Menu bar

19 June 2013

ပိန်ဖို. အစားအသောက်

ဒီရက်ပိုင်း ပိန်ချင်တဲ့ လူနာတွေ တွေ.ရတာ များလွန်းပါတယ်။ ပိန်ချင်လို. ဘယ်လို စားသောက် နေထိုင်ရမယ်ဆိုတာ ခဏ ခဏ အမေးခံနေရပါတယ်။ မကြာခဏလဲ Diet လုပ်တယ် အလေးချိန် ကျတာ ကြာကြာ ထိန်းထားလို.မရဘူးလို ဆိုလာတဲ့ လူတွေ အကြံပေးဖြစ်တာကတော့ 

၁။ တနေ. ရေ ၂လီတာ သောက်ပါ
၂။ gas ပါတဲ့ Carbonated/ Fizzy Drinks (Coke, Diet coke) ဆိုတာတွေ ဟာ လူကို ဝစေပါတယ်။ 
၃။ အရက် မသောက်ပါနဲ.  ... ကယ်လိုရီတွေ သိပ်များတာလေ။
၎။ ကော်ဖီ တနေ. ၃ခွက်ထက် မပိုပါနှင့်။ 

လူတွေ အထင်မှားကြတာက အဆီစားမှ ဝတယ်တဲ့။ အမှန်က ကစီဓါတ်က ပိုဆိုးတာပါ။ ပိုတဲ့ ဂလူးကို.စ် နဲ. အဆီ (free fatty acid)နဲ. ပေါင်းမှ အဆီဆိုတာ ဖြစ်တာကိုး။ လှုပ်ရှားသွားလာမှု အတွက် အင်နာဂျီကလဲ အဓိက ဒီ ကစီဓါတ်ကပဲလာတာ။ အဲဒီတော့ ပိန်ချင်ရင် အဓိက က ကစီဓါတ်လျှော့စား။ တကယ် အလေးချိန်လျှော့ဖို. လိုအပ်နေတယ်ဆိုရင် ကစီဓါတ် (ထမင်း၊ ပေါင်မုန်. အာလူး pasta ဆိုတာတွေ) လုံးဝမစားပဲ တပတ်လောက်သာနေကြည့်

အသားများများစား (White meat လို.ခေါ်တဲ့ ငါး၊ ကြက်သား ဆိုတာတွေက red meat အမဲသားလို ဟာမျိုးထက် ပိုကောင်းပါတယ်)

အရွက်တွေက Fiber ပါတော့ ဗိုက်ပြည့်စေတယ်။ ကယ်လိုရီ နဲတယ်။ ဗိုက်တာမင်တွေ အများကြီးပါတယ်။ စားနိုင်သလောက် အများကြီးကို စားသင့်ပါတယ်။

အသီးအနှံတွေက ကျန်းမာရေး အတွက် ကောင်းပေမယ့်၊ ဗိုက်တာမင်တွေ အများကြီးပါပေမယ့် သကြားဓါတ်တွေလဲ အများကြီးပါကြောင်း သိထားသင့်ပါတယ်။ သကြားဆိုမှတော့ ကယ်လိုရီတွေပေါ့။

ဆီကျော်စာတွေကတော့ ပြောစရာမလို လျှော့ရမှာပေါ့နော။

နွားနို.က ကယ်လ်စီယံပါတယ်။ အရိုး အတွက်ကောင်းတယ်။ ဒါပေမယ့် သူက အဆီတွေလဲ များတော့ ဒီမှာတော့ အဆီထုပ်ထားတဲ့ နို.ကိုသောက်ရပါတယ်။ နို.ထွက်ပစ္စည်းများ ဖြစ်တဲ့ ရေခဲမုန်. အဆီများတဲ့ ဒိန်ချဉ် cream  တို. ဆိုတာတွေကိုလဲ ရှောင်သင့်ပါတယ်။

