Menu bar

20 February 2014

Google Plus ကို မုန်းတယ်

ကျမရဲ. အလုပ်အတွက် အသုံး အများဆုံး Email က gmail နဲ.ပါ။ အလုပ်က အမျိုးမျိုးပြောင်းနေတော့ email တွေလဲ မျိုးစုံ ပြောင်းပြီး နောက်ဆုံး ဒီ gmail ကိုပဲ ပြန်ပြန်ရောက်လို.လာပါတယ်။ ကျမလိုအပ်တာကလဲ အမြဲ အလွယ်တကူ သုံးလိုရတာ၊ ဖုန်းနဲ. သုံးလို.ရတာ၊ တခြား နိုင်ငံရောက်နေလဲ အလွယ်တကူ ဝင်သုံးလို.ရတာ ဒီ Criteria တွေနဲ. ပြည့်တဲ့ email မျိုးပေါ့။

ဒါပေမယ့် ခက်တာက အခု Google Plus ဆိုတာကြီး ပေါ်လာပြီးထဲက အဲဒီကနေ. Google နဲ. သက်ဆိုင်တာတွေ အားလုံး စုပြီး Public ထုတ်လွှင့်တော့တာပါပဲ။ ဥပမာ Blogpost Youtube Picassa နဲ. တခြား မြောက်များစွာသော Google Products  တွေပေါ့။ 

တခါတလေ အလုပ်က Gmail သုံးတဲ့ တချို.ဆီက အီးမေးရောက်လာရင် သူတို.ရဲ. Google Plus က ဓါတ်ပုံတွေပါ တွေ.ရတတ်ပါတယ်။ စပ်စုချင်ရင် အဲဒီ ဓါတ်ပုံကို နှိပ်ပြီး ဆက်သွားရင် သူတို.ရဲ. ဝါသနာ မိသားစု အားကစား ဟောလီးဒေးဆိုတာတွေ တောင် ကြည့်လို.ရရင် ရနေသေးတာ။ အထူးသဖြင့် ကျမနဲ. လူချင်း မတွေ.ဖူးပဲ အလုပ်အရပဲ email နဲ. ဖုန်းနဲ. ဆက်သွယ်ရတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ သူတို. ဓါတ်ပုံတွေ ကြည့်ပြီး အော် ဒီရုပ်တွေပါလား ဒီအသက်အရွယ်ပါလားလို. သိရတာပေါ့။ 

ကျမမှာလဲ Google Plus account က ရှိတော့ မသုံးဖြစ်ပေမယ့် ကျမလိုပဲ တခြား လုပ်ဖော်ကိုင်ဖက်တွေလဲ ကျမ ဘာရုပ်လဲ (အထီးလား အမလား) ဆိုတာမျိုး စပ်စုချင်သူ စပ်စုလို.ရကြမှာပေါ့။ ဒါမေမယ့် ကျမ Account က ကျမရဲ. profile ဓါတ်ပုံအပြင် တခြားဘာမှ တင်မထားပါ။ အဲလိုပဲ ထင်ခဲ့မိတာလေ။

တခါမှလဲ ကျမရဲ. ဒီ Google Plus ဆိုတဲ့ Account ကြီး ကို ဝင်မကြည့်မိခဲ့၊ ဒီနေ.မှ ဘာမင်ဂန်က ဆေးကျောင်းသား တယောက် သူတို. Conference လုပ်တာ စာလာသင်ပေးဖို. ဆက်သွယ်လာပါတယ်။ Google mail ကလာတာ ဆိုတော့ သူ.ရဲ. G Plus ဓါတ်ပုံနဲ. ဘယ်လို ရုပ်မျိုးလဲဆိုတာ တွေ.နေရပါတယ်။ ကျမလဲ သူ. Email ကို ပြန်ပြီးမှ သတိရသွားတာ ဒီကျောင်းသားတွေလဲ ငါ့ပုံဝင်ကြည့်လို. ရနေမှာပဲ ဆိုပြီး ဘာရယ်မဟုတ် ကျမရဲ. Google Plus Account ကို ဝင်ကြည့်မိလိုက်တာ ဘယ်ဟုတ်မလဲ ဒင်းက ကျမရဲ. Blog က Post တွေရော Youtube က Favourite လုပ်ထားတာတွေရော ဒီ Blog က ဓါတ်ပုံတွေရော (album တခုနဲ.)  Public Display လုပ်ထားတာ တွေ.လိုက်ရပါတယ်။ ဘာ Private information မှ မပါပေမယ့်လဲ ကျမရဲ. Social life နဲ. Professional life နှစ်ခုကို ကျမ သပ်သပ်စီ ခွဲထားချင်ပါတယ်။ Private Life ကိုလဲ private ထားပြီးတော့ပေါ့။ 

ဥပမာ စဉ်းစားကြည့်ပါ။ ကျမရဲ. လုပ်ဖေါ်ကိုင်ဖက်တွေ ကျမနဲ. အီးမေးဆက်သွယ်မယ်၊ အီးမေးကနေ ဒီ Googleplus ကရောက်လာမယ်၊ ကျမတင်ထားတဲ့ blog post ဒီ post တွေနဲ. ဆက်နွှယ်နေတဲ့ ပုံတွေကြည့်။ တချို.စာတွေက သူတို.အကြောင်း ကျမ အတင်း တုတ်ထားတာ ဖြစ်ချင် ဖြစ်နေမှာပဲ။ ကျမရေးတဲ့ စာတွေ သူတို.နားမလည် ကြောင်းလဲ သိနေပေမယ့်လဲ ကျမတော့ ဘောမကျ .. ။ 

ဒါနဲ. ရှိရှိသမျှ ရှယ်ထားတာ အားလုံး၊ ဓါတ်ပုံတွေအားလုံး ဖျက်ပြီး ဒီ ဘလော့နဲ. Google Plus ကို ဆက်နွှယ်နေမှု မရှိအောင် လုပ်ထဲလိုက်တာ အလုပ်လွန်ပြီး ဒီဘလော့က ပုံတွေပါ အားလုံး ပျောက်သွားတော့တာပါပဲ။ ဂန်. ဂန်. ဂန်. ....

ကဲ ..... သမ္ဗေ သဒ္ဒါ ကမ္မသက္ကာ ပေါ့ ... 

