ကဲ ပြောလို.မှ မဆုံးသေး။ စိတ်နှောက်စရာ က ပေါ်လာပြီ။ သူငယ်ချင်း တယောက်က ဖုန်းခေါ်လာပြီး ရှေ.လထဲမှာ ဒီနိုင်ငံရဲ. ကျောင်းပေါင်းဆုံ အားကစားပွဲမှာ ဆရာဝန် အလုပ်လုပ်ပေးဖို. ပြောလာ ပါတယ်။ အိုလန်ပစ်ပွဲရယ်၊ တခြား အားကစားပွဲ တွေရယ် ထပ်နေတာကြောင့် လုပ်ပေးနိုင်မယ် မထင်ကြောင်း ပြောတော့ သူက စိတ်ဆိုးပြီး အတင်း ကာရော လုပ်ရမယ်လို မျိုး ပြောလာတယ်။ ဖုန်းချပြီးတော့ တယောက်ယောက်နဲ. ငြင်းခုန် ပြီးတိုင်း ဖြစ်ရတဲ့ စိတ်ထဲ လေးလံ၊ ဒေါသ၊ မောဟ၊ မပျော်ရွှင်မှုဆိုတာတွေ ဟာ အဟုန်နဲ. ကျမရင်ထဲ စီးဝင်လာပါတော့တယ်။ ရင်က လဲ တလှပ်လှပ်နဲ. နေလို.က မကောင်းချင်တော့၊ ပျော်နေတဲ့ အပျော်လေးတွေလဲ ကြက်ပျောက် ငှက်ပျောက်။
30 March 2012
29 March 2012
သူတို. နှစ်ဦး
လူတယောက်ကို မြင်ရုံနဲ. အမှန်ပြောနေတဲ့ လူလား၊ ပိုပိုသာသာ ဟန်လုပ် ပြောနေတာလား ဆိုတာ လူကဲခတ်ဖို. အလွန်ခက်ခဲ တတ်ပါတယ်။ ဥပမာ ပြောပြရရင် ဒီနေ. ကျမ လုံးဝ မတူညီတဲ့ လူနာ နှစ်ယောက်တွေ.ခဲ့ပါတယ်။
တယောက်က အင်္ဂလန်ပေါက် အသက် ၂၄ နှစ် ပါကစ္စတန်မလေးပါ။ ဗိုက်နာတာကို လာပြတာတဲ့။ နာနေတာကလဲ ၆လ ကျော်ပါပြီတဲ့။ အရင်ကလဲ ဒီကိစ္စနဲပဲ ဆေးရုံတင်ရပါတယ်။ စစ်ဆေးချက်တွေ လုပ်ထားလိုက်တာကလဲ စုံစိနဖာ ပါပဲ။ CT, MRI, MRCP လို.ခေါ်တဲ့ နောက်ဆုံးပေါ် ဓါတ်မှန်တွေ အမျိုးမျိုး ရိုက်ထားတဲ့ အပြင်၊ ပါးစပ်ပေါက် စအိုပေါက်မှ ကင်မရာပါတဲ့ မှန်ပြောင်း အမျိုးမျိုး နဲ.ကြည်.လို.၊ ဖောက်စစ်ထားတဲ့ သွေးတွေကတော့ ပြောစရာကို မလိုလောက်အောင် ဒုနဲ.ဒေး။
28 March 2012
အင်တာနက်မှာ သတိထားစရာ
ကိုယ် ပြုမိတဲ့ အမှား၊ သူများတွေ မှားတဲ့ အမှားတွေကို ကြည့်ပြီး ဘဝမှာ သင်္ခန်းစာယူရမယ်လို. ငယ်စဉ်က ဆုံးမတာ မကြာခဏ ခံရဖူးပါတယ်။ အကောင်းဆုံးကတော့ ကိုယ် အမှား မကျူးလွန်ခင် သူများတွေရဲ. အမှားကနေ သတိထားပြီး ရှောင်နိုင်ရင် အကောင်းဆုံးပေါ့နော။
အရင်တပတ်က ဘောလ်တွန် ရဲ. ဘောလုံးသမား Fabrice Muamba ဘောလုံးကွင်းမှာ နှလုံးရောဂါနဲ. နှလုံးရပ်သွားတဲ့ အကြောင်း ကြားမိပါတယ်။ တကမ္ဘာလုံးမှ ဘောလုံး ပရိသတ်များက သူ.အတွက် စိတ်ပူနေချိန်မှာ ဝေးလ်စ်က အသက် ၂၁နှစ်အရွယ် ကျောင်းသားတယောက် က အရက်ကလဲ သောက်ထားတော့ မဆင်မချင်၊ Twitter မှာ ပေါက်ကရ လျှောက်ရေးတယ်တဲ့။ စ တာကတော့ နောက်ပြောင်သလို “Lol F*** Muamba, he is dead” ဆိုပြီး သူ.ရဲ. တွစ်တာမှာ ရေးသတဲ့။ နောက် သူရဲ. သူငယ်ချင်း၊ အသိတွေက အဲဒီလို မပြောသင့်ကြောင်း၊ အသက် ၂၃နှစ် ဘောလုံးသမား ခင်မျာမှာ သူ.အသက်အတွက် သေမင်းနဲ. တိုက်ပွဲဝင်နေစဲ ဖြစ်ကြောင်း ပြန် တွိ (Tweet) လုပ်ကြပါတယ်။
24 March 2012
ကျမနှင့် သူရဲ တစေများ အကြောင်း
ကျမ ငယ်စဉ်ကတော့ အင်မတန် အကြောက်တရား မရှိ၊ ပေါက်တတ်ကရလဲ အလွန် လုပ်တတ်ပါသည်။ အသက် ၅ နှစ်လောက် အရွယ်က ဆေးရုံဝင်း ထဲမှ နေအိမ်မှာ နေတုန်းက ငယ်သူငယ်ချင်းများနှင့် အလောင်းအစားလုပ်ပြီး ရင်ခွဲဆောင်တံခါးကို တယောက်ထဲ လူကြီးတွေ မသိရအောင် သွား ခိုးဖွင့်ခဲ့ဖူးပါသည်။ နောက်အနည်းငယ် ကြီးလာတော့၊ အသက် ၁၀နှစ်လောက် အရွယ်မှာ အရင်က “သူရဲမွေးထားပါသည်၊ သူရဲ အလွန်ခြောက်တတ်သည်” ဟု နာမည်ကြီးသော အိမ်ကြီးကို ပြောင်းရသည်။ ကျမ အိပ်ရာက နှစ်ထပ် အိမ်ကြီးရဲ. အပေါ်ထပ်မှာ၊ တယောက်ထဲ။ သူငယ်ချင်းတချို.မှ “မကြောက်ဘူးလား” ဟု ဝိုင်းမေး တာလဲ မကြာခဏ ခံခဲ့ရပါသေးသည်။ အခြောက်ခံ ခဲရဖူးလား ဆိုရင်တော့ ကြားသမျှ ချွတ်ချွတ် ချက်ချက် အသံများ အားလုံး သစ်ပင်မှ သစ်ရွက်လေတိုက်သံများ ဟုပဲ သတ်မှတ်ထားပြစ်လိုက်သည်။ မှတ်မှတ်ရရ တနေ.မှာတော့ သူငယ်ချင်း တသိုက် အိမ်မှာ လာဆော့ကြတုန်း သူငယ်ချင်း တယောက် အိမ်သာသွားတုန်း အိမ်သာတံခါးကြီးက အုန်းခနဲ စောင့်ပိတ်သံ ကြားရသည်တဲ့။
22 March 2012
ပထမဆုံး တရားစခန်း အတွေ.အကြုံ
