Menu bar

16 March 2012

မရယ်သင့်ပေမယ့် ရယ်မိသော အဖြစ်များ



အားကစားပွဲ အမြောက်အများ ကို ဆရာဝန် တယောက်အနေနဲ. သွားရတိုင်း တချို. ပွဲများတွင် မီဒီယာနှင့် ကင်မရာမန်းများက နေရာအနှံ. မို. ဆုံးဖြတ်ချက် မြန်မြန်ချပြီး၊ အမှားမပြုမိအောင် အလွန်သတိထားရပါသည်။ ဒီလို သတိထားသည့်ကြားမှ အချင်းချင်း ကပေါက်တိ ကပေါက်ချာ လုပ်မိတာတွေကို ကျမတို. ကြုံတိုင်း မကြာ ခဏ ပြန်ပြောမိ ကြပါသည်။ ဥပမာ အားကစားပွဲ တခုတွင် ဒဏ်ရာရ နေတဲ့ အားကစားသမားကို သယ်ထုတ်ဖို. ကျိုးစားနေတုန်း ကိုယ်ပါ အရှိန်လွန်ပြီး ဒဏ်ရာရတဲ့ အားကစားသမားပေါ် တဲ့တဲ့ ချော်လဲတဲ့ သူနဲ.လဲ ကျမ ကြုံဖူးပါသည်။ ဟိုးတလောက Trampoline လို.ခေါ်တဲ့ စပရိန် အဝိုင်းကြီး ပေါ်မှာ (၅ပေလောက် အမြင့် ရှိပါတယ်) အားကစား သမား တယောက် ဒါဏ်ရာရနေတာ တက်ဆွဲဖို. ကျိုးစားတာ အပေါ် Trampoline ပေါ် မတက်နိုင်ပဲ အောက်ပြန် လျှောကျတဲ့ ဆရာဝန်လေး တယောက်ရဲ. အဖြစ်ကိုလဲ ကိုယ်တွေ. မြင်ခဲ့ရပါသည်။ (မရယ်သင့်သော်လဲ ခွိခနဲတော့ ခိုးရယ်ခဲ့ပါသေးသည်)။


ဟိုးတလောကလဲ အရမ်းကို နောက်နောက် ပြောင်ပြောင် ရှိလှသော သူနာပြု တယောက် လန်ဒန် မာရသွန် မှာ တာဝန်ကျနေတုန်း မာရသွန်ပြေးတဲ့သူက မူးလဲမလို.ဖြစ်လို. ဝင်ဆွဲရပါသည်။ ဖြစ်ချင်တော့ ကင်မရာမင်းများက မှတ်တန်းတင်နေချိန်မို. မူးနေသူကို လက်ကဆွဲလို. ကင်မရာမင်းကိုလဲ သွားဖြဲပြ တာ့တာလုပ် ပို.စ်ပေးခဲ့သေးသည်တဲ့။ မူးတာကလဲ အားပေးကြတဲ့ ပရိသတ်များဆီမှ ဘီယာ အရက်တွေ ယူသောက်တာများသွား၍ မူခြင်းသာ ဖြစ်ပါသည်တဲ့။

ဒီလို အချင်းချင်းရဲ. အဖြစ်များသာမက YOUTUBE မှာတင်ထားသော ဆရာဝန် ဆေးအကူတို.ရဲ. ဟာသများလဲ ရှိသေးတာကြောင့် ဝိုင်းရယ်ရအောင် ရှဲလိုက်ပါပြီ။ သူများ ဒက္ခရောက်တာကို ကြည့်ပြီး မရယ်သင့်ဟုတော့ ထင်ပါသည်။ သို.ပေမယ့်လဲ .....