ဒီ ဘလော့လဲ ဖျက်ချင်နေတာ ကြာခဲ့ ပြီပဲလေ။

တခါတလေ ညည်းချင် ငြူချင် စိတ်ပေါ်လာရင် Facebook မှာပဲ Notes ရေးပြီး ညည်းဖြစ်တော့မယ်ထင်ပါရဲ. .... ကွယ် ။ 

https://www.facebook.com/pages/Moe-Kai/352662748138144?fref=ts


ADDITIONAL COMMENT

အပြောတွေစော အပြစ်တင်မိတာ ပြန်ပြင်ပါတယ်။ Google Plus, Blogspot forum, Picassa အားလုံး လျှောက်ဖတ်ပြီး သိလိုက်ရတာက ဘလော့ဂ်က ဓါတ်ပုံတွေကို ပီကာစာမှာ တင်ထားတာပါ။ အဲဒီတော့ ပီကာစာက ပုံတွေ ယောင်ပြီး မဖျက်မိပါစေနဲ.။ ကျမရဲ. ပုံတွေကတော့ ကျမ ကလိလွန်သွားလို. အားလုံး Private setting ဖြစ်ပြီး မမြင်ရတော့တာပါ။ အဲဒါကို ပီကာစာမှာ ပြန်သွားပြီး Public ပြန်ပြောင်းလိုက်တော့ အားလုံး အဆင်ပြန်ပြေသွားပါပြီ .... ကွိကွိကွိ

16 February 2014

အားကစား လုပ်ကြမယ်



ကျမက အားကစား ဆရာဝန် တယောက်ပါ။ အဲဒီတော့ အားကစားအသင်းတွေကို လူနာကုပေးရသလို ပြည်သူလူထုတွေ အားကစား များများလုပ်ပြီး ကျန်းမာအောင်နေဖို. တိုက်တွန်းတာလဲ လုပ်ရပါတယ်။ အဲဒီတော့ ကျမတို. လုပ်ဖော်ကိုင်ဖက်တွေ တွေ.ပြီဆိုရင်လဲ အရင်ဆုံးမေးတတ်တဲ့ မေးခွန်းက နင်ရော ဘာအားကစားလုပ်လဲ ဆိုတာပါ။

ရှက်ရှက်နဲ. ဝန်ခံရရင် ကျမ ဘာအားကစားမှ အထွေအထူး မလုပ်ဖြစ်ပါ။ ကျမက အရင်ထဲက အရမ်း ဝတုတ်ကြီး မဟုတ်သလို ပိန်ပိန်ပါးပါး အမျိုးအစားထဲမှာလဲ မပါပါ။ အားကစား လုပ်စရာမလိုပဲ ကျမအလုပ်က အမြဲ ပြေးလွှား လှုပ်ရှားနေရတော့ ပေါင်ချိန်လဲ မတက်ပါ။ ကျမရဲ. လျှို.ဝှက်ချက်ကလေး တခုက အမြဲသွက်သွက်လက်လက် နေတယ်ဆိုတာလေး တခုပါပဲ။ လှေကားကို မြန်မြန်ပြေးတက်တယ်။ လမ်းမြန်မြန်လျှောက်တယ်။ ငြိမ်ငြိမ်ထိုင်နေတယ် မရှိ အမြဲကို လှုပ်ရှားနေရတာ ဆိုတော့ အစားသောင်းကျန်းပေမယ့် ဝိတ်မတက်နိုင်ဘူး ထင်ပါရဲ.။

အားကစားဖက် ပြန်ပြောပြရရင် "what is your sport" ဘယ်အားကစားကို ဝါသနာပါလဲ အမေးခံရတိုင်း ကျမမှာ ပြန်ဖြေစရာမရှိခဲ့ပါ။ ဒီမှာကလဲ အဲဒီလိုမှ ပြန်မဖြေနိုင်ရင် နင်က အားကစား ဆရာဝန်လုပ်နေပြီး လူတိုင်း အားကစား လုပ်ကြပါ အော်နေပြီး နင်ကျ ဘာမှ မလုပ်ဘူးလားလဲ အထင်ခံရမှာ ကျမ ကြောက်မိပြန်ပါတယ်။

ဒါနဲ. လူအထင်သေးတာလဲ မခံရအောင်၊ ညာလဲ မညာရတဲ့ အဖြေမျိုး စဉ်းစားရပါတယ်။ ကျမက အမြဲ တာတို တာဝေး ပြေးတယ် ပြောရအောင်လဲ ခြေလှမ်း ဆယ်လှမ်းလောက်ပြေးရရင် ကျမက မောနေပြီ။ အရင်က တပတ်တခါ ယောက်ျားနဲ. ရေသွားကူးတတ်ပေမယ့် ဒါကို ကျမလို ဂျပုအတွက် အားကစားတခုလို ပြောမရပြန်။ ဖားကူးလေးနဲ. ဟိုယက်ကန်ကန် ဒီယက်ကန်ကန်လောက်သာ ရှိတာလေ။ Gym သွားလားဆိုတော့ ကျမ အလုပ်လုပ်တဲ့ အရပ်မှာ နောက်ဆုံးပေါ် စက်ကြီးတွေနဲ. Gym ရှိပေမယ့် ကျမ ငပြင်း ဘာစက်မှ သိပ်စမ်းဖူးတာ မဟုတ်။  

ဒါနဲ. ငယ်ဘဝကို ပြန်စဉ်းစားပေါ့။ ငါဘာအားကစားများ လုပ်ဖြစ်ခဲ့သလဲဆိုတော့ ဂျင်ပေါက် ကျောက်ဒိုးပြစ် ဇယ်ခုန် ကြက်ဖခွပ် ကြိုးခုန် ကျားထိုး တခုမှ အင်္ဂလိပ်လို ပြောမရ၊ အဲ ဟိုးငယ်ငယ်လေးတုန်းက လွတ်လပ်ရေးနေ. တနေ. မီတာ ၁၀၀ အပြေးပြိုင်ပွဲ ဝင်ပြိုင်လိုက်တာ စတုတ္ထချိတ်တာ သတိရမိသွားပါတယ်။ ကျမဝင်ပြိုင်ဖူးခဲ့တဲ့ တခုထဲသော အားကစား ပြိုင်ပွဲပါ။ ပြိုင်တဲ့သူက အားလုံး ၄ယောက်ပဲ ရှိတာလေ.. အဟွတ် ... အဟွတ်။ တော်သေးတယ် ကျမ ကြီးပြင်းတဲ့ အချိန် လူရည်ချွန်ဆိုတာ မရှိတော့လို.ပေါ့။ နို.မို. ကျမ အားကစားညံ့ပုံနဲ. လူရည်ချွန်မရလို. ကျေကွဲနေရဦးမယ်။

