ဆေးရုံမှာ အလုပ်လုပ်တယ်ဆိုတာ တခါတရံ တော. အလွန်စိတ်ဖိစိမှု များနိုင်ပါတယ်။ တခါတလေ အရမ်း နေမကောင်းတဲ့ သူတွေလာရင် တိုက်ပွဲ တခုဝင်နေရသလို ကိုယ်က အနိုင်ရပြီး ဒီလူကို ကယ်တင်နိုင်အောင် အလွန် စိတ်အေးအေးနဲ. ကျိုးစားရပါတယ်။ တချို.တွေကတော့ ဒါမျိုး ကိစ္စကြုံပြီဆို ရင်ခုန် စိတ်လှုပ်ရှား တာတွေများ၊ စိတ်ပူတာတွေများ၊ တွေ.ရာလူတွေ အော်လိုအော်။ ပြာယာတွေခပ်။ သူ.ကိုကြည့်ပြီး အတူအတူ လုပ်ကိုင်နေတဲ့ လူတွေလဲ သူကြောင့် ပို ပူပင်စိတ်ညစ်။ ဘာလုပ်လို. ဘာကိုင်ရမှန်း မသိတော့။ သူက တည်တည် ငြိမ်ငြိမ် ဦးမဆောင်နို်င်တော့ ဘယ်သူကရော သူ.ကို ယုံကြည်စွာ အားကိုးနိုင်ပါတော့ မလဲ။
ကျမ အနေနဲ.လဲ စိုးရိမ် ပူပန်ပြီး ပြာယာခတ်ရသည့် အခြေအနေမျိုးတွေ မကြာခဏ ကြုံရပါတယ်။ လူတယောက် သေကောင်ပေါင်းလဲ အခြေအနေမှာ ကိုယ်ကလဲ ဘာရောဂါမှန်း ဝေခွဲမရတဲ. အခါမျိုး။ ရောဂါ သိပေမယ့်လဲ (ဥပမာ မော်တော်ဆိုင်ကယ် မှောက်ပြီး ခြေထောက်ပြတ် နံရိုးကျိုး ဗိုက်ထဲသွေးယို) ဒီလူဟာ သေမလား ရှင်မလား မသိရတဲ့ အခြေအနေမျိုး။ ဒါမျိုးတွေမှာ သွေးအေးအေးနဲ. ဦးဆောင်လုပ်နိုင်ဖို. ဆိုတာ မလွယ်ကူသော အခြေအနေပါ။
ကိုယ်ငယ်စဉ် ဂျူနီယာ ဘဝတုန်းက အကြီး ဆရာဝန် တော်တော်များများရဲ. ဥပမာများကို တွေ.ဖူးခဲ့ပြီးပါပြီ။ ခေါင်းဆောင်မှ ယုံကြည်မှု အပြည့်ဖြင့် တည်ငြိမ်စွာ ဦးဆောင်နိုင်ပါမှ ကိုယ် လက်အောက် ငယ်သားများလဲ ယုံကြည်မှု အပြည့်နဲ. ခေါင်းဆောင်နောက် ကို လိုက်နိုင်မှာပါ။ ဒီဥပမာတွေကို ပြန်တွေးပြီး တခါတရံ ကိုယ့်ရင်ထဲ ဘယ်လောက်ပဲ မီးတောက်နေပါစေ။ အပြင်ပန်းမှာတော့ အေးဆေး တည်ငြိမ်စွာ ဦးဆောင်နိုင်အောင် ကျိုးစားရပါတယ်။ ကိုယ်ပူနေတာ မပြမိအောင် ကျိုးစားရပါတယ်။
ဟိုးတလောက ကမ္ဘာ့ တန်းခုန် Gymnastics အားကစားပွဲကို ဆရာဝန် တယောက် အနေနဲ. သွားရတဲ့ အဖြစ်ကိုလဲ သတိရမိပါတယ်။ အင်တာနေရှင်နယ် အားကစားပွဲ ဆိုတော့ မစခင်ကတဲ က အားလုံးက အလွန်စိတ်ပူပြီး ပြင်ဆင်မှုတွေ တအား လုပ်ထားပြီးသားပါ။ ဒီအားကစားနည်းက ထိခိုက် ဒဏ်ရာရ ဖို.ကလဲ လွယ်တယ်ဆိုတော့ ဒဏ်ရာရ သူကို ဘယ်လို ကုမယ် ကယ်ထုတ်ရမယ်ဆိုတာ အားလုံး အထပ်ထပ် အခါခါ အလေ့အကျင့် တွေလုပ်ထားရပါတယ်။ တကယ့် တကယ် ဒါဏ်ရာရတဲ့ သူလဲရှိလာရော အမျိုးသမီး (Physio) ၂ ယောက်ဟာ အသားကုန် စိတ်တွေ လှုပ်ရှား ပြာယာတွေခပ်။ သူတို.နှစ်ယောက်ကြောင့် ဒဏ်ရာရတဲ. အားကစားသမားလဲ ပူပန်မှုတွေပို။ ဘေးကလူတွေကလဲ ဘာလုပ်ရမှန်းမသိတော့။ အဲဒီ ပြိုင်ပွဲ လုပ်တဲ့ ၂ ပတ်လုံးမှာ ဒဏ်ရာရသူကို ကုရတာထက် သူတို. ၂ယောက်ကိုပဲ အားလုံး အဆင်ပြေကြောင်း၊ စိတ်ပူဖို.မလိုကြောင်း အထပ်ထပ် အခါခါ အားပေးစကားပြော နေရတဲ့ အချိန်တွေကပဲ ပိုမယ်ထင်ပါတယ်။
ဒါတွေကို ကြည့်ပြီး ကိုယ့်ကြောင့် ကိုယ့်ဘေးကလူတွေကို စိတ်မပူပင် မဆင်းရဲရအောင် ဘယ်လို လူသားတဦး ဖြစ်အောင် နေရမယ်ဆိုတာ ပြန်သုံးသပ်မိပါတော့တယ်။