Menu bar

24 January 2013

Sports related feel good movies

တကယ်လို.များ စိတ်ညစ်နေရင် ဘဝမှာ အဆင်မပြေတာ၊ စိတ်ပူစရာ၊ စိတ်ဓါတ်ကျစရာများ ကြုံနေရရင် တခါတလေ ရုပ်ရှင် ကောင်းကောင်းလေးတွေ ကြည့်လိုက် အလွန် နေလို.ကောင်းသွား စိတ်ညစ်တာတွေ ပြေသွားတတ်ပါတယ်။ ကျမရဲ့ ကိုယ်တွေ.ပါ။ ကျမရုပ်ရှင် အလွန် ကြိုက်ပါတယ်။ ဒါပေမယ် ဝမ်းနည်းစရာ စိတ်ညစ်စရာ ရုပ်ရှင်မျိုးတော့ ဘယ်တော့မှ မကြည့်ပါ။ ကျမက အလွန်စိတ်ပျော့ပြီး ရုပ်ရှင် ပြီးလဲ မပြီးနိုင် ဆက် စိတ်ဆင်းရဲ ငိုပြဲနေတတ်လို.ပါ။ 

အားကစား အခြေခံရိုက်ထားတဲ့ ရုပ်ရှင်ပေါင်း မြောက်များစွာထဲကမှ ကျမ အလွန် ကြိုက်တဲ့ ကားလေးတွေတချို.ကို ပြန်ရှယ်ပေးချင်တာပါ။ မကြည့်ရသေးရင် ရှာပြီး ကြည့်ကြည့်ပါလို. တိုက်တွန်းပါတယ်။ 

ပထမဆုံးကားကတော့ Invictus ပါ။ Nelson Mandela အကြောင်း အားလုံး ကြားဖူးကြမယ် ထင်ပါတယ်။ တောင်အာဖရိကမှာ လူဖြူလူမဲ အလွန်ခွဲခြားရာကနေ လူမဲတွေ ပထမဆုံး မဲပေးခွင့်ရတော့ Mandela သမ္မတဖြစ်လာပါတယ်။ လူမဲတယောက် သမ္မတ ဖြစ်လာပေမယ့် လူဖြူလူမဲကြားက တိုက်ပွဲဟာ မရပ်စဲသွားတဲအပြင် အချင်းချင်း မတဲ့တာ၊ လုကြ၊ သတ်ကြ ဖြတ်ကြ တာတွေဟာ ပိုတောင် ဆိုးလာပါသေးတယ်။ အဲဒီအချိန်မှာ တောင်အာဖရိကနိုင်ငံမှာ Rugby World Cup ကို ကျင်းပဖို. ရှိပါတယ်။ တောင်အာဖရိက နိုင်ငံကိုယ်စားပြု Rugby team (Springboks) ဆိုတာ အရင်က လူဖြူတွေပဲ ကစားခွင့် ဝင်ခွင့်ရတဲ့ အသင်းပါ။ မန်ဒဲလားက ဒီအားကစား အသင်းကြီးကို အခြေခံပြီး လူဖြူလူမဲကြားက အငြှိုးအတေးတွေ ပြေအောင်၊ အသင်းရဲ့ အောင်မြင်မှုနဲ. အတူ လူမျိုးစည်းလုံးမှုရအောင် ဆောင်ရွက်တာကို ပြတဲ့ ကားပါ။ အလွန်စိတ်ဝင်စားဖို.ကောင်းသလို ကြည့်လို.လဲ ကောင်းပါတယ်။ မန်ဒဲလား အနေနဲ. သရုပ်ဆောင်တာက Morgan Freeman ပါ။ ကျမ အလွန်ကြိုက်တဲ့ မင်းသားတယောက်လဲ ဖြစ်ပါတယ်။ သူပြောတဲ့ မန်ဒဲလားပြောခဲ့တဲ့ မိန်.ခွန်း စကားတွေဟာလဲ တကယ့်ကို ရင်ပတ်ကို အတော်တော် များများ လာထိစေပါတယ်။ Rugby Captain “Francois” အနေနဲ သရုပ်ဆောင်တာကလဲ Matt Damon ပါ။ မကြည့်ဖူးရင် ကြည့်ဖြစ်အောင်ကို ကြည့်သင့်ပါတယ်။