အဲ နောက်တခုမှတ်မိသွားတာ ငယ်ငယ် စက်ဘီး စစီးတတ်ချိန် ကျမမိဘတွေ ဝယ်ပေးတဲ့ BMX စက်ဘီး အနီရောင်လေးကို ပြေးမြင်လာမိပါတယ်။ ကျမ ကြီးပြင်းခဲ့တဲ့ ကွမ်းခြံကုန်းမြို.လေးမှာ စက်ဘီး တအား စီးကြတာလေ။ ကျမရဲ. ပထမဆုံး BMX အနီရဲရဲလေး နှစ်အတော်တော်ကြာ စီးခဲ့ရတာ အခုထိ မမေ့။ 

အဲဒါကို သတိရပြီး အခုလဲ ကျမက စက်ဘီးစီးတာ နှစ်သက်သူဆိုတော့ သူငယ်ချင်းတွေကို ငါငယ်ငယ်ကတော့ BMX စီးတယ်လို. ပြန်ဖြေဖြစ်ပါတယ်။ အဲ ဒါပေမယ့် ဒီနိုင်ငံမှာ BMX ဆို သဘောပေါက်ကြတာက စတန်.ထွင်စီးတဲ့ အမြင့်ခုန် ဂျွမ်းထိုးအမျိုးစုံ လုပ်ပြတဲ့ စက်ဘီးတွေပါ။ အဲဒီတော့ အားလုံးက ကျမကို အထင်ကြီးတဲ့ မျက်လုံးတွေနဲ. ပါးစပ် အဟောင်းသားနဲ. “သြ ဟုတ်လား BMX တောင်စီးတာလား တော်တော် စွန်.စားတာတွေ ကြိုက်တာကိုးနော်” ဆိုတဲ့ ဝေဖန်ချက်မျိုး အမြဲ ကြားရတော့တာပါပဲ။ ကျမလဲ ချော်လဲရောထိုင် ဟဲဟဲ ပဲ ရယ်နေဖြစ်လိုက်ပါတယ်။ 

ကဲ လိုရင်းကို ပြန်ပြောရရင်တော့ လူတိုင်းကျန်းမာဖို. တနေ. မိနစ် ၃၀ တပတ်မှာ ၅ရက် အားကစား လုပ်သင့်ပါတယ်။ အားကစားလို. ပြောရရင် Gym ကို သွားမှ Aerobics တွေ ထလုပ်မှရယ်မဟုတ်၊ ဘာကိုယ်လက် လှုပ်ရှားမှုမဆိုပါပါတယ်။ မိနစ် ၃၀ ဆက်တိုက်လုပ်စရာမလို ၁၀မနစ်ဆီ ခွဲလုပ်တာမျိုးလဲ ရပါတယ်တဲ့။

11 February 2014

ဆရာဝန် တယောက်ရဲ. အမှား သင်္ခန်းစာ

ကျမ အမျိုးသားက သတင်းစာတစောင်ထဲ ရေးထားတဲ့ သတင်းတပုဒ်ကို လာဖတ်ခိုင်းပါတယ်။ အရင် သူလုပ်ခဲ့တဲ့ ဆေးရုံတခုက သူ.အသိ ဆရာဝန်တယောက် တရားရုံး ရင်ဆိုင်နေရတဲ့ သတင်းပါ။

အသက် အလည်ပိုင်း အမျိုးသမီးတယောက် ခေါင်းကိုက်တယ်ဆိုပြီး ဆေးရုံတက်လာပါတယ်။ ခေါင်းကိုက်တဲ့ လူနာတိုင်း ကျမတို. အမြဲ စဉ်းစားရတာက Menigitis (ဦးဏှောက် အမြှေးရောင်)၊ ဦးဏှောက်သွေးကျောပေါက်ပြီး ဦးဏှောက်ထဲ သွေးယိုတာ (any forms of intracranial bleeds)၊ ဦးဏှောက် ကင်ဆာ (Primary/Secondary tumors)၊ လေဖြတ်တာ (TIA/Stroke) အစရှိသဖြင့် လူ. အသက်အန္တရယ် အတွက် စိုးရိမ်ရတဲ့ ကိစ္စတွေကို အရင်စဉ်းစားရပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ. အလကား ဆေးကုလို.ရတဲ့ စနစ်မှာ လာပြတဲ့ လူနာတွေရဲ. ၉၉  ရာခိုင်နှုန်းလောက်က ဘာမှမဟုတ်တဲ့ Tension Headache (စိတ်ဖိစီးမှုကြောင့်ရတဲ့ ခေါင်းကိုက်တာ) Migraine, Non specific Headache အစရှိသဖြင့် အသက်အန္တရယ် မစိုးရိမ်ရတဲ့ အရေးမကြီးလှပဲ သူ.ဘာသာသူ ပျောက်သွားတတ်တဲ့ ခေါင်းကိုက်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ 

ကျမအတွက် အခုအချိန်အထိ မကြည့်ချင်တဲ့ ဆေးရုံရဲ. အရေးပေါ်ဌာနက လူနာဆိုရင် ခေါင်းကိုက်တဲ့ လူနာလို. ပြောလို.ရပါတယ်။ လူနာကို စမ်းသပ်ရုံနဲ.လဲ အများအားဖြင့် ရောဂါအမည် တပ်မပေးနိုင်၊ အဲဒီတော့ လာတဲ့ လူနာတိုင်းကိုလဲ CT Head (Radiation တွေ အများကြီးထိနိုင်တဲ့ ခေါင်းဓါတ်မှန်) ရိုက်နေလို.မရ၊ ခါးထဲက ရိုးတွင်ချဉ်စီ ဖေါက်စစ်နေလို. (Lumber Puncture)လဲ မဖြစ်ပြန်၊ အများအားဖြင့် လူနာကို သေသေချာချာ အချိန်ပေး စမ်းသပ်ပြီး ကိုယ်ရဲ့ Gut Feeling လို.ခေါ်တဲ့ စိတ်မှန်း အတွင်းစိတ်အထင် Instinct နဲ. ပဲ ဆုံးဖြတ်ချက်ချရပါတယ်။ လူနာပြန်လွှတ်ပြီးမှ ငါ့ရဲ. ဆုံးဖြတ်ချက် မှန်ရဲ.လား ပြန်တွေဝေမိတာလဲ မကြာခဏပါ။

