Menu bar

19 March 2012

ရုတ်တရက် ဖြစ်နို်င်သော အားကစားသမားတို.ရဲ. နှလုံးရောဂါ

ဘောလ်တွန် ဘောလုံး (Bolton Wanderers Football club) အသင်းမှ Fabrice Muamba ရဲ.ဘောလုံးပွဲမှာ ကစားနေတုန်း နှလုံး ခုန် ရုတ်တရက် မမှန်/ရပ်သွားရတဲ့  အကြောင်း သတင်းတွေမှာ ဖတ်မိရာမှ ဒီစာတိုလေး စရေးမိခြင်း ဖြစ်ပါသည်။ 

အလွန် ကျန်းမာ သန်စွမ်းတဲ့ အားကစား သမားတွေ ဒါမှမဟုတ် လူငယ်တွေမှာ အဖြစ်များတတ်တဲ့ Sudden Cardiac Death syndrome ဆိုတာ ရှိပါသည်။ ဆိုလိုရရင် အလွန် ကျန်းမာ သန်စွမ်းပေမယ့် ရုတ်တရက် လဲကျ အသက်ပါ ထွက်သွားတဲ့ အခြေအနေ မျိုးပါ။ ဘာကြိုတင် သတိပေးတာမျိုးမှ မရှိပဲပေါ့။ တော်သေးသည်။ ဒီအခြေအနေက မြန်မာလူမျိုး တို.တွင် အဖြစ်မများပါ။ 


ကမ္ဘာအရပ်ရပ် မှ သုတေသန မှတ်တန်းများ အရ ပျမ်းမျှ လူ ၅သောင်းတွင် ၁ယောက် ဖြစ်နို်င်ပါသည်။ ယောက်ျား မိန်းမ အချိုး ၉း၁ ရှိပြီး၊ အသက် ၂၃နှစ် သည် ပျမ်းမျှ အဖြစ်များဆုံး အရွယ် ဖြစ်သည်။
ဖြစ်ရသော အကြောင်းအရင်း များမှာ များသောအားဖြင့် မွေးရာပါ ချိုးရွင်းချက်ကြောင့် ဖြစ်သည်။ ဥပမာ အဖြစ်အများ ဆုံး အကြောင်းအရာများကတော့

၁။ နှလုံး ကြွက်သား ပုံမှန်မဟုတ်သော အခြေအနေ (Hypertrophic Obstructive Cardiomyopathy) (HOCM)
၂။ နှလုံး သို.သွားသော သွေးကျောလေးများ ပုံမှန် မဟုတ်ခြင်း
၃။ နှလုံး သို. သွားသော နှလုံ ခုန်မှုကို ထိန်းချုပ်သော ဝါယာ ကြိုးများ (Conduction system) ပုံမှန် မဟုတ်ခြင်း 
၎။ နှလုံးမှ အိုင်ယွန်း လမ်းကြောင်လေးများ ပုံမမှန်ခြင်း (Ion Channelopathies)
၅။ နှလုံး အဆို.ရှင် တခါးပေါက်များ (valve disease) သို.မဟုတ် နှလုံးမှ ထွက်လာပြီး ခန္တာကိုယ် တခုလုံးကို သွေးဖြန်.ဖြူးပေးသော သွေးကြောမကြီး ပုံမှန်အနေအထား မရှိခြင်း (Aortic dilatation)
တို.ပဲ ဖြစ်ပါသည်။

ဒီအခြေအနေ တင်မကပဲ အားကစားသမား တယောက် အနေနဲ. တားမြစ်ဆေးများ သုံးစွဲလျှင်၊ ခန္တာကိုယ် ထဲ ပိုးဝင် လျှင်၊ ခန္တာကိုယ်ထဲ ရှိသော Electrolytes များပုံမှန် မဟုတ်ရင်လဲ ဖြစ်နိုင်ပါသည်။

