ငယ်စဉ်က လူတယောက် သေတယ်ဆိုတာ ရုပ်ရှင်တွေထဲမှာ ခဏခဏ ကြည့်ဘူးပါတယ်။ သရုပ်ဆောင်တဲ့သူက ပြောစရာရှိတာတွေ အရှေကြီး ပြော၊ မှာစရာရှိတာတွေ တယောက်ချင်းဆီမှာ။ ပြီးရင် ခေါင်းကလေးစောင်းကျ ဒါမှမဟုတ် လက်ကလေး ပြုတ်ကျ။ ဟော အဲဒီမှာ ဆရာဝန်က ဝင်လာ။ နားကျပ် ကလေးတချက်ထောက်။ ပြီးတော. ခေါင်းလေးခါပြ။ ဘေးဝိုင်းနေတဲ့ ဇာတ်ရံတွေ က ငိုချင်းချ ပေါ့နော်။
အဲ တကယ်. လက်တွေ. မှာတော. လူနာ တယောက် ဆုံးပါးသွားတာ အဲဒီလောက် မရိုးရှင်းပါဘူး။ ဆေးရုံမှာ လုပ်တဲ့သူဆိုတော့လဲ အိုနာသေ ဆိုတာတွေဟာ နေ့စဉ်နှင့် အမျှကြုံတွေ.နေရတာ သံဝေဂ ရစရာရယ်ပါ။ ဒီနေ. သူငယ်ချင်း ဆရာဝန်လေး တယောက်ရဲ. အဖြစ်ကိုကြည်.ပြီး ဒီအကြောင်းတွေ ရေးဖြစ်သွားရတာပါ။
ဒီနေ. ဆေးရုံ အရေးပေါ် ဌာနကို အသက် ၉၀ ကျော် လူနာတယောက် ရောက်လာတယ်လေ။ နှစ်လုံးအားနဲပြီး ကျောက်ကပ်လဲ အလုပ်ကောင်းကောင်း မလုပ်တော.ပါဘူး။ ပြောရမယ်ဆိုရင်တော. အသက် မျော.မျော.ပဲ ရှိပါတော့တယ်။ အားလုံးသဘောတူညီ မှုနဲ. ဆေးကုသတာတွေကို ရပ်ပြီး လက့်ရှော့ထားတဲ့ အခြေအနေကို ရောက်နေပြီပေါ့။ မိသားစုဝင်တွေကလဲ ၅ ယောက်လောက်ရှိတယ်။
အားလုံးကလဲ မျှော်လင်.ထားပြီးသား အခြေအနေဆိုတော.၊ အသိ တာဝန်ကျနေတဲ. သူငယ်ချင်း ဆရာဝန် က မိသားစုဝင်တွေကို “အခြေအနေတော. မကောင်းတော့ဘူး။ သူရဲ. နောက်ဆုံး မိနစ်ပဲ။ နောက်ဆုံး နှုတ်ဆက် စကားပြောရင် မြန်မြန် ပြောကြ” ဆိုပြီး ပြောပြထားလိုက်ပါတယ်။ မိသားစုတွေကလဲ လူနာရဲ. လက်ကလေးကိုင် နှဖူးလေးနမ်းနဲ. ပထမတော့ ဝမ်းနဲကြ။ ငိုကြ။ အချင်းချင်း အားပေးကြ။ ဒီလိုနဲ တစ်နာရီ .... ဒင်ဒေါင် .... နှစ်နာရီ ... (လူနာရှင်တွေ စပြီး ကွက်ကြည့် ကွက်ကြည့်ဖြစ်လာ) .. သုံးနာရီ နီးနီး လောက်ကြာလာတော. .... မိသားစုတွေကလဲ လူနာကို တလှဲ. ဆရာဝန်လေးကို လဲ တလှဲ. ဘယ်လိုလဲပေါ့လေ။ ဆရာဝန်လေးမှာ လဲ ဘာပြောရမှန်းမသိ။ လူနာပြန်ကောင်းလာပြီ လို.ပြောလို.ရ လောက်အောင် လဲ လူနာကပြန်ကောင်းလာတဲ့ အခြေအနေလဲ မဟုတ်။ နောက်ဆုံးတော့ လူနာကို ဆေးရုံတင် အဆောင် ပြောင်းလိုက်တဲ့ အထိ ၄နာရီလောက်နီးနီးဟာ အဲဒီလိုနဲပဲ အချင်းချင်း ကွက်ကြည်. ကွက်ကြည်. ပြီးသွားပါတော.တယ်။
