပြင်ရ ဆင်ရတုန်း။ ရေးရတဲ့ စာစောင် တွေ Assessment နဲ. appraisals တွေဆိုတာ။ စနေ တနင်္ဂနွေ နားရက်ကလေးတောင် ဖတ်ရမယ့် စာ မဖတ်ဖြစ်ရင် ငယ်က အတိုင်း စိတ်ဖိစီးမှုတွေက များရတုန်း။ တခါကဆို အိပ်မက်တောင် မက်တယ်။ စာတွေ မပြီးလို. ဒုက္ခရောက်ပါပြီ ဆိုပြီး။

ကဲ ... လုပ်ချင်ဦးဟဲ့ ဆရာဝန်။

15 December 2013

Accepting own flaws

photo taken from Hello Magazine
ဆေးစာအကြောင်း ရေးစရာတွေ အများကြီး တွေးမိပေမယ့် မဆီမဆိုင် ရောက်ရာပေါက်ရာ တွေးမိတာလေးတခု အရင်ရေးလိုက်ပါဦးမယ်။ Christmas ကနီးပြီဆိုတော့ ဒီရက်ပိုင်း Christmas party တွေတက်ရတော့ မလိမ်းဖူးတဲ့ မိတ်ကပ်တွေ လိမ်းဖို.ပြင်ရဆင်ရပါတယ်။ လူကလဲ ဒီနှစ်တော့ နဲနဲ လှချင်နေတယ်ဆိုတော့လေ။ အင်တာနက်မှာ မိတ်ကပ်လိမ်းနည်းလေးတွေ လိုက်ရှာ၊ tutorial တွေကြည့် အတုခိုး နည်းလမ်းယူရတာပေါ့နော်။ အင်တာနက်ရဲ မြောက်များလှစွာသော အကျိုးအမြတ်များမှ တခုပေါ့။ 

အဲဒီတော့ အင်တာနက်မှာ ကောင်မလေး အများစုကြားမှာ တော်တော်လိမ်းကြတာ ခေတ်စားတာ Concealer လိုခေါ်တဲ့ အရာ တခုအကြောင်း ရှာဖွေတွေ.ရှိ လာပါတယ်။ ကိုယ့်မှာ ရှိတဲ့ ဝက်ခြံ အမာရွတ် မျက်စိအောက်မှာ ညိုနေတာတွေ အသားရည်တွန်.တာတွေကို Concealer လေးနဲ. တို.ပြီး အသာလေး လိမ်းထားလိုက်တော့ ကိုယ့်ရဲ. အနာအစာ ရုပ်ဆိုးနေတာတွေက မမြင်ရတော့ဘူးပေါ့။ တကယ့်ကို အကျိုးသက်ရောက်မှုရှိပြီး ရုပ်ဆိုးနေတဲ့သူတွေတောင် ပြစ်မျိုး မှဲ.မထင်လှသွားအောင် လုပ်ပေးနိုင်ပါတယ်။ 

ဒါနဲ. ကျမလဲ ပထမတော့ သူတို.လိမ်းပြသလို Concealer လေး နဲ. ပြစ်မျိုးမှဲ.မထင် လှချင်ယောင်ဆောင်ရဦးမလား စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် ပြန်တွေးကြည့်ပြန်တော့ ကိုယ့်စိတ်ကိုယ် မလုံဖြစ်လာတယ်။ မလှပဲ Concealer တွေ အုပ်ပြီး လှချင်ယောင်ဆောင်ရမလား ဆိုပြီးတော့လေ။

ကျမအတွက်တော့ ကိုယ့်ရဲ. အပြစ်အနာအစာတွေကို မရှက်မကြောက်ပဲ လက်ခံတတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာကသာ အလှဆုံးပါ။  အသက်ကြီးလာလို တွန်.လာတဲ့ အသားအရည်၊ ပိုထူလာတဲ့ မှဲခြောက်တွေကို ဖုံးကွယ်နေမယ့်အစား ဒါ အသက်အရွယ်နဲ. အတူရလာတဲ့ အလှတရားတွေလို. လက်ခံပြီး ယုံကြည်မှု အပြည့်နဲ. နေတတ်ရင် အဲဒီလူဟာ ပိုလှသွားမလားပဲ။ 

စိတ်ပိုင်းဆိုင်ရာ အရလဲ တွေးကြည့်ပါ။ လူတိုင်းမှာ အားနည်ချက် တွေရှိပါတယ်။ ဥပမာ ကျမဆိုရင် အရပ်ပုပါတယ်။ စကားမပီပါ။ ရုပ်လဲမလှပါ။ သွားလေးနဲနဲ ခေါသလို၊ ထိပ်ကလဲ အသက်ကြီးပြီး ပြောင်ချင်လာပါပြီ (ဟင့် ရွှတ်) တခါတလေ အူကြောင်ကြောင် အတွေးမျိုးတွေလဲ ရှိတတ်ပါသေးတယ်။ ဒါတွေ ဆက် ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးတောင် အများကြီးပါ။ 

ဒီအားနည်းချက်တွေကို လိုက်ဖုံးကွယ်ပြီး ဟန်ဆောင်နေရတဲ့ ဘဝတခုဖန်တီးမဲ့ အစား ကိုယ့်ဘဝရဲ. အနာအဆာ အားနည်းချက်တွေကို လက်ခံပြီး ကိုယ့်ကိုယ်ကို ယုံကြည့်မှု အပြည့်ရှိရင် အဲဒီလူဟာ အများထဲမှာ ပိုလှပ တောက်ပနေမှာပါ။ လူတိုင်း သဘောတူမှာ မဟုတ်တဲ့ ကျမရဲ. ကိုယ်ပိုင် အယူအဆလေး တခုပါ။ 

13 December 2013

လောဘတွေ

တနေ.ကမှ အမျိုးသမီး ဘောလုံး ယူရိုပီယန် ချန်ပီယန်ပွဲမှာ ဆရာဝန် အနေနဲ. တာဝန်ကျလို. အလုပ်ပြီး အိမ်ပြန်လာပါတယ်။ Tournament ကြီး တခုလုံးပြီးတော့ အိမ်ပြန်ကြဖို. ပစ္စည်းတွေ သိမ်းကြရပါတယ်။ အဲဒီတော့ ပိုနေတဲ့ အဝတ်တွေ ဘောလုံး၊ ကော်ဇော၊ အစရှိတဲ့ ပစ္စည်းတွေမှ သောင်းခြောက်ထောင်ပါ။ အဲဒီတော့ ကျမတို.လို ဝန်ထမ်းတာဝန် ထမ်းဆောင်ခဲတဲ့ သူတွေက လိုချင်တာတွေ ခွဲယူပြီး မလိုအပ်တာတွေကို လှူဖို.အတွက်ပေးလိုက်ပါတယ်။ 

လူ.တယောက်ရဲ. လောဘ ပြောပါတယ်။ ကျမမှာ ပစ္စည်းအပိုတွေ ကြည့်ပြီး ဟိုဟာ လိုချင်။ ဒီဟာ လိုချင်။ ဟိုပစ္စည်း ပြေးဆွဲလိုက် ဒီဟာ ပြေးထဲ့လိုက်နဲ.ဆိုတာ။ ပြီးရင် ဒီပစ္စည်း အများစုဟာ အိမ်မှာ အသုံးလိုမှာလဲ မဟုတ်။ အရင့် အရင်က အားကစား ပွဲက ရထားတဲ့ ပစ္စည်းတွေနဲ.တင် အိမ်းမှာ အတော် ပြည့်ကျပ် ရှုပ်ထွေးနေပြီ။ 

ကိုယ့်ရဲ.လောဘတွေ ကိုယ်သတိထားမိတော့ ဘုရား ဟော တရားအတိုင်း သတိလေးဝင်ကြည့်ပြီး “ဒီ လောဘတွေ များလိုက်တာ နော်။ လျှော့မှ။ ကိုယ့်မှာလိုတာလဲ မဟုတ်။ လောဘသတ်မှ” ဆိုပြီး သတိနဲ. ကိုယ့် လောဘ လျှော့ဖို.ကျိုးစားပေမယ့်လဲ့ မအောင်မြင်။ တွေ.သမျှ အားလုံး ဒါလေး တခုတော့ ယူပါဦးမယ်။ ဟိုဟာလေးတော့ တခုထဲပါ၊ ထည့်လိုက်ဦးမယ် ဆိုပြီး ယူလာလိုက်တာ။ အိမ်အပြန်လမ်းမှာ ကားနောက်ခန်း နဲ. နောက်ဖုံး အပြည့်အလျှံပါ။

အပြန်လမ်းမှာ ကားမောင်းရင်းနဲ. တွေ.လာမိတယ်။ လူ.ရဲ. စိတ်ဟာ ဘယ်လောက် ထိန်းချုပ်ရ ခက်တယ်ဆိုတာ။ မကောင်းတာလဲ သိနေပေမယ့် မထိန်းချုပ်နိုင်၊ ထိန်းချုပ်ဖို. ခက်ခဲတာကို ပြောတာပါ။ အကျင့်ဆိုးဆိုတာ ရပြီးရင် ဘယ်လောက် ဖြတ်ရခက်တာ။ 

အဲဒီတော့ အကောင်းဆုံးကတော့ ဘာအကျင့်ဆိုးမှ ကိုယ်မှာ မစွဲကပ်အောင် ကျိုးစားနေရဦးမယ်လို. တွေးမိတော့တာပါဘဲ။ အခုတော့ ယောက်ျားရဲ အိမ်ရှုပ်လိုက်တာ ဆိုတဲ့ ပူပူညံညံ အသံတွေကို သည်းခံ ပြီး ပစ္စည်းတွေ သိမ်းလိုက်ပါဦးမယ်လို.ပါ။

5 December 2013

ကြည်လင်တဲ့ အသားအရည်

စာလဲ မရေးဖြစ်တာ အတော့်ကို ကြာသွားပါပြီ။ အတော့်ကို အလုပ်တွေ ရှုပ်တာနဲ.ရယ် အချိန်မရှိတာရယ်နဲ.အပျင်းထူတာနဲရယ် အားလုံးပေါင်းပြီးတော့ပဲ ဆိုပါတော့။ 

အလုပ်တွေရှုပ်၊ ပင်ပန်းပြီး ညညဆို မျက်နှာမသစ် သွားမတိုက်ပဲ အိပ်ပျော်ပျော် သွားတာလဲ မကြာခဏပါ။ ရာသီဥတုက ဆိုးတာနဲ. ဆောင်းတွင်းလေက ခြောက်တာနဲ. Heater ရဲ.ဆိုးကျိုး အားလုံး ပေါင်းပြီး ဒီရက်ပိုင်း ကျမ မျက်နှာအသားအရည် အတော်ဆိုးလာပါတယ်။ အသားကပက် အသားက ခြောက်၊ ကြည်လင်မှုက မရှိတော့၊ မလေးရှားသွားတုန်းက နေလောင်ထားတာနဲပါ ရောပြီး ဘယ်လိုလုပ်ရပါ့။ ဖြေရှင်းဖို.နည်းလမ်း ရှာရတော့တာပေါ့။ 

ကျမက မိတ်ကပ် သိပ်မလိမ်းပါ။ အလွန်ကံကောင်းပြီး နဂို အသားအရည်က ဝက်ခြံမပေါက် အဖုအထစ်မရှိတော့ Moisturizer နဲ. Foundation နဲနဲလေး ပါတယ်ဆိုရုံ လိမ်းတာနဲ.တင် ပြီးရောပါ။ Foundation ကလဲ တဘူး ဝယ်ထားရင် ၂နှစ်ကျော်အောင် လိမ်းရတတ်ပါတယ်။ အခု အောက်ခံ အသားအရည်က အရမ်းဆိုးနေတော့ foundation လဲ လိမ်းလို.မရ၊ Moisturizer တွေကို ဘယ်လောက် ဈေးကြီးတာ ဝယ်လိမ်းပေမယ့် တိုးတက်မှုက မရှိ။ 

ဒါနဲ. Youtube မှာ အမျိုးသမီး တချို.ပြောပြတာ တွေ.လိုက်တာ ပျားရည်က အသားအရည်အတွက် ကောင်းတယ်ဆိုပဲ။ အိမ်မှာ ပျားရည်တွေကလဲ ရှိနေတော့ သူတို.လုပ်ပြတဲ့ အတိုင်း ပျားရည်ရယ်၊ သကြား အမှုန်.ညက်ညက် ကလေးတွေရယ်၊ အိမ်မှာရှိနေတဲ့ Glycerin နဲနဲရယ် ရောပြီး မျက်နှာကို အသားလေး ပွတ်ပေးဖြစ်ပါတယ်။ ပျားရည်က ပိုးသတ်တဲ့ အာနိသင်ရယ်၊ အသားအရည် အစိုဓါတ်ထိန်းပေးတာရယ်၊ သကြားအမှုန်းကလေးတွေက exfoliate လုပ်ပေးတာရယ် (exfoliate ဆိုတာ အသားအရည် အပေါ်က သေနေပြီးသား cells လေးတွေကို ဖယ်ထုတ် ရှင်းပေးတာကို ခေါ်တာပါ) ပေါင်းပြီးတော့ မျက်နှာကို ရေနဲ. ဆေးချလိုက်တယ် ဆိုတာနဲ. ချက်ချင်းပဲ မျက်နှာအသားအရည်ဟာ ကြည်လင်ပြောင်တင်းပြီး သန်.ရှင်းလာတာကို တွေ.ရတာပါပဲ။ အသားလေးကလဲ အလွန်နုပြီး ချောသွားပါတယ်။ အသားခြောက်ပြီး အဖတ်ဖတ် ဖြစ်နေတာတွေလဲ လုံးဝကို ပျောက်သွားရော။ 

ဒီနိုင်ငံမှာက Exfoliate လုပ်တာ အတော်ခေတ်စားပါတယ်။ လူ.အရည်ပြားမှာ Cells တွေက အသေမြန်သလို အတွင်းကနေ cells အသစ်တွေ ထပ်ထပ်ဖြည့်ပေးတာလဲ အလွန်မြန်ပါတယ်။ သေပြီးသား cells တွေက အရည်ပြားပေါ်မှာ ရှိနေသေးရင် အသားက ကြည်လင်မှု ကို ဆုတ်ယုတ်စေတယ်လို. ဆိုတာပါပဲ။ Exfoliate လုပ်ပေးတော့ သေပြီးသား cells လေးတွေ ရှင်းရှင်းပေးတော့ အသားအရည် ဝင်းပ ကြည်လင်တယ်ပေါ့။

