ကျမ လက်ထပ်ပြီး ရောင်နောက်စထုံးပါ လင်တော်မောင်နောက် လိုက်လာတော.မယ် ဆိုတော. အလွန်အေးတဲ. ဒီဇင်ဘာ ၃၁ရက်နေ.ကပါ။ လာမယ်ဆိုပြင်ဆင်တော. လုပ်ရတဲ. ပြင်ရဆင်ရတဲ. ဟာတွေကတော. မပြီးနိုင် မဆီးနိုင်ရယ်ပါ။ လက်ဆောင် ထဲ.ပေးချင်တဲ. အသိရဲ. ပစည်း တချို.ကို သယ်ပေးရ သလို၊ ကိုယ် ကိုယ်တိုင်လဲ တော်တော်နဲ. ပြန်နိုင်မှာ မဟုတ်တာကို သိနေတဲ. အတွက်. ပစ္စည်းတော်တော် များများ ကို နိုင်သလောက် သယ်ရပါတယ်။ စာအုပ်တွေ အများစုကို စာတိုက်မှပို.ပေမယ်. တချို.ကိုတော. ရောက်ရောက် ချင်းစာမေးပွဲ ဖြေရဦးမှာ ဆိုတော. ကိုယ်နဲ. သယ်ရပြန်ပါတယ်။ ဒါတောင် ကိုယ် ငယ်ကသံယောစဉ် သိပ်ကြီးခဲ.တဲ. ပစ္စည်းတော်တော် များများကို သံယောစဉ် ဖြတ်ပြီး ထားခဲ.တာပါ။ အဲဒါလဲ အလေးချိန်က အရမ်းကို ပိုနေသေးတဲ. အတွက်. ပြန်ထုပ်လိုက်၊ ပြန်ထဲ.ကြည်.လိုက်နဲ. တော်တော. ကို အ လုပ်ရှုပ်ပါတယ်။ ကိုယ်တိုင်လဲ နိုင်ငံခြား အရင်က သွားဖူးတာမဟုတ်တော. ရင်ကတော. ခပ်တုန်တုန်ရယ်ပေါ.။ ပြောစရာကိုမလို မြန်မာ အစားအစာ အမြောက် အများကလဲ ယူလာသေးတာဆိုတော.၊ သူတို.က အနံ.ထွက်ရင် အင်္ဂလန် လေဆိပ်မှာ အဖမ်းခံ ရဦးမှာဆိုတော.။
အတွေးထဲမှာတော. ပစ္စည်းပဲ သိမ်းရင်တော်သေးတာပါ.။ တော်ကြာ လူကိုပါဖမ်း အချုပ်ထဲ ထဲ.ထားလိုက်ရင်ဆိုတဲ. အတွေးတွေကပါ တမျိုး။ ဒီလိုနဲ. ယေက္ခမအိမ် သွားပြန်တော.လဲ သြဝါဒတွေ ဝိုင်းပေးကြပြီး သူတို.ရဲ. အတွေ.အကြုံတွေနဲ. နှိုင်းလို. ဆောင်ရန် ရှောင်ရန် များကို အထပ်ထပ် မှာကြသေးတာ။
“အဖေတို. ဂျပန်သွား တုန်းကပေါ.” ဆိုပြီး စလိုက်တဲ. ယောက္ခထီး ဖခင်ကြီး ....
မိခင်ကြီး မှလဲ မခံ “အမေ အင်္ဂလန် သွားတော.” ဆိုလို.ဒီအချိန်မှား ဖိုးဖိုးကြီး ကလဲ ဘယ်အလျှော. ပေးလိမ်.မတုန်း “ဖိုးဖိုးကြီး အမေရိက ကပြန်လာတော” ဆိုတာက အစချီလို. သူအင်္ကျီကို ခြောက်ထပ် ဝတ်ပြီး သယ်လာကြောင်း ပြောပြန်ပါသေးတယ်။ကျမရဲ. ဖခင်ကြီးကလဲ အားကျမခံ သူ.ရဲ. အိုဗာဆီး အတွေ.အကြုံတွေ ထပ်ပေါင်းထဲ.ပြီးတဲ.အပြင် မိနစ် ၃၀ပဲ ထိုင်းလေဆိပ်မှာ လေယဉ်ပြောင်းဖို အချိန်ရတာကြောင်. အမြန်ပြေးဖို. အထပ်ထပ် မှာကြားလိုက်ပါတယ်။ တော်ကြာ ထိုင်းမှာ ကျန်ခဲ.မယ်ပေါ.။ဒီလိုနဲ. တပတ်တာလုံး ပစ္စည်းတွေ. ပြန်ထဲ.လိုက် ပြန်ထုတ်လိုက်၊ အလေးချိန်တွေ ပြန်စစ်လိုက်နဲ. သွားရမယ်.နေ.