Menu bar

3 March 2012

နှင်းလျှောစီး အတွေ.အကြုံ


ဒီအင်္ဂလန် ကို လာတော.မယ်ဆိုတော. လူကြီးမိဘတွေက ဒီမှာတော. တော်တော်အေးတော.မယ်ဆိုပြီး မြန်မာပြည်က အနွေးထည် အထူကြီးတွေ ထဲ.ပေးခဲ.ပါတယ်။ ပြောတဲ.အတိုင်းလဲ တော်တော် အေးတာပါ။ ရောက်လာခါစက ဒီမှာ ဆောင်းတွင်းကြီးရယ်။ ကိုးရီးယားကားတွေ အကြည့်များထားတာကြောင်. စိတ်ကူးယဉ်ထဲမှာ အွန်စောတို. ကားထဲကလို နှင်းတွေဖွေးဖွေးနဲ. ကြုံရမယ်လို. မျှော်လင်. ခဲတာပေါ.။ 

ဒီလိုနဲ. အင်္ဂလန် ဆောင်းက ခိုက်ခိုက်တုန်အောင် ချမ်းလို. အပူချိန် သုညတာ ရောက်သွားပါတယ် တဆောင်းလုံး နှင်းမကျလိုက်ပါဘူး။ အဲလိုနဲ. နောက်တဆောင်းရောက်လာ ပြန်တယ်။ မျှော်သူသာ မောရတယ် ကိုရွှေနှင်း ကမကျနိုင်ပဲ တဆောင်းကုန် သွားပြန်ပါရော နောက် တနှစ်။ အေးတာကတော. အလွန်အေးပါတယ်။ လေတိုက်လွန်းတော. နှင်းကမကျနိုင်ဘူး ထင်ပါရဲ.။သုံးနှစ်မြောက်မှာ တော. မဖြစ်ချေတော.ဘူး။ ဒီလိုနဲ. အွန်စောတို.လို ဂျွန်ဆန်း တို.လို  လယ်ပင်းမှာ ပဝါစီးလို. နှင်းတောထဲ ဓါတ်ပုံမရိုက်ရ ရှိရချေတော.မယ် ဆိုပြီး ဆွစ်ဇာလန် (Switzerland) နိုင်ငံတော်ကြီးကို ဟောလီးဒေး နှင်းလျှောသွားစီး မယ်လို. ပြင်ဆင်ရပါတယ်။


ဟိုလဲရောက် ရော သူငယ်ချင်း ဆွစ်ဇာလန်သူ နစ်ကိုး (Nicole) က နှင်းတောင်များ ကို လိုက်ပို.ပေးပြီး နှင်လျှောစီးတာ ကို သင်ပေးမယ် ပြောပါတယ်။ ဒါနဲ. အခြေခံ သိရအောင် ကွန်ပြူတာ မှ လုပ်ရန် မလုပ်ရန် တွေကို ရှာ မှတ်လို. သူတို. စီးပြတာတွေကို ကြည်.လို. စိတ်ကူးထဲမှာတော. သြ ဘာများခက်တာမှတ်လို. ဒါလေးများ ရယ်ပေါ.။ သူငယ်ချင်းရဲ. အကို ခရစ်စ်ရှန် (Christian) ကတော. အိမ်ကမထွက်မှီမှာ သိပ်ကို တက်ကြွနေ တဲ. ကျမကို ကြည်.ပြီး “နှင်းပေါ်မှာ အောက်က စကီး (Ski) ဝတ်ပြီး မတ်တပ် ပဲ ရအောင် ရပ် ကြည်. ပါဦး  ဟားဟား” လို.ဆိုပါတယ်။ ကိုယ်ကလဲ အားကျမခံ ရယ်၊ “ဒါလေးများ ဟားဟား” လို.ပြန်ပြော ခဲ.တာပဲ။ 

