Menu bar

4 March 2012

နိုင်ငံတော် အလံ


Gymnastics Birmingham
အားကစားပွဲ မြောက်များစွာကို အလုပ်အနေနဲ. ကျမ မကြာခဏ သွားရပါတယ်။ နိုင်ငံတကာ ပွဲတွေဆိုရင် ထုံးစံအတိုင်း နိုင်ငံ ကိုယ်စားပြု အလံတွေနဲ. ဘယ်နိုင်ငံက ယှဉ်ပြိုင်နေတယ် ဆိုတာပြပါတယ်။ အလံပေါင်း  မြောက်များစွာမှာမှ ၃ ရောင်အလံတွေက များလွန်းတော. ဘယ်လောက်ပဲ ကျိုးစားမှတ်ပေမယ့် ဘယ်နို်င်ငံရဲ. အလံဆိုတာ မှတ်မိဖို. တော်တော် ခက်ပါတယ်။ ဒီကမ္ဘာမှာ အကြမ်းမျဉ်း နိုင်ငံပေါင်း ၁၉၆ နိုင်ငံနဲ. စုစုပေါင်း အလံ (နိုင်ငံ ကိုယ်စားပြု)၂၅၇ ရှိတယ်လို. ဝီကီပီဒီယား (Wikipidia) မှာ ဆိုထားပါတယ်။ ဒါတောင် တချို.က ကိုလိုနီနိုင်ငံ။ တချို.အလံက နိုင်ငံကိုယ်စားပြု မဟုတ်တာတွေ မြောက်မြားစွာ ရှိတာကြောင့် ဒီနံပါတ်တွေ က ကွဲလွဲနိုင်ပါတယ်။ ယူနိုက်တက်ကင်းဒန်း (UK) မှာတောင် နိုင်ငံကိုယ်စားပြု ယူနီယံဂျက် အလံရှိသလို၊ အင်္ဂလန်၊ ဝေလ၊ စကော့တလန်၊ အိုင်ယာလန် ဆိုပြီး သီးခြား အလံတွေ ရှိနေပါသေးတယ်။ ဒီအလံ ၂၅၀ကျော်လောက် မှာမှ ၁၀၀ လောက်က  ၃ရောင် အလံတဲ့။

သြော် ကိုယ့်နိုင်ငံ အလံက ကြယ်ဖြူ ၁၄လုံးနဲ. အနီရောင် အလံ။ သူများနဲ. ကွဲကွဲ ပြားပြား ရှိတယ်လို. ဆိုကာမှ ခုတော့ ကိုယ်လဲသူတို.နဲ. ရောရော ရောင်ရောင် ၃ရောင် အလံ ဂိုဏ်းဝင် ဖြစ်သွားပြီတဲ့။


ဒီလိုပဲ အားကစားပွဲတွေ သွားရင် နိုင်ငံတော် သီချင်းဆိုလို. နိုင်ငံတနိုင်ငံ အလံတက်သွားတိုင်း ကိုယ့်မွေးရပ်မြေ အမိမြန်မာ နိုင်ငံတော်ကို မကြာခဏ သတိရမိပါတယ်။ ၁၉၉၅ - ၁၉၉၆ လောက်တုန်းက သန်းတိုးအောင်တို.၊ မျိုးလှိုင်ဝင်းတို. အရှေ.တောင် အာရှ ပွဲကန်တုန်းက သဲသဲလှုပ် အားပေးခဲ့တာကိုလဲ မကြာခဏ သတိရမိပါတယ်။ သူတို. ရှုံးတော့ ကိုယ့်မှာ ငိုရသေး။ နောက်နေ. ကျောင်းမှာ သူငယ်ချင်းတွေနဲ. ပြန်ပြော။ ဒီဒိုင်လူကြီး မတရားဘူးပေါ.၊ ကိုယ်ရှုံးတာဆိုတော့။

ဒီလိုပဲ ပြန်တွေးရင်း ဒို.မြန်မာနိုင်ငံတော်က အားကစားသမားတွေ နိုင်ငံတကာ အားကစား ပွဲတွေမှာ အောင်မြင်မှုတွေနဲ. တွေ.ရရင် သိပ်ကောင်းမှာပဲလို. စိတ်ကူးတွေယဉ်လို.။ ကိုယ့်နိုင်ငံတော် အလံကြီးက တလူလူလွင့်လို.ပေါ့ စိတ်းကူးထဲမှာ မြင်ကြည့်နေတာ။ စိတ်ကူးယဉ်နဲ. တကယ်. ဘဝဟာ တခြားစီဆိုသလို၊ သုဝဏ္ဏကွင်းမှာ ပရိသတ်မှ ရေသန်.ဘူးတွေ၊ ကျောက်ခဲတွေနဲ. ပေါက်တဲ့ သတင်း ဖတ်လိုက်ရတော့၊ ကျမဟာ အိပ်မက်မှ လန်.နိုးလာတဲ့ သူတယောက်လိုပါပဲ။ ဒြို့မန်မာတွေ စည်းကမ်း ရှိဖို. တိုးတက်ဖို. ဆိုတာကတော့ တကယ့်ကို အများကြီးကို လိုအပ်နေပါသေးတယ်။

၃ ရောင်အလံ တချို.ရဲ. ဥပမာတချို. ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


Reference: Wikipidia