ကျမကတော့ exfoliate ခဏ ခဏ မလုပ်ချင်တော့ အခု အားရင် အားသလို မျက်နှာကို ပျားရည်လေးသုပ် ၁၅မိနစ်လောက်ထား၊ ပြီးတော့ ရေနဲ ပြန်ဆေးတာမျိုး အခု တပတ် ၂ခါလောက် လုပ်ပေးဖြစ်နေပါတယ်။ စိတ်လိုရင်လိုသလို သကြားမှုန်းကလေး ရောပြီး ၁ပတ် ၁ခါ သို. ၂ပတ် ၁ခါလောက် exfoliate လုပ်ပေးပါတယ်။ မနေ.က ညက သူငယ်ချင်းတွေနဲ. စကားပြောတုန်း ကျမ အသားအရည် ဘယ်လောက် ကောင်းကြောင် ချီးကျွေးစကားတွေ (အဟမ်း) ကြားရတော့ ကျမရဲ. ပိုက်ဆံမကုန်ပဲ အကျိုးသက်ရောက်မှုအလွန် ရှိတဲ့ ဒီနည်းလေးကို ရှယ်ချင်စိတ်လေး ပေါက်လာတာနဲပဲ အရင်လို ဆေးပညာ အားကစား ဆေးပညာ အကြောင်းနဲ. မဆိုင်တဲ့ ဒါလေး ဘလော့ ရေးဖြစ်သွားရကြောင်းပါ။ 

11 September 2013

MCQs နဲ. စာမေးပွဲများ

ခုတလော အသိတယောက်ကို စာမေးပွဲအတွက် MCQs လေ့ကျင့်ခန်းတွေ ဝိုင်းလုပ်ပေးဖြစ်ပါတယ်။ မအားတဲ့ အချိန်တွေကြားက ကြိုးကြိုးစားစား ကူညီရတာ ကျေးဇူးအတင်ခံရလာ မခံရလားတော့ မသိ။ 

တခြားသူတွေ MCQs ဖတ်ရင် ဘယ်လိုဖတ်တယ်ဆိုတာ မသိ။ ကျမရဲ အသိသူငယ်ချင်းကတော့ မေးခွန်းကိုဖတ် ထင်ရာတခုကို ခြစ်တော့ ရွေးတော့တာပါဘဲ။ ဒီနိုင်ငံမှာက စာမေးပွဲအများစုမှာ MCQs တွေ ခြည်းပါ။ စာပုဒ်ရှည်ရေးခိုင်းတာ ရှားမှရှား။ ရေးရမယ်ဆိုရင် Thesis လို သုတေသန စာတန်းတင်ရတာမျိုးတွေ၊ ရှိထားပြီးသား သုတေသန စာစောင်တွေကို ပြန် review လုပ်ရတာမျိုးတွေ များပါတယ်။ ပြောမယ့်ပြောရတာ အဲဒီလို အရေးပျင်းလို. ရေးရမယ် ဘွဲ.လွန်မျိုး ကျမ မတက်ဖြစ်ခဲ့ပါ။

ပြန်တွေးမိတော့ ကျမမှာ MCQs စာမေးပွဲကြောင့်တော့ ဒုက္ခရောက်ခဲ့ရတယ်ဆိုတာ အတော်ရှားပါတယ်။ အဲ ကျောင်းတုန်းကတော့ အထူးသဖြင့် 2nd M.B. မှာ မှားတဲ့မေးခွန်းတွေအတွက် Negative ကိုရထားပြီးသား တွေထဲက အမှတ် ပြန်နှုတ်ပစ်တော့ တော်တော် စိတ်ညစ်ခဲ့ရတာပေါ့နော်။ လုံးဝမသေချာရင် မဖြေရဲခဲ့။ နောက်ပိုင်းတော့ အဲဒီ Negative system ကြီးမရှိတော့ MCQs မှာ အမှတ်ကောင်းသွားတဲ့ သူနဲ. သိပ်မကောင်းတဲ့သူနဲ. ကွာသွားတာက ဘယ်သူ အမှန်းတော်သလဲပေါ့။ 

ကျမငယ်စဉ် ဆေးကျောင်းတုန်းက မှားခဲ့ဘူးတဲ့ အယူအဆလေးတခုလဲ ရှိပါတယ်။ MCQs တွေ ဖြေကြည့်တယ်ဆိုတာ Theory အားလုံးကို ပိုင်မှ ဖြေရမယ် ဆိုတဲ့ အယူအဆလေးပါ။ အဲဒီတော့ စာတွေ ဟိုလျှောက်ဖတ် ဒီလျှောက်ဖတ်။ စာကတော့ ဘယ်တော့မှ ပိုင်တယ်ရယ်မရှိ ဖတ်စရာတွေ ပိုတိုးလာတာပဲရှိပါတယ်။ ဒီလိုနဲ. Tutorial ဖြေခါနီးတဲ့ အထိ MCQs တွေ မလေ့ကျင့်နိုင်ခဲ့။

နောက်မှ သင်္ခန်းစာရပြီး နောက်ဆို စာမေးပွဲရှိတိုင်း စာကို ပြောင်းပြန်ပဲ ဖတ်ပါတော့တယ်။ စာပိုင်တာ မပိုင်တာထား။ MCQs စာအုပ်ကို စလှန်ပြီး တပုဒ်ခြင်း ဖြေဖိုကြိုးစားပါတယ်။ ကိုယ်သိပ်မသိတဲ့ မေးခွန်းတွေ သိပ်မသေချာတဲ့ အချက်အလက်တွေကို စာအုပ်ထဲ သွားပြန်ရှာ ဖတ်ပါတယ်။ အဲဒီလို ဖတ်တော့ ဘယ်အချက်အလက်တွေက အရေးကြီးတယ်။ ဘယ်ဟာမျိုးတွေက စာမေးပွဲမေးနိုင်ခြေရှိတယ်ဆိုတာ ပိုသိနားလည်ရတာပါ။

လုံးဝမသိတဲ့ မေးခွန်းတွေကြုံလာရင်လဲ သေသေချာချာ မေးခွန်းကိုဖတ်လိုက်မယ်ဆိုရင် MCQs အများစုမှာ ရွေးစရာ ၅ခုထဲက ၃ခုလောက်က လုံးဝ မဖြစ်နိုင်ပါ။ မဖြစ်နိုင်တာတွေ ဖယ်ထုတ်လိုက်တော့ အများအားဖြင့် ၂ခုထဲက ၁ခုရွေးရတာပါ။ အဲဒီတော့ 50% chance မှန်နိုင်တာလေ။ 

မှတ်မိနေတာ ကျမဒီမှာ Foundation Doctor (မြန်မာနိုင်ငံရဲ. House Officer နဲ. ပထမနှစ် လက်ထောက်ဆရာဝန် ဆိုပါတော့) အနေနဲ. အလုပ်စတော့ MRCP စာမေးပွဲကို ဆေးရုံက ပေးမဖြေခဲ့။ အဲဒီ အချိန်က Over qualify ဖြစ်မယ် လို. ယူဆလိုတဲ့။ ကျမကိုယ်တိုင်ကလဲ Medicine ပဲ လုပ်ချင်တာလားဆိုတာ မသေချာခဲ့။  အဲဒါနဲ. ဖြေလို.ရမယ့်အချိန်နာနီးတော့ အရမ်း ကြိုးစားတဲ့ သူငယ်ချင်းက စာမေးပွဲ ဖြေချင်တယ်။ စာဖတ်ဖော် လိုချင်တယ်။ အဲဒါနဲ. ကျမကို စာမေးပွဲကြေး အတင်းသွင်းခိုင်းပြီး အတင်း စာလိုက်ဖတ်ခိုင်းပါတယ်။ အဲဒီတုန်းက အလုပ်အင်တာဗျူးနဲ. ရှုပ်နေတော့ စာတကယ်ဖတ်နိုင်တဲ့ အချိန်ရောက်တော့ စာမေးပွဲက ၂ပတ်အလို။ သူငယ်ချင်းနဲ. လေ့ကျင့်ရတော့ ကျမတို. မေးခွန်းတခုတိုင်းကို ငြင်းကြ စာအုပ်ပြန်လှန်ကြည့်ကြနဲ. တော်တော် အထောက်အကူ ပြုခဲ့ပါတယ်။ သူငယ်ချင်းက စာမေးပွဲ တခါကျထားပြီးသား၊ စာတွေ တော်တော် ဖတ်ထားပြီးသား ဆိုတော့ ကျမအတွက် အတော့်ကို အထောက်အကူပြုခဲ့ပါတယ်။ MRCP Part1 ကို ၂ပတ်နဲ. ဖတ်ပြီး အမှတ် ၈၀ကျာ်ရခဲ့တဲ့ အထိပါ။ (အမှတ်က % နဲ. ပြန်တွက်တာလား၊ ကြာခဲ့ပြီဆိုတော့ မမှတ်မိတော့)။ 

အဲ အပြောမစောနဲ.ဦး Part 2 ကျတော့ ခြေထောက်ကျိုးပြီး အိမ်မှာ စာမဖတ်ပဲ ရုပ်ရှင်တွေ ဒေါင်းလုပ် အကြည့်များသွားတာ၊ စာဖတ်ဖော်ကလဲ မရှိဆိုတော့ ၅၂ မှတ်နဲ.လား အောင်တာ (အောင်မှတ်က ၅၁လား သေသေချာချာတော့ မမှတ်မိတော့။ မှတ်မိတာ အောင်မှတ်ထက် ၁မှတ်ပဲ များတယ် - ကံကောင်းလို. အဟမ်း)

ကဲ လေရှည်နေလိုမရတော့။ အလုပ်သွား လူနာတွေကို အနိုင်သွားကျင့်ရတော့မယ် ဆိုတော့  .....

27 August 2013

ကားသစ်တွေ

အိမ်က ကားက အသက် နဲနဲ ကြီးလာပြီဆိုတော့ သူလဲ အိုနာသေဘေး မကြုံသေးခင် ဒီရက်ပိုင်း ကားအသစ်လဲရမလား စဉ်းစားမိပါတယ်။  ဆောင်းဝင် နှင်းကျရင်လဲ နှင်းပေါ်မှာမောင်းလို.ရတဲ့ ကားမျိုးလဲ လိုတာကြောင့် ကားအသစ်တွေ လျှောက်ကြည့်ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာက မြန်မာမှာလို ကားဝယ်ပြီး မြတ်တယ်ဆိုတာ မရှိ။ ပြန်ရောင်းရင် ရှုံးတာချည်းပါ။

အခု ပြောပြချင်တာကတော့ ကားတွေရဲ. နောက်ဆုံးပေါ် Technology တွေပါ။ မနှစ်က မြန်မာပြန်တော့မှ  ကားတွေမှာ DVD Players တွေ၊ နောက်ကြည့် ကားပါကင် ကင်မရာတွေဆိုတာ ရှိကြောင်း သိရပါတယ်။ အင်္ဂလန်မှာ အဲဒါတွေ အဲလောက် အသုံမများ ကြပဲကိုး။

အဲ အပြောစောလို. မဖြစ် အခု ကားလိုက်ကြည့်မှ အင်္ဂလန်က ကားတွေကလဲ Video player, video parking sensor တွေ တပ်ထားတာ တွေ.ရတဲ့ အပြင် စတီရီယိုဘောက်စ်ကြီးတွေနဲ. Music interphase ဆိုတာတွေ။ ကိုယ်သွားလိုရာ လမ်းညွှန်ပေးတဲ့ Sat nav တွေ တပ်ထားတာ တွေ.ရပါတယ်။ ဖုန်းကိုလက်နဲ.ကိုင်ပြောစရာမလို၊ ကားစတီရီယာဘီးက ခလုပ်ကလေးတွေ နှိပ်လိုက်တာနဲ. ကားရဲ. စပီကာကနေ ဖုန်းခေါ်ပြီး လေပစ်မလား၊ သူများခေါ်လာတာကို ပြန်ဖြေရမလား၊ ဖုန်းထဲမှာ ကူးထားတဲ့ သီချင်းတွေ ကားထဲက Soundbox ကြီးကနေ နားထောင်မလား။ တချို.ကားတွေဆို ခလုပ်နှိပ်စရာမလို။ “ဟေ့ ငါ့ကို ကော်ဖီဆိုင် ကို လမ်းညွှန်ပေး” “ဘယ်အဆိုတော် ဆိုထားတဲ့ သီချင်းကိုဖွင့်” “မောင်ဘယ်သူဆီကို ဖုန်းခေါ်လိုက်” အစရှိသဖြင် ကိုယ်လုပ်ချင်တာ ကားကို ပြောလိုက်တာနဲ. ကားက သူ.အလိုလို လုပ်ပေးပါသေးတယ်။ 

ဒါ့အပြင် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ကားက ခလုပ်ကလေးတချို.တွေကို နှိပ်ထားလိုက်ရင် ကားက သူ.ဘာသာသူ မောင်းပါသေးတယ်။ ကိုယ်က ဘေးကကားနဲ. တအားကပ်လာရင်၊ လမ်းပေါ်က ဆေးဖြူလမ်းကြောင်းနဲ. ကပ်နေရင် ကားကပဲ သူ.ဘာသာသူ လမ်းတဲ့အောင် ပြန်လုပ်ပေးတယ်။ ရှေ.က ကားနဲ သိပ်ကပ်နေရင် ကားကပဲ သူ.ဘာသာသူ အရှိန်လျှော့ပေးတယ်။ ပါကင် မကျွမ်းကျင်သူတွေ ကားက အော်တိုနဲ. ပါကင်လုပ်ပေးတယ်။ ကားထဲက ခုံမှာတောင် ညောင်းလာရင် နှိပ်ပေးတဲ့ Function ပါသေးတယ်။ အဲဒီတော့ တယောက်က အဲဒီကားကို Review လုပ်ထားတာ “အေး အဲဒီလောက် Function တွေ အများကြီးပါနေတော့ နောက်ဆုံး တခုပဲလိုတာက၊ လိုရာခရီးကို ရောက်လို. Driver အိပ်ပျော်နေရင် တိန်ဆိုပြီး ရာဘာတုန်းကလေးနဲ. ခေါင်းခေါက်နှိုးပေးရမယ့် Function ပဲ လိုတော့တယ်တဲ့” 

ကျမတို. ဘယ်ကား ဘယ်လောက် တတ်နိုင်မယ်တော့ မသိသေးပါ။ တိုးတက်လာတဲ့ Technology တွေအကြောင်း အံ့သြ စိတ်ဝင်းစားမိလို. ရေးဖြစ်သွားတာပါ။ 

20 August 2013

ဆေးရုံသစ်မှ အထင်မှားမှု တခု

ဒီနေ. ဆေးရုံ အသစ်မှာ အလုပ်အသစ် စပါတယ်။ ကျမရဲ. အလုပ် အတွက် အတွေ.အကြုံယူဖို. "Spinal Surgery" လို.ခေါ်တဲ့ ခါးနောက်မှာ ရှိတဲ့ အာရုံကြော ခွဲစိတ်တဲ့ ဋ္ဌာနမှာ ၂ပတ် သွားရမှာပါ။ ဆေးရုံက တကယ့် Tertiary Specialist Centre ကိုသွားရတာဆိုတော့ ကျမအိမ်နဲ. မိုင် ၇၀ လောက် ဝေးပါတယ်။ ကားမောင်းသွားတော့ အသွား ၁နာရီခွဲ အပြန် ၁နာရီခွဲ ကြာပါတယ်။ 