ဘီစကွတ်၊ ကွတ်ကီး၊ ကိတ်မုန်.ဆိုတဲ့ မုန်. အများစုဟာ ထောပတ်နဲ. သကြားတွေချည်းပဲဆိုတာလဲ သိသင့်ပါတယ်။ ကွတ်ကီး တချပ်စားလိုက်တဲ့ ကယ်လိုရီဟာ ၁၀မိနစ် မြန်မြန် ပြေးဖို. ကောင်းကောင်း လုံလောက်နိုင်တယ်တဲ့။ ဖြစ်နိုင်ရင် အစား ၃နှပ် မှန်အောင်စားပြီး ကြားထဲ သွားရည်စာ မစားတာ အကောင်းဆုံးပါ။ 

ကဲ ဘာမှလဲ အထူးတလည် မကြားဖူး မသိဖူးတာ ထူးဆန်းတာတွေ ကျမရေးထားတာ မဟုတ်။ ဒီက ကျမ လူနာများ တချိန်လုံး ကယ်လိုရီ အရေအတွက် တွက်ပြီး အလေးချိန်ချလို. မအောင်မြင်သူများ အတွက် ကျမ အကြံပေးနေကျ စကားလေးတွေပါ။ ဒါလေးတွေကို လိုက်နာလိုက်ရင် အလေးချိန် ကျမကျ တော့ ကျမ မသိ။ ကျန်းမာရေးအတွက် ပို ကောင်းသွားမှာကတော့ အမှန်။

18 June 2013

မြန်မာ ကွ

ဒီရက်ပိုင်း အင်တာနက်မှာ မြန်မာမလေး တယောက်ကို တဘက်သက် ရင့်ရင့်သီးသီး တိုက်ခိုက်ထားတာ ဖတ်လိုက်ရပြန်တယ်။ အမှန်တော့ ဒီလို ရင့်သီး ကြမ်းတမ်းတဲ့ စကားတွေနဲ. အင်တာနက်ပေါ် ဆဲတာ ဆိုတာတွေဟာ စိတ်ဓါတ်ကျစရာ မကြာခဏကို တွေ.မြင်နေရတာပါ။ 

ကျမ မြန်မာဖြစ်ရတာ ဂုဏ်ယူပါတယ်။ အလွန်လှပတဲ့ တိုင်းပြည်မှာ မွေးပြီး ကြီးပြင်းခဲ့ ပညာသင်ကြားခဲ့ရတာတွေ ဒီမှာ အမြဲ ဂုဏ်ယူစွာ ပြောပြနေကျ။ 

ဒီက အသိတွေ “နင်ရဲ. တိုင်းပြည် အကြောင်းပြောပြပါဦး” မေးလာခဲ့ရင် မဆိုင်းမတွ ... ငါတို.တိုင်းပြည် ဘယ်လောက်လှကြောင်း သယံဇာတတွေ ဘယ်လိုပေါကြောင်း တိုင်းသူပြည်သားတွေ ဘယ်လောက် ရိုးဖြောင့်ပြီး သဘောကောင်း ကူညီတတ်ကြောင်း။ အချင်းချင်းနာလည်လွယ် သဘောထားကြီးကြကြောင်း၊ အလွန် ဧည့်ဝတ်ကြေပြီး အားနာတတ်ကြောင်း .. အစရှိသဖြင့် ရှည်လျှားစွာ ရှင်းပြတတ်ပါတယ်။ 

ဒါပေမယ့် အခုနောက်ပိုင်း မြန်မာပြည်မှာ အင်တာနက်တွေ အသုံးများလာတော့ မြန်မာ ဝက်ဘ်ဆိုဒ်တွေ ပေါ်လာတယ်။ မြန်မာ အင်တာနက် အသိုင်း အဝိုင်း၊ ဆိုရှယ် ဝက်ဘ်ဆိုဒ်တွေ ဆိုတာ ရှိလာတယ်။ အဲဒီတော့မှ တွေ.လိုက်ရတဲ့ ရုတ်ရင်း ကြမ်းတမ်းတဲ့ စကားတွေ၊ ကွန်မန်.ပေးထားတာတွေ အင်တာနက်ပေါ် တက်ဆဲထား ဆိုထားတာတွေဟာ မမြင်ချင်မှ အဆုံး တွေ.ရ မြင်ရ ဖတ်ရပါတယ်။ ပြောထားတဲ့ စကားတွေ အများစုဟာ တကယ် မကြားဝံ့ မနာသာတွေရယ်ပါ။ ဖတ်ရတာ တွေ.ရတာတောင် မျက်စိရှက်ဖို.တောင် ကောင်းပါတယ်။ 