တခုတ်တရ အမှတ်တရ ရှိစွာပါပဲ ကျမ ပထမဆုံး တရားရိပ်သာ ဝင်ဖြစ်ခဲ့တာ ကျမ အသက် ၁၆ နှစ် အရွယ်မှာပါ။ အဲဒီ မတိုင်မီက ကျမ သြကာသနှင့် ငါးပါးသီလက လွဲလို. ဥပုဒ်စောင့်တာတွေ တရားထိုင်တာတွေဆိုတာ လုံးဝ မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ. အဲဒီနှစ်ရဲ. သင်္ကြန်မှာ လူကလဲ နဲနဲ အရွယ်ရလာပြီ ဆိုတော့ ရေလဲ မကစားချင်၊ သူများတွေ ပျော်နေချိန်မှာ အိမ်မှာ တယောက်ထဲလဲ မနေချင် ဖြစ်နေချိန်မှာ သူငယ်ချင်း တယောက်က အဖော်စပ်လာပါတယ်။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ ကျမဟာ နှစ်ခေါက်တောင် မတွေးမိ၊ သင်္ကြန် တရားဝင်မယ်လို. စိတ်ဆုံးဖြတ် လိုက်ပါတယ်။ မေမေကတော့ တခါမှ ဥပုဒ်တောင် မစောင့်ဖူးတာ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်တဲ့ အသံနဲ.ဆိုပါသေးတယ်။
ဒီလိုနဲပဲ တရားစခန်းကို ကျမရယ်၊ နီလာရယ်၊ သီတာရယ်၊ ဇာခြည်ရယ် သူငယ်ချင်း ၄ ယောက် ရောက်သွားပါတော့တယ်။ မလုပ်ရင် မလုပ်၊ လုပ်ရင်တော့ တကယ်ဖြစ်အောင် ကျိုးစားတတ်တာမို. ကျမတို. အပိုးကျိုးကျိုးနဲ. တရားကျင့်ကြံ ဖို.လုပ်ကြပါတယ်။ မလုပ်လို.လဲ မရအောင် ဆရာတော်ကြီးကလဲ အလွန်စည်းကမ်း တင်းကျပ်လှတယ် မဟုတ်လား။
ဝါသနာ နှင့် စွဲလန်းမှုများ
လူတိုင်းမှာ ဝါသနာ ဆိုတာတော့ ရှိသင့်ပါတယ်။ ဒါပေမယ့် တချို. ဝါသနာနဲ. လုပ်ချင်တာတွေ အတွက် အချိန်၊ ငွေ ဆိုတာတွေ တော်တော် နောက်ကလိုက်ယူ ရတတ်ပါတယ်။ ဥပမာ Glof ရိုက်တာမျိုးပေါ့နော။ ရောင်းရင်း အပေါင်းအသင်းများတော့ ကြုံဖူးမလားမသိပါ။ တခါတရံ ဝါသနာပါလို.ပါ ဆိုတာကနေ စလိုက်တာကနေ နေ.မအိပ်နို်င် ညမအိပ်နိုင် အစွဲအလန်းလွန်ကြူးပြီး စားဒီစိတ် သွားဒီစိတ် ဖြစ်မိတတ်ကြပါတယ်။
တခါက ဆေးရုံ စိတ်အထူးကုမှာ တောင် တွေ.ဖူးပါတယ်။ အိမ်မှာရှိတဲ့ ပစ္စည်းတခု ပြင်ဖို. ကျိုးစားလိုက်တာ ကနေ မရမနေ ရအောင်လုပ်မယ်ဆိုပြီး ၃ ရက်တိတိ လုံးဝ မအိပ်ပဲ ကျိုးစားပြီး ဆေးရုံရောက်လာပါသတဲ့။ စွဲလန်းမှုဟာ လွန်လွန်းလာရင် စိတ်ရောဂါဆိုတာ ဖြစ်လာတာပေါ့။ တခါကလဲ မိခင်ကြီးတယောက် ၁၆နှစ်အရွယ် သူ.သမီးကို လာပြဖူးပါတယ်။ Facebook လိုမျိုး Social network ကို အလွန်အကြူး သုံးပြီး အပြင်လောကနဲ. လုံးဝ အဆက်အသွယ်မလုပ် အခန်းထဲက မထွက်နိုင်တော့ပဲ ဖြစ်နေလို.ပါတဲ့။
20 March 2012
just one nightshift
During my night shift last night, I met this very pleasant gentleman. He was brought in by ambulance with two falls at home. When an elderly gentleman had a fall, it is always important to establish "How they fell?, either mechanical fall or there is a medical reason such as Heart attack.
Lets say his name is James.
So I started with the question, "Ok James, do you want to tell me what happened and how did you fall?"
He replied: "Oh doc, I just crashed down to the floor"
Me: "OK, Is that because you slipped on the floor or tripped over something?"
He: "No I don't think so, but I have 2 lovely dogs"
Me: "Ok, good, but can you tell me a bit more about your fall, James?"
He: "Oh, I don't know Doctor, I think I just collapsed. You know, my dog name is Plauto and Jessie. They are two lovely terrier. They are brilliant. when I say his name .............." its go on about 3 - 4 mins, So I had to stop him and said
19 March 2012
ရုတ်တရက် ဖြစ်နို်င်သော အားကစားသမားတို.ရဲ. နှလုံးရောဂါ
အလွန် ကျန်းမာ သန်စွမ်းတဲ့ အားကစား သမားတွေ ဒါမှမဟုတ် လူငယ်တွေမှာ အဖြစ်များတတ်တဲ့ Sudden Cardiac Death syndrome ဆိုတာ ရှိပါသည်။ ဆိုလိုရရင် အလွန် ကျန်းမာ သန်စွမ်းပေမယ့် ရုတ်တရက် လဲကျ အသက်ပါ ထွက်သွားတဲ့ အခြေအနေ မျိုးပါ။ ဘာကြိုတင် သတိပေးတာမျိုးမှ မရှိပဲပေါ့။ တော်သေးသည်။ ဒီအခြေအနေက မြန်မာလူမျိုး တို.တွင် အဖြစ်မများပါ။
ကမ္ဘာအရပ်ရပ် မှ သုတေသန မှတ်တန်းများ အရ ပျမ်းမျှ လူ ၅သောင်းတွင် ၁ယောက် ဖြစ်နို်င်ပါသည်။ ယောက်ျား မိန်းမ အချိုး ၉း၁ ရှိပြီး၊ အသက် ၂၃နှစ် သည် ပျမ်းမျှ အဖြစ်များဆုံး အရွယ် ဖြစ်သည်။
18 March 2012
ကျေးဇူးတင်တယ် တဲ့လား