ကိုရောက်လာပါတယ်။ ဖိုးဖိုးကြီး စကားအတိုင်း သူတောင် အသက် ၈၀နဲ. အင်္ကျီ ၆ထပ် ဝတ်နိုင်တာ၊ ကိုယ်လဲ ၃ထပ်တော. ရအောင်ဝတ်မယ် ဆိုပြီးတော. ဝတ်လာတာက ရှပ်အကျီအောက်ခံပေါ်မှာ၊ အပြာရောင် ဆွယ်တာ ခေါင်းစွတ်ထူ၊ အပေါ်မှာ ဂျင်း ကုတ်အကျီ နဲ. ၊ အဲဒီ အပေါ်မှာမှ ခင်ပွန်းသယ်အတွေက် ထဲ.လိုက်တဲ. သားရေကုတ် အနက်ရောင် အကျီကြီးကိုထပ်လို. မြင်ကြည်.တာနဲတင် ကျမရဲ. ဖြစ်နေလောက်မဲ. ပုံစံကို မှန်းကြည်.လို.ရပါတယ်။မြန်မာလေဆိပ်မှာ အသိအကျွမ်းနဲ. သဘောကောင်းတဲ. လူတွေနဲ.တွေတာကြောင်. ၁၀ကီလိုလောက် ပိုနေတာကို အသာပဲထဲ.ပေးလိုက်ပါတယ်။ ကိုယ်ကတော. ပလန်ဘီတွေ ချထားပြီးသားပါ။ အဆင်မပြေရင် ဘယ်လိုလုပ်ကြမယ်ဆိုတာ။ဒီလိုနဲ. ထိုင်းလေဆိပ်ရောက်ပြန်တော. လဲ. အဲအလေးချိန်ပိုနေတဲ. ကျောပိုးအိပ်ကြီးကိုလွယ်။ လက်ကဆွဲရတဲ. ဟန်းကယ်ရီ အိပ်ကြီးကို ဆွဲလို. အကျီထူကြီးတွေနဲ ကွတ ကွတနဲ. ပြေးတာမှဆိုတာ။ ဟိုလေယဉ် ပေါ်တက်ရမဲ. နေရာ (Departure lounge) ရောက်တော. ကိုယ်တစ်ယောက်ပဲ ရှိသေးတယ်။ တခြားခရီး သည်တွေ နောက်မှ တဖွဲဖွဲ ရောက်လာကြပါတယ်။ ဒီလိုနဲပဲ အခက်အခဲ မရှိ ချောချောချူချူ တီဂျီ (TG) လေယဉ်ပေါ်ရောက်လာပါတယ်။ သူတိုကျွေးတာတွေ နင်းကန်စားပြီး ဘယ်တော. ဘာလာထပ်ကျွေး မလဲ ငန်းနေတာနဲ. ခရီးကလဲ သိပ်တော. ကြာလိုက်တယ်လို.တော. မထင်မိပါဘူး။ ဟော ဟိသရိုးကို လေယဉ်စိုက်ပြီဆိုတော. ၅-လလောက် မတွေ.ရတဲ. ယောက်ျား ကိုယ်.ကို အလွယ်တကူ လှမ်းမြင်ပြီး မှတ်မိအောင်လို. ဆန်တာကလော.စ် ဦးထုပ်နီကြီးကို ထုတ်ဆောင်းပြီး ပြေးရပြန်ပါတယ်။ ကိုယ်က မြန်မြန် ဆန်ဆန် ထွက်လာပေမယ်. ဒီကြီးမားလှတဲ. လေဆိပ်ကြီးထဲမှာ လမ်းမမှားအောင် လဲကြည့်ရပါသေးတယ်။ ရေးထားတော့ “အရေးပေါ် ထွက်ပေါက်” (Emergency exit) ဆိုတော. အရေးမပေါ်ပဲ ပုံမှန် ထွက်ပေါက် များ ရှိဦး မလားလို. ရှာကြည်.ရသေးတယ်။ နောက်မှလူတွေအားလုံးဒီကပဲ ဝင်သွားကြတာတွေတော. သူတိုနောက်က လိုက်လာပါတယ်။ လက်တွေလဲနာ၊ ချွေးကပြန်၊ ဒီအလွန်အေးတဲ. ရာသီဥတုမှာတောင်။ ဦးထုပ်နီကြီးဆောင်ထားတာကြောင်. တွေ.သမျှလူတွေကလဲ မယ်ရီ ခရစ်စမတ်စ် လာပြောကြသေး။ ဘုရားစာတွေလဲ တတွတ်တွတ် ရွတ်လို. ဒီမြန်မာ အစားအစာတွေ ချောချော ချူချူ လွှတ်သွားပါစေပေါ.။ဒီလိုနဲပဲ ဘာအခက်အခဲ မှ အထူးတလေ ထပ် မတွေ.ရပဲ လူဝင်မှု ကြီးကြပ်ရေး (Immigration) အခွန်ဌာန (Custom) လုံခြုံရေး (Security) တွေကို အဆင်.ဆင်. ကျော်ဖြတ်ပြီးတဲ. အခါမှာတော. စိတ်ပူတဲ. မျက်နှာနဲ. စိတ်လှုပ်ရှားတဲ. အပြုံးတွေနဲ. စောင်.ကြိုနေ တဲ. ခင်ပွန်းသည်ကိုတွေ.လိုက်ရပါတော.တယ်။