22 January 2013

International medical graduates (IMGs)

မြန်မာ ဆရာဝန်များ နိုင်ဂံဂျား သွားချင်သူများ အခုတလော နိုင်ငံတကာ မှာ အတော်လေး ခက်တယ် ကြပ်တယ် ကြားမိပါတယ်။ 

တလောကမှ အမျိုးတယောက် လောလောလတ်လတ် ဆေးကျောင်း နဲ. House ပြီးလို. Australia သွားချင်တယ်ဆိုလို. စုံစမ်းတော့မှ Australia မှာ ဆရာဝန် အလုပ် လိုချင်တာရဖို. ဘယ်လောက်ခက်ကြောင်း ဘယ်လောက်ကြာအောင် စောင့်ရကြောင်း သိရပါတော့တယ်။ သူတို. နိုင်ငံရဲ့ ဘွဲ.ရတွေတောင် ဘွဲ.ရပြီးပြီးချင်း အလုပ် တန်းမရလို. စောင့်နေရကြောင်း စာစောင်တခုမှာ ဖတ်လိုက်ရပါတယ်။ 

အမေရိကမှာလဲ Residency ရဖို. ဆိုတာ မလွယ်ဘူးဆိုတာ ဟိုးအရင်ထဲက အားလုံး သိကြမှာပါ။ အခု မလွယ်တာတင် မဟုတ်တော့ဘဲ တော်တော် မဖြစ်နိုင်လောက်အောင်ကို ခက်လာတယ် ဆိုတာ အသိနဲ. အမျိုးတွေဆီက ကြားမိပါတယ်။ ၂၀၁၅ဆိုရင် သူတို.နိုင်ငံရဲ. ဘွဲ.ရ အရေအတွက်ဟာ ရှိတဲ့ Residency အလုပ် အရေအတွက်ထပ်တောင် ပိုများမယ်တဲ့။ အမေရိက သွားရန် စဉ်းစားနေသော လူငယ် ဆရာဝန်များ ဒီ Link ကို မဖတ်မဖြစ် ဖတ်ကြည့်ကြပါလို. တိုက်တွန်းပါတယ်။

21 January 2013

အင်္ဂလန်မှာ ကျသောနှင်း

အခုတော့ ပျင်းပျင်းနဲ. စာမရေးနိုင်သေးတော့ ဒီတပတ် အင်္ဂလန်မှာ ဒုက္ခပေးတဲ့ အင်္ဂလန်က လူတွေ ကားတွေ ဒုက္ခရောက်အောင် လုပ်သွားတဲ့ အလွန်လဲ စိတ်ညစ်ဖို.ကောင်းသလို၊ အလွန် ချစ်ဖို.လဲကောင်းတဲ့ နှင်းထဲက ဓါတ်ပုံလေးတွေပဲ ရှဲပါတော့မယ် ....

အိမ်နောက်ခြံထဲက စားပွဲနဲ. ကုလားထိုင်

နောက်နေ. နှင်းတွေ ပိုထူလာတာလေ ..

ကျမဘဝရဲ. ပထမဆုံးလုပ်ဖူးတဲ့ Snowman လေး ပါ။ 

Mr Snowman က သူ.အပေါ်တညလုံး နှင်းတွေထပ်ကျတော့ စိတ်ညစ်နေတယ်ထင်ပါရဲ့


taxi သမားကြီး သူ.ကား နှင်းတွေ ထဲ ချော်ပြီး ဒုက္ခရောက်နေပုံ ..

မနက်ခင်း စောစော ကျမရဲ့. ကားလေးခင်ဗျာ
နှင်းတွေထဲ နှစ်နေရှာတာ

ရှင်းပေဦးတော့ နှင်းတွေကို ....