တနေ.က အလုပ်သွားတော့ ဆေးရုံ ဝန်ထမ်း အမျိုးသမီး တစ်ဦး၏ လာနှုတ်ဆက်တာခံရသည်။ “မနေ.က နင်ကုပေးလိုက်တဲ့ ငါ့ဖခင်ကြီး အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အရေးပေါ်ဌာန တခုလုံးက အရမ်း ဂရုစိုက်ပြီး ကုသပေးလိုက်တဲ့ အတွက် အလွန် ကျေးဇူးတင်တယ်” တဲ့။ ကျမ မျက်နှာ တခုလုံး ခဏတော့ ပီတိပြုံးတွေ ဝေသွားသည်ထင်ပါသည်။ ကိုယ်လဲ လူသားထဲက လူသားပေမို. ကိုယ့် ကျိုးစားအားထုတ်တာလေးတွေ အသိအမှတ်ပြု ချီးကျူးခံရရင် ဝမ်းသာမိသည်ပေါ့။ ဒါပေမယ့် အပြုံးမျက်နှာ ကြာကြာ မခံခဲ့ပါ။ အဲဒီအမျိုးသမီး ဆက်ပြောလိုက်တာက “ငါ့ အဖေ ဒီနေ.မှာတော့ အခြေအနေ မကောင်းတော့ဘူး။ သူ.ရဲ.နောက်ဆုံး အချိန်ပါပဲ။ ကုသမှုတွေကို အားလုံးရပ်လိုက်ပါပြီ။” တဲ့။ ကျမ အပြုံးမျက်နှာမှ ဘယ်လို တုန်.ပြန်ရမယ်တောင် မသိတော့ပါ။
တခါကလဲ စာအုပ်ထဲ ဖတ်ဖူပါသည်။ ဂျီပီ ဆရာဝန်လေး တယောက်ကို သူ.လူနာ တယောက် ဆုံးတော့ သူမနောက်ဆုံး အချိန်မှာ ဂရုစိုက်ပေးတာကို ကျေးဇူးတင်လွန်းလို.ဆိုပြီးတော့ သူမ သေတန်းစာထဲမှ အမွေပေးခဲ့သည်တဲ့။ သူမရှိသမျှ သူမရဲ. အိမ်အပါအဝင် အားလုံးကိုပေါ့။
17 March 2012
ခြေဖနောင့် နာခြင်း (Plantar fascitis)
ခြေဖဝါးမှာ Plantar Fascia လို.ခေါ်တဲ့ အရွတ်ပြားလေးရှိပါတယ်။ ခြေထောက်ရဲ. arch ကို ထောက်မပေးထားပြီး လမ်းလျှောက်သွားလာရ လွယ်ကူအောက် ကူညီပေးနေတဲ့ အရွတ်ပြားလေးပါ။ အခန်.မသင်.ရင် သူလဲ ရောင်ကိုင်းပြီး နာနိုင်ပါတယ်။
သုတေသန စာတန်းတွေမှာ လူ ၁၀ယောက်မှာ ၁ယောက် ဖြစ်နိုင်တယ်လို. ဆိုထားပါတယ်။ လမ်းလျှောက်များတဲ့ သူတွေ၊ တနေ.တာ မတ်တပ် ရပ်နေရတာ များတဲ့ သူတွေ၊ အားကစား စလုပ်ပြီး မာတဲ့ လမ်းမပေါ် အကြာကြီး ပြေးမိတဲ့ သူတွေ၊ မတော်တဲ့ ကိုယ်နဲ. အဆင်မပြေ တဲ့ ဖိနပ်တွေကို ဝတ်တဲ့သူတွေ၊ ကိုယ်အလေးချိန် သာမန်ထက် ပိုနေတဲ့ သူတွေ နဲ. ခန္တာကိုယ် အနေအထား (Allignment or Biomechanics) မမှန်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးတဲ့ သူတွေမှာ တော့ ဓါတ်မှန်ရိုက်ကြည့် လိုက်ရင် ခြေဖနောင့်မှာ အတက် ထွက်နေတာ တွေ.ရနို်င်ပါတယ်။ အတက်ရှိသူတိုင်းလဲ ခြေဖနောင့် မနာပါ။
16 March 2012
ရောဂါပိုးမွှားများနဲ. ကြံကြံဖန်ဖန် ဖြစ်ရပ်များ
ကျမတို. ဆေးကျောင်းမှာ အဏုဇီဝဗေဒ ဘာသာရပ် စသင်ထဲက နေရာ ဒေသ ကို လိုက်လို. ရောဂါ ပိုးမွှား အမျိုးအစား ကွဲပြားနိုင်တယ်ဆိုတာ သင်ကြား ရပါတယ်။
ဥပမာ ငှက်ဖျားဆိုတာ အာရှ အာဖရိက နို်င်ငံတွေမှာ များပေမယ့် ဥရောပမှာတော့ အတွေ.ရနဲပါတယ်။ ငှက်ဖျားကို ခြင် ကတဆင့် ကူးဆက်စေတာ ဆိုတော့၊ ဒီနိုင်ငံမှာ ခြင်ကလဲ မရှိတော့၊ ငှက်ဖျားရပြီး ဒီနိုင်ငံ ပြန်လာတယ်ဆိုရင်တောင် တယောက် မှ တယောက် ရောဂါ မကူးဆက်နို်င်ပါဘူး။ ၂၀၀၈ ခုနှစ်က ကျမ ရောဂါပိုးမွှားဌာန (တမျိုးပြောရရင်) ခရီးသွားတဲ့ သူတွေကို အထူးကုတဲ့ ဌာနမှာ (Infectious diseases/traveller medicine) မှာတာဝန်ကျပါတယ်။ တစ်ညနေမှာ အရေးပေါ်ဌာနက ဖုန်းဆက်လာပါတယ်။ “အမြန်လာကြည့်ပါ။ နိုင်ဂျီးရီးယားက လာတဲ့ တယောက် ငှက်ဖျားပိုး ပေါ့စတစ် တွေ.တယ်တဲ့” Ok ဆိုပြီး ဆင်းသွားတော့ လူနာက ပထမ ရှာမရဘူး။ ဒါနဲ. သူနာပြု တယောက်ကို မေးကြည့်တော့ “သြ ဟိုးအခန်းထဲမှာ Isolate လုပ်ထားတယ်တဲ့။ (သူ.ရောဂါ သူများမကူးရအောင် သီးခြား အခန်းတခုထဲ ခွဲထဲ့ထားခြင်းကို ဆိုလိုပါသည်။)လှမ်းကြည့်လိုက်တော့ နိုင်ဂျီးရီးယား သူ ရောဂါသည်လေးက အူကြောင်ကြောင် မျက်နှာလေးနှင့်။ အားလုံးမှ အဆင်ပြေရဲ.လား ဆိုတဲ့ မျက်နှာလေးနှင့် ခုတင်ပေါ်မှာ။
မရယ်သင့်ပေမယ့် ရယ်မိသော အဖြစ်များ
အားကစားပွဲ အမြောက်အများ ကို ဆရာဝန် တယောက်အနေနဲ. သွားရတိုင်း တချို. ပွဲများတွင် မီဒီယာနှင့် ကင်မရာမန်းများက နေရာအနှံ. မို. ဆုံးဖြတ်ချက် မြန်မြန်ချပြီး၊ အမှားမပြုမိအောင် အလွန်သတိထားရပါသည်။ ဒီလို သတိထားသည့်ကြားမှ အချင်းချင်း ကပေါက်တိ ကပေါက်ချာ လုပ်မိတာတွေကို ကျမတို. ကြုံတိုင်း မကြာ ခဏ ပြန်ပြောမိ ကြပါသည်။ ဥပမာ အားကစားပွဲ တခုတွင် ဒဏ်ရာရ နေတဲ့ အားကစားသမားကို သယ်ထုတ်ဖို. ကျိုးစားနေတုန်း ကိုယ်ပါ အရှိန်လွန်ပြီး ဒဏ်ရာရတဲ့ အားကစားသမားပေါ် တဲ့တဲ့ ချော်လဲတဲ့ သူနဲ.လဲ ကျမ ကြုံဖူးပါသည်။ ဟိုးတလောက Trampoline လို.ခေါ်တဲ့ စပရိန် အဝိုင်းကြီး ပေါ်မှာ (၅ပေလောက် အမြင့် ရှိပါတယ်) အားကစား သမား တယောက် ဒါဏ်ရာရနေတာ တက်ဆွဲဖို. ကျိုးစားတာ အပေါ် Trampoline ပေါ် မတက်နိုင်ပဲ အောက်ပြန် လျှောကျတဲ့ ဆရာဝန်လေး တယောက်ရဲ. အဖြစ်ကိုလဲ ကိုယ်တွေ. မြင်ခဲ့ရပါသည်။ (မရယ်သင့်သော်လဲ ခွိခနဲတော့ ခိုးရယ်ခဲ့ပါသေးသည်)။
