Menu bar

15 March 2012

Doctors as the worst patients!

ဆရာဝန် လဲ လူသားပေမို.  နေမကောင်းဖြစ်နိုင်ပါသည်။  ကျမကိုယ်တိုင်လဲ တနေ. ဖျားတော့ ပထမတော့ ဘာ့ကြောင့် ဖျားရမှန်း မသိ။ သူငယ်ချင်း ဆရာဝန်မလေး တယောက်ကလဲ ဖြဲ ချောက်လိုက်သေးသည်။ အူအတက်ယောင်တာ ဖြစ်နိုင်သည်တဲ့။ အိမ်မှ အမျိုးသားကလဲ မနေ “အင်း ဖျားပြီး ရောဂါ ဝင်တဲ့ နေရာ မသိရင် HIV ဖောက်ရမယ်” တဲ့   ကဲ မှတ်ကရော။ နောက်နေ. နိုးတော့ လည်ချောင်းတွေ နာလာတော့ ဝမ်းသာသွားမိသည်။ “နာ ရောဂါပိုး ဝင်တဲ့ နေရာတော့ တွေ.ပြီ။ နာကွ ပေါ့” ပိုးသတ်ဆေး စသောက်မိတော့ ထုံးစံ အတိုင်း ဝမ်းသွားတာ နောက်ကပါလာသည်။ ဆေးရုံကိုပြောတော့ ဝမ်းသွားနေရင် ဆေးရုံကို မလာရတဲ့။ ကဲ ခုတော့ အိပ်ယာပေါ် လှဲ အီးပြေးပါလိုက် တွေးလိုက်ဖြင့် ဆရာဝန် ဘဝမှ လူနာ ဘဝ ပြောင်းခဲ့ဘူး တဲ့ အမှတ်တရများကို ရေးမိတော့ သည်။

ပထမဆုံး စ ပြောပြရရင် သူငယ်ချင်း ကောင်လေး တယောက် အကြောင်း။ သူ.အံဆုံး ၄ ချောင်းလုံး က အစောင်းလိုက် ပေါက်နေတော့ မေ့ဆေးနဲ. ခွဲထုတ်ရသည်။ သူငယ်ချင်းတစု သူ.ကို လူနာမေး အားပေးဖို. သွားကြည့်တော့ သူက မော်ဖင်းတွေ ရဲ. အရှိန်နဲ. သတိတော့ ကောင်းကောင်းရနေပြီ။ ဒါပေမယ့် စိတ်တွေကြွပြီး ပြောချင်တာ တွေ လျှောက်ပြော။ တဟီးဟီး ထရယ်။ သူ.ကြည့်ပြီး ကိုယ်တို. သူငယ်ချင်းတွေ အားလုံး အရမ်းကို ရယ်ရ။ ဟသ တခုလိုဖြစ်နေကြသည်။

ဒီ အချိန်တွင် အလွန် စိတ်တိုလွယ်၍ စကား တိုတို တုတ်တုတ် သာ ပြောတတ်သော ဆရာကြီး Consultant က ဝင်လာသည်။ အားလုံး အပေါက်ပိတ် မျက်နှာပိုးသတ် တိတ်ဆိတ်သွားသည့် အချိန်တွင် ဆေးအရှိန် မပျယ်သေးသော သူငယ်ချင်းမှ      “ဟားဟားဟား ဆရာကြီးကို ဆော်အမိုက်စားလေးနဲ. မြင်းစီးနေတာ ကျနော်တွေ.တယ်။ ဆရာကြီး မိန်းမတွေ.ရင်တော့ ဆရာကြီး ဂွိပြီပဲ ဟီးဟီး။ အဲဆော်လေးက သိပ်မိုက်။ ကျနော်တောင် ပိုးချင်တာ”  လို.ထအော်လိုက်သဖြင့် ကျမတို. အားလုံးမှာ ခွီးခနဲ မြည်အောင် ရယ်မိပြီး ထွက်ပြေးကြရသည်။ နောက် အဲဒီ ဆရာကြီးနှင့် ဆုံလျှင် မျက်နှာချင်း မဆုံမိအောင် ကိုယ် အရင်ပြေးရင်ပြေး။ မပြေးရင် ဆရာကြီးက ဦးအောင် ထွက်ပြေး တော့သည်။

