တနေ.က အလုပ်သွားတော့ ဆေးရုံ ဝန်ထမ်း အမျိုးသမီး တစ်ဦး၏ လာနှုတ်ဆက်တာခံရသည်။ “မနေ.က နင်ကုပေးလိုက်တဲ့ ငါ့ဖခင်ကြီး အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အရေးပေါ်ဌာန တခုလုံးက အရမ်း ဂရုစိုက်ပြီး ကုသပေးလိုက်တဲ့ အတွက် အလွန် ကျေးဇူးတင်တယ်” တဲ့။ ကျမ မျက်နှာ တခုလုံး ခဏတော့ ပီတိပြုံးတွေ ဝေသွားသည်ထင်ပါသည်။ ကိုယ်လဲ လူသားထဲက လူသားပေမို. ကိုယ့် ကျိုးစားအားထုတ်တာလေးတွေ အသိအမှတ်ပြု ချီးကျူးခံရရင် ဝမ်းသာမိသည်ပေါ့။ ဒါပေမယ့် အပြုံးမျက်နှာ ကြာကြာ မခံခဲ့ပါ။ အဲဒီအမျိုးသမီး ဆက်ပြောလိုက်တာက “ငါ့ အဖေ ဒီနေ.မှာတော့ အခြေအနေ မကောင်းတော့ဘူး။ သူ.ရဲ.နောက်ဆုံး အချိန်ပါပဲ။ ကုသမှုတွေကို အားလုံးရပ်လိုက်ပါပြီ။” တဲ့။ ကျမ အပြုံးမျက်နှာမှ ဘယ်လို တုန်.ပြန်ရမယ်တောင် မသိတော့ပါ။
တခါကလဲ စာအုပ်ထဲ ဖတ်ဖူပါသည်။ ဂျီပီ ဆရာဝန်လေး တယောက်ကို သူ.လူနာ တယောက် ဆုံးတော့ သူမနောက်ဆုံး အချိန်မှာ ဂရုစိုက်ပေးတာကို ကျေးဇူးတင်လွန်းလို.ဆိုပြီးတော့ သူမ သေတန်းစာထဲမှ အမွေပေးခဲ့သည်တဲ့။ သူမရှိသမျှ သူမရဲ. အိမ်အပါအဝင် အားလုံးကိုပေါ့။
ဆရာဝန်လေးခမျာ ယူသင့် မယူသင့် ပထမတော့ ဒွိဟပါ။ ဆုံးသွားတဲ့ လူနာမှာ တခြား အမျိုးလဲ လွှဲပေးစရာ မရှိတာကြောင့် နောက်ဆုံးလက်ခံ လိုက်ပါသည်တဲ့။ လက်ခံပြီးမှ သိရတာက သူမအိမ်ကလဲ တကယ်တော့ သူမ မပိုင်တော့ပါဘူး။ သူမရဲ. နောက်ဆုံး အချိန် သူမရဲ. ဆေးကုသမှုတွေ၊ သူမကို နေ.စဉ်လာ အဝတ်အစား ဈေးဝယ် အစားအသောက် စတာတွေအတွက် ကူညီပေးတဲ့ သူတွေ(Carers)အတွက် အစိုးရက သူမအိမ်နဲ. စဘော်သဘောယူပြီး သုံးထားပြီးပြီတဲ့။ ဒါတင်မကသေးပါဘူး။ ဆရာဝန်လေးကသာ တဦးတည်းသော အမွေ ဆက်ခံသူမို. သူမရဲ. အိမ်ရှင်းခ၊ ပရိဘောဂတွေ ရှင်းခ၊ သိမ်းခတွေအပြင်၊ သူမ တင်ခဲ့တဲ့ အကြွေးတချို.ကိုတောင် ဆရာဝန် ဂျီပီလေးကပဲ ကူဆက်ပေးရတော့သတဲ့ .. ဟိ။