15 March 2012
ပခုံးဆစ်နာတဲ့ ခဲတဲ့ရောဂါ (Frozen Shoulder)
ဒီပုခုံးဆစ် ခဲတဲ့ ရောဂါဆိုတာ အသက် ၄၀ - ၇၀ ကြားရှိတဲ့ အမျိုးသမီး တွေမှာ အဖြစ်များပါတယ်။
သုတေသန တွေမှ ဆိုထားတာကတော့ လူ ၅ယောက်မှာ ၁ ယောက်လောက် ဖြစ်နိုင်ခြေရှိတယ်တဲ့။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ အတိအကျ မသိရပေမယ့် ဟိုမုန်း အပြောင်းအလဲ နဲ. သက်ဆိုင်ရမယ်လို. အဆိုတွေတော့ ရှိပါတယ်။ ဆီးချိုရောဂါ ရှိတဲ့သူတွေမှာ ၅ဆ ပိုအဖြစ်များတယ်လို. ဆိုပါတယ်။ ဘယ် ညာ နှစ်ဘက်လုံး ဖြစ်နိုင်တယ်ဆိုပေမယ့် အသုံးမပြုတဲ့ လက် ဖက်က ပိုအဖြစ်များပါတယ်။ ၅ယောက်မှာ ၁ယောက်က တခြားပုခုံးကိုပါ ဆက် ဖြစ်စေနိုင်တယ်လို. ဆိုပါတယ်။
ရောဂါ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ရောဂါ အဆင့်က ၃ ဆင့် ခွဲတွေ.နို်င်ပြီး ဒါကို ဖြတ်သန်းဖို. ပျမ်းမျှ ၂ နှစ်လောက် ကြာပါတယ်။ ဆိုလိုတာကတော့ ဘာမှ မကုရင်တောင် ဒီ ၂ - ၅နှစ် လောက်ကြာရင် ဒီခဲနေတဲ့ ပုခုံးဆစ်ဟာ သူ.ဟာသူ ပြန်ပျော်ပြီး ရောဂါ ပျောက်သွားပါလိမ်.မယ်။
အဆင့် ၃ ဆင့်ကို အတိုချုန်. ရှင်းပြပါမယ်။
ပထမ အဆင့်၊ စတင်ခဲလာခြင်း (၂လ - ၉လ)
ဒီအချိန်က ပုခုံးဆစ်၊ အင်္ဂလိပ်လို Gleno-humeral joint လို.ခေါ်တဲ့ အဆစ်နဲ.အဆစ်နားမှာရှိတဲ. အရွတ်တွေ စပြီး ရောင်ကိုင်းလာပါတယ်။ လူနာအနေနဲ. ဒီအချိန်မှာ ပုခုံးမှာ အရမ်းနာနို်င် ကိုက်ခဲနိုင် ပါတယ်။ ညဘက်မှာ ပိုဆိုးတတ်ပြီး အဲဒီ ပုခုံးကို ဖိအိပ်ရင် ပိုနာပါတယ်။
သုတေသန တွေမှ ဆိုထားတာကတော့ လူ ၅ယောက်မှာ ၁ ယောက်လောက် ဖြစ်နိုင်ခြေရှိတယ်တဲ့။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ အတိအကျ မသိရပေမယ့် ဟိုမုန်း အပြောင်းအလဲ နဲ. သက်ဆိုင်ရမယ်လို. အဆိုတွေတော့ ရှိပါတယ်။ ဆီးချိုရောဂါ ရှိတဲ့သူတွေမှာ ၅ဆ ပိုအဖြစ်များတယ်လို. ဆိုပါတယ်။ ဘယ် ညာ နှစ်ဘက်လုံး ဖြစ်နိုင်တယ်ဆိုပေမယ့် အသုံးမပြုတဲ့ လက် ဖက်က ပိုအဖြစ်များပါတယ်။ ၅ယောက်မှာ ၁ယောက်က တခြားပုခုံးကိုပါ ဆက် ဖြစ်စေနိုင်တယ်လို. ဆိုပါတယ်။
ရောဂါ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ရောဂါ အဆင့်က ၃ ဆင့် ခွဲတွေ.နို်င်ပြီး ဒါကို ဖြတ်သန်းဖို. ပျမ်းမျှ ၂ နှစ်လောက် ကြာပါတယ်။ ဆိုလိုတာကတော့ ဘာမှ မကုရင်တောင် ဒီ ၂ - ၅နှစ် လောက်ကြာရင် ဒီခဲနေတဲ့ ပုခုံးဆစ်ဟာ သူ.ဟာသူ ပြန်ပျော်ပြီး ရောဂါ ပျောက်သွားပါလိမ်.မယ်။
အဆင့် ၃ ဆင့်ကို အတိုချုန်. ရှင်းပြပါမယ်။
ပထမ အဆင့်၊ စတင်ခဲလာခြင်း (၂လ - ၉လ)
ဒီအချိန်က ပုခုံးဆစ်၊ အင်္ဂလိပ်လို Gleno-humeral joint လို.ခေါ်တဲ့ အဆစ်နဲ.အဆစ်နားမှာရှိတဲ. အရွတ်တွေ စပြီး ရောင်ကိုင်းလာပါတယ်။ လူနာအနေနဲ. ဒီအချိန်မှာ ပုခုံးမှာ အရမ်းနာနို်င် ကိုက်ခဲနိုင် ပါတယ်။ ညဘက်မှာ ပိုဆိုးတတ်ပြီး အဲဒီ ပုခုံးကို ဖိအိပ်ရင် ပိုနာပါတယ်။
Doctors as the worst patients!
ဆရာဝန် လဲ လူသားပေမို. နေမကောင်းဖြစ်နိုင်ပါသည်။ ကျမကိုယ်တိုင်လဲ တနေ. ဖျားတော့ ပထမတော့ ဘာ့ကြောင့် ဖျားရမှန်း မသိ။ သူငယ်ချင်း ဆရာဝန်မလေး တယောက်ကလဲ ဖြဲ ချောက်လိုက်သေးသည်။ အူအတက်ယောင်တာ ဖြစ်နိုင်သည်တဲ့။ အိမ်မှ အမျိုးသားကလဲ မနေ “အင်း ဖျားပြီး ရောဂါ ဝင်တဲ့ နေရာ မသိရင် HIV ဖောက်ရမယ်” တဲ့ ကဲ မှတ်ကရော။ နောက်နေ. နိုးတော့ လည်ချောင်းတွေ နာလာတော့ ဝမ်းသာသွားမိသည်။ “နာ ရောဂါပိုး ဝင်တဲ့ နေရာတော့ တွေ.ပြီ။ နာကွ ပေါ့” ပိုးသတ်ဆေး စသောက်မိတော့ ထုံးစံ အတိုင်း ဝမ်းသွားတာ နောက်ကပါလာသည်။ ဆေးရုံကိုပြောတော့ ဝမ်းသွားနေရင် ဆေးရုံကို မလာရတဲ့။ ကဲ ခုတော့ အိပ်ယာပေါ် လှဲ အီးပြေးပါလိုက် တွေးလိုက်ဖြင့် ဆရာဝန် ဘဝမှ လူနာ ဘဝ ပြောင်းခဲ့ဘူး တဲ့ အမှတ်တရများကို ရေးမိတော့ သည်။
ပထမဆုံး စ ပြောပြရရင် သူငယ်ချင်း ကောင်လေး တယောက် အကြောင်း။ သူ.အံဆုံး ၄ ချောင်းလုံး က အစောင်းလိုက် ပေါက်နေတော့ မေ့ဆေးနဲ. ခွဲထုတ်ရသည်။ သူငယ်ချင်းတစု သူ.ကို လူနာမေး အားပေးဖို. သွားကြည့်တော့ သူက မော်ဖင်းတွေ ရဲ. အရှိန်နဲ. သတိတော့ ကောင်းကောင်းရနေပြီ။ ဒါပေမယ့် စိတ်တွေကြွပြီး ပြောချင်တာ တွေ လျှောက်ပြော။ တဟီးဟီး ထရယ်။ သူ.ကြည့်ပြီး ကိုယ်တို. သူငယ်ချင်းတွေ အားလုံး အရမ်းကို ရယ်ရ။ ဟသ တခုလိုဖြစ်နေကြသည်။
