Menu bar

13 March 2012

မကျန်းမာသော အခါ

ငယ်က စာစီစာကုံးများတွင် ထဲ့ရေးခဲ့ ဘူးပါသည်။ ကျန်းမာခြင်း၏  တန်ဖိုးကို မကျန်းမာသော အခါမှ သိရသည်တဲ့။  ဒီနေ.  အိပ်ယာက နိုးလာတော့ ကိုယ်က ပူနေသည်။   နေလို.က မကောင်း။  ဘာကြောင့် ဖျားရမှန်းလဲ မသိ။  ချောင်းမဆိုး၊ လည်ချောင်းမနာ၊ ဗိုက်မအောင့်၊ ဝမ်းလဲ မသွား။  အလုပ် သွားရမဲ့နေ.မို.  နေမကောင်း  SICK CALL လဲ မခေါ်ချင်။ ဒါနဲ.  ပါရာစီတမောလေး သောက်ပြီး  အဖျားကျလာတော့ အလုပ်ကို သွားလိုက်မိသည်။  

အလုပ်ထဲရောက်တော့  မေ့မေ့ ပျောက်ပျောက်  အလုပ်လုပ် နေရင်းမှ လူနာ အမျိုးသမီးတယောက် မရပ် မနား ပြောနေသည်များကို နားထောင်ရင်း  ခေါင်းကမူးလာသည်။  ဒီလူနာက တကယ်တော့  ဘာမှ ဖြစ်တာလဲ မဟုတ်။  သူ.ကိုသူ ကိုယ်ဝန် ရှိနေသည်လို. ထင်သည်။  ဆီးထဲမှ ကိုယ်ဝန်  ရှိမရှိ စမ်းသပ်တော.  Negative ထွက်လာသည်။ သွေးအဖြေကလဲ (beta HCG) Negative။ ဒါပေမယ့်  သူမက မကျေနပ်နိုင်သေး။ သူ.ကိုယ်သူ  ကိုယ်ဝန် ရှိနေသည်ဟု တထစ်ချ ယုံကြည်သည်တဲ့။  ဆီးစစ်တာ  နဲနဲ စောနေသေးတာလဲ  ဖြစ်နို်င်ပါသည်  ပြောတော့လဲ  မရ။  ဗိုက်ကလဲ  အောင့်သည်တဲ့။  ဗိုက်အောင့်ရင် ဆေးသောက်မလား ဆိုတော့ လဲ  မသောက်ချင်ဘူးတဲ့။  ဒါဆိုဘာလုပ်ပေးရ မလဲဆိုတော့လဲ  သူ.မှာ အဖြေမရှိ။  သူကိုယ်ဝန်  ရှိနေတာပဲ  ဖြစ်ရမည်ဆိုပြီး  အစကနေ ချီပြီး  တောက်လျှောက်  မရပ်မနား  နာရီဝက် လောက်ကြာအောင် တခါ  စပြောပြန်သည်။  
ခါတိုင်းဆိုရင်တော့  အတတ်နိုင်ဆုံး  စိတ်ရှည် သီးခံပြီး  နားထောင်ပေးဖို.  ကျိုးစားပေမယ့်  ဒီနေ.တော. ကိုယ်ကိုယ်တိုင်ကလဲ  နေမကောင်းချင်ဆိုတော့ စကားကို ဖြတ်ပြီး  OG တယောက်နဲ.  ကြည့်ခိုင်းပေးမယ်။ ကိုယ်လက်ကလွတ်  ဗြွတ် လို.ပဲတွေးမိတော့သည်။  သူမ လုပ်တာနဲ.   ကိုယ်ကိုယ်တိုင်  လဲ  ခေါင်းထဲက တော်တော်မူးပြီး  အန်ချင် သလိုတောင်  ဖြစ်လာရတော့သည်။  ဒါနဲ.  သူမ အခန်းထဲက  ထွက်လာတော့  သူမက  အလျှော့  မပေးချင်  ကိုယ့်နောက် ကို တကောက်ကောက် လိုက်ပြီး   ဆက်ပြောနေသေးသည်။   စိတ်ထဲမှာတော့  သြော် လူတွေ လူတွေ  သူတို.  ကိုယ့်အတွက်ပဲ ကိုယ် တွေးကြသည်။  ကိုယ့်ရှေ.  ဖြူရော်ပြီး  အန်ချင်နေတဲ့  သူကိုမမြင်နိုင်။  ဆရာဝန်လဲ  အသွေးအသားနဲ.  မို.  နေမကောင်း ဖြစ်နိုင်သည်  မဟုတ်ပါလား။   သူနာပြု စားပွဲနား ရောက်တော့  ဆရာကြီး  Consultant  က     ကိုယ့်ကို ကြည့်ပြီး  အတင်း  အိမ်ပြန်ခိုင်းတာနဲ.  ပြန်လာ ခဲ့ရသည်။   အလုပ်တွေထားခဲ့ ရတော့  စိတ်ကတော့  သိပ်မဖြောင့်ချင်။