အဲဒီလိုပဲ အဲဒီအသိဆရာဝန်လဲ သူ.ရဲ. Experience နဲ. Clinical Judgement နဲ. ဆုံးဖြတ်ချက် ချလိုက်တယ် ထင်ပါတယ်။ ဒီ အမျိုးသမီး ခေါင်းကိုက်တာနဲ. လာပြတယ်တဲ့။ တာဝန်ကျနေတဲ့ ဆရာဝန် registrar က CT ရိုက်မယ်လို. စီစဉ်ပေမယ့် CT စောင့်နေတုန်း အမျိုးသမီးက ခေါင်းကိုက်တာ သက်သာလာပါရော။ အဲဒီတော့ Consultant ဆရာဝန်ကြီး က CT မလိုဘူး၊ ရိုးရိုး Migraine ပဲ ဖြစ်မှာ ဆိုပြီး အကိုက်အခဲပျောက်ဆေးပေးပြီး ဆေးရုံကနေ ပြန်လွှတ်လိုက်ပါတယ်။ အဲဒါနဲ. ၁၀ရက်ကြာတော့လား မနက်ခင်း တစ်မနက်မှာ အဲဒီ အမျိုးသမီးဟာ အိပ်ယာကနေ လုံးဝ မနှိုးထလာတော့ပါဘူး။ သူမ သေပြီး အလောင်းခွဲ Post Mortem examination လုပ်တော့ ခေါင်းထဲ သွေးကြောပေါက် သွေးယိုပြီး ဆုံးသွားတာဆိုပါတယ်။ အဲဒီတော့ မေးခွန်းက ဒီဦးဏှောက်သွေးကျောပေါက်တာ မသေခင် ၁၀ရက်က ဆေးရုံသွားတုန်းက ဖြစ်တာလား၊ နောက်မှ ဖြစ်တာလား။ ဒါကိုတော့ ဘုရားကပဲ ပြောပြနိုင်ပါတော့မယ်။ သူမ အဲဒီ ဆေးရုံလာခဲ့စဉ် တုန်းက CT မှ မရိုက်ဖြစ်ခဲ့တာလေ။

အဲဒီတော့ အဲဒီဆရာဝန် ဒုက္ခရောက်တော့တာပေါ့။ အမှုကတော့ ရင်ဆိုင်နေဆဲဆိုတော့ ဘယ်သူနိုင်မလဲ မသိရသေးပါ။ ဒါပေမယ့် ကျမသင်ကြားခဲ့ရသမျှ သိသလောက်ကတော့ ဦးဏှောက်သွေးကြောပေါက်တဲ့ ကိစ္စအများစုဟာ သွေးကြောပေါက်ပြီး ၁၀ရက် ကြာအောင်မစောင့်တတ်ပါ။ နောင် ၂၄ နဲ. ၄၈နာရီမှာ သေနှုန်း အများဆုံးပါ။ ဆရာဝန်မို.လို. ဆရာဝန်ဘက် လိုက်ပြောတယ်ပဲ ပြောပြော ဒီ ၁၀ရက်အတွင်းမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ 

ဒါပေမယ့်လဲ အခု ဖြစ်ရတဲ့ အမှုက လူနာလာပြစဉ်က CT မရိုက်ပေးလိုက်လို.ပါ။ အဲဒီတော့ သွေးကြောပေါက်တာဟာ အဲဒီတုန်းက ဖြစ်တယ်လို. ဘယ်လိုမှ ပြောလို.မရသလို အဲဒီအချိန်က ဘာမှ မဖြစ်သေးဘူးဆိုတာလဲ ဘယ်လိုမှကို မပြောနိုင်ပါ။ ကျမ အထင်တော့ ဆရာဝန်သာ အဲဒီအချိန်က လူနာ အမျိုးသမီးကို သေသေချာချာ စမ်းသပ်တာလုပ်ခဲ့တယ်။ သေသေချာချာ ရေးမှတ်ထားတယ်ဆိုရင် တရားသူကြီး အနေနဲ. ဆရာဝန် သို.မဟုတ် ဆေးရုံရဲ. အပြစ်လို. ပြောလိုရမယ် မထင်ပါ။ ဒါပေမယ့် အဲဒီတုန်းက CT သာရိုက်လိုက်မယ်ဆိုရင်ပေါ့၊ အခု လူနာရှင်တွေ ခံစားနေရတဲ့ ဒေါသနဲ. ဝမ်းနည်းမှုတွေ၊ ဆရာဝန်ကြီး ကိုယ်တိုင်ခံစားနေရမယ့် နောင်တ Guilty feeling တွေ တော့ အတော် လျော့သွားမှာ အမှန်ပါပဲ။

ဒီ သတင်းကို ဖတ်ပြီး ကျမနဲ. ကျမ အမျိုးသား အခြေအတင် ဆွေးနွေးမိခဲ့ပါတယ်။ အမျိုးသားက ဒီကိစ္စကို သင်္ခန်းစာယူပြီး နောင်ဆို လာသမျှလူနာ အားလုံး ဘာစစ်ဆေးတာမှ မချန် Investigations တွေ အားလုံးကို လုပ်သင့်တယ်လို. ဆိုပါတယ်။ 

ကျမကတော့ ဆရာဝန်ကောင်း တယောက် ဖြစ်ချင်ရင် လာသမျှလူနာကို တွေ.သမျှ Investigations တွေပဲ ထိုင်လုပ်နေလို မရဘူးလို.ပဲ ယုံကြည်တုန်းပါ။ အဲဒီလိုသာဆိုရင် ကိုယ့်ရဲ. သင်ယူထားတဲ့ ပညာတွေနဲ. Clinical Judgement ဆိုတာကြီးက ဘယ်ရောက်သွားမတုန်းပေါ့။ 

ဒါပေမယ့် ကျမကိုယ် ကျမ သတိပြန်ပေးမိတာ ကတော့ လူနာတိုင်းကို သေသေချာချာ စမ်းသပ်ဖို. လူနာပြောသမျှတွေကို သေသေချာချာ နားထောင်ဖို.ပါ။ ဘယ်လူနာကိုမှ Prejudice နဲ. မဆက်ဆံသင့်ပါ။ 

ကျမလူနာတိုင်းကိုလဲ ကျမ အမြဲ ပြောဖြစ်တာက ဆရာဝန်ဆိုတိုင်း အစစ အရာရာ သိနေတဲ့သူတွေ မဟုတ်ပါ။ ကျမတို.သင်ထား တတ်ထားတဲ့ စာတွေ၊ လုပ်ခဲ့ဖူးတဲ့ အလုပ်အတွေ.အကြုံတွေနဲ. လူနာတွေရဲ. ပြောသမျှ ခံစားရသမျှတွေကို နားထောင်ပြီး ဒါတော့ ဘာအဖြစ်နိုင်ဆုံးလို. ဆုံးဖြတ်ရတာပါ။ 