ဒီတော့ ကျမတွေးမိတာက ကျမထင်တဲ့ သိပ်ကို ယဉ်ကျေသိမ်မွေ.တဲ့ ကူညီတတ်တဲ့ မြန်မာတွေဆိုတာ ကျမရဲ. စိတ်ကူးယဉ် အိပ်မက်ထဲက ဂယောင်ခြောက်ခြား ထင်မြင်ချက်တွေပဲလား ဆိုတာ။ မြန်မာလူမျိုးဆိုတာ တကက် လက်တွေ. ဘဝမှာတော့ အခုလို မိုက်ရိုင်းတဲ့ ရင့်သီးတဲ့ စကားတွေပဲ ပြောတတ်တဲ့ လူတန်းစား တခုပဲ လားဆိုတာ။ အခုတလော ဂယက်ရိုက်နေတဲ့ ဘာသာရေး နိုင်ငံရေး ကိစ္စများလဲ အပါအဝင်ပါ။ တချို.တွေရဲ. ငါပြောတာပဲမှန်တယ်၊ ငါ့ ခံယူချက်နဲ.မတူရင် ဝင် ဆဲလိုက်မယ်၊ မိုက်မိုက်ရိုင်းရိုင်း ဝင်ဆော်ထဲ့လိုက်မယ် ဆိုတဲ့ လူမျိုးတွေ အများကြီးပဲ တွေ.နေရတာ တကယ် စိတ်ဓါတ်ကျဖို. ကောင်းလှပါတယ်။ လူတိုင်း ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲခွင့် ရှိရမယ် မဟုတ်ဘူးလား။

လူဆိုတာ ကိုယ်ဘယ်ကလာတယ် ဆိုတဲ့ ကိုယ့်ရဲ. ဇာတိဇာတ်မြုပ် Root ကို မရှက်သင့်ဘူးလို ကျမယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလို အင်တာနက်မှာ ဖတ်ရတာတွေ များလာတော့ တခါတလေတော့ ကျမ မြန်မာ ဖြစ်ရတာ ရှက်မိတယ်။ အဲလို ရှက်မိတဲ့ အတွက်လဲ့ ကျမကိုယ် ကျမ မသိုးမသန်. လိပ်ပြာမသန်.ဖြစ်ရပြန်ရော .... နောက်ဆုံးတော့ ကိုယ့်ရဲ. စိတ်ကူးယဉ် ကမ္ဘာလေးထဲမှာပဲ ကျမ ပြန်နေတော့မယ်လို. ဆုံးဖြတ်လိုက်တယ်။ ဒီ အင်တာနက် သုံးပြီး ရိုင်းစိုင်းတဲ့ သူတွေဟာလဲ မြန်မာလူမျိုးအားလုံး ရဲ. ပုံရိပ် ကိုယ်စားပြုတာ မဟုတ်ပဲ မြန်မာတွေထဲကမှ လူအနည်းစုလေးပဲ ဖြစ်ပါစေလို. ဆုတောင်းမိပါတော့တယ်။

11 June 2013

Extremists

ဒီနေ. အလုပ်ထဲမှာ အားကစား သမားတွေ ကြည့်နေတုန်း ဘေးနားက ဖွင့်ထားတဲ့ TV က Sky News မှာ မြန်မာနိုင်ငံ အကြောင်းပြတာ ပါလာပါတယ်။ ကျမလဲ အာရုံကို အထူးစိုက် ဘာတွေ ဖြစ်နေတာလဲ ပေါ့။ ဘေးက သူငယ်ချင်းတွေကိုလဲ ဂုဏ်ယူဝံ့ကြွားစွာ ဒါ ငါ့ကို မွေးပြီး ကြီးပြင်းခဲ့တဲ့ ငါ့ရဲ. တိုင်းပြည်ပေါ့လို.လဲ ပြောလိုက်သေး။ 