အပြန်လမ်း  ဒီလူနာ  အကြောင်း တွေးလာရင်  ဟိုးတလောက   Facebook  မှာ သူငယ်ချင်း ရှဲထားတဲ့  မြန်မာ  ရုပ်ရှင်  အပိုင်းအစ လေးတခုကို အမှတ်ရပြီး  တယောက်ထဲ ရယ်မိသည်။   အဲဒီအထဲမှာ  မင်းသားက အီးစီဂျီ  တခုကိုကိုင်ထားပြီး  ရှေ.မှာ  မင်းသမီးကတော.  မိုးဟေကို ထင်ပါသည်။  ပြောလိုက်တာက   “အင်း  ညီမကို  မသင်္ကာလို.   အီးစီဂျီ ဆွဲကြည့် လိုက်တာ  ထင်တဲ့ အတိုင်း  ညီမမှာ  ကိုယ်ဝန် ရှိနေပြီ”  တဲ့။     အီးစီဂျီ ဆိုတာ  လူရဲ.  နှလုံးရောဂါကို စစ်ဆေးရာတွင်သာ သုံးရပါသည်။  ကိုယ်ဝန်နဲ.  လားလားမဆိုင်။   ကိုယ်ဝန် ရှိမရှိ  ကိုတော့  အလွန် ရိုးရှင်းတဲ့  ဆီးစစ်၊  သွေးစစ်တာနဲ.  ဒါမှမဟုတ်  Ultrasound ခေါ်သော  ဓါတ်မှန်နဲ.  စစ်ရပါသည်။  သြော  မြန်မာ့  မြန်မာ့ ရုပ်ရှင်ပေါ့။  ကိုယ့်ဘာသာကိုယ် တွေးပြီး  အဲဒီ မင်းသား အတိုင်း  ဒီနေ. တွေ.ရတဲ.  လူနာကိုလဲ   အီးစီဂျီလေး ဆွဲပေးပြီး   “ဒါဆိုရင်တော.  ညီမလေး  အထင်မှားပါတယ်ကွယ်။  ညီမလေးမှာ   ကိုယ်ဝန်  မရှိပါ”  ဟု ပြောပြ လိုက်နိုင်ရင် လဲ  အကောင်းသား။   

အိမ်ပြန်ရောက်တော့  အလွန်စိတ်ပူနေတဲ့  ယောက်ျားရဲ.  ဂရုနာ  ဒေါသော နဲ.  ဆူတာကိုခံရသေးသည်။  မနက်က  သူအလုပ် မသွားပါနဲ.  ပြောတာ  နားမထောင်မိ၍  သူက  မကျေနပ်။  တော်သေးသည်  ဆေးရုံမှာ  မူးမလဲတာ။  သူပြုတ်ပေးတဲ့   မားမား  ခေါက်ဆွဲလေးစား  သူပေးတဲ့  ဆေးကိုသောက်ပြီး  ခုတော့ လဲ  ပြန်ကောင်းလာပါပြီ။  အဲဒီတော့လဲ  အိမ်မှာ  ကိုယ့်ကို  ချစ်ပြီး  ဂရုစိုက်တဲ့  ယောက်ျား  တယောက်ရှိတာ  အလွန် အဖိုးတန်ပါလား  ဟုတွေးမိတော့သည်။  နို.မဟုတ်ရင်  အမေရေ  အဖေရေ တပြီး  မြန်မာနို်င်ငံ မှ  မိဘတွေကို ပဲ  အပူပေးမိမလား  မတွေးတတ်တော့ပါ။

PS:  ဒီစာ ရေးဖြစ်ရချင်း  အကြောင်းရင်းကတော့  ဘေးမှ  ယောကျာ်းမှ  သူဘယ်လို ဂရုစိုက်ကြောင်း  ဘလော. ထဲရေးပေးပါဦး  တောင်းဆိုလာ၍ ဖြစ်ပါသည်။