Menu bar

12 March 2012

မိုက်ကယ်ဂျက်ဆင်ရဲ. သီချင်း တပုဒ်

ငယ်ငယ် တုန်းက ကျမ မိုက်ကယ်ဂျက်ဆင် ဆိုရင် အလွန်ကြိုက်ပါတယ်။ ငယ်တုန်းဆိုတော. အထူးသဖြင်. သူ ရဲ. စတိတ်ရှိုးနဲ. သူ က တာတွေ MTV တွေကိုပါ။ ကြည်.လို. အင်မတန်ကောင်းတာကိုး နော။ 

မနေ.ညက အလုပ်ကနေ ကားမောင်းပြန်လာတုန်း သူရဲ. 'Man in the Mirror" လို.ခေါ်တဲ. သီချင်းတပုဒ် ရေဒီယိုကလွှင့်လာပါတယ်။ အမှတ်တမဲ. တေးသွားလေး လိုက် ညည်းမိရင်း သေသေချာချာ နားထောင်တော.မှ သြော် တော်တော် မှန်တာပဲ။ တော်တော် အဓိပါယ် ရှိတဲ. သီချင်းပဲ လို. တွေးမိပါတယ်။ 

သီချင်းလေးက ရှင်းရှင်းလေးရယ်ပါ။ လူတယောက်။ ပြူတင်းပေါက်ရဲ. အပြင်မှာ စားစရာ မရှိတဲ့ ခလေးငယ်တွေ။ နေစရာ အိမ်မရှိတဲ. သက်ကြီး ရွယ်အိုတွေ။ ပိုက်ဆံ တပြားမှ ကုန်းကောက် စရာ မရှိတဲ. သူတွေ။ နှလုံးကွဲကျေ။ အိပ်မက်တွေ ပျက်စီးသွားရတဲ. သူတွေ။   ဒီလူက ဒါတွေ အားလုံးကို ပြောင်းလဲပေး ချင်တယ်။ ဒီကမ္ဘာကြီးကို ပိုကောင်းတဲ. နေရာ တခု ဖြစ်လာစေ ချင်တယ် 
ဒီတော့ ...  ဘယ်လိုလုပ်ရမလဲ ဆိုတော.


အဲဒီလူဟာ မှန်ထဲကို ကြည့်လိုက်ပြီး အဲဒီ မှန်ထဲမှာ မြင်နေရတဲ. သူကို ပြောလိုက်တယ်က မင်းကစပြီးပဲ  ပိုကောင်းတဲ. လူတယောက်ဖြစ်အောင် ကျိုးစားရမယ်။ ဒီမှန်ထဲ ကလူကပဲ စပြီးပဲ ပြောင်လဲမှုတွေ လုပ်ရမယ်ပေါ့ ...။

ဘယ်လောက်မှန် လိုက်တဲ. စကားပါလဲ။    ကမ္ဘာကြီးပူနွေး လာတာတွေ။ နိုင်ငံရဲ. စီးပွားရေး စနစ် မကာင်းတာတွေ။ တိုင်းပြည်ရဲ. ပညာရေးစနစ် ရဲ. အားနဲချက်တွေ .... ကြီးကြီး ကျယ်ကျယ် စကားတွေ ပြောပြီး  ထိုင် ညည်းငြူ နေမယ်. အစား။ သူများတွေကို ဝေဖန် အပြစ်တင်နေမယ်. အစား။ မှန်ထဲ မှာ မြင်ရတဲ. ကိုယ် က စလို. ပိုကောင်းတဲ. လူတယောက် ဖြစ်လာ အောင် လူတိုင်းကသာ ကျိုးစားကြမယ် ဆိုရင် ...


ဒီသီချင်းနဲ. အတူ  မိုက်ကယ်ဂျက်ဆင်ရဲ.  အဓိပါယ် ရှိလှတဲ.  နှလုံးသား ထိစေတဲ. သီချင်းများစွာကို သတိရမိရင်း သူ.ကိုလဲ  ကောင်းရာ သုဂတိ လားပါစေလို. ဆုတောင်းပေးမိပါတယ်။