အိမ်နားက ကလေးကစားကွင်းမှာလေ







မိန်းမက အလုပ်တွေလုပ်တယ်
ယောကျာ်းက ကင်မရာတလုံးနဲ. အလုပ်ရှုပ်နေတယ်

18 January 2013

Lance Armstrong - You broke my heart

Tour de France ဆိုတာ ပြင်သစ်မှာ စခဲ့တဲ့ မိုင်ပေါင်း ၂၀၀၀ ကျော်၊ ရက်ပေါင်း ၂၀ကျော် ပြိုင်ရတဲ့ စက်ဘီးပြိုင်ပွဲပါ။ အလွန်နာမည်ကျော်ကြားသလို အလွန် အပင်ပန်းခံ ကြိုးစားရတဲ့ အားကစား တမျိုးလဲ ဖြစ်ပါတယ်။ ဘောလုံး ပရိသတ်တွေ အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပေါ်ပြူလာ ဖြစ်သလို စက်ဘီးစီးတာ စိတ်ဝင်စားသူများအတွက်တော့ Tour de France ဆိုတာ အလွန် ပေါ်ပြူလာဖြစ်တဲ့ ဂုဏ်ရှိတဲ့ ပြိုင်ပွဲ တခုဖြစ်ပါတယ်။ Lance Armstrong ဆိုတာ Tour de France စက်ဘီးပြိုင်ပွဲမှာ ၇ ကြိမ်တိုင်တိုင် ချန်ပီယန် ဖြစ်ခဲ့ဘူးသူပါ။ 

ကျမ Lance Armstrong အကြောင်း စ စိတ်ဝင်စားမိတာကတော့ သူ Testicular Cancer (ဂွေးဥ ကင်ဆာ ခေါ်မှာပေါ့နော်) ဖြစ်တော့မှပါ။ ကမ္ဘာ့ ချန်ပီယန် ကင်ဆာဖြစ်ပြီး၊ ဘဝကို အရှုံးမပေး၊ ကင်ဆာကုသမှု ဆေး ဓါတ်ရောင်ခြည်တွေ ခံယူပြီး၊ ဒီကမ္ဘာကျော်အားကစား စက်ဘီးစီး ပြိုင်ပွဲမှာ ဆက်လက် ဝင်ပြိုင်ခဲ့တာ။ ကင်ဆာအကြောင်း လူသိများလာအောင် အားကျိုးမာန်တက် ဆောင်ရွက်တာ ဆိုတာတွေက စပြီး ကျမ သူ.အပေါ် အထင်တွေကြီး စိတ်ဝင်စားလာခဲ့တာပါ။ သူ.ကြောင့်လဲ စက်ဘီး အစီးများရင် Testes Cancer ဖြစ်နိုင်တယ်ဆိုတဲ့ သုတေသနတွေ ထွက်လာတာ။

14 January 2013

ဆရာဝန် တယောက် လစာ နဲ. ဂိုဏ်သိက္ခာ

ဒီနေ. ဆေးခန်းမှာ လူနာတယောက်နဲ. စကား လက်ဆုံကျပြီး ဒီအကြောင်းအရာလေးတွေကို တွေးဖြစ် ရေးဖြစ်သွားတာပါ။ လူတယောက်ရဲ့ ဂုဏ်သိက္ခာ၊ အထူးသဖြင့် ဆရာဝန်တယောက်ရဲ. သမာဓိ ဆိုတာနဲ. သူ.ရဲ့ ဘဝကို နဲနဲ ပြောပြချင်လို.ပါ။ 

ကျမ ဂျူနီယာဆရာဝန်ဘဝ တုန်းကပေါ့။ သူငယ်ချင်း ဆရာဝန်မ တယောက် အရက်ဆိုင်မှာ မူးပြီး ရင်ဘတ်ကို လှန်ပြမိတယ်တဲ့။ အဲ လန်.မသွားပါနဲ.ဦး။ ဒီနိုင်ငံမှာ မူးပြီး ဒါမျိုးတွေ လုပ်တယ်ဆိုတာ သိပ် အဆန်းတကျယ်တော့ မဟုတ်ပါ။ သာမန် ကောင်မလေး တယောက်ဆိုရင် ဘာမှ အထူးအဆန်း မဟုတ်ပေမယ့် ဆရာဝန် ဆိုတဲ့ ဂုဏ်သိက္ခာ ဆိုတာ ပါလာတော့၊ ဒီဆရာဝန်မလေး ဆမ လိုမျိုး ဒီနိုင်ငံမှာ (GMC) အလုပ်လုပ်ခွင့် ပိတ်ခံရပါတယ်။