ဒီလို ရုတ်တရက် လဲကျ သေဆုံးတာ မဖြစ်ရလေအောင် ကြိုတင် စစ်ဆေးပြီး (Screening) ကုသမှုတွေ လုပ်နိုင်ပါသည်။ ဒီတွင် ဘယ်လိုလူမျိုးကို ဘယ်လောက် အတိုင်းအတာထိ စစ်ဆေးချက်လုပ်မည် ဆိုသည်မှာ မေးခွန်းတခုဖြစ်လာပြန်သည်။ စစ်ဆေးနိုင်တဲ့ Tests တွေက ဒုနဲ.ဒေး မြောက်များစွာ ရှိသည်။ ဘယ်တခုထဲ ကမှ တစ်ရာ ရာခိုင်နှုန်း အာမခံ ချက်မပေးနိုင်။ တချို.ရောဂါက ကုလို.ရနိုင်သည်။ (ဥပမာပေးရလျှင် နှလုံးအဆို.ရှင်ရောဂါ အတွက် ခွဲစိတ်ကုသ နိုင်သည်။)တချို.မှာ ကုထုံးမရှိ။ ပိုဆိုးသည်မှာ တချို. စမ်းသပ်ချက်များမှာ ရေရာသော အဖြေ မပေးနိုင်ပါ။ ဥပမာ Test တခု  ပေါ့စတစ် ဆိုပါတော့။ အားကစားသမားကို ရှင်းပြရတော့    “နင့်မှာ ဒီရောဂါ ရှိရင်လဲ ရှိမည်။ မရှိတာလဲ ဖြစ်နိုင်သည်။ (အင်္ဂလိပ်လို False Positive လို.ခေါ်ပါသည်။) ရှိရင် နင် နဲနဲပြေးတာက အစ လမ်းလျှောက်နေတုန်း အဆုံး ရုတ်တရက် ဘုန်းခနဲ လဲသေနိုင်သည်။ ကုထုံးလဲ မရှိ။ အဲဒီတော့ မပြေးနဲ. မလွှားနဲ. ဘာအားကစားမှ မလုပ်နဲ.။ ရင်ပတ်အောင့်ရင်၊ ရင်တုန်တာတွေ ဖြစ်ရင် ဆရာဝန် သွားပြ”     
ကဲ ... ဒီ အားကစား သမားနေရာ ကနေ ဝင် ခံစားကြည့်ပေးပါ။ ကိုယ် နှစ်သက်သော အားကစားကိုလဲ စွန်.လွှတ်ရမည်။ အကောင်းကြီး ကမှ ခုတော့ ကိုယ်လဲ ရုတ်တရက် လဲကျ သေဆုံးသွားနိုင်သည် ဆိုသော သတင်းဆိုးက ဘယ်လောက် စိတ်ပိုင်း ဆိုင်ရာမှာ ထိခိုက်နိုင်ပါသလဲ။။ ဒီ test အဖြေက လဲမှားထွက်တာ False positive ဖြစ်နိုင်သေးသည်တဲ့။  

နိုင်ငံ တနိုင်ငံ အနေနှင့်လဲ ဒီ Screening ပေါ်မှာ အယူအဆ အတူကြပါ။ ဥပမာ အီတလီ နိင်ငံတွင် အားကစားသမားတိုင်း နှစ်စဉ် စစ်ဆေးမှု မြောက်များ စွာလုပ်ရသည်။ စစ်ဆေးချက် တခု ပေါ့စတစ် ဆိုလျှင် အားကစား သမားအနေနှင် ဆက်ကစား ခွင့်မရှိ။ ဒီလို တင်းတင်းကျပ်ကျပ် တားမြစ်ချက်များကြောင့် အားကစားသမားတယောက်၏ အသက်ကို ကာကွယ် နိုင်ဖို. အလားအလာ ရှိသော အားကစားသမား ၅၆၀ ကို အားကစားမှ ရာသက်ပန် ထုတ်ပယ်ပစ်ရသည်တဲ့။

ဒီအင်္ဂလန် နိုင်ငံမှာတော့ ဒီလောက် တင်းကျပ်မှုမရှိ။ ပုံမှန် ဘောလုံး အသင်း တခုတွင် အားကစားသမား တိုင်းကို မေးခွန်းတွေမေးပြီး ဆရာဝန် တယောက် နားကျပ်နဲ. စမ်းသပ်သည်။ နောက် အီးစီဂျီ လို.ခေါ်သော နှလုံးရဲ. ခုန်နှုန်း ကိုကြည့်သည်။ အက်ခိုး (Echo) ဟုခေါ်သော ဓါတ်မှန်ဖြင့် နှလုံး ကြွက်သား တခါးပေါက် မူမမှန်တာတွေ မရှိရအောင် ကြည့်သည်။  မိသားစု တွင် ငယ်ငယ်ရွယ်ရွယ် နဲ. နှလုံးရောဂါ ဖြစ်သူရှိက ပိုပြီးတော့ စမ်းသပ်မှုတွေလုပ်ပါသည်။ တာဝေးအပြေး ပြိုင်ပွဲ တခုဆိုလျှင်တော့ အားကစားသမား အနေနှင့် စစ်တန်းမေးခွန်းလွှာ တခု ဖြည့်ပေးရုံတင်။

နိဂုံးချုပ် အနေနှင့် ပြောရမည်ဆိုရင်တော့ မြန်မာ လူမျိုးတယောက် အနေနှင့် အားကစား လုပ်တုန်း ရင်ပတ်အောင့်တာ၊ ခေါင်းမူးတာ၊ မူးလဲတာ၊ ရင်တုန်တာတွေ ဖြစ်လျှင် ဆရာဝန်နှင့် ဆွေးနွေးသင့်ပါသည်။ မိမိ မိသားစုဝင် (အဖေ၊ အမေ၊ မောင်နှမ အရင်များ) ထဲမှ ရုတ်တရက် အကြောင်းပြချက် မရှိပဲ အသက်ငယ်ငယ်နှင့် သေဆုံးသူ ရှိက ဆရာဝန်နှင့် ပြသင့်ပါသည်။ နောက်ဆုံး အနေနှင့် ကျန်းမာရေးနဲ. ညီညွတ်အောင် စားသောက်၊ အားကစား လုပ်ကြပြီး ဒိုမြန်မာတွေ အားလုံး ကျန်းမာကြပါစေ ဟု ဆုတောင်းရင်းဖြင့် ....။