လူနာတွေ အနေနဲ.ကတော့ ကိုယ့်ရဲ. ခန္တာကိုယ်အကြောင်း ကိုယ်အသိဆုံးပါ။ ဆရာဝန်တွေရဲ. စကားကိုယ်ပဲ အမြဲအမှန်ယူမဲ့ အစား၊ ဆရာဝန်က ဘာမှ မဖြစ်ဘူးထင်ပေမယ့်၊ ကိုယ့်ရဲ. ခန္တာကိုယ်က တမျိုးပြောနေရင် ဆရာဝန်နဲ. ပြန်ရှင်းပြ ဆွေးနွေးသင့်တယ် ဆိုတာပါပဲ။ 

7 February 2014

ကျမရဲ. အလုပ်သွား ဖက်ရှင်

Photo taken from Ralph Lauren website
ငယ်ငယ်စဉ် အဖြူအစိမ်းနဲ. ကျောင်းတက်တဲ့အချိန် ကျောင်းစိမ်းလုံခြည်လေးတွေ ဝတ်ရတဲ့ အချိန်က ကျမ ဝက်ဝံတံဆိပ် လုံခြည်လေးတွေပဲ ဝတ်မိတာ မှတ်မိလို.နေပါတယ်။ ကျမမှာ ရှိတဲ့ ဝက်ဝံ ၂ထည်ထဲကိုပဲ နေ.စဉ် အဲဒါခြည်းပဲ ဝတ်မိခဲ့တာလဲ မှတ်မိပါတယ်။ ဘာကြောင့်ရယ် မသိ အဲဒီတုန်းက တခြား လုံခြည်အစိမ်းတွေ ရှိသေးရဲ.သားနဲ. မဝတ်ခဲ့ မဝတ်ချင်ခဲ့။

ဒါနဲ. တက္ကသိုလ်တက်တဲ့ အချိန်ရောက်တော့ စာတွေကများတော့ ဈေးဝယ်ချင်တဲ့ စိတ်တွေ အလိုအလျှောက်ကို နဲသွားတယ်ထင်ပါရဲ. အဝတ်အစား ကိစ္စ အမေ့ကိုပဲ တာဝန်လွှဲပေးထားခဲ့ မိပါတယ်။ အဲဒီတုန်းကတော့ အမေဆင်ပေးခဲ့တဲ့ စိန်မိုက်ကယ်အတု ဝမ်းဆက်လေးတွေ ရောင်စုံ ဝတ်ခဲ့ရပါတယ်။ အစစ်က ဈေးကြီးလွန်းပြီး အစစ်နဲ. အတုနဲ. ဘာမှလဲ ကွာတာမတွေ.တော့ အတုနဲ.ပဲ ကျေနပ်ခဲ့တယ် ဆိုပါတော့။ 3rd MB ရောက်တဲ့ အချိန်ကစလားမသိ မေမေက ဆင်ပေး ချုပ်ပေးခဲ့တဲ့ ဇာအကျီ ရောင်စုံလေးတွေလဲ မှတ်မိခဲ့ပါတယ်။ အမျိုးအစား တမျိုးဆို တမျိုးထဲပဲ ပြန်လှန်လဲဝတ်တတ်တဲ့ ကျမ အဲဒီတုန်းကတော့ စိန်မိုက်ကယ်ရယ် ဇာအကျီ င်္လေးတွေရယ်ဟာ ကျမအတွက်တော့ ကျမ ကိုယ်ပိုင် ဒီဇိုင်းလေးတွေပဲ ဆိုပါတော့။ 

ဒီလိုနဲ. အင်္ဂလန်ရောက်တော့ အမေ့အားကိုးလို. မရတော့။ ကိုယ့်အကျီ င်္ကိုယ်ဆင်ရပါတော့တယ်။ ရောက်ရောက်ချင်းကတော့ Fashion Failure ပဲဆိုပါတော့၊ ကျမဝတ်လိုက်သမျှ အူကြောင်ကျား စတိုင်က ဖိုးရိုးဖားယား၊ အရောင်တွေက ကိုးရိုးကားယားပေါ့။ သူများဘာပြောပြော ကျမကတော့ ကိုယ်စိတ်ချမ်းသာဖို. အဓိကဆိုတဲ့ မူနဲ.ပဲ နေဖြစ်ခဲ့ပါတယ်။ အခုထိ အရမ်းခင်တဲ့ အသက် ၈၀ကျော် အင်္ဂလိပ်အဖိုးကြီး တယောက်ကဆို ကျမနဲ.သူ ဆေးရုံမှာ ပထမဆုံး စတွေ.တဲ့နေ.က March လကြီးထဲ ကျမ Christmas အကျီ င်္ကြီးဝတ်ပြီး ဆေးရုံဆောင်ထဲမှာ ရပ်နေတာ သူ.အတွက်ဘယ်လောက် ထူးဆန်းပြီး ထင်ရှားထူးခြားတဲ့ မြင်ကွင်းတခု ဖြစ်ခဲ့တယ်ဆိုတာ အခုထိ ပြောနေတုန်းပါ။ 

ဒီလိုနဲ.ဒီနိုင်ငံမှာ အခြေလေးနဲနဲကျလာ၊ အသားကျလာတော့ တချို. အမျိုးသမီးလေးတွေ ဝတ်တဲ့ ရှပ်အင်္ကျီလေးတွေကို သတိထားမိလာပါတယ်။ ကျမစိတ်ထဲမှာ Smart ကျတယ်။ Classy ဖြစ်တယ်။ Fashion လဲ ဆန်တယ်လိုထင်ပါတယ်။ ကျမကလဲ ဘယ်အရာမဆို ဘာပဲလုပ်လုပ် ကျမရဲ. ကိုယ်ပိုင် Criteria တွေ ချလုပ်တတ်တာကိုး။ အင်္ကျီဝယ်တော့လဲ ကျမရဲ. Criteria တွေဖြစ်တဲ့ လည်ပင်း မဟိုက်ရ၊ လက်မပြတ်ရ၊ သိပ်မပါးရ၊ ကိုယ်သိပ်ကျပ်တာမဖြစ်စေရ .. ဆိုတာတွေနဲ. ကိုက်ညီတဲ့အကျီ င်္တွေက ဒီနိုင်ငံမှာ ရှာဖို. သိပ်မလွယ်ကူခဲ့ပါ။ 