အဲဒီလိုပဲ အသိ ဆရာဝန် တယောက် လူနာနဲ. ပက်သက်မိတော့ အတိုင်ခံရ၊ စုံစမ်းတာ ခံရ ဖူးတာ။ ဆရာဝန်တယောက် အရက်မူးပြီး ကားမောင်းတာများမိပြီဆိုရင် ထောင်ကျတာအပြင် အကျင့်စာရိတ္တမကောင်းတဲ့ သူအဖြစ် တသက်တာ ဆရာဝန် အလုပ်လုပ်ခွင့် (GMC) အပိတ်ခံရနိုင်တာ။ ပုံမှန်လူတယောက်ဆို ဥပဒေလက်တလုံးခြား လုပ်လို.ရတာလေးတွေ နှစ်ခေါက် ပြန်မစဉ်းစား လုပ်နိုင်ပေမယ့် ကျမတို.လို ဆရာဝန်တွေမှာ GMC ဆိုတာကြီးနဲ. ဘာကိုမှ ဥပဒေ မချိုးဖောက်မိရလေအောင်၊ ကောင်းသော အကျင့်စရိတ္တရှိသူများ ဖြစ်အောင် သတိထား ကျင့်ကြံနေထိုင်ရပါတယ်။ လူနာတွေနဲ.လဲ ပုဂိုလ်ရေး မပက်သက်မိအောင်၊ အထူးသဖြင့် တချို.တွေ facebook တို.လို social media တွေမှာ သူငယ်ချင်းလာလုပ်တာတွေ လက်မခံမိအောင် ဆိုတဲ့ သေးသေးမွှားမွှားတွေက အစ သတိထား နေထိုင်ရပါတယ်။
အင်္ဂလိပ်စကား တခွန်းကို ကျမ သတိရမိပါတယ် "Respect is to be earned" တဲ့။

13 January 2013

ဆယ်ကျော်သက်အရွယ် စိတ်ထားလား

ကျမရဲ့ အခု အလုပ်မှာ ဆယ်ကျော်သက်အရွယ် အားကစား သမားများကို စောင့်ရှောက်ပေးရပါတယ်။ ဒီ အားကစားသမားလေးတွေနဲ. စကားလက်ဆုံ ပြောလို. သူတို.အကြောင်းတွေ မေးမိရင် သူတို.ရဲ့ ဘဝ အပေါ် အမြင် လူတတ် လူနားလည် လုပ်ပြချင်တာတွေ၊ လမ်းတဝဲ ရောက်နေတတ်တာတွေလဲ တွေ.ရတတ်ပါတယ်။ အဲလိုပြောတော့ ကျမက ပျက်စီးလေလွင့်နေတဲ့ လူဆိုးလေးတွေ မဟုတ်ပါ။ အများစုဟာ သူတို.လုပ်တဲ့ အားကစားနဲ. စကောလားရှစ် ကျောင်းတက်နေသူတွေ၊ အင်္ဂလန် နဲ. ဂရိတ်ဗြိတိန်ကို ကိုယ်စားပြု ယှဉ်ပြိုင်နေတဲ. အလွန်တော်တတ် ထူးချွန်လိမ္မာတဲ့ ကလေးငယ်တွေပါ။ ဆယ်ကျော်သက်အရွယ် ဘဝ အကြောင်း သိပ်မနားလည်သေးတော့ လူကြီး လုပ်ပြချင်တာမျိုး တခြားလူ အထင်ကြီးအောင် ကိုယ်မဟုတ်တဲ့ လူတယောက်လို ဟန်ဆောင်ပြတာမျိုးတွေပါ။ 