14 March 2012
အားကစား နဲ. ကျန်းမာရေး
WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ.အစည်းကြီးမှ လူတယောက် အခြေခံ ကျန်းမာရေး ကောင်ရန် အတွက် တနေ. မိနစ် ၃၀။ တပတ်မှာ ၅ ရက်၊ အားကစား လုပ်သင့်သည်ဟု ဆိုထားပါတယ်။
အားကစား လုပ်ချင်း၏ အကျိုးကျေးဇူးများ မှာ ပြောမကုန်နို်င်ပါ။ ပုံမှန် အားကစား လုပ်ချင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာရောဂါများ၊ သွေးတိုး၊ ဆီးချို၊ စိတ်ဓါတ်ကျချင်း တို.ကို ကာကွယ်နိုင်ပါတယ်။ ပုံမှန် အားကစား လုပ်သူသည် စိတ်တည်ငြိမ်ခြင်း ပျော်ရွှင်ပေါ့ပါး ခြင်းများကိုလဲ ခံစားနို်င်ပါတယ်။
အားကစားဟု ဆိုရာတွင် အေရိုးဗစ် ဟုခေါ်သော နှလုံး အဆုတ် ကျန်းမာရေး အားကောင်စေသော အားကစားမျိုး (Cardiovascular exercise or Aerobics) ရှိသလို ကြွက်သား အုပ်စုတခုစီ ကို အားစိုက် လုပ်ရသော လေ့ကျင့်ခန်း (Resistance and Strengthening exercise)၊ ကိုယ်ခန္တာ အဆီချပြီး ကျစ်လစ် သန်မာစေသော လေ့ကျင့်ခန်း (Conditioning exercise) ဆိုတာတွေလဲ ရှိပါတယ်။ အဆစ်တခုချင်းဆီ ကြွက်သား အုပ်စု တခု ချင်းဆီ ကို ဆွဲ.ဆန်.ပေးခြင်းအား ဖြင့်လဲ (Stretching) သူတို.ရဲ. ပြော့ပြောင်း သန်မာမှု (Flexibility) ကို အားပေးတဲ့ အပြင် သူတို.ရဲ. ထိခိုက် ဒဏ်ရာ ရမှုကိုလဲ ကာကွယ်နိုင်ပါတယ်။
အင်္ဂလန် စစ်ဆေး (သူငယ်ချင်းတို. ဆီမှ ကြားမိသမျှ)
ဥပမာ အခုနောက်ပိုင်း ပေါ်တဲ့ သေနတ် ကျည်ဆန်တွေက လူကို ထိလိုက်ပြီ ဆိုတာနဲ. ခန္တာကိုယ်ထဲမှာ တုန်ခါမှုနဲ. မွှေနောက် သွားအောင် ပြုလုပ်ထားကြောင်း။ ဒါ့ကြောင့် ဟိုးတလောက လူနာလေး တယောက်ဆို ကျည်ဆန် ခန္တာကိုယ်ထဲ ဝင်သွားတဲ့ အပေါက်က ပေါင်ရင်းမှာ။ သူ. ဗိုက်ထဲမှာ ကျည်ဆန် မွှေနောက် ဖျက်ဆီးပြီး ကျည်ဆန် ပြန်ထွက်လာတဲ့ အပေါက်က လည်ပင်းမှာ။ ဗိုက်ဖွင့်လိုက်တော့ သူရဲ. အသဲ၊ ဘေလုံး၊ အူ၊ အဆုတ် တော်တော် များများကို ကျည်ဆံ ဖြတ်သွား သတဲ့။ ဖျက်ဆီးတာများပြီး ကုမရအောင် လုပ်ထားသော တိုးတက်လာသော လက်နက်ပညာရယ်လို.ပဲ ပြောရမလား။
စိတ်သိပ် လှုပ်ရှား လွယ်သူများ
ဆေးရုံမှာ အလုပ်လုပ်တယ်ဆိုတာ တခါတရံ တော. အလွန်စိတ်ဖိစိမှု များနိုင်ပါတယ်။ တခါတလေ အရမ်း နေမကောင်းတဲ့ သူတွေလာရင် တိုက်ပွဲ တခုဝင်နေရသလို ကိုယ်က အနိုင်ရပြီး ဒီလူကို ကယ်တင်နိုင်အောင် အလွန် စိတ်အေးအေးနဲ. ကျိုးစားရပါတယ်။ တချို.တွေကတော့ ဒါမျိုး ကိစ္စကြုံပြီဆို ရင်ခုန် စိတ်လှုပ်ရှား တာတွေများ၊ စိတ်ပူတာတွေများ၊ တွေ.ရာလူတွေ အော်လိုအော်။ ပြာယာတွေခပ်။ သူ.ကိုကြည့်ပြီး အတူအတူ လုပ်ကိုင်နေတဲ့ လူတွေလဲ သူကြောင့် ပို ပူပင်စိတ်ညစ်။ ဘာလုပ်လို. ဘာကိုင်ရမှန်း မသိတော့။ သူက တည်တည် ငြိမ်ငြိမ် ဦးမဆောင်နို်င်တော့ ဘယ်သူကရော သူ.ကို ယုံကြည်စွာ အားကိုးနိုင်ပါတော့ မလဲ။
13 March 2012
မကျန်းမာသော အခါ
ငယ်က စာစီစာကုံးများတွင် ထဲ့ရေးခဲ့ ဘူးပါသည်။ ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမာသော အခါမှ သိရသည်တဲ့။ ဒီနေ. အိပ်ယာက နိုးလာတော့ ကိုယ်က ပူနေသည်။ နေလို.က မကောင်း။ ဘာကြောင့် ဖျားရမှန်းလဲ မသိ။ ချောင်းမဆိုး၊ လည်ချောင်းမနာ၊ ဗိုက်မအောင့်၊ ဝမ်းလဲ မသွား။ အလုပ် သွားရမဲ့နေ.မို. နေမကောင်း SICK CALL လဲ မခေါ်ချင်။ ဒါနဲ. ပါရာစီတမောလေး သောက်ပြီး အဖျားကျလာတော့ အလုပ်ကို သွားလိုက်မိသည်။
အလုပ်ထဲရောက်တော့ မေ့မေ့ ပျောက်ပျောက် အလုပ်လုပ် နေရင်းမှ လူနာ အမျိုးသမီးတယောက် မရပ် မနား ပြောနေသည်များကို နားထောင်ရင်း ခေါင်းကမူးလာသည်။ ဒီလူနာက တကယ်တော့ ဘာမှ ဖြစ်တာလဲ မဟုတ်။ သူ.ကိုသူ ကိုယ်ဝန် ရှိနေသည်လို. ထင်သည်။ ဆီးထဲမှ ကိုယ်ဝန် ရှိမရှိ စမ်းသပ်တော. Negative ထွက်လာသည်။ သွေးအဖြေကလဲ (beta HCG) Negative။ ဒါပေမယ့် သူမက မကျေနပ်နိုင်သေး။ သူ.ကိုယ်သူ ကိုယ်ဝန် ရှိနေသည်ဟု တထစ်ချ ယုံကြည်သည်တဲ့။ ဆီးစစ်တာ နဲနဲ စောနေသေးတာလဲ ဖြစ်နို်င်ပါသည် ပြောတော့လဲ မရ။ ဗိုက်ကလဲ အောင့်သည်တဲ့။ ဗိုက်အောင့်ရင် ဆေးသောက်မလား ဆိုတော့ လဲ မသောက်ချင်ဘူးတဲ့။ ဒါဆိုဘာလုပ်ပေးရ မလဲဆိုတော့လဲ သူ.မှာ အဖြေမရှိ။ သူကိုယ်ဝန် ရှိနေတာပဲ ဖြစ်ရမည်ဆိုပြီး အစကနေ ချီပြီး တောက်လျှောက် မရပ်မနား နာရီဝက် လောက်ကြာအောင် တခါ စပြောပြန်သည်။