ဒီနေ. ပထမဆုံး အလုပ်စတဲ့နေ.ဆိုတော့ အားလုံး တွေ.သမျှ လူအသစ်၊ နေရာ အသစ်။ ရောက်ရောက်ခြင်း Consultant ကိုသွားနှုတ်ဆက်။ သူက မနက်ခင်း ဆေးရုံဆောင် Inpatients မှာ ခဏကြည့်ထားတဲ့။ အဲဒါနဲ. ဆေးရုံ အဆောင်ထဲကိုသွား။ လူနာ တွေ review လုပ်။ အဲဒီအချိန်မှာ ဆေးရုံဆောင်ထဲကို အသက် ၅၀လောက်ရှိမယ့် သားသားနားနား ရှပ်အင်္ကျံ အဖြူနဲ. လယ်ပင်း နက်တိုင်နဲ. လူတယောက်၊ သူနောက်မှာ ခက်ရွယ်ရွယ် လူတယောက်နဲ. အသက် ၂၀လောက်ရှိတဲ့ လူငယ်လေး တယောက် နောက်က လျှောက်လိုက်လာပါတယ်။ ကြည့်လိုက်တော့ ကျမ စိတ်ထဲ မြင်မိတာက တကယ့် ခွဲစိတ်ဆရာဝန်ကြီးနဲ. နောက်လိုက် ၂ယောက် လမ်းလျှောက်ဝင်လာတဲ့ စတိုင်။ (အင်္ဂလန်မှာ ဆရာဝန်တွေ White coat မဝတ်ပါ။ ဆရာဝန် အများစုက ရှပ်အင်္ကျီလက်ခေါက်နဲ.။ တချို.က Necktie ပါ ဝတ်ကြပါတယ်။ ဆေးပညာက ဆရာဝန်တွေကတော့ Stethoscope ကို လည်ပင်းဆွဲ၊ ခွဲစိတ်ဆရာဝန် အများစုက Clinic ထိုင်ရင် Suit နဲ. ဝတ်တတ်ကြပါတယ်)

အဲကျမစိတ်ထဲ ထင်လိုက်တာက Consultant wardround လာတယ်၊ Ward ထဲမှာ သူတို. ၃ယောက်သား ဘာကိုမှန်း မသိ အလိုမကျ ဖြစ်နေပုံရတာနဲ. ကျမလဲ ဘေးမှာ သူနာပြုတွေနဲ. မေးတာ စမ်းတာ မလုပ်မိပဲ၊ လျှာရှည်ပြီး သွားကူညီ လိုက်ဦးမယ်ဆိုပြီး ခပ်တည်တည်နဲ. လမ်းလျှောက်သွားပြီးတော့ ကျမကိုယ်ကျမ ခပ်တည်တည်နဲ. မိတ်ဆက်ပြစ်လိုက်တာ 
“ဟဲလို ကျမနာမည်က .. .. ဘယ်မှာလုပ်ပါတယ် .... ဘယ် Year ရောက်ပါပြီ။ အခု Spinal ကို ၂ပတ် လုပ်ငန်းခွင် လာသင်ယူတဲ့ သဘောပါ။ အခု ဒီ Ward ထဲ မှာပါ။ လူနာတွေနဲ. လျှောက်ကြည့်နေတာပါ ........” တောက်လျှောက် တော်တော် ပြောချ မိတ်ဆက်ပစ်လိုက်ပါတယ်။ 

အဲဒီတော့ အဲဒီ ကျမ Consultant Surgeon လို.ထင်တဲ. သူက ကျမကို အူကြောင်ကြောင်နဲ. ပြန်ကြည့်ပြီး ခေါင်းတချက် ငြိမ့်ပြပါတယ်။ သူနာမည်လဲ မပြော ပြန်လဲ မိတ်မဆက်။ ကျမထင်တာက ထုံးစံအတိုင်း Surgeon ပီပီ ရိုင်းပြန်ပြီလို.ထင်လိုက်တာ။ 

ဒါနဲ. ကျမလဲ ”သြ နင်က Consultant Spinal Surgeon တယောက်လား” မေးလိုက်တော့မှ သူက သဘောပေါက်သွားပုံနဲ. ပြုံးဖြီးဖြီးလုပ်ပြီး “ဟုတ်ဘူး ငါတို.က ဒီဆေးရုံရဲ. Porter တွေ” တဲ့။ မှတ်ကရော ....။ 

ဆေးရုံတွေမှာ ပစ္စည်းသယ်ပို. လူနာကုတင်တွန်း လူနာတွေကို ဓါတ်မှန် ခွဲခန်း အစရှိသဖြင့် ပိုပေးတဲ့ အောက်ခြေသိမ်း အလုပ်တွေ တော်တော် များများလုပ်တဲ့ Porter တွေဆိုတာ အများကြီး ရှိတာလေ။ ဒီ အဖွဲ.လောက် သားသားနားနား ဝတ်ဆင်တာတော့ အရင်က ကျမ မမြင်ဘူး။ ကျမ အထင်မှားလဲ မှားစရာပေါ့နော်။

အဲဒီ ကျမလဲ အရှက်ပြည် ရယ်ကျဲလေးနဲ. အလာပ သလာပ ပြောပြီး ပြန်ထွက်လာခဲ့ရပါတော့တယ်။ 

7 August 2013

ရယ်စရာလေးတခု

ပြောပြန်ရင်လဲ အောင်မင်း လွန်ရာကျမယ်။ တနေ.က ဟင်းချက်ဖို. အိမ်မှာ “ပူစီနံ” လိုချင်လို. အမျိုးသားကို အလုပ်ကပြန်လာရင် ဝင်ဝယ်ခဲ့ဖို.မှာမိပါတယ်။ အမျိုးသား ကျမကို ပြန်မေးတာက ပူစီနံကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲတဲ့ ... “Smelly ပူစီ” လို.ခေါ်လားတဲ့။ သေရော ... ကျမမှာ ရယ်လိုက်ရတာ ဆိုတာလေ။ တော်သေးတယ် ဆိုင်မှာ အဲဒီလိုသွား မမေးမိလို.ပေါ့။ 

ဒီအင်္ဂလန် ရောက်ခါစက အသိ ဦးလေး ဆရာဝန်ကြီး တယောက်က ပြောပြတာလဲ ပြန်တွေးမိသွားတယ်။ သူလဲ ရိုးရိုးသားသား ဖိုးသခွားလေး ဆိုတော့ ပူစီဆိုရင် ကြောင်လေးတွေကို ချစ်စနိုးခေါ်တာပဲ သိတာပေါ့။ အမျိုးသမီးတွေရဲ. အောက်ပိုင်း အင်္ဂါရပ်ကို ခေါ်တာ၊ တယောက်နဲ. တယောက်ဆဲဆိုရင် ဗန်းစကား အနေနဲ. သုံးတတ်တာမျိုးတွေ မကြားဖူး မသိဘူးပေါ့။ အဲဒီမှာ သူ.ငှားထားတဲ့ အိမ်က အိမ်ရှင် အဖွားကြီးရဲ. ကြောင်လေးကို ကြည့်ပြီး အဖွားကြီးကို “your ပူစီ is beautiful” သွားပြောမိလို.  ...... တော်သေးတယ် ရဲစခန်း မရောက်သွားရတာတဲ့။

မထင်မှတ်ပဲ ဖြစ်ခဲ့ရတဲ့ ရယ်စရာ အတွေ.အကြုံလေးပါ။ 

ပြီးတော့ ပူစီနံကို အင်္ဂလိပ်လို. Mint လို.ခေါ်ပါတယ်။ ကျမ အမျိုးသားလဲ အခုတော့ သိသွားပါပြီနော်။ ဟီးဟီး။

1 August 2013

ဝတ္ထုထဲမှ သူရဲကောင်းများ

ဒီရက်ပိုင်း ကျမ ဝတ္ထုကိုက်နေပါတယ်။ အားလွန်းလှလို.ရယ်တော့ မဟုတ်။ ဒီလိုပဲ အီးအီးပါရင်းဖတ်၊ မနက် သွားတိုက်ရင်းဖတ်၊ စားရင်းသောက်ရင်း ရထားစီးရင်းဖတ် အဲလိုဇွဲရှိရှိနဲ.အသဲအသန်ကို ကြိုးစားပြီး ဖတ်နေတာပါ။

ဖတ်မိတဲ့ စာအုပ်ကတော့ အင်္ဂလိပ်စာရေးဆရာ Lee Child ရဲ. Jack Reacher ဇာတ်လမ်းတွဲပါ။ Jack Reacher ကတော့ မင်းသား ဟီးရိုးပေါ့လေ။ သူက အမေရိကန် စစ်တပ်ထဲက ရဲအရာရှိဟောင်း။ စစ်တပ်ထဲ မှာမွေး၊ စစ်တပ်မှာ ကြီးပြင်းပြီး၊ သူကိုယ်တိုင် Military Police  ဖြစ်လာ။ စစ်တပ်က စစ်သားတွေ မဟုတ်တာလုပ်ရင် ဖမ်းရ စုံစမ်းရတဲ့သူ ဆိုတော့ သူက အရမ်းတော်တယ်၊ ထက်တယ်၊ သန်တယ် မြန်တယ် ဆိုပါတော့။ စစ်တပ်က အနားယူပြီးထဲက အမေရိက တခွင် လျှောက်သွားရင်း တွေ.ရကြုံရတဲ့ မှုခင်းတွေကို စုံးစမ်း ဖော်ထုပ်နေတဲ့သူ ဆိုပါတော့။ သူ.ရဲ. စာအုပ်ပေါင်း ၁၆အုပ်ထဲက တအုပ်ကို Tom Cruise နဲ. Jack Reacher ဆိုတဲ့ နာမည်နဲ. ရုပ်ရှင် ရိုက်ထားပါသေးတယ်။ 

အဲဒီတော့ အရင် ဝတ္ထု ရုပ်ရှင်ထဲက ကျမ အလွန် သဘောကျ နှစ်သက်ခဲ့တဲ့ သူရဲကောင်းတွေ အကြောင်း ပြန်တွေးမိပါတယ်။ ဘယ်သူက အစွမ်းဆုံး ဖြစ်မလဲလို.လဲ စဉ်းစားမိတယ်။

ကျမရဲ. အကြိုက်တကာ့ အကြိုက်ဆုံးတွေ ထဲမှာတော့ Sherlock Holmes ပေါ့နော်။ ရှိသမျှ ဝတ္ထုအားလုံး ဖတ်ဖူးသလို၊ အခေတ်ခေတ် အခါခါ ပြန်ရိုက်ထားတဲ့ သူ.ရဲ.ရုပ်ရှင် ပေါင်းစုံလဲ ကျမကြည့်ဖူး ပါတယ်။ သူ.ကို ဖန်တီးပေးတဲ့ ကလောင်ရှင် Sir Arthur Conan Doyle ရဲ. ကိုယ်ရေး အထုတ်ပတ္တိတောင်မကျန် ဖတ်လိုက်သေးတယ်။ 

James Bond ဆိုရင်လဲ လူတိုင်းသိကြမယ် ထင်ပါတယ်။ အင်္ဂလိပ်စာရေးဆရာ Ian Fleming ကနေ မွေးထုတ်ပေးလာတဲ့ MI6 ရဲ. 007 Special agent သူရဲကောင်း။ သူ.ရဲ. ရုပ်ရှင်တွေတော့ မကြည့်ဖူးတဲ့သူ အတော် နဲပါလိမ့်မယ်။ အဟမ်း အဟမ်း .. ကျမ ဖခင်ကြီးဆိုရင် James Bond ရုပ်ရှင်အားလုံး ကိုယ်ပိုင် ဝယ်ထား စုထားပါတယ်။

နောက် Jason Bourne။  သူကိုတော့ ကျမ စာအုပ်တော့ မဖတ်ဖူး။ ဟောလိဝုမင်းသား Matt Damon နဲ. ရိုက်ထားတဲ့ ရုပ်ရှင်ကနေ စသတိထားမိတာပါ။ အစိုးရရဲ. လျှို.ဝှက်အဖွဲ.အစည်းရဲ. Operation Treadstone ဆိုတာကနေ မွေးထုတ်လာပြီး၊ သူကိုယ်တိုင်က အတိတ်မေ့နေတဲ့သူပါ။  အော်ရင်ဂျီနယ် စာရေးဆရာနာမည်က Robert Ludlum တဲ့။ မင်းသား Matt Damon နဲ.ရိုက်ထားတာ ရုပ်ရှင် ၃ကားရှိပါတယ်။ Bourne Identity, Borne Spremacy, Bourne Ultimatum မကြည့်ဖူးရင်၊ အက်ရှင်ကားလဲ ကြိုက်တယ်ဆိုရင် ကြည့်ဖြစ်အောင်ကို ကြည့်သင့်ပါတယ်။ 

နောက်တယောက် ထပ်ပြောရဦးမယ်ဆိုရင် Mission Impossible ထဲက Ethan Hunt။ Tom Cruise ပဲ မင်းသားလုပ်ပြီး ရိုက်တာပါ။ IMF လို.ခေါ်တဲ့ အမေရိကန် အစိုးရအဖွဲ.အစည်း တခုရဲ. အတော်ဆုံး Agent ဆိုပါတော့။ ရုပ်ရှင် ၄ကားလုံးကို အနဲဆုံး ၃ခေါက်ထပ်မနဲ ကျမပြန်ကြည့်ဖူးပါတယ်။

