Menu bar

29 March 2012

သူတို. နှစ်ဦး

လူတယောက်ကို မြင်ရုံနဲ. အမှန်ပြောနေတဲ့ လူလား၊ ပိုပိုသာသာ ဟန်လုပ် ပြောနေတာလား ဆိုတာ လူကဲခတ်ဖို. အလွန်ခက်ခဲ တတ်ပါတယ်။ ဥပမာ ပြောပြရရင် ဒီနေ. ကျမ လုံးဝ မတူညီတဲ့ လူနာ နှစ်ယောက်တွေ.ခဲ့ပါတယ်။ 

တယောက်က အင်္ဂလန်ပေါက် အသက် ၂၄ နှစ် ပါကစ္စတန်မလေးပါ။ ဗိုက်နာတာကို လာပြတာတဲ့။ နာနေတာကလဲ ၆လ ကျော်ပါပြီတဲ့။ အရင်ကလဲ ဒီကိစ္စနဲပဲ ဆေးရုံတင်ရပါတယ်။ စစ်ဆေးချက်တွေ လုပ်ထားလိုက်တာကလဲ စုံစိနဖာ ပါပဲ။ CT, MRI, MRCP လို.ခေါ်တဲ့ နောက်ဆုံးပေါ် ဓါတ်မှန်တွေ အမျိုးမျိုး ရိုက်ထားတဲ့ အပြင်၊ ပါးစပ်ပေါက် စအိုပေါက်မှ ကင်မရာပါတဲ့ မှန်ပြောင်း အမျိုးမျိုး နဲ.ကြည်.လို.၊ ဖောက်စစ်ထားတဲ့ သွေးတွေကတော့ ပြောစရာကို မလိုလောက်အောင် ဒုနဲ.ဒေး။ 

ဒီနေ.လဲ ဗိုက်နာလို.တဲ့ ဆေးရုံရဲ. အရေးပေါ် ဌာနကို လာပြပြန်ပါတယ်။ အခန်းထဲ မဝင်မှီ အပြင်မှ လှမ်းကြည့် အကဲခတ် လိုက်တော့ သူမက ပါလာတဲ့ သူငယ်ချင်းနဲ. အတူတူ ရယ်မော ပြောဆို၊ ထသွားထလာ နဲ.၊ အရမ်းကြီး မကျန်းမမာ ဖြစ်နေတာကိုတော့ မတွေ.ရပါ။ အခန်းထဲလဲ ကျမဝင်သွားရော “နာလိုက်တာ ကယ်ပါဦး။ သူမှာ ဘာမှ မစားနိုင်တာ ၅ ရက်ရှိပြီ။ ဒီနေ.ဆို ရေတောင် မသောက်နိုင်တော့ဘူး” တဲ့။ ဒီနေ. စစ်ဆေးသမျှ သွေးပေါင် ဆီး၊ သွေး အစစ အရာရာတော့ အားလုံး ပုံမှန်ပါပဲ။ ဗိုက်စမ်းမယ်လို. ဗိုက်ကို လက်နဲ. ရွယ်လိုက်တာနဲ. သူမက နာလွန်းလို.တဲ့ အထိတောင် မခံနိုင်ပါဘူးတဲ့။ ဒါနဲ. သူမကို ပြောပြရတာက လုပ်ထားတဲ့ စစ်ဆေးချက်တွေက အရမ်းကို စုံနေပြီမို. ဘာမှ တကယ် ရောဂါကြီးကြီး ကျယ်ကျယ် မရှိတာ တော်တော် သေချာကြောင်း၊ ဒါကိုမှ မကျေနပ်သေးရင် နောက်ဆုံး စမ်းသပ် နိုင်ဖို. တဆင့်ပဲ ကျန်တော့ကြောင်း၊ အဲဒါကတော့ ဗိုက်ခွဲ ပြီး ကြည့်ဖို.ပဲ ဖြစ်ကြောင်း ပြောပြတော့မှ သူမက ရီမောပြီး ပြန်သွားပါလေရဲ.။ 


နောက်လူနာ တယောက် ကြည့်မယ် ဆိုတော့ အသက် ၇၇-နှစ် အရွယ် အင်္ဂလိပ် အမျိုးသမီးကြီး ခြံစည်းရိုးပြင်နေရင်းမှ စည်းရိုးကို လှမ်း ဆွဲလိုက်တာ ရုတ်တရက် ဗိုက်နာသွားလို.တဲ့။ သူမကျတော့ ဆေးရုံမှာ မနေချင်တော့ ဝမ်းဗိုက် ကြွက်သားကပဲ နာတာပါ။ အကိုက်အခဲ ပျောက်ဆေးပဲပေးပါ၊ အိမ်ပဲပြန်မယ်လို.ပဲ ပြောနေပါတယ်။ ဗိုက်စမ်းတော့လဲ အတော်နာပုံ ပေါက်နေပေမယ့် “မနာဘူး ကိစ္စမရှိဘူး” အတင်းကို ပြောပြန်ပါတယ်။ ခဏလောက် သူအခန်းထဲက ထွက်လာပြီး အပြင်ကနေ အသာ အမှတ်တမဲ့ စောင့်ကြည့်တော့မှ သူမ မျက်နှာ ရှုံ.တွပြီး တော်တော်နာနေတာ တွေ.ရပါတယ်။ ဒါနဲ. သွေးဖောက် ဓါတ်မှန်ရိုက်တော့မှ အူပေါက်နေတာ ဖြစ်နေပြီး ခွဲခန်းကို အရေးပေါ် ခေါ်သွားရပါတော့တယ်။ သူမ ဆေးရုံ မတက်ချင်လို. ပြောတာကို ယုံပြီး အကိုက်အခဲ ပျောက်ဆေးလေးနဲ. သာ အိမ်ပြန်လွှတ်လိုက်မိရင် ....  ကျမ ဆက်မတွေးရဲတော့ပါ။