12 March 2012
လူ.ကျင်.ဝတ် ဒွိဟများ
မနေ.က လူနာ တယောက် ရုတ်တရက် ဟောခန်းထဲမှာ ဟောပြော စကားပြောပြီး လဲကျ သွားတယ်တဲ့။ အဲဒီမှာ ဂျီပီ GP ဆရာဝန် လေးတယောက် ရှိနေတော. (ကံကောင်းတယ် ပြောရမလား ကံဆိုးတယ် ပြောရမလား) စပြီး ရင်ပတ် နှလုံးပေါ်ကို တက်ဖိတာတွေ (CPR) စလုပ်သတဲ့။ ဒီလိုနဲ. နှလုံးကပြန် ခုန်လာတယ် ထင်ပါတယ်။ GP လေးက အဲဒီ အမျိုးသမီးကို ထားခဲ့ပြီး ထွက်သွားသတဲ့။ ဟော ....... လူနာတင်ယဉ် (First responder and Ambulance) ရောက်တဲ့ အချိန်မှာ အမျိုးသမီးဟာ အသက်လုံးဝ မရှူ၊ နှလုံး လုံးဝ မခုန်တဲ့ အခြေအနေမှာ မို. CPR စကြရပြန်သတဲ့။ ဆေးရုံရောက် တဲ. အချိန်မှာ ဒီ အမျိုးသမီး မှာ အသက် လုံးဝ မရှိတော.ပါဘူး။ မနစ် ၄၀ တောင် ဆေးရုံမရာက်ခင်မှာ CPR လုပ်ထားပြီးသားဆိုတော. မရောက်ခင်ထဲက အသက်မပါတော့ဘူးဆိုတာ ပြောလို.ရနေသလောက်ပါပဲ။ ဒါနဲ. CPR နောက်ထပ် နာရီဝက်လောက် ကျိုးစားကြည့်ပြီး ရပ်လိုက်ရပါတော.တယ်။ မိသားစုဝင်တွေကို စိတ်မကောင်းကြောင်းပြောပေါ့။ ဒီမှာ ဒီလူနာနဲ. ပက်သက်လို. အားလုံးက မေးခွန်း တခု ထွက်လာပါတယ်။ GP လေးက ဘာကြောင့် ဒီ အတိုင်းထားခဲ့ပြီး ထွက်သွား ရတာလဲ ဆိုပြီး။ အားလုံး လိုလိုက GP ကို ဝိုင်းပြီး အပြစ်တင်ကြတော့ ကိုယ့်ဘာသာ ကိုယ်လဲ တွေးမိပါတယ်။ ငါသာ သူ.နေရာမှာ ဆိုရင် “ကျမ ဆရာဝန်ပါ ဆိုပြီး သူရဲကောင်း ထွက်လုပ်မိ မလား?” “သူရဲဘောကြောင်စွာ လူတယောက် အသက်ကို လစ်လျှူ ရှုပြီးပဲ အသားလေး လူအများနောက်မှာ ပုန်းကွယ်နေမိမလား”
မိုက်ကယ်ဂျက်ဆင်ရဲ. သီချင်း တပုဒ်
ငယ်ငယ် တုန်းက ကျမ မိုက်ကယ်ဂျက်ဆင် ဆိုရင် အလွန်ကြိုက်ပါတယ်။ ငယ်တုန်းဆိုတော. အထူးသဖြင်. သူ ရဲ. စတိတ်ရှိုးနဲ. သူ က တာတွေ MTV တွေကိုပါ။ ကြည်.လို. အင်မတန်ကောင်းတာကိုး နော။
မနေ.ညက အလုပ်ကနေ ကားမောင်းပြန်လာတုန်း သူရဲ. 'Man in the Mirror" လို.ခေါ်တဲ. သီချင်းတပုဒ် ရေဒီယိုကလွှင့်လာပါတယ်။ အမှတ်တမဲ. တေးသွားလေး လိုက် ညည်းမိရင်း သေသေချာချာ နားထောင်တော.မှ သြော် တော်တော် မှန်တာပဲ။ တော်တော် အဓိပါယ် ရှိတဲ. သီချင်းပဲ လို. တွေးမိပါတယ်။
သီချင်းလေးက ရှင်းရှင်းလေးရယ်ပါ။ လူတယောက်။ ပြူတင်းပေါက်ရဲ. အပြင်မှာ စားစရာ မရှိတဲ့ ခလေးငယ်တွေ။ နေစရာ အိမ်မရှိတဲ. သက်ကြီး ရွယ်အိုတွေ။ ပိုက်ဆံ တပြားမှ ကုန်းကောက် စရာ မရှိတဲ. သူတွေ။ နှလုံးကွဲကျေ။ အိပ်မက်တွေ ပျက်စီးသွားရတဲ. သူတွေ။ ဒီလူက ဒါတွေ အားလုံးကို ပြောင်းလဲပေး ချင်တယ်။ ဒီကမ္ဘာကြီးကို ပိုကောင်းတဲ. နေရာ တခု ဖြစ်လာစေ ချင်တယ်
ဒီတော့ ... ဘယ်လိုလုပ်ရမလဲ ဆိုတော.
ဘာသာစကား နဲ. ယဉ်ကျေးမှု ကွားခြားမှုများ
ဒီတပတ် စနေ နဲ. တနင်္ဂနွေ ဆေးရုံမှာ တာဝန်ကျတုန်း သူနာပြုလေး တယောက် က လာတို်င် ပြန်တယ်။ ဂျူနီယာ SHO လေး နှစ်ယောက် က ရိုင်းလို.တဲ.။ ပြောထားပါဦး ဆိုပြီးတော.။ ဒီ SHO လေး ၂ ယောက်က အန္ဒိယက လာကြတာပါ။ တကယ်တော. ၂ယောက်လုံးက ရိုးသားပြီး တော်ကြတဲ. သူတွေပါ။ ဘာသာစကား မတူ အပြောမတတ်ကြတာနဲ. အချင်းချင်း နားလယ်မှု လွဲတာတွေ ဖြစ်ကုန် ကြရတာ။
ပြန်တွေး ကြည်.တော. ဒီအဖြစ်မျိုးတွေ နို်င်ငံခြားမှ လာပြီး တိုင်းတပါးမှာ အလုပ်လုပ်နေကြတဲ. သူတွေမှာ မကြာခဏ ကြုံရမယ်ထင်ပါရဲ.။ ဘာသာစကား ကွာခြားမှုနဲ. အလေ.အထ ထုံးတန်းစဉ်လာ ကွာခြားမှုတွေ ကြောင်. နားလည်မှုတွေမှားကြတာတွေကို။ ကိုယ်ကိုယ်တိုင်လဲ ဒီ အင်္ဂလန်ရောက်ခါစက ဒီ အခက်အခဲတွေ ဖြတ်သန်းရဖူးပါတယ်။ ကံကောင်းလှစွာနဲ. ရောက်ခါစက အင်္ဂလိပ် အမျိုးသမီးကြီး တဦး နဲ. ခဏ နေရတော. သူမကပဲ သင်ပေးခဲတာ မြောက်များစွာပါ။ ဓါး ခက်ရင်း ကိုင်တာကအစပေါ.။ ဥပမာ “ဒါလိုချင်လား” မေးရင် ကိုယ်ကတော. YES or NO ပေါ.။
9 March 2012
နို်င်ငံ ရပ်ခြား ပြောမိသော မြန်မာ စကားများ
နိုင်ငံ ရပ်ခြား မှာ နေနေ ကြတဲ. ရောင်းရင်း အပေါင်း အသင်းတွေတော. ဒီလို အဖြစ် မျိုးတွေ ကြုံဖူး ကြမလား မသိပါ။ ကိုယ် တနယ် ရပ်ခြားမှာ ဆိုတာကို. မေ.ရော.ပြီး မြန်မာလိုတွေ ပြောမိတာ လေ။
8 March 2012
Hilarious experiences as a doctor!