နောက်ဆုံး တယောက်အနေနဲ.ကတော့ အမေရိကန် ရောင်းအကောင်းဆုံး နာပါတ်တစ် စာရေးဆရာ Dan Brown ရဲ. ဇတ်ကောင် Professor Robert Langdon ပါ။ သူကတော့ အနည်းငယ် ထူးခြားစွာ အတိုက်အခိုက်သမား မဟုတ်၊ ဟားဗဒ် တက္ကသိုလ်ရဲ. ပရော်ဖက်ဆာ။ ရှေးရာဇဝင် Symbol လက္ခဏာတွေကို လေ့လာတဲ့သူ။ ဝတ္ထုတွေ အားလုံးက အရမ်းစိတ်ဝင်စားဖို. ကောင်းပေမယ့်၊ တိုက်ခန်း ချခန်းတွေတော့ သိပ်မပါပါ။ စာရေးဆရာက အချိန် အများကြီး စိုက်ထုတ်ပြီး တကယ် ဖြစ်ရပ်မှန် အချက်အလက်တွေကို သေသေချာချာ လေ့လာပြီး ရေးထားတာဆိုတော့ တခါတလေ ဒါဖြစ်ရပ်မှန်လား၊ ဇတ်လမ်းသဘာပဲလား ဆိုတာ ခွဲရခက် အတွေးပိုစရာ။ ဥပမာ ပထမဆုံး ရုပ်ရှင်က Jesus Chris ရဲ. ဘဝကို အခြေထားပြီး နောက်ဆုံးမှာ Jesus Chris ကမွေးပြီး သက်ဆင်းလာတဲ့ မျိုးဆက်ပဲ ရှိနေသလိုမျိုး ရေးထားတော့ အတော်လေး ဝေဖန်သံတွေနဲ. ဗရုတ်ဗရက် ဖြစ်သွားရပါသေးတယ်။ ဒုတိယ ဝတ္ထုကတော့ Pope ရဟန်းမင်းကြီးနဲ  ရောမ Vertican မှုာ အခြေခံထားတာ။ တတိယ လောလောဆယ် ရုပ်ရှင်ရိုက်နေဆဲကတော့ လူ.တွေရဲ. စိတ် Human Mind ကို အခြေပြုထားတာ၊ တချို.နေရာတွေများဆိုရင် မင်းသိင်္ခ ဝတ္ထုတွေနဲ.တောင် ခပ်ဆင်ဆင်။ အခု တလောလေးမှာ နောက်ဆုံး ထွက်လာတဲ့ ဝတ္ထုကတော့ Exponential Population growth လူဦးရေ မထိန်းချုပ်နိုင် အဆမတန် ပွားများလာခြင်းနဲ. ကမ္ဘာကြီးရဲ အနာဂါတ်ကို တွက်ချက်ပြထား အခြေခံထားတာပါ။ ဒီဇတ်ကောင်ကိုတော့ ဟောလီးဝုမင်းသား Tom Hank က Professor Langdon အနေနဲ. သရုပ်ဆောင်ပြီး ရုပ်ရှင်ပြန်ရိုက်ထားတာ ၂ကားရှိပါတယ်။ ၃ကားမြောက်က ရိုက်နေဆဲ ဆိုပါတယ်။

ကဲ ငယ်က ကြိုက်ခဲ့တဲ့ Superman Batman Spiderman ဆိုတာတွေ မပါတော့ပါ။ အခုတွေးမိ ပြန်စဉ်းစားမိတဲ့ ကျမ နှစ်သက်တဲ့ ဇတ်ကောင် ဟီးရိုးတွေပါ။ သူတို.တွေသာ တကယ့်ဘဝမှာ သက်ရှိထင်ရှားဆိုရင် လောကကြီးဟာ ပိုလို.တရာမျှတတဲ့ နေရာရပ်ဝန်း ကြီးများဖြစ်လာမလား မသိ။

31 July 2013

အားကစားသမားနဲ. အာဟာရ

မနေ.က ကျမ အမျိုးသားက ပြောတယ်။ သူသတင်း စာစောင်တခုမှာ ဖတ်ရတာ မြန်မာ အားကစားသမားတွေ ပြိုင်ပွဲဝင်ဖို. အတွက် လေ့ကျင့်ဖို. စခန်းထိုး Camp လုပ်ရင် အစားတွေ တအားကျွေးတယ်တဲ့။ အဲဒီတော့ အားကစား သမားတွေ လာတုန်းက ခပ်ပိန်ပိန်ရယ်၊ camp က ပြန်သွားရင် ဝတုတ်ကြီးတွေ ဖြစ်သွားကြတယ်တဲ့။ ဒီသတင်း ကျမကိုယ်တိုင် ဖတ်ရတာ မဟုတ်သလို ဘယ်လောက်မှန်သလဲ ဆိုတာလဲ ကျမမသိပါ။

ကျမတော့ အားကစားသမား Training ကိုလာပြီး ကိုယ်အလေးချိန် တက်လာတယ် ဆိုတာ ဖြစ်နိုင်မယ် မထင်။ ဒီသတင်း တကယ် မှန်တယ်ဆိုရင်တော့ တခုထဲသော ဖြစ်နိုင်ခြေက အားကစားသမားတွေ လေ့ကျင့်ဖို.လာပေမယ့် သေသေချာချာ လေ့ကျင့်တာ ကစားတာ မလုပ်ကြလို.။ ဒါမှမဟုတ် စားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ. မညီညွတ်လို. ဖြစ်ပါလိမ့်မယ်။ ဥပမာ ဆီပြန်စာတွေ အစားများပြီး အစာမကျေနိုင်၊ အဲဒီတော့ Training ကောင်းကောင်း မလုပ်နိုင် ဆိုတာ မျိုးလိုပေါ့။

ကျမတော့ ဒီက အားကစားပွဲတွေရဲ. Training Camp တွေကို ဆရာဝန် အနေနဲ. လိုက်သွားရတိုင်း ဝိတ်ကျရင်ကျ မကျရင်တောင် ပိုကျန်းမာလာတယ် ဆိုတဲ့ ခံစားချက်နဲ. ပြန်လာရတာ များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို. ကျွေးတဲ့ အစားအသောက်တွေက အာဟာရနဲ. အလွန် ညီညွတ်တာကိုး။ ဟင်းသီးဟင်းရွက် အသားငါး အသီးအနှံ တကယ် စုံလင်စွာ ပါတာကိုး။ အစားကို လျှော့စားစရာကို မလို။ မနက်စာ၊ နေ.လည်စာ၊ ညနေစာ၊ ညအိပ်ယာမဝင်မှီ အစာ အပြင်၊ ပြိုင်ပွဲ သို.မဟုတ် လေ့ကျင့်ခန်း မသွားမှီ တနပ်၊ တနေ. ၅နပ် စားရတာတောင် ဘယ်သူမှ အလေးချိန် တက်လာတယ်ရယ်လို. မရှိ။ တကယ်ပြောတာပါ ပန်းကန် အမောက် တနေ. ၅နပ်စားရတာ။ အားကစားသမားတွေဆို မောမောနဲ. ၂ပန်းကန် ၃ပန်းကန် စားကြတဲ့  အပြင် သူတို.အတွက် training ပြီးတိုင်း Amino acids နဲ. Carbohydrate တွေ အများကြီးပါတဲ့ Recovery Drinks တွေ သောက်ကြပါသေးတယ်။ မနက်ခင်းတိုင်းလဲ ကျမတို. ကိုယ် အလေးချိန်ချိန်တာ ခန္တာကိုယ် ရေဓါတ် တိုင်းဖို.ဆီးစစ်တာ ((Dehydration) ဆိုတာတွေ လုပ်ရပါတယ်။  

သုတေသန သတင်း အချက်အလက်တွေ အရ ဘောလုံးသမား ဘောလုံးပွဲ တပွဲကန်ရင် အင်နာဂျီ ကယ်လိုရီ ၁၅၀၀ လောက် ပျမ်းမျှ ကုန်တယ်တဲ့။ အဲဒီ ကယ်လိုရီ ပမာဏဟာ ကျမတို. မိန်းကလေးတွေမှာ (ဘာလေ့ကျင့်ခန်းမှ မလုပ်ပဲ) တနေ.တာ အတွက် လိုအပ်တဲ့ ကယ်လိုရီ နဲ. ညီမျှပါတယ်။ ရှင်းရှင်းလေး ပြန်ပြောရရင် ဘောလုံး တပွဲကန်လိုက်တဲ့ အတွက် အင်နာဂျီ ကုန်သွားတာ ပြန်ဖြည့်စီးဖို. ဆိုရင် အနဲဆုံး ကျမတို. မိန်းကလေးတွေ တနေ.တာ စားသောက်တဲ့ အစာ အားလုံးရဲ. ၂ဆ ပြန်စားပေးဖို.လိုအပ် ပါတယ်။ ကဲ အဲဒီတော့ တနေ. အနဲဆုံး ၃ချိန်လောက် လေ့ကျင့်ရတဲ့ (ဘောလုံးပွဲ ၃ပွဲတာလောက်ရှိတဲ့) Training camp မှာ ၁ပတ်လာ နေလိုက်လို. ကိုယ်အလေးချိန်တွေ တက်ပြီး ပြန်သွားရတယ် ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ နော်။

တွေးမိတဲ့ အတွေးလေး တခုရယ်ပါ။

29 July 2013

မြန်မာနိုင်ငံ နဲ. ဆက်သွယ်ရေး

ဒီနေ. အိမ်က အဖေ အမေဆီကို ဖုန်းဆက်တာ လိုင်းက အသံ မကြည်လင်၊ ပြောလို.ကမကောင်း။ အရင် တပတ်က ဆက်တုန်းကလဲ အဲလိုပဲ လိုင်းက ပြုတ်ကျကျသွားတာနဲ. သေသေချာချာ စကားမပြောလိုက်ရ။ 

ဒီပြဿနာက ကျမ ဒီအင်္ဂလန်ရောက်ပြီးထဲက တွေ.ကြုံရတဲ့ ပြဿနာ။ ဒီနိုင်ငံမှာ ဖုန်းလိုင်းယူတော့ ဖုန်းလိုင်းနဲ.အင်တာနက် ကုမ္ဗဏီတွေကနေ “နိုင်ငံခြားခေါ်တာ ရှိလား။ ရှိရင် လျှော့ဈေးနဲ. ရအောင်လုပ်ပေးမယ်” ဆိုပြီး မကြာခဏ ကြော်ငြာ ဝင်တတ်ပါတယ်။ ဥပမာ တလ ၁ ပေါင်ပိုပေးရင် အမေရိကကို အလကား ခေါ်လို.ရမယ်။ တလ ၅ပေါင်ပိုပေးထားရင် နိုင်ငံပေါင်း ၇၀ကျော်ကို အလကား ခေါ်လို.ရမယ်၊ တချို.ဆို နိုင်ငံပေါင်း ၂၀၀ကျော်၊ အစရှိသဖြင့်ပေါ့။ ပထမတော့ ကျမလဲ အကြောင်းမသိတော့ အင်းကောင်းတာပေါ့။ အိမ်ကို မကြာခဏ ဖုန်းခေါ်တာ တခါတလေ ၁လ ပေါင် ၂၀၀တောင် ကျော်သွားတတ်သေးတာလေ။ လျှော့ဈေးနဲ. ရမယ်ဆိုတော့ ဝမ်းသာအားရပေါ့။ အဲဒါနဲ. အရောင်းကောင်တာက လူကလဲ သူ ရောင်းရတော့မယ်ဆိုပြီး ဝမ်းသာအားရ အိမ်က ဘယ်နိုင်ငံမှာလဲ မေးပါရော။ မြန်မာနိုင်ငံဆိုတော့ သူ.ခင်ဗျာ အချိန်အတော် ကြာကြာ ခေါင်းကုတ် ရှာဖွေပြီးနောက် ... “ဆောရီးပါ မြန်မာနိုင်ငံတော့ ဒီလို လျှော့ပေးလို.ရတဲ့ နိုင်ငံတွေအထဲ မပါပါဘူး” ဆိုတဲ့ အဖြေကိုကြားရတာပါဘဲ။ 

ဒီလိုနဲ. မကြာခဏဆိုသလို ကြော်ငြာတတ်ကြတာ၊ ၁ခါက ၂ခါ၊ ၃ခါ ထပ်လာတော့ ကျမလဲ အရေထူလာပြီပေါ့။ နောက် သူတို. ကြော်ငြာဝင်ရင် “ငါတို. နိုင်ငံက သူမတူ၊ ထူးခြားတဲ့ နိုင်ငံ၊ နင်တိုဘာသာ နိုင်ငံပေါင်း ၂၀၀ မက ၃၀၀ဖြစ်ဖြစ် တကမ္ဘာလုံးပဲ လျှော့ဈေးပေးပေး တို.နိုင်ငံတော့ ပါမှာ မဟုတ်လို.” ပြောပြရတော့တယ်။ နှစ်တွေကြာလာတော့ တခါတလေတော့လဲ ပြောင်းလဲ တိုးတက်လာ မလား စုံစမ်းကြည့်ပေမယ် ထူးမခြားနား။ 

ဒီမှာ သိကြွမ်းတဲ့ နိုင်ငံတကာက သူငယ်ချင်းတွေကလဲ ကျမရဲ. ဖုန်းခေါ်ရတာ ဈေးကြီးတာ၊ ခေါ်ရခက်တာ ညည်းသံကြားတော့ ဘယ် ဖုန်းကဒ်၊ ဘယ်လိုင်းဆို ဈေးအလွန်သက်သာတာ။ ဥပမာ အိန္ဒိယ၊ အီရပ်၊ သီရိလင်္ကာ၊ တရုပ် အားလုံး ဖုန်းခေါ်ရင် ၁မိနစ်ကို ၁ပြားပဲပေးရတာ။ ခေါ်ကြည့် ပြောပြကြပေမယ့်၊ ကျမသိသလောက် မြန်မာကို ခေါ်ဖို.ဈေးအချိုဆုံး ရနိုင်တာကတော့ ပြား၂၀ထပ် မနဲ။ ဒါတောင် ဖုန်းလိုင်းက ကြည်တာမဟုတ်၊ မကြာခဏ လိုင်းပြတ်ကျတဲ့ ရောဂါက ရှိသေး။ 

စကားမစပ် မြန်မာနိုင်ငံက မိုဘိုင်းတွေ အကြောင်းလဲ တွေးမိသေးပြန်ပါတယ်။ ဒီ အင်္ဂလန် ရောက်ရောက်ချင်း အလုပ် မရသေးခင် ဖုန်းလိုတယ်ဆိုပြီး အမျိုးသားက မိုဘိုင်းဖုန်း ၁လုံးဝယ်ပေးပါတယ်။ မှတ်မှတ်ရရ ပေါင် ၂၀ ကျော်လေးပဲ ပေးရတယ်။ SIM ကဒ်က အလကား ရပါတယ်။ ဖုန်းဆိုင်တွေက ရောင်းချင်လွန်းလို.လေ။ ကျမ ရန်ကုန်မှာ နေတဲ့ အချိန်တုန်းက မိုဘိုင်းဆိုတာ လူတိုင်း မကိုင်နိင်။ SIM ကဒ်က အစိုးရဆီက မှောင်ခိုနဲ.မဟုတ်တရုတ် ပေါက်ဈေးနဲ.ဝယ်ရတာ။ အဲဒီတော့ ဖုန်းကိုင်နိုင်သူတွေက မိုဘိုင်းဖုန်းတွေကို အဆောင်အယောင်တခုလို ရှိုးပြစရာ တခုလို ခါးကြားမှာ ချိတ်ထားတတ်ကြတာ ဒီမှာ ပြောပြတော့ အပေါင်းအသင်း အားလုံးက တအံ့တသြ။

ဒါတင် ဘယ်ကဦးမလဲ။ Gmail တို. Gtalk တို.ကို တရားမဝင်ဘူး ပြောပြီး ပိတ်ထားခဲ့တာလဲ တို.နိုင်ငံ။ Viper လို အင်တာနက်ကနေ ဖုန်းပြောလို.ရတဲ့ applications တွေကို တရားမဝင်ဘူး ဆိုပြီးပြောတာလဲ တို. မြန်မာနိုင်ငံပါပဲ။ မြောက်ကိုးရီးယားတို အီသီယိုးပီးယားတိုတောင် အဲလို အခြေအနေမျိုး ကြုံဖူးမယ်မထင်။

