ဆေးရုံမှာ လုပ်သော ကျမတို.အတွက် အမြဲတန်း ဆရာဝန် တယောက်နဲ. တူပြီး လူလေးစားခံရန် နေတတ်ဖို. အရမ်းအရေးကြီးပါတယ်။ အခု ရောဂါ ကူးစက်ပိုး ပြန်.တာ လျှော.အောင်ဆိုပြီး ဂျူတီကုတ် ဖြူဖြူကြီးတွေကို ဒီ အင်္ဂလန်မှာ မဝတ်ရတော.ပါဘူး။ ဒါပေမယ်. ကျမတို.တွေဟာ တော်သင်.တဲ. အဝတ်အစား နဲ. တော်သင်.သော. ကျင်.ကြံ ပြုမူမှုများ နဲ.တော. အထူး သတိပြု နေထိုင်ရပါတယ်။ အပြင်မှာ ကဲချင်ရင် ကဲကြပေမယ်. အားလုံးဟာ ဆေးရုံမှာတော. အိငြေ်္ဒလေးနဲ. နေကြရပါတယ်။ မနေ လို.လဲ မရဘူးလေ။ အတိုင်ခံရရင် ခေါ်ပြောခံရမှာကိုး။
အဲဒီလို အများစုက ဆရာဝန် ဆိုတဲ. ကျင်.ဝတ်နဲ. နေပေမယ်. အလွန်ကိုပြောင်တတ် သောသူငယ်ချင်း တချို.လဲ ရှိပါတယ်။ တယောက်ကဆို အေပရယ်ဖူး (April Fool) မှာ ရောဂါကြောင်. ခြေထောက် တဖက် ဖြတ်လိုက်ရတဲ. လူနာတယောက်ဆီ သွားပြီး၊ လူနာရဲ. မေ.ဆေး မပြေတပြေ အချိန်မှာ “အဘရယ် ကျွန်တော်တော. ပြောရမှာ တော်တော် စိတ်မကောင်ပါဘူး။ ကျွန်တော်တို.တွေ အဘခြေထောက်ကို ဘယ် နဲ. ညာ မှားပြီး ဖြတ်လိုက်မိလို.” ဆိုပြီး သွားနောက်တာ။ ကံကောင်းတယ် ဟိုအဘမှာ ပြန်ပြီး မေ.လဲ သွားတော. မလို.။
နောက်တယောက်ကလဲ ၁၆နှစ် ကလေးမလေး မျက်လုံးတဝိုက်မှာ ရောဂါပိုးဝင်ပြီး မျက်လုံး ဖွင်.မရတာကို သွားပြီးတော. “ကိုယ်.ကို မျက်လုံးမှိတ်ပြနေတာလားဟင်” လို.သွားနောက်မိလို. အတိုင်ခံရပါသေးတယ်။
မှတ်မှတ်ရရ သူငယ်ချင်းတယောက် ကလဲ သူရဲ. ဖြစ်စဉ်ကိုပြောပြတယ်။ သူ.ကို သူ.ဆရာက အလွန် အင်မတန် ထူသော လူနာ မှတ်စု စာအုပ်ထဲမှ ဖြစ်စဉ်များကို မှတ်စုတို လေးသွားထုတ်ခိုင်း လိုက်တယ်။ လူနာက နှလုံးသွေးကြောပိတ်တာ။ (Heart attack) ပေါ.၊ ဆေးရုံရဲ. CCU လို.ခေါ်တဲ. နှလုံး အထူးကုဆောင်ထဲမှာ၊ မော်နီတာ တွေ ဝါယာကြိုးတွေ မြောက်များစွာနဲ. အထူး စောင်.ကြည်.ထားရတဲ. အချိန်ပေါ့။ ဒါကို သူငယ်ချင်းက မှတ်စု ထုတ်ရတာ ပျင်းပျင်း ရှိလှတာနဲ. အဲဒီလူနာရဲ. ကုတင်ခြေရင်း ကနေ မှတ်စုစာအုပ် ကိုကိုင် ပြီးတော. မိုက်ကယ် ဂျက်ဆင် ရဲ. ”ဘီလီဂျင်း” သီချင်းကို စပြီး တေးသွား ညည်းပါလေရော။ အဲဒီတော. လူနာကလဲ လိုက်ညည်းရောတဲ.