အဲဒီတော့ သူငယ်ချင်းတွေက ဘာတွေ ဖြစ်နေတာလဲ .. ဘာကြောင့် ဒီလူတွေ တဲထိုးပြီးနေရတာလဲ။ လူတွေ အတော် ဒုက္ခရောက်တဲ့ ပုံဘဲဆိုတာက စပြီး အခု လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေရတဲ့ ဆူပူမှုတွေနဲ. ပက်သက်ပြီး ဆွေးနွေးတဲ့ ဆီရောက်သွားပါတယ်။ 

ဒီမှာ သူငယ်ချင်းတွေကပြောတာ အစ္စလာန်က အစွန်းရောက်တွေ များပြီး ဆူပူမှုတွေ အတော်လုပ်တာ ငါတို.အားလုံး အသိပဲ။ ကမ္ဘာတဝှမ်းမှာ အတော်ဖြစ်တာပဲ။ ဒါပေမယ့် Buddhist extremist ဆိုတာ တခါမှ မကြားဖူးပါဘူး။ ဘာကြောင့်များ buddhist တွေပါတဲ့ ဘာသာရေး အထိကရုဏ်းတွေ ဖြစ်တာလဲတဲ့။

ကျမလဲ လူနာကြည့်နေရင်း တန်းလန်းဆိုတော့ ပြန်ရှင်းချက် ငြင်းချက် ဆွေးနွေးတာတွေ ပြန်မလုပ်နိုင်ခဲ့ .. စိတ်ထဲမှာတော့ အတွေးတွေ မေးခွန်းတွေ ထပ်သွားမိတာ အမှန် .....။

9 June 2013

မှတ်မိစေတဲ့ စကားလေး

သူငယ်ချင်း တယောက်က ပြန်ပြောတဲ့ စကားလေးပါ။

သူမ ဆေးရုံရဲ. အရေးပေါ်ဌာနမှာ တာဝန်ကျနေတုန်း အသက် ၉၃နှစ်အရွယ် အဖွားအို တယောက် ဝင်လာတယ်တဲ့။ သူမဟာ ၉၃ နှစ်ဆိုတဲ့ အရွယ်နဲ. မတန်အောင် အလွန် သန်သန်မာမာ ဖြတ်ဖြတ်လတ်လတ် နဲ. ပြောဆို လှုပ်ရှားနေတာကို တအံ့တအော တွေ.ရတယ်တဲ့။ သူမကို ကြည့်ရတာလဲ စိတ်ချမ်းသာစရာ ပြုံးလို. ရွှင်လို. မွန်ရည်စွာ ပြောဆိုနေတာ၊ မှတ်ဥာဏ်ကလဲ ပြောစရာမရှိ အလွန်ကောင်းဆိုပဲ။ 

ဒါနဲ. ကျမသူငယ်ချင်းက သူ.နားကပ်ပြီး  ”အဖွားကြည့်ရတာ အလွန် စိတ်အေးချမ်းပြီး အပူကင်း သလို အသက်အရွယ်နဲ.လဲ မလိုက်အောင် အလွန် ကျန်းမာတယ်နော်။ ဘာလျှို.ဝှက်ချက်များရှိလဲ။ ပြောပြပါဦး။” ဆိုတော့ 

အဖွားအိုက ပြန်ပြောတာ

“ကိုယ် ချစ်တဲ့ သူနဲ. လက်ထပ်တယ်
နေ.စဉ် တွေ.တဲ့လူနဲ. ခင်အောင်ပေါင်း
အပျင်းမထူပဲ အလုပ်များများ လုပ်၊ 
အရေး အကြီးဆုံး အချက်ကတော့ ကိုယ်မလုပ်နိုင် မရနိုင်တဲ့ ကိစ္စတွေ၊ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေကို တနုံ.နုံ. ပြန်တွေးနေတာ မလုပ်ပဲ .. နောင်တတွေ မရနေပဲ ဖြစ်လာသမျှကို လက်ခံနိုင်အောင် ကြိုးစားနေထိုင်တာပဲ။” တဲ့