အဲ မဆီမဆိုင် ထဲ့ပြောရရင် ကျမတို.နိုင်ငံရဲ. လတ်တလော တိုးတက် ပြောင်းလဲလာမှုနဲ.အတူ အခု မြန်မာ အစိုးရ အဖွဲ.အစည်းတွေမှာလဲ ခေတ်မှီစွာ အင်တာနက် သုံးလာကြပါပြီ။ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်တွေ ရှိလာကြပါပြီ။ ဥပမာ ကျမတို. ဆေးကျောင်းရဲ. ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်က အစပေါ့။ တော်တော်ကြီး ခေတ်မှီလာပြီပေါ့နော်။ ဒါပေမယ့် ဒီအစိုးရ ရုံးတွေရဲ. ဆက်သွယ်စရာ အီးမေးလ်ကို ကြည့်လိုက်ရင်တော့ Gmail accounts တွေ ဖြစ်နေတတ်တာ များပါတယ်။ အသိတယောက် မကြာသေးခင်က အလုပ်အတွက် ဆေးကျောင်းက စာလိုတော့၊ တောင်းတဲ့သူကို ငါတို.ဆေးကျောင်းကို တိုက်ရိုက် စာရေး၊ ဒါမှမဟုတ် အီးမေးပို.တောင်းလိုက်ပေါ့ ဆိုတော့ တောင်းတဲ့သူတွေက Gmail နဲ. အီးမေး လိပ်စာကိုကြည့်ပြီး အဲဒါ တကယ့် တရားဝင် အီးမေးဆိုတာ မယုံ။ ကျမ အသိက နာမည်တုနဲ. ဝင်ဖွင့်ထားတယ်လို. ထင်ပြီး စွပ်စွဲနေသေးတာ။ 

ကဲ ပြောရမယ်ဆိုရင်တော့ ပြီးတော့မှာ မဟုတ်၊ အခုတော့ ညဉ်.နက်လာပြီမို. ညည်းတာတွေကိုရပ်ပြီး ည အိပ်ယာဝင်ရပါတော့မယ်။ အားလုံး အိပ်မက် လှလှ မက်ကြပါစေ ........

27 July 2013

ကျမနဲ. ဘီတပ်ကုလားထိုင်

တနေ.ကပေါ့ ကျမလုပ်တဲ့ ဆေးရုံမှာ ဘီးတပ်ကုလားထိုင်လေးတွေ သွားကြည့်မိတယ်။ အားကစားမှာလဲ မသန်စွမ်းသူများက ဘီးတပ်ကုလားထိုင်နဲ. ကစားနည်းမျိုးစုံ ကစားတာရှိတော့ သူတို. သုံးတဲ့ ကုလားထိုင်တွေ ကျမလဲ နားလည်ထားအောင် သွားလေ့လာတဲ့ သဘောပါ။ အဲဒီမှာ သဘောကောင်းတဲ့ ဆရာကြီးတယောက်က ဒါဆိုလဲ ဘီးတပ်ကုလားထိုင် တခုလောက် ယူပြီး ဆေးရုံဘေးပတ်ဝန်းကျင် လျှောက်မောင်းကြည့်ပါလားတဲ့။ အဲဒီတော့ ကျမ တွေးမိတာ ဘီးတပ် လက်တွန်းလှဲ ဆိုရင်တော့ ကျမ လက်မောင်းက အဲလောက် သန်တာမဟုတ်။ ပင်ပန်းရော့မယ်။ လျှပ်စစ်နဲ. လုပ်တဲ့ ကုလားထိုင်လေးတွေ ဆိုရင်တော့ လက်ညှိုး လက်မ ၂ ချောင်းထဲနဲ. မောင်းလိုရတော့ စမ်းကြည့်တာပေါ့ ဆိုပြီး ကျမနဲ. အသိ လုပ်ဖေါ်ကိုင်ဖက် ကောင်မလေးတယောက်နဲ. အတူ ဆေးရုံ အပြင်ဘက်ကို လျှပ်စစ် ဘီးတပ် ကုလားထိုင် တယောက်တလုံးနဲ. ထွက်ဖြစ်ခဲ့ ကြပါတယ်။ 

စမောင်းခါစဆိုတော့ ဟိုယိုင်ယိုင် ဒီယိုင်ယိုင်၊ ဟိုတိုးလိုက် ဒီတိုးလိုက်။ လမ်းမှာတွေ.တဲ့ လမ်းသွားလမ်းလာတွေတော့ ကျမတို.ကို ကြည့်ပြီး မသန်မစွန်းသူ ကောင်မလေးတွေ တကယ်ထင်ပြီး တချို.လဲ သနားတဲ့ မျက်လုံးလေးတွေနဲ.။ တချို.လဲ သေသေချာချာ လမ်းဖယ်ပေးကြ။ တချို.ကလဲ အားပေးတဲ့ အပြုံးလေးတွေ ပြုံးပြသွားသေး။ တချို.ကတော့ ကျမတို.လမ်းကျဉ်းလေးကို မရမက ဖြတ်နေတော့ ဘာကူပေးရမလဲ အဆင်ပြေရဲ.လား ဆိုပြီး ဖေါ်ရွှေတဲ့ အပြုံးတွေနဲ. လာကူပေးကြ ပြန်ပါတယ်။ လမ်းကူးတော့လဲ ကားတွေက ကျမတို. လမ်းဖြတ်ပြီးတဲ့ အထိ စိတ်ရှည်လက်ရှည်နဲ. စောင့်ပေးကြပါတယ်။ တချို.ဆို လက်တောင် ပြသွားလိုက်သေး။

ကျမတော့ စိတ်ထဲ တမျိုးချည်း ဖြစ်မိတာ အမှန်။ ဘယ်လို ပြန်ပြောရမယ် မပြောတတ်။ တခါတလေ လမ်းဖြတ်ကူးရမယ်ဆိုရင် စိတ်ထဲ ကြောက်တာ စိုးရိမ်တာမျိုး ဖြစ်မိသလို၊ လမ်းက မညီညာ အဖုအထစ်တွေ များနေရင် ငါဖြတ်လိုရပါ့မလား ပူပန်မိတာလဲ မကြာခဏပါ။ ဘေးကလူတွေရဲ. ဂရုဏာ အပြုံးတွေကို ကြည့်ပြီးတော့လဲ တကယ် မသန်းစွမ်းသူတွေ ဘယ်လိုများ ခံစားရမလဲ တွေးမိတာ အမှန်။

ဒီမှာ ဒုက္ခတွေ.စရာက ပေါ်လာသေး။ ကျမရဲ. ဘီးတပ်ကုလားထိုင် ဘီးက မြေနိမ့်ထဲ ကျွန်ကျပြီး ပြန်ရုန်းလို မရတော့။ ကားဘီး နွံနှစ်သလို ဘီးက တဝှီဝှီလယ်ပြီး ကုလားထိုင်က မရွေ.။ ကျမလဲ ဘာလုပ်ရမှန်းမသိ။ အဲဒီအချိန်မှ ခပ်တည်တည်နဲ. ဘီးတပ်ကုလားထိုင်ပေါ်က ထပြီး ကုလားထိုင်မရွှေ.ရင်လဲ ဘေးကလူတွေ၊ စောစောက ဂရုဏာ အပြုံးနဲ.လူတွေ၊ တွေ.သွားရင် ကျမကို ဒုက္ခသည် ယောင်ဆောင်သူဆိုပြီး ကလော်ဆဲတော့မယ်။ ထမရ ပြုမရ၊ ဘီးကလဲ မရွေ. ကျမ တော်တော် ချွေးပြန်သွားခဲ့ရပါတယ်။ တော်ပါသေးတယ်။ လမ်းဟို တဘက်ချမ်းက လူတယောက်က လာပြီး တွန်းမပြီး လမ်းပေါ်ပြန်တင်ပေးလို. ပြန်ဆက်သွားလို.ရသွားပါတယ်။ တကယ် မသန်စွမ်းသူသာဆိုရင် ဘယ်လောက်တောင်များ စိုးရိမ် ကြောက်စိတ်ဝင်သွားမလဲနော်။

အဲဒီလိုနဲ. ၁နာရီနီးနီး ကျမတို ၂ယောက် တွေ.ရာ လမ်းလျှောက်မောင်းပြီး ဆေးရုံထဲ အဆင်ပြေစွာ ပြန်ရောက်လာပါတယ်။ ကဲ ဘာ အထစ်အငေါ့မှ မရှိ။ လူကလဲ ဘီးတပ်ကုလားထိုင်ပေါ်မှာ နဲနဲ ရဲလာပြီ။ အားလုံးလဲ ပြီးပြီဆိုတဲ့ စိတ်နဲ. ဆေးရုံ ရှေ.တဲ့တဲ့ ပလက်ဖေါင်းပေါ် ကျမ အရှိန်နဲ. တက်လိုက်တာ ပလက်ဖေါင်းက နဲနဲ မြင့်ပြီး အဖုဖြစ်နေတော့ ကုလားထိုင်က ဝုန်းကနဲ ဆောင့်ခုန်လိုက်တာ ကျမလဲ အုန်းကနဲ ကုလားထိုင်ပေါ်က မြောက်တက်ပြီး လမ်းမပေါ် ဖင်နဲ ပြုတ်ကျပါရော။ ဆေးရုံရှေ.တဲ့တဲ့ လူနာတင်ယဉ်တွေ ရပ်ထားတဲ့နေရာ။ Paramedics လို.ခေါ်တဲ့ ရှေးဦးပြု ကုသတဲ့ သူတွေရဲ. ရှေ.တဲ့တဲ့ကို ပြုတ်ကျတာ။ သူတို.က ကျမကို သိနေပြီးသား သူတွေဆိုတော့ တကယ် မသန်စွမ်းသူ မဟုတ်မှန်း သိနေတော့ ရယ်ချင်တဲ့ မျက်နှာတွေနဲ. တခွိခွိ လုပ်ပြီး .. “အဆင်ပြေရဲ.လား၊ ဘယ်နားနာသွားလဲ” လာမေးကြ လာထူပေးကြပါရော။ ကျမလဲ အရှက်ပြေ ရယ်ကျဲကျဲ နဲ. .. “ဟဲဟဲ နာပါဘူး ရပါတယ် ရပါတယ်” ဆိုပြီး .... ကျမရဲ. တနေ.တာ စွန်.စားခန်းလေး ပြီးစီးသွားခဲ့ရပါတယ်။ 

12 July 2013

ခါးနာတတ်သူ နဲ. ပိုးသတ်ဆေး

တလောက ထွက်လာတဲ့ စာစောင်တချို.မှာ ဖေါ်ပြထားတဲ့ နာတာရှည် ခါးနာတတ်သူတွေနဲ. ရက် ၁၀၀ ပိုးသတ်ဆေးကုထုံးကို လူအတော်များများ စိတ်ဝင်တစားရှိလှ ပါတယ်။ 

အထူးသဖြင့် အနောက်နိုင်ငံမှာ ခါးနာတဲ့သူတွေ အလွန်ပေါပါတယ်။ နေမကောင်းလို. အလုပ်မလုပ်နိုင်တဲ့ Off Sick ခေါ်ရတဲ့ ရောဂါတွေထဲမှာ ခါးနာတာက နံပါတ် ၁ ကနေ ၅ အတွင်းမှာ ရှိပါတယ်။ ဆေးရုံ ဆေးခန်းမှာတွေ.ရတဲ့ လူနာတွေ လုပ်ဖေါ်ကိုင်ဖက် တွေမှာလဲ အတော်များများဟာ ခါးနာတတ်သူတွေ ဖြစ်နေပြန်တယ်။

ပုံမှန်ဆိုရင် ခါးနာတတ်သူတွေကို exercises (အများအားဖြင့်တော့ ကျမတို. ခေါ်တဲ့ Core muscle exercises/ Core stability exercises) ဆိုတာတွေနဲ. သက်သာအောင် နောက်ထပ်မဖြစ်အောင် သင်ပြ ရှင်းပြ ရပါတယ်။ တချို.လဲ သက်သာသွားပြီး တချို.ကြတော့လဲ  Private Physio/ Chiropracter ဆိုတာတွေနဲ. အပ်စိုက်တာ၊ နှိပ်တာ၊ အဆစ်တွေ လျော့အောင် manipulation ဆိုတာတွေ အမျိုးမျိုး စမ်းသပ် ကုကြတာတွေလဲ ရှိပါတယ်။ ပျောက်တဲ့သူ ရှိသလို ဆရာများ သားသေ၊ ပိုဆိုးပြီး နာတာရှည် ဖြစ်ကုန်တာတွေကလဲ အလွန်များတာကိုး။ ခက်တာက ဒီနိုင်ငံမှာ Benefits/ compensation ဆိုတာတွေက ရှိတော့ အလုပ်မလုပ်နိုင်ရင် အစိုးရ ထောက်ပံ့စာနဲ.သက်တောင့်သက်သာ အိမ်မှာနေပြီး ကောင်းကောင်း စားလို. နေလို.ရပါတယ်။ အဲဒီတော့ တချို.ကလဲ ရောဂါ မသက်သာချင်တော့ ..။ အဲဒီတော့ အခက်တွေ.တာ ကျမတို.လို ကျန်းမာရေး နယ်ထဲကသူတွေ။ 

ခါးနာရခြင်း အကြောင်းရင်းကလဲ အမျိုးမျိုး ရှိပါတယ်။ ခါးမှာ Vertebra ဆိုတဲ့ အရိုးလေးတွေရှိပါတယ်။ vertebra တွေရဲ. ကြားမှာ Disc ဆိုတဲ့ အရိုးပါး ဂျက်လီ အိပ်ကလေးတွေ ရှိပါတယ်။ vertebra တွေ ကြားထဲကနေ အာရုံကြောလေးတွေ ထွက်လာပြီး ခြေထောက်ထဲကို သွားကြတယ်။  vertebras အရိုးတွေ သူ.နေရာ တကျရှိအောင် ထောက်ခံပေးထားတဲ့ ကြွက်သား အရွတ်(fascia) ဆိုတာတွေကလဲ ရှိပါတယ်။ 

အဲဒီတော့ ခါးနာတာ ဘေးထောက်ခံထားတဲ့ ကြွက်သား အရွတ်တွေက နာတာလား (ကျမတိုခေါ်တဲ့ Mechanical back pain)။ Disc ကလေး ပေါက်သွား ကျွန်သွားပြီး နာတာလား။ ခါးမှာ အာရုံကြောညှပ်မိပြီးနာတာလား အစရှိသဖြင့်ပေါ့။ ရှင်းရရင် စာအလွန် ရှည်သွားမှာမို .... အားလုံး ကျော်ချပါပြီ။