ဆေးရုံမှာ လုပ်သော ကျမတို.အတွက် အမြဲတန်း ဆရာဝန် တယောက်နဲ. တူပြီး လူလေးစားခံရန် နေတတ်ဖို. အရမ်းအရေးကြီးပါတယ်။ အခု ရောဂါ ကူးစက်ပိုး ပြန်.တာ လျှော.အောင်ဆိုပြီး ဂျူတီကုတ် ဖြူဖြူကြီးတွေကို ဒီ အင်္ဂလန်မှာ မဝတ်ရတော.ပါဘူး။ ဒါပေမယ်. ကျမတို.တွေဟာ တော်သင်.တဲ. အဝတ်အစား နဲ. တော်သင်.သော. ကျင်.ကြံ ပြုမူမှုများ နဲ.တော. အထူး သတိပြု နေထိုင်ရပါတယ်။ အပြင်မှာ ကဲချင်ရင် ကဲကြပေမယ်. အားလုံးဟာ ဆေးရုံမှာတော. အိငြေ်္ဒလေးနဲ. နေကြရပါတယ်။ မနေ လို.လဲ မရဘူးလေ။ အတိုင်ခံရရင် ခေါ်ပြောခံရမှာကိုး။
အဲဒီလို အများစုက ဆရာဝန် ဆိုတဲ. ကျင်.ဝတ်နဲ. နေပေမယ်. အလွန်ကိုပြောင်တတ် သောသူငယ်ချင်း တချို.လဲ ရှိပါတယ်။ တယောက်ကဆို အေပရယ်ဖူး (April Fool) မှာ ရောဂါကြောင်. ခြေထောက် တဖက် ဖြတ်လိုက်ရတဲ. လူနာတယောက်ဆီ သွားပြီး၊ လူနာရဲ. မေ.ဆေး မပြေတပြေ အချိန်မှာ “အဘရယ် ကျွန်တော်တော. ပြောရမှာ တော်တော် စိတ်မကောင်ပါဘူး။ ကျွန်တော်တို.တွေ အဘခြေထောက်ကို ဘယ် နဲ. ညာ မှားပြီး ဖြတ်လိုက်မိလို.” ဆိုပြီး သွားနောက်တာ။ ကံကောင်းတယ် ဟိုအဘမှာ ပြန်ပြီး မေ.လဲ သွားတော. မလို.။
Something I learnt today
We see countless numbers of alcohol dependant patients with all sorts of medical and social admissions in hospital every day. Some of them are brought in to hospital because they are intoxicated. Some are admitted because of the complications of chronic alcoholism such as Liver problems, gastritis, pancreatitis, nerve and brain damage and the list goes on. Some of them come to hospital, asking for help with their alcohol problems.
6 March 2012
နောက်ဆုံး ထွက်သက်
ငယ်စဉ်က လူတယောက် သေတယ်ဆိုတာ ရုပ်ရှင်တွေထဲမှာ ခဏခဏ ကြည့်ဘူးပါတယ်။ သရုပ်ဆောင်တဲ့သူက ပြောစရာရှိတာတွေ အရှေကြီး ပြော၊ မှာစရာရှိတာတွေ တယောက်ချင်းဆီမှာ။ ပြီးရင် ခေါင်းကလေးစောင်းကျ ဒါမှမဟုတ် လက်ကလေး ပြုတ်ကျ။ ဟော အဲဒီမှာ ဆရာဝန်က ဝင်လာ။ နားကျပ် ကလေးတချက်ထောက်။ ပြီးတော. ခေါင်းလေးခါပြ။ ဘေးဝိုင်းနေတဲ့ ဇာတ်ရံတွေ က ငိုချင်းချ ပေါ့နော်။
အဲ တကယ်. လက်တွေ. မှာတော. လူနာ တယောက် ဆုံးပါးသွားတာ အဲဒီလောက် မရိုးရှင်းပါဘူး။ ဆေးရုံမှာ လုပ်တဲ့သူဆိုတော့လဲ အိုနာသေ ဆိုတာတွေဟာ နေ့စဉ်နှင့် အမျှကြုံတွေ.နေရတာ သံဝေဂ ရစရာရယ်ပါ။ ဒီနေ. သူငယ်ချင်း ဆရာဝန်လေး တယောက်ရဲ. အဖြစ်ကိုကြည်.ပြီး ဒီအကြောင်းတွေ ရေးဖြစ်သွားရတာပါ။
ဒီနေ. ဆေးရုံ အရေးပေါ် ဌာနကို အသက် ၉၀ ကျော် လူနာတယောက် ရောက်လာတယ်လေ။ နှစ်လုံးအားနဲပြီး ကျောက်ကပ်လဲ အလုပ်ကောင်းကောင်း မလုပ်တော.ပါဘူး။ ပြောရမယ်ဆိုရင်တော. အသက် မျော.မျော.ပဲ ရှိပါတော့တယ်။ အားလုံးသဘောတူညီ မှုနဲ. ဆေးကုသတာတွေကို ရပ်ပြီး လက့်ရှော့ထားတဲ့ အခြေအနေကို ရောက်နေပြီပေါ့။ မိသားစုဝင်တွေကလဲ ၅ ယောက်လောက်ရှိတယ်။
4 March 2012
နိုင်ငံတော် အလံ
Gymnastics Birmingham |
အားကစားပွဲ မြောက်များစွာကို အလုပ်အနေနဲ. ကျမ မကြာခဏ သွားရပါတယ်။ နိုင်ငံတကာ ပွဲတွေဆိုရင် ထုံးစံအတိုင်း နိုင်ငံ ကိုယ်စားပြု အလံတွေနဲ. ဘယ်နိုင်ငံက ယှဉ်ပြိုင်နေတယ် ဆိုတာပြပါတယ်။ အလံပေါင်း မြောက်များစွာမှာမှ ၃ ရောင်အလံတွေက များလွန်းတော. ဘယ်လောက်ပဲ ကျိုးစားမှတ်ပေမယ့် ဘယ်နို်င်ငံရဲ. အလံဆိုတာ မှတ်မိဖို. တော်တော် ခက်ပါတယ်။ ဒီကမ္ဘာမှာ အကြမ်းမျဉ်း နိုင်ငံပေါင်း ၁၉၆ နိုင်ငံနဲ. စုစုပေါင်း အလံ (နိုင်ငံ ကိုယ်စားပြု)၂၅၇ ရှိတယ်လို. ဝီကီပီဒီယား (Wikipidia) မှာ ဆိုထားပါတယ်။ ဒါတောင် တချို.က ကိုလိုနီနိုင်ငံ။ တချို.အလံက နိုင်ငံကိုယ်စားပြု မဟုတ်တာတွေ မြောက်မြားစွာ ရှိတာကြောင့် ဒီနံပါတ်တွေ က ကွဲလွဲနိုင်ပါတယ်။ ယူနိုက်တက်ကင်းဒန်း (UK) မှာတောင် နိုင်ငံကိုယ်စားပြု ယူနီယံဂျက် အလံရှိသလို၊ အင်္ဂလန်၊ ဝေလ၊ စကော့တလန်၊ အိုင်ယာလန် ဆိုပြီး သီးခြား အလံတွေ ရှိနေပါသေးတယ်။ ဒီအလံ ၂၅၀ကျော်လောက် မှာမှ ၁၀၀ လောက်က ၃ရောင် အလံတဲ့။
