မနေ.က လူနာ တယောက် ရုတ်တရက် ဟောခန်းထဲမှာ ဟောပြော စကားပြောပြီး လဲကျ သွားတယ်တဲ့။ အဲဒီမှာ ဂျီပီ GP ဆရာဝန် လေးတယောက် ရှိနေတော. (ကံကောင်းတယ် ပြောရမလား ကံဆိုးတယ် ပြောရမလား) စပြီး ရင်ပတ် နှလုံးပေါ်ကို တက်ဖိတာတွေ (CPR) စလုပ်သတဲ့။ ဒီလိုနဲ. နှလုံးကပြန် ခုန်လာတယ် ထင်ပါတယ်။ GP လေးက အဲဒီ အမျိုးသမီးကို ထားခဲ့ပြီး ထွက်သွားသတဲ့။ ဟော ....... လူနာတင်ယဉ် (First responder and Ambulance) ရောက်တဲ့ အချိန်မှာ အမျိုးသမီးဟာ အသက်လုံးဝ မရှူ၊ နှလုံး လုံးဝ မခုန်တဲ့ အခြေအနေမှာ မို. CPR စကြရပြန်သတဲ့။ ဆေးရုံရောက် တဲ. အချိန်မှာ ဒီ အမျိုးသမီး မှာ အသက် လုံးဝ မရှိတော.ပါဘူး။ မနစ် ၄၀ တောင် ဆေးရုံမရာက်ခင်မှာ CPR လုပ်ထားပြီးသားဆိုတော. မရောက်ခင်ထဲက အသက်မပါတော့ဘူးဆိုတာ ပြောလို.ရနေသလောက်ပါပဲ။ ဒါနဲ. CPR နောက်ထပ် နာရီဝက်လောက် ကျိုးစားကြည့်ပြီး ရပ်လိုက်ရပါတော.တယ်။ မိသားစုဝင်တွေကို စိတ်မကောင်းကြောင်းပြောပေါ့။ ဒီမှာ ဒီလူနာနဲ. ပက်သက်လို. အားလုံးက မေးခွန်း တခု ထွက်လာပါတယ်။ GP လေးက ဘာကြောင့် ဒီ အတိုင်းထားခဲ့ပြီး ထွက်သွား ရတာလဲ ဆိုပြီး။ အားလုံး လိုလိုက GP ကို ဝိုင်းပြီး အပြစ်တင်ကြတော့ ကိုယ့်ဘာသာ ကိုယ်လဲ တွေးမိပါတယ်။ ငါသာ သူ.နေရာမှာ ဆိုရင် “ကျမ ဆရာဝန်ပါ ဆိုပြီး သူရဲကောင်း ထွက်လုပ်မိ မလား?” “သူရဲဘောကြောင်စွာ လူတယောက် အသက်ကို လစ်လျှူ ရှုပြီးပဲ အသားလေး လူအများနောက်မှာ ပုန်းကွယ်နေမိမလား”
အဲဒီလို အဖြစ်မျိုး တခါမှ မကြုံ ဖူးသေးတော. ကျမမှာ အဖြေလဲ မရှိပါ။ ပထမလမ်းကို ရွေးမိရင်တော့ လူနာကို ဒီအတိုင်းထားခဲ.၍ လူနာတင်ယဉ် မရောက်မီ ထွက်သွားမိမည် မဟုတ် ဟုတော့ ကျမ ထင်ပါသည်။ စခဲ့မိပြီ ဆိုတော. ဆုံးအောင်တော. ကုတို.ပို.ရတော.မည် မဟုတ်ပါလား။ ဒီနိုင်ငံတွင် First Responder လို.ခေါ်သော အမြန် အရေးပေါ် ကုထုံး စနိုင်သော သူများက ၁၀မိနစ်၊ အလွန်ဆုံး နာရီဝက်ဆို ရောက်သည်ပဲ။