ခုခေတ် လူအတော်တော် များများမှာ စိတ်ဖိစီးမှုတွေ အတော် များများနဲ. နေ.စဉ် နေထိုင်နေကြပါတယ်။ ဘာကြောင့်လဲ သေသေချာချာ ပြန်တွေးလိုက်မယ် ဆိုရင် အဖွားအို ပြောသလို ဖြစ်လာသမျှကို လက်ခံ နိုင်တဲ့ စိတ်မရှိကြလို.ပါ။ လိုချင်တာတွေ ဖြစ်ချင်တာတွေက အလွန်များနေကြတာ။

ကျမ ကိုယ့်ကိုယ် တွေးမိတာက ကျမသာ “ဘယ်အရာ မဆို အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်၊ မှန်းတဲ့ အတိုင်း ဖြစ်မလာတော့လဲ နောင်တ ဆိုတာ မရှိဘဲ လက်ခံနိုင်အောင် ကြိုးစားနေထိုင်မယ်ဆိုရင်” အဖွားအိုလိုများ ကျမ အသက် ရာနားနီးတဲ့အထိ ပျော်ရွှင် ကျန်းမာစွာ နေထိုင်နိုင်မလားဘဲ

7 June 2013

ဒီမိုကရေစီ လေလား

ဒီရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အကြောင်း အကောင်းရော အဆိုးပါ ဝေဖန်ထားတာတွေ အတော်များများ တွေ.ရ ဖတ်ရပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ. လမ်းစအနေနဲ. ကိုယ်ရဲ. ခံစားချက် ထင်မြင်ချက်တွေ ပွင့်ပွင့်လင်းလင်း ပြောလို.ဝေဖန်လို. ရတာကိုတော့ ကျမ အတော် ဝမ်းသာမိပါတယ်။

ဒါပေမယ့် နိုင်ငံရေးမှာ အတော် များများဟာ ဒါမှန်တယ် ဒါမှားတယ်လို. တိုင်းတာလို. ရနိုင်တဲ့၊အဖြူအမဲ ခွဲခြားလို.ရနိုင်တဲ့ အရာတွေ မဟုတ်ဘူးလို. ကျမထင်ပါတယ်။ လူတယောက်က ဒါကို မှန်တယ်ထင်ပေမယ့် တခြားတယောက်ဘက်က ကြည့်ရင် မှားတယ်လို. မြင်ချင် မြင်မှာပါ။ ဒီလိုပဲ လူအများက ဖြူတယ်ထင်တာနဲ. အမဲကနေ အဖြူဖြစ်မသွားပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ညွှန်ပြတဲ့ နည်းလမ်းတွေကိုလဲ ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ.သူတွေလဲ ရှိမှာပါဘဲ။ ကျမ ကိုယ့်ကိုယ် ပြောနေကျ၊ အားပေးနေကျ စကားလေး တခွန်းကို အမှတ်ရမိတယ်။ "You can not please everybody" ဗုဒ္ဓဘုရားတောင် သူ.ကို ရန်ငြှိုးထားတဲ ဒေဝဒတ်ရှိသေးတာ။ သာမန်လူသားတွေမှာ ဆိုရင်တော့ ကိုယ်ကို သဘောကျတဲ့သူ ရှိသလို ကိုယ့်မကြိုက်တဲ့သူ မုန်းတဲ့သူဆိုတာ ပိုတောင်များဦးမယ် ထင်ပါတယ်။