ဒါပေမယ့် Women Shirts တွေကတော့ ကျမလိုချင်တဲ့ အချက်တွေနဲ. ပြည့်တဲ့ အပြင် ကျမမျက်စိထဲတော့ အတော် အချိုးပြေတာကိုး။ နေ.စဉ် အလုပ်သွားလဲ ဝတ်လိုရတယ်၊ အင်တာဗျူး စာမေးပွဲ Viva တွေ သွားလဲ ဝတ်လိုရတယ်။ ရုပ်ရှင်ထဲက CSI လို စုံထောက်မေတွေလဲ အဲလို ရှပ်တွေနဲ. ဝတ်တော့ Professional ပုံပေါက်သွားပါတယ်။ 

ဒါပေမယ့် ခက်တာက ကျမလို ဂျပု ခါးတို ခါးတုတ်အတွက် ဒီနိုင်ငံက အရပ် ၆ပေမြင့်တဲ့ အမျိုးသမီးတွေအတွက် ချုပ်ထားတဲ့ Shirts တွေနဲ.က ပုံမကျပြန်။ တနေ.မှာတော့ ကံကောင်းစွာနဲ. Sales ချနေတဲ့ Designer Outlet မှာ ဈေးဝယ်ထွက်တုန်းမှာ Ralph Lauren Polo Shirts တွေတွေ.လို. စမ်းဝတ်ကြည့်လိုက် မိတာ ကျမနဲ. အံဝင် ပုံအကျဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ. အပျော်လွန်ပြီး အဲဒီက ရှပ်၎ထည် ဝယ်လာဖြစ်ခဲ့ပါတယ်။ ဝယ်ပြီး အဲဒါကိုပဲ မချွတ်တမ်းဝတ်ဖြစ်ခဲ့တာ။ နောက် Designer outlet သွားတိုင်း ထပ်ထပ်ဝယ်ထားတာ အခုတော့၎နှစ်အတွင်းမှာ အထည် ၂၀ရှိပါပြီ။ (အခုပဲ ဗီဒိုထဲ ရေတွက်ခဲ့တာနော်)။ 

ကျမ မနက်မနက် ဆေးရုံ အလုပ် သွားမယ်ဆို ဘယ်ဟာဝတ်ရမယ် ထိုင်စဉ်းစားစရာ မလို အဲဒီ Shirts တွေထဲက အလှဲ.ကျတဲ့ တထည်ကောက်စွပ်၊ CK နဲ. Tommy Hilfiger က Discount နဲ. ဝယ်ထားတဲ့   ဘောင်းဘီရှည် ၄ထည်ထဲက တထည်ဆွဲဝတ်ပြီး အလုပ်သွားဖြစ်တော့တာပါပဲ။ မနက် မနက်ဆို အိပ်ချင်မူးတူးနဲဆိုတော့ အဝတ်အစားအတွက် အချိန်ပေး သိပ်စဉ်းစားနေစရာ မလိုတော့ဘူးပေါ့။

ဘာရယ်မဟုတ် ဒီစာရေးဖြစ်သွားတာက မနေ.က ကျမကို အလုပ်မှာ အသိတွေက ကျမက အဝတ်အစား ကောင်းကောင်းတွေပဲ ဈေးကြီးပေး ဝတ်ကြောင်း ချီးကျွေးတာ ခံလိုက်ရလို.ပါ။ မကြာခဏ ကျမ အဲဒီစကား အပြောခံခဲ့ရပါတယ်။ ဟဲ့ နင့်မှာ အဲဒီ အကောင်းစား ရှပ်အင်္ကျီတွေ ဘယ်နစ်ထည်တောင်ရှိလဲ ဆိုပြီးတော့လဲ အမေးခံရတတ်ပါတယ်။ ဒီရှပ်တွေက တကယ့်ဈေး အမှန်က ပေါင် ၇၀၊ ၈၀ ကျော်တတ်ပေမယ့်၊ ကျမက ဈေးချတုန်းပဲ ဝယ်တော့ တထည် ပေါင် ၂၀ကျော်ပဲ ပေးရတာပါ။ အမှန်က ကျမအကျီ င်္အရည်အတွက်ကလဲ သိပ်မများပါ။ အရောင်တွေက ခပ်ဆင်ဆင် အားလုံးကလဲ အစဉ်းလေးတွေနဲ. ဆိုတော့ များတယ်လို. အထင်ခံရတာပေါ့။ 

ဒါက ဆေးရုံသွားတဲ့ နေ.တွေကို ပြောတာပါ။ အရေးပေါ်ဌာနမှာဆိုရင်တော့ Scrub ဝတ်ရပြီး၊ တခြား အားကစားနေ.ဆိုရင်တော့ ဘောလုံးအသင်းရဲ. Shirts/kits ဒါမှမဟုတ် အင်္ဂလန် ဝတ်စုံ FA ဝတ်စုံ အစရှိသဖြင့် လိုအပ်သလို ဝတ်သွားရပါတယ်။

4 February 2014

ကျမရဲ. နာမည်ကြီး လူနာများ

အားကစားပိုင်းမှာ လုပ်နေရတော့ မကြာခဏ ကျမ အမေးခံရတဲ့ မေးခွန်းလေးတခု ရှိပါတယ်။ နင့်ရဲ. လူနာတွေထဲမှာ နာမည် အကြီးဆုံးက ဘယ်သူလဲတဲ့။ ၂ခါ ၃ခါမက မကြာခဏကို အမေးခံခဲ့ရပါတယ်။ အမေးခံရတိုင်းလဲ ကျမ ဘာပြန်ဖြေရမှန်း မသိခဲ့ပါ။ လူနာတွေရဲ. အကြောင်း မပြောရဘူးဆိုတဲ့ Patients Confidentiality ဆိုတဲ့ ဆရာဝန်တယောက်ရဲ. တာဝန် စည်းကမ်းကလဲ ရှိနေပါတယ်။ ဒါပေမယ့် နာမည်လေး ပြောရုံနဲ.ရော ဒီ Patients Confidentiality  ဆိုတာကြီးက ဖောက်ပျက်ရာ ရောက်ပြန်သလား ကျမ မသိပါ။ ဒီနေရမှာ အဖြူအမဲဆိုတာ ခွဲလို.မရတဲ့ Grey area ညိုညိုမဲမဲ နေရာ တခုပဲ ဆိုပါတော့။ 