သြော် ကိုယ့်နိုင်ငံ အလံက ကြယ်ဖြူ ၁၄လုံးနဲ. အနီရောင် အလံ။ သူများနဲ. ကွဲကွဲ ပြားပြား ရှိတယ်လို. ဆိုကာမှ ခုတော့ ကိုယ်လဲသူတို.နဲ. ရောရော ရောင်ရောင် ၃ရောင် အလံ ဂိုဏ်းဝင် ဖြစ်သွားပြီတဲ့။
ကြိုမမြင် နိုင်သော အရာများ
အင်တာနက် သတင်းများမှ ဆရာဦးနေဝင်းမောင် နှလုံးရောဂါနဲ. ဆုံးပါးသွားရတဲ့ အကြောင်း တလောလေးကမှ ဖတ်လိုက်ရပါတယ်။ တချို.ကလဲ အင်တာနက် သတင်းတွေမှာ ဝိတိုရိယ ဆေးရုံမှ ဆရာဝန်ငယ်လေးကို အပြစ်တင်ကြသလို၊ တချို.ကလဲ မြန်မာကျန်းမာရေး စနစ်ကြီးတခုလုံးကို ဝေဖန်ထားတာတွေကို ဖတ်လိုက်ရပါတယ်။
ဒါနဲ.ပဲ လတ်တလော ကိုယ်တွေ. ကြုံရ ကြားရတဲ့ ဒီဆေးလောကရဲ. ခန်.မှန်းလို. မရနိုင်တဲ့ အကြောင်းများကို နဲနဲ ရေးချင်စိတ် ပေါက်လာပါတယ်။
အယင်တပတ်က အသက် ၃၀ လောက်ရှိတဲ့ အမျိုးသားတယောက် ရင်ပတ်ထဲ အောင့်တာနဲ. အရေးပေါ် (ambulance) ကိုခေါ်ပါတယ်။ အရေးပေါ် လူနာတင်ယဉ်နဲ. ဆေးပညာ အရေးပေါ်ကုထုံး သင်းကြားပြီး လူနာတွေကို ရှေးဦးပြုစု ကုသရတဲ့၊ ဒီမှာတော့ ပါရာမက်ဒစ် (Paramedics) ရယ်လို.ခေါ်တဲ့ သူတွေ ရောက်လာပါတယ်။ နှလုံးစမ်းသပ်မှုနဲ. အီးစီဂျီ (ECG) လုပ်ပြီးတဲ့ အခါမှာတော့ ဘာပြောင်းလဲမှု၊ ဒါမှမဟုတ် ပုံမှန်မဟုတ်တာတွေကို မတွေ.ခဲ့ပါဘူး။
Childhood Obesity (my own view)
WHO announced that Childhood obesity has become the most serious health risk in 21st century. The percentage of obese and overweight children has more than tripled in the last 20 years.
3 March 2012
အင်္ဂလန် လာခရီးစဉ် အကြောင်း
ကျမ လက်ထပ်ပြီး ရောင်နောက်စထုံးပါ လင်တော်မောင်နောက် လိုက်လာတော.မယ် ဆိုတော. အလွန်အေးတဲ. ဒီဇင်ဘာ ၃၁ရက်နေ.ကပါ။ လာမယ်ဆိုပြင်ဆင်တော. လုပ်ရတဲ. ပြင်ရဆင်ရတဲ. ဟာတွေကတော. မပြီးနိုင် မဆီးနိုင်ရယ်ပါ။ လက်ဆောင် ထဲ.ပေးချင်တဲ. အသိရဲ. ပစည်း တချို.ကို သယ်ပေးရ သလို၊ ကိုယ် ကိုယ်တိုင်လဲ တော်တော်နဲ. ပြန်နိုင်မှာ မဟုတ်တာကို သိနေတဲ. အတွက်. ပစ္စည်းတော်တော် များများ ကို နိုင်သလောက် သယ်ရပါတယ်။ စာအုပ်တွေ အများစုကို စာတိုက်မှပို.ပေမယ်. တချို.ကိုတော. ရောက်ရောက် ချင်းစာမေးပွဲ ဖြေရဦးမှာ ဆိုတော. ကိုယ်နဲ. သယ်ရပြန်ပါတယ်။ ဒါတောင် ကိုယ် ငယ်ကသံယောစဉ် သိပ်ကြီးခဲ.တဲ. ပစ္စည်းတော်တော် များများကို သံယောစဉ် ဖြတ်ပြီး ထားခဲ.တာပါ။ အဲဒါလဲ အလေးချိန်က အရမ်းကို ပိုနေသေးတဲ. အတွက်. ပြန်ထုပ်လိုက်၊ ပြန်ထဲ.ကြည်.လိုက်နဲ. တော်တော. ကို အ လုပ်ရှုပ်ပါတယ်။ ကိုယ်တိုင်လဲ နိုင်ငံခြား အရင်က သွားဖူးတာမဟုတ်တော. ရင်ကတော. ခပ်တုန်တုန်ရယ်ပေါ.။ ပြောစရာကိုမလို မြန်မာ အစားအစာ အမြောက် အများကလဲ ယူလာသေးတာဆိုတော.၊ သူတို.က အနံ.ထွက်ရင် အင်္ဂလန် လေဆိပ်မှာ အဖမ်းခံ ရဦးမှာဆိုတော.။
နှင်းလျှောစီး အတွေ.အကြုံ
ဒီအင်္ဂလန် ကို လာတော.မယ်ဆိုတော. လူကြီးမိဘတွေက ဒီမှာတော. တော်တော်အေးတော.မယ်ဆိုပြီး မြန်မာပြည်က အနွေးထည် အထူကြီးတွေ ထဲ.ပေးခဲ.ပါတယ်။ ပြောတဲ.အတိုင်းလဲ တော်တော် အေးတာပါ။ ရောက်လာခါစက ဒီမှာ ဆောင်းတွင်းကြီးရယ်။ ကိုးရီးယားကားတွေ အကြည့်များထားတာကြောင်. စိတ်ကူးယဉ်ထဲမှာ အွန်စောတို. ကားထဲကလို နှင်းတွေဖွေးဖွေးနဲ. ကြုံရမယ်လို. မျှော်လင်. ခဲတာပေါ.။
2 March 2012
ဘာသာပြန်
ဒီနေ. ဆေးစာများ ဖတ်နေတာကနေ မြန်မာလို ကျန်းမာရေး အသိပညာပေး လေးများ ရေးကြည်.ရမလား တွေးမိပါတယ်။ ဖတ်နေတာက မနေ. ကတွေ.တဲ. လူနာတချို. အကြောင်းပါ။ သူတို. လက်ကောက်ဝတ်မှာ နာနေတဲ.သူ။ ခါးနာလို. လာပြတဲ.သူ။ အားကစားပွဲမှာ ချော်လဲပြီး ပေါင်တံ အတွင်းပိုင်းမှာ နာနေတာ။ သူတို.ရဲ. တူညီသော မေးခွန်းတွေကတော. ဘယ်လိုအားကစားမျိုး ကို လုပ်ပြီး ပြန်ကျန်းမာ လာအောင် လုပ်ရမလဲ ဆိုတာပါပဲ။ မြန်မာ သူငယ်ချင်း အချို. ကလဲ ဒီမေးခွန်းကို မေးဖူးတော.၊ ကိုယ်ကလဲ ဒီအားကစား နဲပတ်သက်တဲ. ဆေးပညာမှာ အထူးကုယူထာတဲသူ ဆိုတော.၊ ဒီကစ လို. ကျိုးစားရေး ကြည်. မယ်လို. တွေးမိပါတယ်။ အဲဒီ အခါမှ ကျမရဲ. အရင်က ကြိုမမြင် ခဲတဲ. အခက်အခဲတွေက ပေါ်လာတော. တာပါပဲ။
Subscribe to:
Posts (Atom)