ကျမကို ဒေါ်အောင်းဆန်းစုကြည် ထောက်ခံလား မေးလာမယ် ဆိုရင် သူ.ရဲ. ကိုယ်ရေးမကြည့်ပဲ တိုင်းပြည်အတွက် အနစ်နာခံတာလေး တချက်နဲတင် သူ.ကို ထောက်ခံပါတယ်။ သူမ အကျယ်ချုပ်က လွှတ်ပြီး ပါတီထဲ ဝင်ခါစက သူမ နာမည်ကြီး သလောက် တကယ်ရော လုပ်နိုင်ပါ့မလား ဆိုတဲ့ အတွေးမျိုးတွေ သံသယတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် သူ.မရဲ. နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကနဲ. အင်္ဂလန်မှာ ပြောခဲ့တဲ့ မိန်.ခွန်း စကားတွေ ကြားပြီကထဲက အဲဒီ သံသယတွေဟာ လုံးလုံး ပျောက်သွားခဲ့ပါပြီ။ တိုင်းပြည် ကြီးပွားအောင် အများကြီး နောက်ကျ ကျန်ခဲ့တဲ့ ကျမတို. အမိနိုင်ငံကို လမ်းအမှန်ပြန်ရောက်အောင် သူမပြန်ဆွဲတင်နိုင်လိမ့်မယ်လို ကျမ အခုတော့ ယုံကြည်မိသလို ဆုလဲတောင်းပေးမိပါတယ်။ လူအများ သဘောကျအောင် သူပါတီနိုင်အောင်ဆိုတဲ့ စိတ်လေးနဲပဲ အများအကြိုက် နိုင်ငံရေး မလုပ်ပဲ သူမ မှန်တယ် ထင်တာကို ရဲရဲဝံ့ဝံ့ ပြောရဲတဲ့ သူမစိတ်ထားကိုကတင် အလွန် လေးစားစရာ ကောင်းနေပါပြီ။ မျက်တမှိတ် လျှပ်တပျက် အတွင်းတော့ အရာအားလုံး ပြောင်လဲ မသွားနိုင်။

ဒီရက်ပိုင်း အတွင်းသတင်း တခုကြားမိတယ်။ နိုင်ငံ အကြီးအကဲဟောင်းကြီးရဲ. ရန်ကုန်ရဲ. ဈေးအကြီးဆုံးနေရာမှာ ရှိတဲ့ ဧက ပေါင်းမျာစွာ ကျော်တဲ့ ခြံကြီး အကြောင်းနဲ.၊ သိန်းသောင်းချည်တန်တဲ့ ဈေးအကြီးဆုံး ရပ်ကွက်တွေထဲက ခြံပေါင်း မြောက်များစွာတို.ရဲ. အကြောင်းပါ။ .........   ကဲနိုင်ငံ ဆင်းရဲတာ ဘာကြောင့်လို ထင်ပါလဲ ....

ကိုယ်က ဒီမိုကရေစီ နိုင်ငံ လိုချင်ရင်တော့ ..... ဒီမိုကရေစီနဲ. အတူပါလာတဲ့ ကောင်းကျိုးရော ဆိုးကျိုးပါ အတူ ဝေမျှ ခံစား စံစားကြရမှာပါပဲ။ အရာရာ တိုင်းမှာ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေတယ်တဲ့။

ဒေါ်စု မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပြီး မန်ဒီဘားလို လီကွမ်ယုလို တိုင်းပြည်ကို ခေါင်းဆောင်နိုင်ပြီး တိုင်းပြည် တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်ကောင်းကြီး တယောက် ဖြစ်ပါစေလို. 

6 June 2013

ဘရာဇီးနဲ. မြန်မာ

မေမေ့ဆီ ဖုန်းခေါ်တော့ ဖေဖေတို. ရုံးမှာ မြန်မာရောက်နေတဲ့ နိုင်ငံခြားသားတယောက် ရောက်နေကြောင်း။ သူ.အမျိုးသမီးက ဘရာဇီးသူဖြစ်ပြီး မြန်မာပြည်ဟာလဲ ဘရာဇီးနဲ. အတော်တူကြောင်း ပြောသွားကြောင်း မေမေက ပြန်ပြောပြပါတယ်။ 

ဒါနဲ. ကျမ အရင်နှစ်က ဘရာဇီးကို အားကစား အလုပ်တခု.နဲ Great Britain School Game teams နဲ. လိုက်သွားတုန်းကလဲ အဲလိုပဲ တွေးခဲ့မိတာ “ဒီနိုင်ငံက ငါတို. မြန်မာပြည်ကြီးနဲ အတော် တူပါလားလို.” တွေးခဲ့ ပြောခဲ့တာ အမှတ်ရမိပါတယ်။