ဒါနဲ. မေးခွန်းရဲ. အဖြေကို ကျမ မကြာခဏ ပြန်စဉ်းစား ဖူးပါတယ်။ ကျမရဲ. လူနာတွေထဲမှာ ဘယ်သူကများ နာမည် အကျော်ဆုံး လူသိအများဆုံးပါလဲ။ ငယ်ကထဲက ဘောလုံးပွဲကြည့်ရတာ ဝါသနာပါသူဆိုတော့ ဒီမေးခွန်း စဉ်းစားလိုက်တိုင်း ဘောလုံးပဲ ခေါင်းထဲ အတွေးထဲ အရင်ဆုံး အမြဲ ဝင်လာတတ်ပါတယ်။ 

အင်္ဂလန်ရဲ. ဘောလုံးအသင်းတွေအားလုံး လေ့ကျင့်တဲ့နေရာ St Georges Park မှာ အလုပ်လုပ်တဲ့ ကျမအတွက် အင်္ဂလန်အသင်းမှ ဘောလုံးသမားများ မန်နေဂျာများအားလုံး ကျမ  ကူညီဖူးတယ်ဆိုပါတော့။ သူတို. လေ့ကျင့်ရင်း ဒါဏ်ရာ တခုခုများရမလား စောင့်ပေးရတာ (သူတို.ရဲ. အသင်း ဆရာဝန် ကျမရဲ. ဘော့စ်ကတော့ ရှိတာပေါ့)၊ နှစ်စဉ်ကူညီပေးရတဲ့ သူတို.ရဲ. Fitness Screening၊ ခရီးမသွားခင် ထိုးပေးရတဲ့ Travel immunization .. ဒါတွေ ပုံမှန်လုပ်ပေးရတော့ သူတို.က ကျမရဲ. နာမည်အကြီးဆုံး လူနာတွေလို. ပြောလို.ရလေမလား။

မန်နေဂျာတွေ အကြောင်း ပြောရရင်လဲ အခု Premier League ဘောလုံး အသင်းတွေရဲ မန်နေဂျာ အားလုံးနီးနီး မရှိဘူးဆို အနဲဆုံး ၅၀ရာခိုင်နှုန်းကျော် ကျမကြည့်ရှု ပေးခဲ့ရပါတယ်။ သူတို.မှာ ဘောလုံး မန်နေဂျာဖြစ်ဖို. (Fitness to Perform) လိုအပ်တဲ့ ကျန်းမာရေး အဆင့် ရှိပါတယ် ဆိုတာ နှစ်စဉ် ကျမအလုပ်လုပ်တဲ့ St Georges Park မှာ လာလာ စစ်ရတာလေ။ အဲဒီ အလုပ်ကို ဆရာဝန် အနေနဲ. ကျမကပဲ ဦးဆောင်ပြီး လုပ်ပေးတာပါ။ ဒါဆိုသူတို.ကရော နာမည်ကြီးတွေထဲ လူအသိအများဆုံးတွေထဲ ပါလေမလား။

ကျမအနေနဲ. West Bromwich ဘောလုံးပွဲမှာလဲ ဆေးခန်းထိုင် သူတို.ရဲ. ပထမ အသင်းသား အားလုံးကို ဒီနှစ် season စချိန်လောက်တုန်းက ကြည့်ပေးဖူးပါတယ်။ Birmingham City ဘောလုံး အသင်းကတော့ ပြောမနေပါနဲ.တော့။ လွန်ခဲ့တဲ့ ၃နှစ်လုံး ကျမက ဒီအသင်းရဲ. ဆရာဝန် ၂ယောက်ထဲက တယောက်ဆိုတော့ သူတိုရဲ. ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနေကျပါ။ အဲဒီတော့ ဒီအသင်းတွေကရော ဘယ်သူကများ နာမည် အကြီးဆုံး ဖြစ်လေမလဲ။ 

အမျိုးသမီး ဘောလုံး အသင်းက အမျိုးသားလောက် နာမည် မကျော်တော့ ဒီစာရင်းထဲ ဝင်နိုင်မယ်မထင်။ 

ဒါနဲ. ဘောလုံး မဟုတ်ပဲ တခြား အားကစားဆိုရင်ရော။ ဘယ်ဟာကများ နာမည်ကျော်မလဲ စဉ်းစား မိပြန်တယ်။ 

ကျမလုပ်ခဲ့တဲ့ အားကစားတွေကလဲ အလွန်များသကိုး။ အိုလန်ပစ်မှာတုန်းက ဘော်လီဘော နဲ. ကမ်းခြေဘော်လီဘော၊ နောက် ဒိုင်း ဗင်း  စက်ဘီး  လှေလှော် Gymnastics (ဂျွန်းဘား) အစရှိသဖြင့် ကမ္ဘာ့ချန်ပီယန်ပြိုင်ပွဲတွေမှာ လုပ်ခဲ့တော့ ကမ္ဘာအရပ်ရပ်က အတော်ဆုံး အားကစားသမားတွေနဲ. တွေ.ခဲ့ ကြုံခဲ့ ကုပေးခဲ့ရတာတွေရှိပါတယ်။ 

နောက် ကမ္ဘာ့ နံပါတ် ၁ (အခုတော့ ၂လားမသိ) Australia Netball ... ကမ္ဘာနံပါတ် ၃ England Netball အသင်း .. အင်္ဂလန်ဟော်ကီ .. Great Britain Basketball team အစရှိတာတွေ မျိုးစုံနဲ.လဲ လုပ်ခဲ့ဖူးလေတော့ သူတို.ကရော ဘယ်လောက် နာမည်ကြီးတဲ့ အထဲ ပါမလဲ မသိပါ။ 

စဉ်းစားရင်း စာရင်းကတော့ ရှည်လာပါတယ်။ ဒါပေမယ့် ဘယ်သူတယောက်ထဲကမှ နာပါတ် ၁ နေရာ ရောက်မလာပါ။ 