ဆေးတို.ရဲ. မလိုလားသော အာနိသင်များ ပြောရာတွင် တခါကလဲ အလွန် တည်တံ့၍ စကားနည်းသော Consultant ဆရာဝန်မကြီး တယောက် သူမဗိုက်မှ ခွဲစိတ်မှု အသေးစားလေးလုပ်ရသည်။ သူမကို ခွဲစိတ်အပြီး အိပ်းဆေး (Diazepam) နှင့် ထားထားစဉ် ဆေးရှိန်ဖြင့် စလင်းဒီယွန် (Celine Dion) ဧ။် “My heart will go on” ကို ဆေးရုံုံဆောင် တခုလုံး ကြားအောင် ကာရံ မမိပဲ အာပြဲကြီးနှင့် အော်ဆိုဖူးသည်။ ဆေးအရှိန် ပျယ်တော့ သူမ ပထမတော့ ဘာမှမမှတ်မိ။ နောက်မှ ပြန်သိရသည်က ဆရာမကြီး ရှက်လို.ဆိုပြီး နောက်တော့ ဆေးရုံ ပြောင်းပြေးသွားသည် တဲ့။

ဟိုတလောက ဆေးရုံဆောင် တခုဖြတ်သွားတုန်း သူငယ်ချင်း ဆရာဝန်မလေး တယောက် Drip ပိုက် တန်းလန်းဖြင့် ဆေးရုံ ဝရန်တာက ခုတင်ပေါ်မှ တွေ.ရသေးသည်။ ဦးဏှောက် အမြှေးရောင်ပြီး ဆေးရုံကို ရောက်လာတုန်း။ ဆေးရုံကလဲ ရုတ်တရက် လူနာတွေနဲ. ပြည့်သွားဆိုတော့ သူမမှာ ဝရန်တာပေါ်က ခုတင်လေးမှာ ခဏ ထားထားတုန်း။ လာသမျှ ဝန်းထမ်းများ အားလုံးကလဲ အချင်းချင်း သိနေကြဆိုတော့ “ဟယ် သူပါလား” “ဘာဖြစ်လို.တုန်း” အစရှိ သဖြင့် ဖြတ်သွားဖြတ်လာ မေးသမျှကို မချိသွားလေး ဖြဲပြရင် ဖြေနေရရှာတာ။

အဲဒီမှာ သင်္ခန်းစာ ရစရာက ကိုယ် ဖျားတော့မယ်ဆိုရင် ကိုယ်လုပ်တဲ့ ဆေးရုံကို ပြန်မသွားမိစေနဲ.ပေါ့။ 