အခုပြောမှာက Disc ကြောင့် ဖြစ်တဲ့ ခါးနာတတ်သူတွေ။ Disc က အကြောင်းအမျိုးမျိုးကြောင့် ပေါက်သွားပြီး အထဲက ဂျယ်လီလို အရာလေးတွေ ကျွန်ထွက်လာပြီး ဘေးမှာရှိတဲ အာရုံကြောလေးတွေကို သွားဖိမိတတ်ပါတယ်။ တချို. လူနာတွေကတော့ ဘာမှ လုပ်စရာမလို အချိန်ကြာလာတာနဲ. အမျှ ပျောက်သွားတတ်ပေမယ့် တချို.လူနာတွေမှာတော့ steoid နဲ. Nerve Block ဆေးထိုးပေးရတာ၊ ဒါမှမသက်သာသေးရင် ခွဲကုရတဲ့ Microdiscetomy (ကျွန်နေတဲ့ disc နေရာလေး လှီးထုတ်ပစ်တာ) Vertebra fusion (disc တခုလုံး ဖယ်ထုတ်ပြီး အရိုး ၂ခု ဆက်လိုက်တာ) ဆိုတာမျိုးတွေ လုပ်ရပါတယ်။ 

အဲဒီမှာ သုတေသန အုပ်စု တစုက တွေ.လာတာ လူနာအများစုရဲ. ဖယ်ထုတ်လိုက်တဲ့ disc မှာ Propionbacterium acnes လို.ခေါ်တဲ့ ပိုးဝင်နေတာ တွေ.ရတယ်တဲ့။ 

ဒါနဲ. လူနာ အုပ်စု တစု (Disc ကျွန်ပြီး ၆လကျော် ခါးနာသူများ၊ MRI scan မှာ disc protrusion + Modic changes (ဘေးက vertebra အရိုးမှာ ရောင်နေတာ) ရှိတဲသူတွေ) စုပြီး ရက် ၁၀၀ ပိုးသတ်ဆေး (Amoxicillin + Clavulanic acid 500/125) ကိုပေးကြည့်ပါတယ်။ ၆လ၊ ၉လ၊ ၁နှစ် follow up မှာ ပိုးသတ်ဆေး သောက်တဲ့ သူတွေက Placebo သောက်သူတွေထက် သိသိသာသာ  တော်တော် သက်သာလာတာ တွေ.ရသတဲ့။ 

စာရေးပျင်းတော့ သေသေချာချာ အသေးစိပ်တော့ မရေးတော့ပါ။ ဒါပေမယ့်တွေးမိတာက မြန်မာနိုင်ငံမှာလို ပိုးသတ်ဆေး အကန်းအသပ် အတားအမြစ် မရှိ တွင်တွင်သုံးပြီး Physio ကောင်းကောင်း မရှိတဲ့ နိုင်ငံလိုမျိုးမှာ ဒါဟာ နာတာရှည် ခါးနာသူတွေအတွက် ပုစ္ဆာ အဖြေ တခုများ ဖြစ်လာ မလားလို.ပါ။ 

10 July 2013

Internet and emails

ကျမ အင်္ဂလန်လာတာ ၂၀၀၅ အကုန်မှာ။ မြန်မာမှာ နေတုန်းက အဲဒီ အချိန်က အင်တာနက်ဆိုတာ သိပ်မသုံးကြသေး။ ကျမ အမျိုးသားက ကျမထက် ၅လစော အင်္ဂလန်ရောက်တာဆိုတော့ သူ.ဆီဆက်သွယ်ချင်ရင် ကျမ ယောက္ခမအိမ်မှာ အင်တာနက် ချိတ်ထားတော့ အဲဒီကနေ အီးမေးပို.ရပါတယ်။ ယောက္ခမရဲ. account ကနေပေါ့။ အဲဒီတော့ အမျိုးသားဆီ ဘယ်လိုလွမ်းကြောင်း ချစ်ကြောင်းတွေတော့ ပြောလို.မရဘူးပေါ့။ ဟီးဟီး။ 

အဲဒီ အချိန်က အမျိုးသားက ကျမကို ကိုယ်ပိုင် အီးမေး အကောင့် ဖွင့်ပေးမယ်ဆိုတော့ ကျမက “ပိုက်ဆံကုန်တယ် မလုပ်နဲ.”လို. ပြောမိသေးတယ်။ ပိုက်ဆံပေးပြီး ဖွင့်ရတယ် အောက်မေ့လို.လေ။ အမျိုးသားက မဟုတ်ဘူး အလကား ဖွင့်ရတာဆိုတော့ ဝမ်းသာအားရ အဲဒါဆိုရင် ဖွင့်ပါဦးပေါ့။ ဒါပေမယ့် အဲဒီအချိန်က မြန်မာနိုင်ငံမှာ gmail, hotmail ဆိုတာတွေ ပိတ်ထားတော့ ကျမကိုယ်တိုင်တော့ သုံးလို. မရ။ ဒါပေမယ့် သုံးလို. ရတာ မရတာက အကြောင်း မဟုတ်။ ကိုယ်နာမည်နဲ. အီမေးအကောင့် ရှိတယ်ဆိုတာနဲတင် ကျမမှာ ဝမ်းသာလုံး ဆို.နေပြီ ကျမအတွက် ဂုဏ်ယူစရာ တခု။ 

ဒါနဲ. ကျမ အင်္ဂလန်ရောက်လာတော့ အင်တာနက် အီးမေး အလကား သုံးရပါပြီ ဆိုပြီး ဝမ်းသာအားရ ရှိရှိသမျှ အီးမေးတွေ လိုက်ဖွင့်တာ Gmail, hotmail, yahoomail စုံလို.။ တချို.ဆို နာမည် ၂မျိုး account ၂ခု ၃ခုတောင့် ဖွင့်လိုက်သေး ဟီးဟီး။ နောက်မှ accounts တွေ များပြီး လိုက်စစ်ရတာ အချိန်ကုန်လွန်းလို. passwords တွေလဲ မေ့လိုမေ့။ ကိုယ့်ကိုတောင် ဟက်လုပ်တာ ခံရသေး။ ဒါနဲ. နောက်မှ account တစ်ခုပဲ စွဲစွဲမြဲမြဲ သုံးဖြစ်သွားတာ ဆိုပါတော့။

အဲဒီ ရောက်ခါစ အချိန်တုန်းကတော့ ဆေးရုံက အိမ်မှာ ငှားနေတုန်း။ အိမ်မှာ ကိုယ်ပိုင် အင်တာနက် သုံးလို.မရသေး။ ဆေးရုံမှာ အလုပ်လုပ်ပြီးရင် ညနေဆိုရင် လိုင်ဘရီကိုသွား လာသမျှ အီးမေးစစ် ပြန်စရာရှိတာပြန် အိမ်ကို အီးမေးပို.ဆိုတာတွေ လုပ်ရပါတယ်။ အလုပ်တွေကလဲ လျှောက်ထားချိန်ဆိုတော့ ညနေဆို ရင်ခုန်စွာ ဘာသတင်းထူး များရှိမလဲ လို အပြေးအလွှား သွားပြီး အီမေးစစ်ရတာ။ ဘာအလုပ်တွေ ထွက်လဲ အင်တာနက်မှာ သွားရှာရတာ။ ဆေးရုံ လိုင်ဘရီမှာ သုံးရတာဆိုတော့ website တော်တော်များများကိုတော့ သုံးမရအောင် ပိတ်ထားသေးတာပေါ့။

အဲဒီအချိန် ကျမ သုံးတဲ့ ဖုန်းကလေးကလဲ motorola သေးသေးပြားပြားလေး။ ဖုန်ခေါ်တာနဲ. text ပို.တာ ၂ခုပဲ သုံးလို.ရတယ်။ 

ဒီလိုနဲ ၂၀၀၆ - ၂၀၀၈ထိ isle of man မှာ အလုပ်လုပ်တော့ အိမ်မှာ အင်တာနက် သုံးလို.တော့ ရသွားပါတယ်။ ဆေးရုံကအိမ် ဆေးရုံက အင်တာနက်လိုင်း ဆိုတော့ အင်တာနက်ကတော့ နဲနဲတော့ နှေးပါတယ်။ အလုပ်က ပြန်ရောက်မှ ညနေခင်းတွေဆို အိမ် သူငယ်ချင်းတွေဆီကို အီးမေးပို.တာ လုပ်ရပါတယ်။ အဲဒီအချိန်မှာ ကိုရီးယားကားတွေ Youtube ကနေ. ကြည့်ပြီးတော့လဲ မြန်မာပြည်ကို အလွမ်းဖြေရတာ အမော။ 

၂၀၀၈ခုနှစ် Liverpool ပြောင်းတဲ့ အချိန်ကြတော့ အိမ်မှာ အင်တာနက် ဆက်ဖို. ၃ပတ်လောက် စောင့်ရမယ်တဲ့။ ဒါနဲ. အဲဒီ အချိန်မှာ iphone တွေ ပေါ်ခါစ၊ ဖုန်းနဲ. အင်တာနက် သုံးလို.ရတယ်။ အီးမေး စစ်လို.ရတယ်တဲ့။ ကဲ လမ်းသွားရင်း အလုပ်လုပ်ရင်း ... အချိန်ပြည့် အီးမေးစစ်လိုရမယ်တဲ့၊ အဲဒီအချိန်က ကျမလဲ မယုံတဝက် ယုံတဝက် နဲ. ကဲသုံးကြည့်တာပေါ့ဆိုပြီး အဲဒီအချိန်ကစပြီး iphone သုံးလိုက်တာ အခု အထိပဲ ဆိုပါတော့။ အခုတော့ ကျမရဲ. ဖုန်းဟာ ကျမနေ.စဉ် လုပ်နေကျ အလုပ်တွေအတွက် တကယ့် မဖြစ်မနေ အရေးပါတဲ့ အရာ တခုဖြစ်လာပါတယ်။

ကျမအလုပ်အတွက် အီးမေးဆိုတာကလဲ အလွန် အရေးပါတဲ့ အခန်းကဏ္ဍ တခုမှာ ပါဝင်ပါတယ်။ အလုပ်ကိစ္စ အားကစား သမားတွေရဲ. ဒါဏ်ရာ ကျန်းမာရေး ဆိုတာတွေ အီးမေးနဲ.နေ.စဉ် ဆွေးနွေးရပါတယ်။ အခုတော့ အလုပ်ထဲမှာ နဲနဲ အားပြီး ဆိုတာနဲ. ဖုန်းနဲ.ပဲ အီးမေးစစ်တာ ပြန်တာ လုပ်လိုက်တော့ အရင်ကလို ညနေ ဆေးရုံအလုပ် ပြီးတဲ့အထိ စောင့်စရာ မလိုတော့။ အလုပ်ကိစ္စတွေလဲ မနှောင့်နှေးတော့။ ကျမအတွက် ညနေခင်းကလဲ အားတဲ့ အချိန် ပိုများလာတာပေါ့လေ။ အားရင် အားသလို အလုပ်မှာ ပျင်းနေရင် facebook လို twitter လိုတောင် ဝင်စပ်စုတာတွေ မကြာခဏ လုပ်ဖြစ်လိုက်သေး။  

အခုတော့ iphone တင်မက ipad, tablets တွေ အပြင် .... ပို မြန်တဲ့ 4G network, ကိုယ်နဲမကွာ ယူသွားလို.ရတဲ. personal wifi hotspot .... Fibre optic broadband အစရှိသဖြင့် အသစ် အသစ်တွေ ပေါ်လာတာ တခါတလေများ လိုက်လို.တောင်မမှီ။ နောင် ဘာများ ထပ်ပေါ်မလဲ ကျမတို.ရဲ. နေစဉ်ဘဝကို ဘယ်လို သက်ရောက်မှုရှိဦးမလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ပြီး အခုတော့ ကျမရဲ. ပျင်းစရာကောင်းတဲ့ အလုပ်ဘက် ပြန်ဆက်လိုက်ပါဦးမယ်။

4 July 2013

ဆရာဝန် နဲ. လူနာများ

ဒီရက်ပိုင်း Jude Law ရဲ. Side effect ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖြစ်တယ်။ ပထမတော့ ပျင်းလို. အမျိုးသားနဲ. ဘာရယ်မဟုတ် ထိုင်ကြည့်ဖြစ်တာ။ ဆရာဝန်ကားဖြစ်တော့ ပိုစိတ်ပါဝင်စားစွာ ကြည့်မိတယ်။ 

Jude Law က စိတ်ရောဂါကု ဆရာဝန်။ အလွန်တော် အောင်မြင်တဲ့ ဆရာဝန်ကောင်း တယောက်။ မင်းသမီး (Rooney Mara)  က စိတ်ဓါတ်ကျ ရောဂါ ခံစားနေသူ။ သုံးနေကျ ဆေးတွေနဲ. မသက်သာတော့ ဆေးအသစ်ကို သုံးကြည့်တယ်။ အဲဒီ ဆေးအသစ်ကြောင့် မင်သမီးက Sleep Walking (အိပ်နေရင်း လမ်းထလျှောက်တာမျိုး) နဲ. သူ.အမျိုးသားကို သတ်လိုက်ပါရော။ အဲဒီမှာ မင်းသားက အလွန်အောင်မြင်တဲ့ ဆရာဝန်ဘဝကနေ စစ်ဆေးခံရတာ၊ တရားရုံးတက်ရတာ (expert witness အနေနဲ.ပါ) အလုပ်ပြုတ်တာ .... ဆိုတဲ့ ဂရက်ပေါင်းများစွာ သူ.ကိုရိုက်လာပါရော ..