ဒီလို အခြေအနေမျိုး လွန်ခဲ့တဲ့ ၂နှစ်လောက် ကလဲ ကြုံဖူးပါတယ်။ အဲဒီတုန်းကတော. ကင်ဆာရောဂါသယ် ဘယ်လိုမှ ကုလို.မရနိုင်တော့တဲ့ အခြေအနေ ရောက်နေပြီမို. သူ.ကို မော်ဖင်း (Morphine) တွေနဲ.ပဲ နာကျဉ်မှု မရှိရအောင်၊ သူရဲ. နောက်ဆုံး ခရီးလမ်း ချောချော ချူချူ သက်တောင့် သက်သာ ရှိရအောင် ထားထားပါတယ်။ တညမှာတော. လူနာအခြေအနေ ဟာ အရမ်းဆိုးလာပြီး သူ.ရဲ. တကယ့် နောက်ဆုံးချိန်ကို ရောက်လာပါတော.တယ်။ မိသားစုဝင် တွေကလဲ သူ.ဘေးမှာပေါ့။ အခြေအနေ ကိုသိပြီးသားဆိုတော့လဲ ဒီလိုပဲ သူ.ကို အဖော်ပြု စောင့်နေကြတာပေါ့။ မော်ဖင်းတွေလဲ ပေးထားတော့ လူနာက မျော့မျော့ လေးပဲ အသက် ရှူနေတာပေါ့ .. ။ တခဏ နေတော့ စောင့်ကြည့်နေတဲ့ မိသားစုက သူငယ်ချင်း ဆရာဝန်ကိုလာခေါ်တယ်။ “ဆရာရယ် သူ.အဖိုးတော့ ဆုံးသွားပြီထင်တယ်။ လာကြည့်ပေးပါဦး” ပေါ့။ ဖင်ပေါ့ပေါ့ နဲ. သူငယ်ချင်းက ထလိုက်သွားတယ်။ အခန်းထဲ ရောက်တော့ ကြည့်လိုက်တော့ ငြိမ်သက်နေပြီ ဖြစ်တဲ့ လူနာကိုတွေ.လိုက်တယ်။ ပထမတော့ အသက် မျင်းမျင်း ရှုနေသေးသလိုပဲ။ ဒါနဲ. ခဏလောက် စောင့်လိုက်တယ်။ ကြည့်နေရင်းနဲ. လူနာဟာ လုံးဝ ငြိမ်သက်ပြီး အသက်ရှူပါရပ် သွားတော့တယ်။ ဒါနဲ. ဆရာဝန်လေးဟာ နားကျပ်လေးထုတ် ရင်ပတ်မှာ နားထောင်။ လူနာရှင်တွေဖက် ဟန်ပါပါ လှဲ.ပြီး ခေါင်းလေးခါပြ။ (ရုပ်ရှင်ထဲက အတိုင်းပေါ.နော်) အဲ ရုပ်ရှင်တွေထဲမှာ မပြတဲ့ အကြောင်းအရာ ကတော့ အဲဒီအချိန်မှာပဲ လူနာဟာ အသက် ၂ချက် ၃ချက်လောက် ထပ်ရှူလာပြန်ပါရော။ မြန်မာလို ပြောရင်တော့ နောက်ဆုံး ထွက်သက်လားပဲ။ လူနာရှင်တွေကလဲ “ဆရာ ဆရာ” အော်။ ဟန်ပါပါ ခေါင်းခါနေတဲ့ သူငယ်ချင်းကလဲ “အမ်“ ဘာလုပ်ရပါ့ ဆိုတာမျိုးပေါ့။
ဆရာဝန်တယောက် အနေနဲ. ကတော့ အဲဒီလိုပဲ လူနာ တယောက် ဆုံးတိုင်း စမ်းသပ်ပြီး အမြဲ အတည်ပြု လက်မှတ်ထိုးပေးရပါတယ်။ အများစု ကတော့ ကိုယ်သွားမကြည့်ခင် တော်တော်ကြာက ဆုံးပါးသွားတာ ဆိုတော့ တချက်လောက် လှမ်းကြည့် နားကျပ်လေး တချက်လောက် တာဝန်ကျေ ထောက်လိုက်ပြီး လက်မှတ်ထိုးပေးလိုက်ရုံပဲပေါ.။ ဒါတောင် သူငယ်ချင်း တယောက်က သေတဲ့ သူကတယောက်၊ မှားပြီး လက်မှတ် ထိုးပြီး သေသွားပါပြီလို. ရေးပေးလိုက်မိတာ တခြားသပ်သပ် တယောက်ရဲ. ဆေးစာအုပ်မို.၊ ငုတ်တုတ်ကြီး ထိုင်နေတဲ. လူနာ အကောင်းကြီး အတွက် မှားသွားတာပါဆိုပြီး တော်တော် ဖြေရှင်း ချက်ထုတ်ယူ ရဖူးပါတယ်။
တခါကလဲ အေပရယ်ဖူးမှာ (April fool) သူငယ်ချင်း ကို စချင်ကြတာနဲ. သူငယ်ချင်း တယောက်က စောင်ဖြူကြီးအောက်မှာ ခြုံပြီးတော့ စောင့်နေ။ ညဂျူတီဝင် လာတဲ့ သူငယ်ချင်း ရစ်ချက် (Richard)ကို လူနာတယောက် ဆုံးသွားတာမို. သွားပြီးကြည့်ပေးပါပေါ့။ သူလဲ အခန်းထဲဝင်လာ။ လူသေထင်ပြီး စမ်းမယ်ဆိုပြီး စောင်ဆွဲလှန်လိုက်တော့မှ စောင်အောက်မှာ လှဲစောင့်နေတဲ့ သူငယ်ချင်းက ငုတ်တုတ်ကြီး ငေါက်ကနဲ ထထိုင်လိုက်တော. Richard ခမျာ အာပြဲကြီးနဲ. လန်.ပြီး အော်လိုက်တာဆိုတာ ကတော. ....။