ဒီလိုနဲ. ကားတပတ် မောင်းပြတော. နှင်းစီး ဖိနပ် ကရိယာ တန်စာပလာ တွေ သယ်ပြီး သွားနေကြတဲ. သူများကိုကြည်. ပြီး ဖြူဖြူဖွေးဖွေး နှင်းတွေ ကြားမှာ ကိုယ်.မှာ ရင်တွေ ခုန်လိုက်ရတာ။ တပတ်မောင်း ပြီး ကိုယ်.ကို တကယ် နှင်းစီး သင်မဲ. လေ့ကျင့်မဲ့ နေရာရောက်တော့ တကယ် တွေ.ရတာ ကတော. အသက် ၁ နှစ်ခွဲလောက် ကနေ ၅နှစ်လောက် ရှိတဲ. ကလေး ၁၀ယောာက် လောက် နဲ. ကိုယ်တယောက်နဲ. ပါ။ ဖြစ်ချင်တော. ကိုယ်မှာ နှင်းကာအင်္ဂျီကောင်းကောင်း မရှိတာကြောင်. နစ်ကိုး ကနေ သူ.သူငယ်ချင်း ဆီကနေ ကိုယ်. အတွက်ဆိုပြီး ငှားပေးထားပါတယ်။ အဲဒီ သူငယ်ချင်း က ဆွစ်ဇာလန် ကိုယ်စားပြု စကီး ချန်ပီယန် ဆိုတော. သူ.အဂီင်္ျတွေကလဲ ရင်ပတ်မှာ ဂုဏ်ယူဝံ.ကြွားစွာနဲ. ”ဆွစ်ဇာလန် ကိုယ်စားပြု” ရယ်လို. ရေထားလိုက်သေး။ ဒါ.ကြောင်. စောစော က ရှောက် ကြည်.စဉ်ကလဲ လူတချို. ကိုယ်.ကို ကြည်.ပြီး ပြုံးပြ နှတ်ဆက်သွားတာ။ ကိုယ်ကတော. ပထမ အူအူကြောင်ကြောင် ရယ်။ သူတို.ဘာသာ စကားလဲ မသိတော. ဘာရေးထားမှန်း မသိဘူးပေါ.။အဲလိုနဲ. ပဲ စကီးပေါ် စရောက် သွား ပါတယ်။ အဲဒီအခါမှ ပဲ ဘယ်လောက် ခက်တယ် ဆိုတာကို သဘောပေါက်ရတာပါ။ ဆင်းသွားလိုက်ရင် ဝူးခနဲကျပြီး ဘုန်းခနဲ ကို လဲတော.တာပါပဲ။ လွယ်လွယ်နဲ. အလျှော. မပေးချင်တော. အတင်းပြန်ထ ပြန်လဲ ရယ်ပေါ.။ အဲဒီ အချိန်က အလုပ်လုပ် နေတာက အရေးပေါ် ဌာနမှာ ဆိုတော. နှင်းစီး သွားပြီး ဒါဏ်ရာ နဲ. ပြန်လာတဲ. လူတွေကို ဆေးကုပေး ခဲ.ရတာလေ။   နဲနဲ လေးအရဲရ လာလိုက်၊ ဒါဏ်ရာ ရလာတဲ. သူတွေကို မြင်ရောင်ပြီး ကိုယ်.ကိုယ် ကို ကျောက်ပတ်တီး လေးနဲ. မြင်ယောင် လိုက် ဆို တော. သိပ်တော. ခရီး မရာက်လှပါဘူး။ ကိုယ်. ရဲ. ပြိုင်ဖက် (၂ - ၃ နှစ် ခလေးတွေ) ကြည်.လိုက်တော. တဝှီဝှီ နဲ. စီးနေလိုက်ကြတာ။ သူတို. ရဲ. မိဘများ ကတော. ဒင်းတို.လေးတွေကို သင်ပေးဖို. လာကြပေမယ်. ခုတော. ကိုယ်.ကိုပဲ ဟာသတခုရယ်လို. ပြုံးစိစိ လုပ်နေကြပါတယ်။ တချို.ကလဲ အားပေးတဲ. အနေနဲ. လက်မထောင်ပြသွားလိုက်သေး။ ဒီလိုနဲ. တနေ.တာ ကုန်သွားတဲ. အချိုန်မှာတော. ကိုယ်ဟာ ဒီနှင်းပေါ်မှာ ကောင်းကောင်း လျှောချနိုင်လာပါပြီ။ ဘယ်လိုရပ်ရမယ် ကွေ.ရမယ် ဆိုတာတော. မသိဘူးပေါ.။ ဆင်းချလာရင် ပါးစပ်မှ အာပြဲ ကြီးနှင် အားလုံး ရှောင်ပေးအောင်တော. အော်ရတာပေါ. နော။ သူငယ်ချင်းတယောက်ပြော တာအမှတ်ရမိပါတယ် “ငါကားမောင်းရင် ရှေ.တဲ.တဲ. ပဲ မောင်းတတ်တာ။ နောက်ဆုတ်တာ နဲ. ပါကင်ထိုးတာနဲ.တော. မတတ်ဘူး” ဆိုတာ မျိုး လိုပေါ. နော။ ကျမ ခင်ပွန်းသည် ကတော ဆိုလာပါတယ် “ကိုယ်ကတော. ဥာဏ်ရှိပြီး ဆင်ချင်တုန်. တရားနဲ. နေတဲ.သူဆို တော. ဒီ အန္တရယ် ရှိတာတွေကို စိတ်မဝင်စားဘူး” တဲ.။  သူပြောတာလဲ မှန်ကောင်း မှန်ပါလိမ်.မယ်။ အိမ်ပြန်တော. ကျမ တင်ပါးနဲ ပေါင်တွေမှာ လဲ တော် တော်လေး အညို အမဲ ဆွဲပြီးတော. ကွတ ကွတ နဲ.ပေါ.။ အရိုးတော. တချောင်းမှ မကျိုးခဲ.ပါဘူး။ ကျမ ရဲ. အယူအဆကတော. ခင်ပွန်းသည်နဲ. ဆန်းကျင်စွာ အခွင်. အရေးရ သမျှကို အခွင်.အခါရတိုင်း စမ်းသပ်ကြည်.ဦးမှာ ပါ။ ဒါမှလဲ ဒီလောကကြီးမှာ နေရကြိုး နပ်တော. မပေါ.နော။