ဆရာဝန်တယောက်ဖြစ်တော့ ကျမတို. လင်မယားအတွက်တော့ အတော် ကြည့်ကောင်းတဲ့ ကားပါ။ သံဝေဂ ရစရာ လူနာတွေနဲ. အထူး ဂရုထားစရာ သင်္ခန်စာတွေလဲ ရစေပါတယ်။
ရုပ်ရှင်ဆိုတော့ နောက်ဆုံးတော့ လှဲ.ကွက်လေးနဲ.ပေါ့လေ။ ဒါကိုတော့ ထဲ့မရေးတော့ဘူး။ Thriller/ Drama စိတ်ဝင်စားရင် ကြည့်ကြည့်သင့်ပါတယ်။

ကျမ လက်ထောက်ဆရာဝန် ဘဝတုန်းက (Foundation Year 2) စိတ်ရောဂါဋ္ဌာန မှာ ၄လ အလုပ် လုပ်ရပါတယ်။ အဲဒီမှာ တွေ.တဲ့ ဆရာဝန်မကြီး တယောက်ပြောဖူးတာ ကျမလုံးဝ မမေ့။ သူရဲ. လူနာတယောက် Manic Depressive disorder နဲ. စိတ်ရောဂါကုဆေးရုံမှာ တက်နေတာ ၆လကျော်။ လူနာလဲ အတော်သက်သာလာပြီဆိုပါတော့။ တသက်လုံး လူနာကို ဆေးရုံမှာ တင်ထားလို.မရ။ လူနာကလဲ အိမ်ပြန်ချင်ဆိုတော့ ၂ရက် အိမ်ခဏ ပြန်ခွင့်ပေးလိုက်ပါတယ်။ အဲဒီမှာ လူနာဟာ Liverpool ဘောလုံးပွဲသွားကြည့်ပြီး သူအားပေးတဲ့ အသင်းရှုံးတော့ စိတ်တို စိတ်ဖောက်လာပြီး ဘေးမှာရှိတဲ့ လူကို ဓါးနဲ. ထိုးလိုက်တာ ပွဲချင်းပြီး သေပါရောတဲ့။ ကျမအသိ ဆရာဝန်မတော့ အဲဒီက စပြီး စိတ်ရောဂါကု ဆရာဝန်မလုပ်ချင်တော့ပါဘူး ဆိုပြီး အရက်စွဲတဲ့ လူတွေကို ပဲကုတဲ့ဘက်ကို ပြောင်းလိုက်တယ်တဲ့။

ဘာရယ်မဟုတ် ပြန်တွေးဖြစ်တာလေးပါ။ ကိုယ့်ကြောင့် တိုက်ရိုက်မဟုတ်လဲ သွယ်ဝိုက်တဲ့ နည်းနဲ. လူတယောက်သေသွားရတာလား။ တရားဥပဒေအရ အရေးယူစရာ မရှိတောင်မှာ ကိုယ့်အသိစိတ်နဲ တသက်လုံး နောင်တတွေရနေစေမလား။ 

19 June 2013

ပိန်ဖို. အစားအသောက်

ဒီရက်ပိုင်း ပိန်ချင်တဲ့ လူနာတွေ တွေ.ရတာ များလွန်းပါတယ်။ ပိန်ချင်လို. ဘယ်လို စားသောက် နေထိုင်ရမယ်ဆိုတာ ခဏ ခဏ အမေးခံနေရပါတယ်။ မကြာခဏလဲ Diet လုပ်တယ် အလေးချိန် ကျတာ ကြာကြာ ထိန်းထားလို.မရဘူးလို ဆိုလာတဲ့ လူတွေ အကြံပေးဖြစ်တာကတော့ 

၁။ တနေ. ရေ ၂လီတာ သောက်ပါ
၂။ gas ပါတဲ့ Carbonated/ Fizzy Drinks (Coke, Diet coke) ဆိုတာတွေ ဟာ လူကို ဝစေပါတယ်။ 
၃။ အရက် မသောက်ပါနဲ.  ... ကယ်လိုရီတွေ သိပ်များတာလေ။
၎။ ကော်ဖီ တနေ. ၃ခွက်ထက် မပိုပါနှင့်။ 

လူတွေ အထင်မှားကြတာက အဆီစားမှ ဝတယ်တဲ့။ အမှန်က ကစီဓါတ်က ပိုဆိုးတာပါ။ ပိုတဲ့ ဂလူးကို.စ် နဲ. အဆီ (free fatty acid)နဲ. ပေါင်းမှ အဆီဆိုတာ ဖြစ်တာကိုး။ လှုပ်ရှားသွားလာမှု အတွက် အင်နာဂျီကလဲ အဓိက ဒီ ကစီဓါတ်ကပဲလာတာ။ အဲဒီတော့ ပိန်ချင်ရင် အဓိက က ကစီဓါတ်လျှော့စား။ တကယ် အလေးချိန်လျှော့ဖို. လိုအပ်နေတယ်ဆိုရင် ကစီဓါတ် (ထမင်း၊ ပေါင်မုန်. အာလူး pasta ဆိုတာတွေ) လုံးဝမစားပဲ တပတ်လောက်သာနေကြည့်

အသားများများစား (White meat လို.ခေါ်တဲ့ ငါး၊ ကြက်သား ဆိုတာတွေက red meat အမဲသားလို ဟာမျိုးထက် ပိုကောင်းပါတယ်)

အရွက်တွေက Fiber ပါတော့ ဗိုက်ပြည့်စေတယ်။ ကယ်လိုရီ နဲတယ်။ ဗိုက်တာမင်တွေ အများကြီးပါတယ်။ စားနိုင်သလောက် အများကြီးကို စားသင့်ပါတယ်။

အသီးအနှံတွေက ကျန်းမာရေး အတွက် ကောင်းပေမယ့်၊ ဗိုက်တာမင်တွေ အများကြီးပါပေမယ့် သကြားဓါတ်တွေလဲ အများကြီးပါကြောင်း သိထားသင့်ပါတယ်။ သကြားဆိုမှတော့ ကယ်လိုရီတွေပေါ့။

ဆီကျော်စာတွေကတော့ ပြောစရာမလို လျှော့ရမှာပေါ့နော။

နွားနို.က ကယ်လ်စီယံပါတယ်။ အရိုး အတွက်ကောင်းတယ်။ ဒါပေမယ့် သူက အဆီတွေလဲ များတော့ ဒီမှာတော့ အဆီထုပ်ထားတဲ့ နို.ကိုသောက်ရပါတယ်။ နို.ထွက်ပစ္စည်းများ ဖြစ်တဲ့ ရေခဲမုန်. အဆီများတဲ့ ဒိန်ချဉ် cream  တို. ဆိုတာတွေကိုလဲ ရှောင်သင့်ပါတယ်။

ဘီစကွတ်၊ ကွတ်ကီး၊ ကိတ်မုန်.ဆိုတဲ့ မုန်. အများစုဟာ ထောပတ်နဲ. သကြားတွေချည်းပဲဆိုတာလဲ သိသင့်ပါတယ်။ ကွတ်ကီး တချပ်စားလိုက်တဲ့ ကယ်လိုရီဟာ ၁၀မိနစ် မြန်မြန် ပြေးဖို. ကောင်းကောင်း လုံလောက်နိုင်တယ်တဲ့။ ဖြစ်နိုင်ရင် အစား ၃နှပ် မှန်အောင်စားပြီး ကြားထဲ သွားရည်စာ မစားတာ အကောင်းဆုံးပါ။ 

ကဲ ဘာမှလဲ အထူးတလည် မကြားဖူး မသိဖူးတာ ထူးဆန်းတာတွေ ကျမရေးထားတာ မဟုတ်။ ဒီက ကျမ လူနာများ တချိန်လုံး ကယ်လိုရီ အရေအတွက် တွက်ပြီး အလေးချိန်ချလို. မအောင်မြင်သူများ အတွက် ကျမ အကြံပေးနေကျ စကားလေးတွေပါ။ ဒါလေးတွေကို လိုက်နာလိုက်ရင် အလေးချိန် ကျမကျ တော့ ကျမ မသိ။ ကျန်းမာရေးအတွက် ပို ကောင်းသွားမှာကတော့ အမှန်။

18 June 2013

မြန်မာ ကွ

ဒီရက်ပိုင်း အင်တာနက်မှာ မြန်မာမလေး တယောက်ကို တဘက်သက် ရင့်ရင့်သီးသီး တိုက်ခိုက်ထားတာ ဖတ်လိုက်ရပြန်တယ်။ အမှန်တော့ ဒီလို ရင့်သီး ကြမ်းတမ်းတဲ့ စကားတွေနဲ. အင်တာနက်ပေါ် ဆဲတာ ဆိုတာတွေဟာ စိတ်ဓါတ်ကျစရာ မကြာခဏကို တွေ.မြင်နေရတာပါ။ 

ကျမ မြန်မာဖြစ်ရတာ ဂုဏ်ယူပါတယ်။ အလွန်လှပတဲ့ တိုင်းပြည်မှာ မွေးပြီး ကြီးပြင်းခဲ့ ပညာသင်ကြားခဲ့ရတာတွေ ဒီမှာ အမြဲ ဂုဏ်ယူစွာ ပြောပြနေကျ။ 

ဒီက အသိတွေ “နင်ရဲ. တိုင်းပြည် အကြောင်းပြောပြပါဦး” မေးလာခဲ့ရင် မဆိုင်းမတွ ... ငါတို.တိုင်းပြည် ဘယ်လောက်လှကြောင်း သယံဇာတတွေ ဘယ်လိုပေါကြောင်း တိုင်းသူပြည်သားတွေ ဘယ်လောက် ရိုးဖြောင့်ပြီး သဘောကောင်း ကူညီတတ်ကြောင်း။ အချင်းချင်းနာလည်လွယ် သဘောထားကြီးကြကြောင်း၊ အလွန် ဧည့်ဝတ်ကြေပြီး အားနာတတ်ကြောင်း .. အစရှိသဖြင့် ရှည်လျှားစွာ ရှင်းပြတတ်ပါတယ်။ 

ဒါပေမယ့် အခုနောက်ပိုင်း မြန်မာပြည်မှာ အင်တာနက်တွေ အသုံးများလာတော့ မြန်မာ ဝက်ဘ်ဆိုဒ်တွေ ပေါ်လာတယ်။ မြန်မာ အင်တာနက် အသိုင်း အဝိုင်း၊ ဆိုရှယ် ဝက်ဘ်ဆိုဒ်တွေ ဆိုတာ ရှိလာတယ်။ အဲဒီတော့မှ တွေ.လိုက်ရတဲ့ ရုတ်ရင်း ကြမ်းတမ်းတဲ့ စကားတွေ၊ ကွန်မန်.ပေးထားတာတွေ အင်တာနက်ပေါ် တက်ဆဲထား ဆိုထားတာတွေဟာ မမြင်ချင်မှ အဆုံး တွေ.ရ မြင်ရ ဖတ်ရပါတယ်။ ပြောထားတဲ့ စကားတွေ အများစုဟာ တကယ် မကြားဝံ့ မနာသာတွေရယ်ပါ။ ဖတ်ရတာ တွေ.ရတာတောင် မျက်စိရှက်ဖို.တောင် ကောင်းပါတယ်။ 

ဒီတော့ ကျမတွေးမိတာက ကျမထင်တဲ့ သိပ်ကို ယဉ်ကျေသိမ်မွေ.တဲ့ ကူညီတတ်တဲ့ မြန်မာတွေဆိုတာ ကျမရဲ. စိတ်ကူးယဉ် အိပ်မက်ထဲက ဂယောင်ခြောက်ခြား ထင်မြင်ချက်တွေပဲလား ဆိုတာ။ မြန်မာလူမျိုးဆိုတာ တကက် လက်တွေ. ဘဝမှာတော့ အခုလို မိုက်ရိုင်းတဲ့ ရင့်သီးတဲ့ စကားတွေပဲ ပြောတတ်တဲ့ လူတန်းစား တခုပဲ လားဆိုတာ။ အခုတလော ဂယက်ရိုက်နေတဲ့ ဘာသာရေး နိုင်ငံရေး ကိစ္စများလဲ အပါအဝင်ပါ။ တချို.တွေရဲ. ငါပြောတာပဲမှန်တယ်၊ ငါ့ ခံယူချက်နဲ.မတူရင် ဝင် ဆဲလိုက်မယ်၊ မိုက်မိုက်ရိုင်းရိုင်း ဝင်ဆော်ထဲ့လိုက်မယ် ဆိုတဲ့ လူမျိုးတွေ အများကြီးပဲ တွေ.နေရတာ တကယ် စိတ်ဓါတ်ကျဖို. ကောင်းလှပါတယ်။ လူတိုင်း ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲခွင့် ရှိရမယ် မဟုတ်ဘူးလား။

လူဆိုတာ ကိုယ်ဘယ်ကလာတယ် ဆိုတဲ့ ကိုယ့်ရဲ. ဇာတိဇာတ်မြုပ် Root ကို မရှက်သင့်ဘူးလို ကျမယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလို အင်တာနက်မှာ ဖတ်ရတာတွေ များလာတော့ တခါတလေတော့ ကျမ မြန်မာ ဖြစ်ရတာ ရှက်မိတယ်။ အဲလို ရှက်မိတဲ့ အတွက်လဲ့ ကျမကိုယ် ကျမ မသိုးမသန်. လိပ်ပြာမသန်.ဖြစ်ရပြန်ရော .... နောက်ဆုံးတော့ ကိုယ့်ရဲ. စိတ်ကူးယဉ် ကမ္ဘာလေးထဲမှာပဲ ကျမ ပြန်နေတော့မယ်လို. ဆုံးဖြတ်လိုက်တယ်။ ဒီ အင်တာနက် သုံးပြီး ရိုင်းစိုင်းတဲ့ သူတွေဟာလဲ မြန်မာလူမျိုးအားလုံး ရဲ. ပုံရိပ် ကိုယ်စားပြုတာ မဟုတ်ပဲ မြန်မာတွေထဲကမှ လူအနည်းစုလေးပဲ ဖြစ်ပါစေလို. ဆုတောင်းမိပါတော့တယ်။

11 June 2013

Extremists

ဒီနေ. အလုပ်ထဲမှာ အားကစား သမားတွေ ကြည့်နေတုန်း ဘေးနားက ဖွင့်ထားတဲ့ TV က Sky News မှာ မြန်မာနိုင်ငံ အကြောင်းပြတာ ပါလာပါတယ်။ ကျမလဲ အာရုံကို အထူးစိုက် ဘာတွေ ဖြစ်နေတာလဲ ပေါ့။ ဘေးက သူငယ်ချင်းတွေကိုလဲ ဂုဏ်ယူဝံ့ကြွားစွာ ဒါ ငါ့ကို မွေးပြီး ကြီးပြင်းခဲ့တဲ့ ငါ့ရဲ. တိုင်းပြည်ပေါ့လို.လဲ ပြောလိုက်သေး။ 

အဲဒီတော့ သူငယ်ချင်းတွေက ဘာတွေ ဖြစ်နေတာလဲ .. ဘာကြောင့် ဒီလူတွေ တဲထိုးပြီးနေရတာလဲ။ လူတွေ အတော် ဒုက္ခရောက်တဲ့ ပုံဘဲဆိုတာက စပြီး အခု လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေရတဲ့ ဆူပူမှုတွေနဲ. ပက်သက်ပြီး ဆွေးနွေးတဲ့ ဆီရောက်သွားပါတယ်။ 

ဒီမှာ သူငယ်ချင်းတွေကပြောတာ အစ္စလာန်က အစွန်းရောက်တွေ များပြီး ဆူပူမှုတွေ အတော်လုပ်တာ ငါတို.အားလုံး အသိပဲ။ ကမ္ဘာတဝှမ်းမှာ အတော်ဖြစ်တာပဲ။ ဒါပေမယ့် Buddhist extremist ဆိုတာ တခါမှ မကြားဖူးပါဘူး။ ဘာကြောင့်များ buddhist တွေပါတဲ့ ဘာသာရေး အထိကရုဏ်းတွေ ဖြစ်တာလဲတဲ့။