ကွမ်းခြံကုန်းဆိုတဲ့ တော့မြို.ကလေးမှာ ကြီးပြင်းခဲ့တဲ့ ကျမ ငယ်ငယ်က စိတ်ကူးယဉ် အိပ်မက် မက်ခဲ့ဖူးပါတယ်။ ငါကြီးလာရင် နိုင်ငံခြားမှာ ပညာတွေသင်နိုင်တဲ့သူ ကမ္ဘာအနှံ.ခရီးတွေ လျှောက်သွားနိုင်တဲ့သူ ဖြစ်ချင်တယ်လိုလေ။ ပညာတွေလဲ သင်ရပါတယ် (မသင်ချင်မှ အဆုံး ဆိုပါတော့)။ ခရီးတွေလဲ သွားရလွန်းလို. အခုတော လျှော့ပြီး အိမ်မှာပုံမှန် အလုပ်လုပ်နိုင်အောင် ကျိုးစားနေရပါတယ်။ ကမ္ဘာအရပ်ရပ်တော့ စုံလို.မဟုတ်၊ ယောက်ျား complaint လုပ်တာခံရလွန်းလို.ပါ။ ကျမရဲ. အိပ်မက်ကလေးတွေ အကောင်အထည်ပေါ်လာတာ ပြောတာပါ။ 

အခုတော့ ကျမ အိပ်မက်အသစ်တခု ထပ်မက်မိတယ်။ ကျမရဲ. အိပ်မက် အများကြီးတွေထဲက တခုဆိုပါတော့။ အင်္ဂလန်အသင်းရဲ. ဆရာဝန်အဖြစ်နဲ. ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားနိုင်ဖို.လေ ... ဟီးဟီး။ 

အိပ်မက်ဆိုတာ တကယ်ယုံကြည်ရင် တကယ်အမှန် ဖြစ်မြောက်လာတတ်တယ်တဲ့။ အဲဒီတော့ ကျမလဲ ယုံကြည်စွာ ဆက်လက် မျှော်လင့် စောင့်စားလို. ...... ဒီစာကို ဒီမှာပဲ ရပ်လိုက်ပါတော့တယ်။

1 February 2014

ဆရာဝန် တယောက်ရဲ. ရောဂါများ

မနေ.က ကျမ အမျိုးသား ဆေးရုံက သူ.လူနာတွေဆီက သယ်လာတဲ့  ရောဂါပိုးနဲ. ဝမ်းသွားပြီး အန်ပါတယ်။ ဆရာဝန်ဆိုတော့ လူတွေကို ရောဂါပေါင်းစုံမှ ပျောက်ကင်းအောင် ကုသပေးတယ်တဲ့။ ဒါပေမယ့် အဲလိုကုသပေးရင်းနဲ. ဆရာဝန်တွေမှာလဲ ရောဂါတွေရလာတတ်တာပါပဲ။ 

ဥပမာ ကျမဆို ဆေးရုံ အရေးပေါ်ဌာနမှာ တာဝန်ကျတုန်းက ဗိုက်အောင့် အစာအိမ်နာတဲ့ ရောဂါရလာပါတယ်။ မရပဲ နေမလား။ အစားအသောက်မှ မမှန်တာကိုး။ A+E rotation ရဲ.အလုပ်ချိန်တွေက တခြားဆေးဌာနတွေလို မဟုတ်။ အချိန်တွေက ကမိုးကမောက် ဆိုတော့ တခါတလေ မနက်စာကို နေ.လည် ၃နာရီလောက်မှ စားရတာလေ။ 

အခုထိလဲ တချို.ရက်တွေဆို ပထမဆုံး အစာကို ကျမနေ.လည် ၃နာရီလောက်မှ စားရပါတယ်။ ဥပမာ မနက်ခင်း ၈နာရီအရောက် ဆေးရုံသွား ဆေးခန်းမှာ လူနာအမြန်ကြည့်။ နေ.လည်ဘောလုံးပွဲကို အမှီသွားရ။ ကြားမှာ စားဖို. အချိန်မရှိ၊ ထမင်းချိုင့်လဲ့ ထဲ့စရာ မချက်ထားမိတော့ ဒီအတိုင်း ဗိုက်ဟောင်းလောင်းနဲ. ဘောလုံးပွဲမှာ၊ Halftime လောက်မှ ဘောလုံးသမားတွေရဲ. Energey drinks/ calory snacks တွေ နှိုက်စားရပါတယ်။ 

အဲဒီလို အလုပ်ချိန်မမှန်တော့ အထူးသဖြင့် ခရီးသွားများတဲ့ အခါတွေမှာဆိုရင်တော့ မနက် မနက်ဆို အီးအီးပါဖို.တောင် အချိန်ကမရှိ။ ဝမ်းကချုပ်လာ၊ ဝမ်းချုပ်တာကြာပြီး ဗိုက်ထဲမှာ အီးအီးတွေပြည့်လာတဲ့ အခါကျတော့ Overflow Diarrhoea လို.ခေါ်တဲ့ ဝမ်းတွေသွားပါရော။ 

လူနာတွေက ကိုယ့်မျက်နှာကို မကြာခဏ ချောင်းဆိုးထဲ့လိုက်လို. ရောဂါပိုးကူးပြီး ဖျားရတာ လည်ချောင်းနာရတာလဲ မကြာခဏ။ 

တခါတလေ အလုပ်ရှုပ်လွန်းလို. တနေကုန် ဆီးတောင်မသွားအားလို. ဆီးအောင့်ရတာလဲ မကြာခဏ။ 

လူနာတွေရဲ. သွေးတွေ မကြာခဏ ကိုယ်ကိုပေတာ စွန်းတာနဲ. သွေးကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကြောက်ရတာလဲ ရှိပါသေးတယ်။ 

ဒီကြားထဲ အခုအားကစားမှာ လုပ်တော့ ကြွက်သားမှာ ဖြစ်တတ်တဲ့ Myofascial trigger points တွေကို ကုတာ၊ အရိုး အဆစ်တွေကို လျော့အောင် Manipulation/manual therapy တွေ လုပ်တာတွေ များတော့ လက်မက အဆစ်ကလေးနာလာလို. အခု အဲဒီ အလုပ်တွေအားလုံး Physio နဲ.ပဲလွှဲထားပြီး ကိုယ့်လက်ကိုယ် အနားပေးထားရပါတယ်။ Ultrasound scan ကတော့ သုံးရတာများတုန်းဆိုတော့ လက်ကောက်ဝတ်ပါ နာမလာအောင် အတော် သတိထားနေရပါတယ်။

ဒါတောင် စာမေးပွဲတွေ၊ အလုပ်က စိတ်ဖိစီးမှုတွေနဲ. စိတ်ပိုင်းဆိုင်ရာ ရောဂါတွေအကြောင်း မပါသေးဘူးနော်။ 
ကဲ ဖြစ်ချင်ဦးဟဲ့ ဆရာဝန် .....။