။ ပထမတော. အံကြားလေးကပဲ ဆိုကြတာပေါ.။ နောက် နဲနဲ အရှိန်ရလာတော. ခြေထောက်လေးကပါ တက်တက် ခေါက်လာ။ ခေါင်းလေး တဆက်ဆက် ငြိမ်.လာ။ ဒီကနေ နှစ်ယောက်သား အရှိန်တွေရပြီး ဆိုလိုက်ကြတာ ဆိုတာ။ ဆေးရုံက အဲဒီ နှလုံး ရောဂါသည်ကြီး စိတ်လှုပ် ရှားတာတွေများသွားပြီး VT လို. ခေါ်တဲ. နှလုံးခုန် မမှန်တာတွေ ထဖြစ်ပြီး မော်နီတာ ကနေ တီ တီ တီ ထမြည်လာတဲ. အထိပါပဲ။ ဆေးရုံတဆောင် လုံး လဲ သူတို.ကြောင်. တော်တော် အလုပ်ရှုပ် ကုန်ပါသတဲ.။ သူငယ်ချင်းလဲ အတော် သတိပေးတာ ခံလိုက်ရပါသတဲ.။
နောက်တယောက်ကတော. ဆေးကျောင်းသားတယောက်ပေါ.။ သူ.ကို ဗိုက်အောင်.ပြီး ကိုယ်ပူနေတဲ. လူနာ အမျိုးသမီး တယောက်ကို ကြည်.ခိုင်းလိုက်တယ်။ ခဏ ကြာတော. သူက နဲနဲ စဉ်းစား မရ ဖြစ်လာ တဲ.ပုံနဲ. ပြန်လာတယ်။ သူတော. ဒီလူနာ ဘာဖြစ်တာလဲဆိုတာ မေးလို.မရဘူးတဲ.။ ဒါနဲ. ကဲလာ အတူတူ လူနာကို သွားပြန်ကြည်.ရအောင် ဆို နှစ်ယောက် အတူ ခြေတက်သွားကြတယ်။ ပထမတော. လူနာက ဝေ.လည်ကြောင်ပတ် သိပ်မပြောချင်ဘူး။ ဒါပေမယ်. ဒီလိုပဲ မေးရင်းစမ်းရင်း နောက်ဆုံးတော. ပြောလာတယ်။ “ဆရာမရယ် ဟိုနေ.က နောက်ဖေးခြံထဲမှာ ချော်လဲတာ မုံလာဥပင်ပေါ် ကားယားကြီး လဲမိလို. မုံလာဥ သူ.ရဲ. အမျိုးသမီး အဂါင်္ထဲ ဝင်သွားတယ်ထင်ပါရဲ.။ ပြန်ထုတ် လို.မရတော. အခုအခက်တွေ. နေလို. လာပြတာပါ” တဲ.။ ကိုယ်ကတော. သဘောပေါက်လိုက်တယ်။ အဖျားတွေ တက်နေတာ ရောဂါပိုး ဝင်တဲ. နေရာကိုတော. သိပြီပေါ.။ ဝမ်းလဲ သာသွားတယ်။ ရောဂါ သိရင် ကုထုံးလဲ ရှိတော. မယ်ဆိုပြီး။ ဝင်နေတဲ. မုံလာဥကို ထုတ်။ ပိုးသတ်ဆေးလေးပေး။ ကိုယ်. အတွေး နဲ. ကိုယ် ဟုတ်နေ ချိန်မှာ ဘေးက ဆေးကျောင်းသားလေး ကလဲ သူ.အတွေးနက်နက် ထဲမှ ဆိုင်းမဆင်. ဘုံမဆင်. တချက် ဝင်ပြော လိုက်တာကတော. “အင်း ငါထင်တာ မုံ လာဥ က မြေကြီးထဲ ကိုစိုက် ပြီး ဥ တယ်ထင်တာ။ ဘယ်လိုများ အပေါ်ထောင်တက်လာပါလိမ်.” တဲ့ .....