ကျမလဲ လူနာကြည့်နေရင်း တန်းလန်းဆိုတော့ ပြန်ရှင်းချက် ငြင်းချက် ဆွေးနွေးတာတွေ ပြန်မလုပ်နိုင်ခဲ့ .. စိတ်ထဲမှာတော့ အတွေးတွေ မေးခွန်းတွေ ထပ်သွားမိတာ အမှန် .....။

9 June 2013

မှတ်မိစေတဲ့ စကားလေး

သူငယ်ချင်း တယောက်က ပြန်ပြောတဲ့ စကားလေးပါ။

သူမ ဆေးရုံရဲ. အရေးပေါ်ဌာနမှာ တာဝန်ကျနေတုန်း အသက် ၉၃နှစ်အရွယ် အဖွားအို တယောက် ဝင်လာတယ်တဲ့။ သူမဟာ ၉၃ နှစ်ဆိုတဲ့ အရွယ်နဲ. မတန်အောင် အလွန် သန်သန်မာမာ ဖြတ်ဖြတ်လတ်လတ် နဲ. ပြောဆို လှုပ်ရှားနေတာကို တအံ့တအော တွေ.ရတယ်တဲ့။ သူမကို ကြည့်ရတာလဲ စိတ်ချမ်းသာစရာ ပြုံးလို. ရွှင်လို. မွန်ရည်စွာ ပြောဆိုနေတာ၊ မှတ်ဥာဏ်ကလဲ ပြောစရာမရှိ အလွန်ကောင်းဆိုပဲ။ 

ဒါနဲ. ကျမသူငယ်ချင်းက သူ.နားကပ်ပြီး  ”အဖွားကြည့်ရတာ အလွန် စိတ်အေးချမ်းပြီး အပူကင်း သလို အသက်အရွယ်နဲ.လဲ မလိုက်အောင် အလွန် ကျန်းမာတယ်နော်။ ဘာလျှို.ဝှက်ချက်များရှိလဲ။ ပြောပြပါဦး။” ဆိုတော့ 

အဖွားအိုက ပြန်ပြောတာ

“ကိုယ် ချစ်တဲ့ သူနဲ. လက်ထပ်တယ်
နေ.စဉ် တွေ.တဲ့လူနဲ. ခင်အောင်ပေါင်း
အပျင်းမထူပဲ အလုပ်များများ လုပ်၊ 
အရေး အကြီးဆုံး အချက်ကတော့ ကိုယ်မလုပ်နိုင် မရနိုင်တဲ့ ကိစ္စတွေ၊ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေကို တနုံ.နုံ. ပြန်တွေးနေတာ မလုပ်ပဲ .. နောင်တတွေ မရနေပဲ ဖြစ်လာသမျှကို လက်ခံနိုင်အောင် ကြိုးစားနေထိုင်တာပဲ။” တဲ့

ခုခေတ် လူအတော်တော် များများမှာ စိတ်ဖိစီးမှုတွေ အတော် များများနဲ. နေ.စဉ် နေထိုင်နေကြပါတယ်။ ဘာကြောင့်လဲ သေသေချာချာ ပြန်တွေးလိုက်မယ် ဆိုရင် အဖွားအို ပြောသလို ဖြစ်လာသမျှကို လက်ခံ နိုင်တဲ့ စိတ်မရှိကြလို.ပါ။ လိုချင်တာတွေ ဖြစ်ချင်တာတွေက အလွန်များနေကြတာ။

ကျမ ကိုယ့်ကိုယ် တွေးမိတာက ကျမသာ “ဘယ်အရာ မဆို အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်၊ မှန်းတဲ့ အတိုင်း ဖြစ်မလာတော့လဲ နောင်တ ဆိုတာ မရှိဘဲ လက်ခံနိုင်အောင် ကြိုးစားနေထိုင်မယ်ဆိုရင်” အဖွားအိုလိုများ ကျမ အသက် ရာနားနီးတဲ့အထိ ပျော်ရွှင် ကျန်းမာစွာ နေထိုင်နိုင်မလားဘဲ

7 June 2013

ဒီမိုကရေစီ လေလား

ဒီရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အကြောင်း အကောင်းရော အဆိုးပါ ဝေဖန်ထားတာတွေ အတော်များများ တွေ.ရ ဖတ်ရပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ. လမ်းစအနေနဲ. ကိုယ်ရဲ. ခံစားချက် ထင်မြင်ချက်တွေ ပွင့်ပွင့်လင်းလင်း ပြောလို.ဝေဖန်လို. ရတာကိုတော့ ကျမ အတော် ဝမ်းသာမိပါတယ်။

ဒါပေမယ့် နိုင်ငံရေးမှာ အတော် များများဟာ ဒါမှန်တယ် ဒါမှားတယ်လို. တိုင်းတာလို. ရနိုင်တဲ့၊အဖြူအမဲ ခွဲခြားလို.ရနိုင်တဲ့ အရာတွေ မဟုတ်ဘူးလို. ကျမထင်ပါတယ်။ လူတယောက်က ဒါကို မှန်တယ်ထင်ပေမယ့် တခြားတယောက်ဘက်က ကြည့်ရင် မှားတယ်လို. မြင်ချင် မြင်မှာပါ။ ဒီလိုပဲ လူအများက ဖြူတယ်ထင်တာနဲ. အမဲကနေ အဖြူဖြစ်မသွားပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ညွှန်ပြတဲ့ နည်းလမ်းတွေကိုလဲ ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ.သူတွေလဲ ရှိမှာပါဘဲ။ ကျမ ကိုယ့်ကိုယ် ပြောနေကျ၊ အားပေးနေကျ စကားလေး တခွန်းကို အမှတ်ရမိတယ်။ "You can not please everybody" ဗုဒ္ဓဘုရားတောင် သူ.ကို ရန်ငြှိုးထားတဲ ဒေဝဒတ်ရှိသေးတာ။ သာမန်လူသားတွေမှာ ဆိုရင်တော့ ကိုယ်ကို သဘောကျတဲ့သူ ရှိသလို ကိုယ့်မကြိုက်တဲ့သူ မုန်းတဲ့သူဆိုတာ ပိုတောင်များဦးမယ် ထင်ပါတယ်။

ကျမကို ဒေါ်အောင်းဆန်းစုကြည် ထောက်ခံလား မေးလာမယ် ဆိုရင် သူ.ရဲ. ကိုယ်ရေးမကြည့်ပဲ တိုင်းပြည်အတွက် အနစ်နာခံတာလေး တချက်နဲတင် သူ.ကို ထောက်ခံပါတယ်။ သူမ အကျယ်ချုပ်က လွှတ်ပြီး ပါတီထဲ ဝင်ခါစက သူမ နာမည်ကြီး သလောက် တကယ်ရော လုပ်နိုင်ပါ့မလား ဆိုတဲ့ အတွေးမျိုးတွေ သံသယတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် သူ.မရဲ. နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကနဲ. အင်္ဂလန်မှာ ပြောခဲ့တဲ့ မိန်.ခွန်း စကားတွေ ကြားပြီကထဲက အဲဒီ သံသယတွေဟာ လုံးလုံး ပျောက်သွားခဲ့ပါပြီ။ တိုင်းပြည် ကြီးပွားအောင် အများကြီး နောက်ကျ ကျန်ခဲ့တဲ့ ကျမတို. အမိနိုင်ငံကို လမ်းအမှန်ပြန်ရောက်အောင် သူမပြန်ဆွဲတင်နိုင်လိမ့်မယ်လို ကျမ အခုတော့ ယုံကြည်မိသလို ဆုလဲတောင်းပေးမိပါတယ်။ လူအများ သဘောကျအောင် သူပါတီနိုင်အောင်ဆိုတဲ့ စိတ်လေးနဲပဲ အများအကြိုက် နိုင်ငံရေး မလုပ်ပဲ သူမ မှန်တယ် ထင်တာကို ရဲရဲဝံ့ဝံ့ ပြောရဲတဲ့ သူမစိတ်ထားကိုကတင် အလွန် လေးစားစရာ ကောင်းနေပါပြီ။ မျက်တမှိတ် လျှပ်တပျက် အတွင်းတော့ အရာအားလုံး ပြောင်လဲ မသွားနိုင်။

ဒီရက်ပိုင်း အတွင်းသတင်း တခုကြားမိတယ်။ နိုင်ငံ အကြီးအကဲဟောင်းကြီးရဲ. ရန်ကုန်ရဲ. ဈေးအကြီးဆုံးနေရာမှာ ရှိတဲ့ ဧက ပေါင်းမျာစွာ ကျော်တဲ့ ခြံကြီး အကြောင်းနဲ.၊ သိန်းသောင်းချည်တန်တဲ့ ဈေးအကြီးဆုံး ရပ်ကွက်တွေထဲက ခြံပေါင်း မြောက်များစွာတို.ရဲ. အကြောင်းပါ။ .........   ကဲနိုင်ငံ ဆင်းရဲတာ ဘာကြောင့်လို ထင်ပါလဲ ....

ကိုယ်က ဒီမိုကရေစီ နိုင်ငံ လိုချင်ရင်တော့ ..... ဒီမိုကရေစီနဲ. အတူပါလာတဲ့ ကောင်းကျိုးရော ဆိုးကျိုးပါ အတူ ဝေမျှ ခံစား စံစားကြရမှာပါပဲ။ အရာရာ တိုင်းမှာ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေတယ်တဲ့။

ဒေါ်စု မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပြီး မန်ဒီဘားလို လီကွမ်ယုလို တိုင်းပြည်ကို ခေါင်းဆောင်နိုင်ပြီး တိုင်းပြည် တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်ကောင်းကြီး တယောက် ဖြစ်ပါစေလို. 

6 June 2013

ဘရာဇီးနဲ. မြန်မာ

မေမေ့ဆီ ဖုန်းခေါ်တော့ ဖေဖေတို. ရုံးမှာ မြန်မာရောက်နေတဲ့ နိုင်ငံခြားသားတယောက် ရောက်နေကြောင်း။ သူ.အမျိုးသမီးက ဘရာဇီးသူဖြစ်ပြီး မြန်မာပြည်ဟာလဲ ဘရာဇီးနဲ. အတော်တူကြောင်း ပြောသွားကြောင်း မေမေက ပြန်ပြောပြပါတယ်။ 

ဒါနဲ. ကျမ အရင်နှစ်က ဘရာဇီးကို အားကစား အလုပ်တခု.နဲ Great Britain School Game teams နဲ. လိုက်သွားတုန်းကလဲ အဲလိုပဲ တွေးခဲ့မိတာ “ဒီနိုင်ငံက ငါတို. မြန်မာပြည်ကြီးနဲ အတော် တူပါလားလို.” တွေးခဲ့ ပြောခဲ့တာ အမှတ်ရမိပါတယ်။

ညည အင်းဆက်အော်သံလေးတွေကြားရတာ။ ဒါကို အင်္ဂလန်က အပေါင်းအသင်းတွေက အဲဒါ မီးကြိုးတွေထဲ လျှပ်စီးဖြတ်စီးတဲ့ အသံဆိုပြီး ခံငြင်းလို. ကျမမှာ ရယ်ခဲ့ရသေး။ ပင့်ကူပေါတာ၊ မြွေရှိတာ၊ ခြင်ကိုက်တာတွေ အားလုံး တူမှတူ။ နှံကောင်တွေ တောက်တဲ့တွေ တွေ.လို. ဓါတ်ပုံ ပြေးရိုက်တဲ့သူတွေ ပြေးရိုက်ကြ။ ပင့်ကူအိမ်တွေပါ မချန် ဓါတ်ပုံတွေ ပြေးရိုက်၊ ဒီလောက်ကြီးတဲ့ ပင်ကူအိမ် မတွေ.ဘူးဘူးဆိုပြီး အံ့တွေသြကြ။ ထွက်ပြေးတဲ့သူတွေက ပြေးကြနဲ.ရယ်ပါ။ မှတ်မှတ်ရရ ဟိုတယ်ဧည့်ဆောင်ထဲ အားလုံး စုထိုင်နေတုန်း အသင်း မန်နေဂျာ အမျိုးသမီး ရင်ဘတ်ထဲကို ပိုးကောင်လေးတကောင် ပြုတ်ကျလို. သူမမှာ အာပြဲကြီးနဲ. အော်ပြီး ထခုန်တာ။ တော်သေးတယ် ပိုးကောင်လေးက ထွက်ကျသွားလို.။ နိုမဟုတ်ရင် ”ငါတော့ အားမနာနိုင်ဘူး၊ မထွက်လာရင် အကျိံဆွဲချွတ်တော့ မလို.တဲ့” ကဲ ...အဲလို သဲသဲပိုကြတာ အဟဲ။

4 June 2013

Population explosion

အရင် တပတ်က ဆွီဒင်သွားတော့ အားနေတဲ့ အချိန်တွေမှာ Dan Brown ရဲ. Inferno ဝတ္ထုကိုဖတ်ဖြစ်ပါတယ်။ သူ.ရဲ. ရေးနေကျ စတိုင်အတိုင်း Theme တခုခုကို အခြေခံ စာရေးတတ်တာ ဒီတခါမှာတော့ ကမ္ဘာကြီးမှာ လူဦးရေ တအားထူထပ်လာတဲ့ Population Growth အကြောင်းကို အခြေခံရေးထားပါတယ်။ 

စာအုပ်ဖတ်ပြီး အတွေး တချို.ဝင်လာပါတယ်။ ပုံပြထားတဲ့ Graph နဲ. တွက်ချက်ကြည့်လိုက်မယ် ဆိုရင်၊ အခုအတိုင်းသာ ဆက်သွားမယ် ဆိုရင်ပေါ့ နှစ် ၁၀၀ အတွင်းမှာပဲ Population Explosion နဲ. လူသားဆိုတဲ့ အမျိုးအနွယ် ပျောက်ကွယ်သွားနိုင်တယ်တဲ့။ စာရေးဆရာ ဥပမာပေးထားတာက ရေကန်ထဲမှာ ပေါက်နေတဲ့ ရေညှိပင်လေးတွေ၊ တအား ပွားပြီး တအား များလာတယ် ဆိုပါတော့။ ရေကန်ကသေးသေးနဲ. အားလုံး ရေညှိတွေ ပြည့်ကျပ်သွားတော့ သူတို.အတွက် လိုအပ်တဲ့ အောက်စီဂျင် အစာ အဟာရတွေ မလုံလောက်တော့ အပင်တွေ အကုန်သေကုန်ရောတဲ့။ 

လူတွေလဲ အတူတူ ဆက်သာ ပွားများနေမယ် လူဦးရေတွေ ပိုထူထပ်လာမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ရှိတဲ့ မြေကြီးနဲ. နေဖို. မလုံလောက်နိုင်တော့၊ ထွက်တဲ့ အသီးအနှံ အာဟာရတွေက လူတွေအားလုံး အတွက် မလုံလောက်နိုင်တော့ ဖြစ်လာမယ်ဆိုရင် .... ဆက် မတွေးရဲ စရာကြီးပါ။