ဟိုတလောက အသိတယောက် ပြောဖူးပါသည်။ စပိန်မှာ ကျွန်းငယ်လေး တခု မှာ ဟောလီးဒေး သွားတုန်း အဒေါ်ကြီး တယောက် လဲတုန်းက သူ CPR ကို ၄၅မိနစ် အထိ တယောက်ထဲ လုပ်ခဲ့ရသတဲ့။ ကျွန်းပေါ်မှာဆိုတော. လူနာတင်ယဉ်က အမြန်မလာနိုင်ခဲ.ပါ။ CPR ရပ်လိုက်ဖို. လဲ သူ.အနေနဲ. လူနာရှင် တွေကို ဘယ်လိုပြောရမလဲ။ ဒီတော့လဲ အခြေအနေ မကောင်းမှန်း သိသော်လဲ ကျိုးစားထားဆရာရေပေါ့။ သူများရင်ပတ်ပေါ် ၄၅မိနစ် တက်ဖိရသည်မှာ ပြောရင် သာလွယ်သည် တကယ့်ကိုမလွယ်ပါ။ ၂ မိနစ်လောက် လုပ်ရင်တောင် ကျမတို. ရှာထွက်၍ အလှဲ.လဲ လုပ်ကြရပါသည်။ ဒါပေမဲ့ တချိန် အခန်.မသင့် တရားရုံးရောက်ရရင်တော့ သူအနေနှင့် အစွမ်းကုန် လုပ်ခဲ့ကြောင်း ချေပနိုင်သည်ပေါ့။
ဒီတော.လဲ တခါက စိတ်ရောဂါကု ဆေးရုံတွင် ကြုံခဲ့ ကြားခဲ့ ရသော အဖြစ်တခုကို မှတ်မိပါသည်။ အသက် ၄၀အရွယ် လူနာတယောက် အစာစားရင်း က လည်ချောင်း လေပြွန်မှာ အစာတစ်ပြီး သီးသတဲ့။ လမ်းပေါ်မှာ လူတယောက် သီးနေရင်တောင် ကျမတို. ကျောကိုထု ကူညီပေးရန် ကျိုးစားမိကြမည် ထင်ပါသည်။ စိတ်ရောဂါကု ဆေးရုံမှာ ဖြစ်သည်ဆိုတော့ သူနာပြု အားလုံး က “ငါတို. ကို ဘယ်လို နည်းစနစ် ကျကျ လုပ်ရမယ်ဆိုတာ သင်ထားတာ မရှိဘူး။ ငါတို. လုပ်ဖို. အရည်အချင်းရှိတယ်ဆိုတာ ဆိုင်းထိုးပေးထားတာ မရှိဘူး” ဆိုပြီးတော. လုံးဝ ကူညီ ဖို. မကျိုးစားပဲ လူနာ တင်ယဉ် ကို ပဲ ထိုင်စောင့် ကြပါတယ်။ လူနာတင်ယဉ် ရောက်ချိန်မှာ လူနာ အသက် မရှိတော့ပါ။ တရားရုံးတော့ မရောက်ပါ။ ဒါပေမယ့် ကျမသာ အဲဒီ နေရာမှာ ရှိခဲ့ရင် ညည အိပ်ပျော်နိုင်ပါတော့မလား။ လူတယောက် ကိုယ်ရှေ. မှာ ဒုက္ခရောက်နေတာ ကို သူအသက်ထွက်တဲ့ အထိ လက်ပိုက် ကြည့်နေခဲ့မိတာပဲ။ တကယ်လို.များ ရှာရှည်ပြီး သူ.ကျောကိုထု ရင်ပတ်ကိုစောင့် ကျမ အစွမ်းရှိတမျှ ကျိုးစားပါလျှက် တစ်နေတဲ့ ကိုရွှေအသားတုန်း ထွက်တော် မမူပဲ အသက်သာ ထွက်တော်မူသွားရင်ကော တရားသူကြီး က ကျမ အိမ်တံခါး လာခေါက်မည်လား။ အဖြေ မရှိသော တွေးစရာ တချို. ရယ်ပါ။