ညည အင်းဆက်အော်သံလေးတွေကြားရတာ။ ဒါကို အင်္ဂလန်က အပေါင်းအသင်းတွေက အဲဒါ မီးကြိုးတွေထဲ လျှပ်စီးဖြတ်စီးတဲ့ အသံဆိုပြီး ခံငြင်းလို. ကျမမှာ ရယ်ခဲ့ရသေး။ ပင့်ကူပေါတာ၊ မြွေရှိတာ၊ ခြင်ကိုက်တာတွေ အားလုံး တူမှတူ။ နှံကောင်တွေ တောက်တဲ့တွေ တွေ.လို. ဓါတ်ပုံ ပြေးရိုက်တဲ့သူတွေ ပြေးရိုက်ကြ။ ပင့်ကူအိမ်တွေပါ မချန် ဓါတ်ပုံတွေ ပြေးရိုက်၊ ဒီလောက်ကြီးတဲ့ ပင်ကူအိမ် မတွေ.ဘူးဘူးဆိုပြီး အံ့တွေသြကြ။ ထွက်ပြေးတဲ့သူတွေက ပြေးကြနဲ.ရယ်ပါ။ မှတ်မှတ်ရရ ဟိုတယ်ဧည့်ဆောင်ထဲ အားလုံး စုထိုင်နေတုန်း အသင်း မန်နေဂျာ အမျိုးသမီး ရင်ဘတ်ထဲကို ပိုးကောင်လေးတကောင် ပြုတ်ကျလို. သူမမှာ အာပြဲကြီးနဲ. အော်ပြီး ထခုန်တာ။ တော်သေးတယ် ပိုးကောင်လေးက ထွက်ကျသွားလို.။ နိုမဟုတ်ရင် ”ငါတော့ အားမနာနိုင်ဘူး၊ မထွက်လာရင် အကျိံဆွဲချွတ်တော့ မလို.တဲ့” ကဲ ...အဲလို သဲသဲပိုကြတာ အဟဲ။

4 June 2013

Population explosion

အရင် တပတ်က ဆွီဒင်သွားတော့ အားနေတဲ့ အချိန်တွေမှာ Dan Brown ရဲ. Inferno ဝတ္ထုကိုဖတ်ဖြစ်ပါတယ်။ သူ.ရဲ. ရေးနေကျ စတိုင်အတိုင်း Theme တခုခုကို အခြေခံ စာရေးတတ်တာ ဒီတခါမှာတော့ ကမ္ဘာကြီးမှာ လူဦးရေ တအားထူထပ်လာတဲ့ Population Growth အကြောင်းကို အခြေခံရေးထားပါတယ်။ 

စာအုပ်ဖတ်ပြီး အတွေး တချို.ဝင်လာပါတယ်။ ပုံပြထားတဲ့ Graph နဲ. တွက်ချက်ကြည့်လိုက်မယ် ဆိုရင်၊ အခုအတိုင်းသာ ဆက်သွားမယ် ဆိုရင်ပေါ့ နှစ် ၁၀၀ အတွင်းမှာပဲ Population Explosion နဲ. လူသားဆိုတဲ့ အမျိုးအနွယ် ပျောက်ကွယ်သွားနိုင်တယ်တဲ့။ စာရေးဆရာ ဥပမာပေးထားတာက ရေကန်ထဲမှာ ပေါက်နေတဲ့ ရေညှိပင်လေးတွေ၊ တအား ပွားပြီး တအား များလာတယ် ဆိုပါတော့။ ရေကန်ကသေးသေးနဲ. အားလုံး ရေညှိတွေ ပြည့်ကျပ်သွားတော့ သူတို.အတွက် လိုအပ်တဲ့ အောက်စီဂျင် အစာ အဟာရတွေ မလုံလောက်တော့ အပင်တွေ အကုန်သေကုန်ရောတဲ့။ 

လူတွေလဲ အတူတူ ဆက်သာ ပွားများနေမယ် လူဦးရေတွေ ပိုထူထပ်လာမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ရှိတဲ့ မြေကြီးနဲ. နေဖို. မလုံလောက်နိုင်တော့၊ ထွက်တဲ့ အသီးအနှံ အာဟာရတွေက လူတွေအားလုံး အတွက် မလုံလောက်နိုင်တော့ ဖြစ်လာမယ်ဆိုရင် .... ဆက် မတွေးရဲ စရာကြီးပါ။