ဒီလိုမျိုး ရှောင်ချင်ပါတယ် ဆိုမှ ကိုယ်လုပ်မယ့် ဆေးရုံကိုပင် တဲ့တဲ့ မတ်မတ် ဆိုက်သွားသူ နောက်တယောက် ရှိသေးသည်။ သူနာမည် TOM ဆိုပါတော့။ TOM က အဲဒီနေ. ဆေးရုံ အသစ်ပြောင်းရမည့်နေ.။ သွားရမယ့် ဆေးရုံအသစ်ကို ရှိုးစမိုးထုတ် မနက်စောစောထ အလာ။ ဖြစ်ချင်တော့ အရင်ညက ဆေးရုံဟောင်းမှ မနက် ၃နာရီမှ ဂျူတီက ထွက်လာတာဆိုတော့ အိတ်မှုန်စုတ်ဖွား က မပျယ်သေး။ ကားမောင်းလာတုန်း ဆေးရုံလဲ တွေ.ရော  ဟောစိုက်စိုက် မြိုက်မြိုက် ရောက်ပါပြီ ဆိုပြီး ဝမ်းသာအားရ အရှိန်နဲ. ကွေ.အဝင် ဆေးရုံရှေ. က ရေးပန်းကြီးကို အရှိန်နဲ. ဆောင့်ကျုံးထဲ့ လိုက်ရော .....။ အဲဒီမှာ လူနာတင်ယဉ်တွေရောက်လာ ရှေးဦးသူနာပြုနည်းတွေ အစပြု။ လယ်ပင်းမှာလဲ လယ်ပင်း ကော်လာတွေ ဘလော.တုန်း (Collar and Blocks) တွေ ခံပြီး အရိုးများ ကျိုးရင်ဆိုပြီး တွန်းလှဲ ကြီးနဲ. ဆေးရုံထဲကို ခေါ်ဝင်လာတာ ခံရသတဲ့။ ဌာနမှာ တွန်းလှဲလေး ပေါ်ကနေ ပြောလိုက် ရတာကတော့ “ဟဲဟဲ ကျနော် ဒီမှာ ဒီနေ. ကစပြီး တာဝန်ထမ်းဆောင်မဲ့ ဆရာဝန် အသစ်ကလေးပါ ခင်ဗျာ” ပေါ့။

ဆရာဝန်တွေ နေမကောင်းရင် ပြောရဆိုရ အလွန် ခက်သတဲ့။ ဒါကိုတော့ ကျမ အလွန် ထောက်ခံပါသည်။ မှတ်မိသေးသည်။ သူငယ်ချင်း အရိုးဆရာဝန် တယောက် သူ.ရဲ. ခြေသလုံးမှာ ၇ လက်မလောက်ရှိတဲ့ ထိခိုက် ဒဏ်ရာကြီးကို သူ.ဘာသာသူ ချုပ်ချင်ပါသည် ဆိုလာသဖြင့် ဘယ်သူမှမသိအာင် ကျမမှာ ဆေးရုံက အခန်းလေးထဲတွင် သူ.အနာသူ ပေးချုပ်ခိုင်းရ ဖူးသည်။

ကျမတောင် ခြေထောက်မှာ အရိုးတခု ကျိုးစဉ်က ကျောက်ပတ်တီး စီးပေးလိုက်တာ တစ်ရက်ပဲ ခံသည်။ နောက်နေ. နေရခက်သည် ယားသည် ဆိုပြီး ကိုယ့်ဘာသာကိုယ် ကတ်ကျေးနှင့် ညှပ်ပြစ်လိုက်သည်။ ပြီးတော့ အရိုးဆရာ ကြီးကို မျက်နှာချို သွားသွေးရသည်။ ဆရာကြီးက သဘောကောင်းတော့ မဆူ။ ချိုင်းထောက်နဲ. လျှောက် အဲဒီ ခြေထောက်ပေါ် ဖိမနင်းနဲ. ဟုဆိုသည်။ ဖြစ်ချင်တော့ အဲဒီအပတ်မှာ ပဲရစ်စ် (Paris) ကို ဟောလီးဒေး သွားဖို.က ပြင်ဆင်ထားတာဆိုတာ ဆရာကြီးကိုတော့ ပြောမပြဖြစ်။ ပထမတော့ ချိုင်းထောက်နဲ. ရအောင် သွားမည်ပေါ့။ အဲသွားခါနီး ကြားရတာက လေယဉ်က ချိုင်းထောက်နဲ. လူဆို ပေးမတက်ဘူး တဲ့။ ဒါနဲ. ချိုင်းထောက်မပါပဲ ခြေတပေါင်ကျိုးနဲ. ပဲရစ်စ် တခွင် ပြဲပြဲစဉ်အောင် လယ်ခဲ့ ဘူးပါသည်။