နိုင်ငံခြားရုပ်ရှင်များမှာလဲ High School Movies ဆိုတဲ့ ဒီ ဆယ်ကျော်သက် တွေရဲ့ ဘဝ၊ အခက်အခဲ။ စိတ်ဖိစီးစရာ တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပေါင်းမြောက်များစွာ ရှိပါတယ်။ ကိုယ့်ကိုယ် ကျောင်းမှာ ပေါ်ပြူလာ မဖြစ်မှာစိုးရိမ်ရတာတွေ၊ သူများတွေရဲ့ အနိုင်ကျင့်စရာ ဖြစ်မှာစိုးရတာတွေ၊ ဆေးသုံးကြည့်ချင်၊ ဆေးလိပ် အရက် လိင်ကိစ္စများ အပါအဝင်၊ သူတို.လေးတွေမှာ စိတ်ဖိစီးစရာ၊ စိတ်ဓါတ်ကျစရာ အမြောက်အများကို ကျော်ဖြတ်ရ တတ်ပါတယ်။ ဆယ်ကျော်သက်ဘဝဆိုတာ ဟိုမရောက် ဒီမရောက်မို.၊ ကလေးလဲ မဟုတ်တော့၊ လူကြီးလဲ မဖြစ်သေး၊ ဘဝဆိုတာဘာလဲ နားမလည် စမ်းသပ်ချင်စရာ အမြောက်အများနဲ. အလွန် စိတ်ရှုပ်စရာ ကောင်းတတ်ပါတယ်။

12 January 2013

ဆက်လက် လေ့လာ သင်ယူစရာများ

ဒီဘလော့ဂ်ကလေးကို လှဲ.မကြည့်ဖြစ်သွားတာ တော်တော်ကြီးကို ကြာပြီပေါ့။ ဘာကြောင့်လဲ မေးရင်တော့ အလုပ်ရှုပ်တာကို အကြောင်းပြရမလားလို. ကျမ တွေးကြည့်မိပါသေးတယ်။ ဒါပေမယ့် အကြောင်းပြ excuse တွေ ပေးတယ် ဆိုတာ အပျင်းထူသူ တကယ် မကြိုးစားသူတွေပဲ လုပ်တဲ့ အလုပ်တခုလို.ပဲ ကျမ မြင်မိပါတယ်။ 

အဲဒီတော့ အမှန်ကို တဲတိုးပြောရင်တော့ ဘဝရဲ့ ပိုအရေးကြီးတဲ့ အရာတွေ အရင် ပြီးအောင် လုပ်နေရတာနဲ. စာရေးဖို.လဲ ပျင်းနေတာနဲ. စိတ်မပါတာနဲ.ပဲ ဘလော့ဂ်မသုံးဖြစ်တာပါလို. ပြောပါရစေ။ စာရေးဆရာမ ဂျူးရေးထားတာ ဖတ်ဖူးပါတယ်။ သူမကတော့ စာမရေးရ မဖတ်ရဘူး ပြောရင် သူမနေနိုင်ဘူးတဲ့။ ကျမကတော့ စာရေးတာ အဲလောက် ဝါသနာ မပါသူဆိုတော့လဲ အဟဲ ...

အဲဒီတော့ ကျမ ဒီရက်ပိုင်းတွေ ဘာလုပ်ဖြစ်လဲ ဆိုတော့ ခရီးသွားတယ်။ စာတွေလဲ ပြန်ဖတ်ဖြစ်တယ်။ အဲစာတွေ ပြန်ဖတ်ရတယ် ဆိုတာ ဆေးစာတွေကို ပြောတာပါ။ ဖတ်ချင်တဲ့ ဝတ္ထုတွေ ရှိပေမယ့် ဒီရက်ပိုင်း မဖတ်နိုင်သေးပါဘူး။ အရင် ကျောင်းတုန်းက ဖတ်ထား မှတ်ထားတာတွေ မေ့သွားသမျှတွေပဲ ပြန်ဖတ်ဖြစ်သလို အသစ် အသစ်သော ဆေးပညာတွေ အတွက်လဲ ထပ်ဖတ်ဖြစ် မှတ်ဖြစ် ပါတယ်။ ကျမက ကိုယ့်ကိုယ် ဗဟုသုတနဲ. ပြည့်စုံတဲ့ ဆရာဝန် တယောက်ပဲ ဖြစ်ချင်တယ်လို. ဆုံးဖြတ်ထားတာကိုး။