Menu bar

11 February 2014

ဆရာဝန် တယောက်ရဲ. အမှား သင်္ခန်းစာ

ကျမ အမျိုးသားက သတင်းစာတစောင်ထဲ ရေးထားတဲ့ သတင်းတပုဒ်ကို လာဖတ်ခိုင်းပါတယ်။ အရင် သူလုပ်ခဲ့တဲ့ ဆေးရုံတခုက သူ.အသိ ဆရာဝန်တယောက် တရားရုံး ရင်ဆိုင်နေရတဲ့ သတင်းပါ။

အသက် အလည်ပိုင်း အမျိုးသမီးတယောက် ခေါင်းကိုက်တယ်ဆိုပြီး ဆေးရုံတက်လာပါတယ်။ ခေါင်းကိုက်တဲ့ လူနာတိုင်း ကျမတို. အမြဲ စဉ်းစားရတာက Menigitis (ဦးဏှောက် အမြှေးရောင်)၊ ဦးဏှောက်သွေးကျောပေါက်ပြီး ဦးဏှောက်ထဲ သွေးယိုတာ (any forms of intracranial bleeds)၊ ဦးဏှောက် ကင်ဆာ (Primary/Secondary tumors)၊ လေဖြတ်တာ (TIA/Stroke) အစရှိသဖြင့် လူ. အသက်အန္တရယ် အတွက် စိုးရိမ်ရတဲ့ ကိစ္စတွေကို အရင်စဉ်းစားရပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ. အလကား ဆေးကုလို.ရတဲ့ စနစ်မှာ လာပြတဲ့ လူနာတွေရဲ. ၉၉  ရာခိုင်နှုန်းလောက်က ဘာမှမဟုတ်တဲ့ Tension Headache (စိတ်ဖိစီးမှုကြောင့်ရတဲ့ ခေါင်းကိုက်တာ) Migraine, Non specific Headache အစရှိသဖြင့် အသက်အန္တရယ် မစိုးရိမ်ရတဲ့ အရေးမကြီးလှပဲ သူ.ဘာသာသူ ပျောက်သွားတတ်တဲ့ ခေါင်းကိုက်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ 

ကျမအတွက် အခုအချိန်အထိ မကြည့်ချင်တဲ့ ဆေးရုံရဲ. အရေးပေါ်ဌာနက လူနာဆိုရင် ခေါင်းကိုက်တဲ့ လူနာလို. ပြောလို.ရပါတယ်။ လူနာကို စမ်းသပ်ရုံနဲ.လဲ အများအားဖြင့် ရောဂါအမည် တပ်မပေးနိုင်၊ အဲဒီတော့ လာတဲ့ လူနာတိုင်းကိုလဲ CT Head (Radiation တွေ အများကြီးထိနိုင်တဲ့ ခေါင်းဓါတ်မှန်) ရိုက်နေလို.မရ၊ ခါးထဲက ရိုးတွင်ချဉ်စီ ဖေါက်စစ်နေလို. (Lumber Puncture)လဲ မဖြစ်ပြန်၊ အများအားဖြင့် လူနာကို သေသေချာချာ အချိန်ပေး စမ်းသပ်ပြီး ကိုယ်ရဲ့ Gut Feeling လို.ခေါ်တဲ့ စိတ်မှန်း အတွင်းစိတ်အထင် Instinct နဲ. ပဲ ဆုံးဖြတ်ချက်ချရပါတယ်။ လူနာပြန်လွှတ်ပြီးမှ ငါ့ရဲ. ဆုံးဖြတ်ချက် မှန်ရဲ.လား ပြန်တွေဝေမိတာလဲ မကြာခဏပါ။

အဲဒီလိုပဲ အဲဒီအသိဆရာဝန်လဲ သူ.ရဲ. Experience နဲ. Clinical Judgement နဲ. ဆုံးဖြတ်ချက် ချလိုက်တယ် ထင်ပါတယ်။ ဒီ အမျိုးသမီး ခေါင်းကိုက်တာနဲ. လာပြတယ်တဲ့။ တာဝန်ကျနေတဲ့ ဆရာဝန် registrar က CT ရိုက်မယ်လို. စီစဉ်ပေမယ့် CT စောင့်နေတုန်း အမျိုးသမီးက ခေါင်းကိုက်တာ သက်သာလာပါရော။ အဲဒီတော့ Consultant ဆရာဝန်ကြီး က CT မလိုဘူး၊ ရိုးရိုး Migraine ပဲ ဖြစ်မှာ ဆိုပြီး အကိုက်အခဲပျောက်ဆေးပေးပြီး ဆေးရုံကနေ ပြန်လွှတ်လိုက်ပါတယ်။ အဲဒါနဲ. ၁၀ရက်ကြာတော့လား မနက်ခင်း တစ်မနက်မှာ အဲဒီ အမျိုးသမီးဟာ အိပ်ယာကနေ လုံးဝ မနှိုးထလာတော့ပါဘူး။ သူမ သေပြီး အလောင်းခွဲ Post Mortem examination လုပ်တော့ ခေါင်းထဲ သွေးကြောပေါက် သွေးယိုပြီး ဆုံးသွားတာဆိုပါတယ်။ အဲဒီတော့ မေးခွန်းက ဒီဦးဏှောက်သွေးကျောပေါက်တာ မသေခင် ၁၀ရက်က ဆေးရုံသွားတုန်းက ဖြစ်တာလား၊ နောက်မှ ဖြစ်တာလား။ ဒါကိုတော့ ဘုရားကပဲ ပြောပြနိုင်ပါတော့မယ်။ သူမ အဲဒီ ဆေးရုံလာခဲ့စဉ် တုန်းက CT မှ မရိုက်ဖြစ်ခဲ့တာလေ။

အဲဒီတော့ အဲဒီဆရာဝန် ဒုက္ခရောက်တော့တာပေါ့။ အမှုကတော့ ရင်ဆိုင်နေဆဲဆိုတော့ ဘယ်သူနိုင်မလဲ မသိရသေးပါ။ ဒါပေမယ့် ကျမသင်ကြားခဲ့ရသမျှ သိသလောက်ကတော့ ဦးဏှောက်သွေးကြောပေါက်တဲ့ ကိစ္စအများစုဟာ သွေးကြောပေါက်ပြီး ၁၀ရက် ကြာအောင်မစောင့်တတ်ပါ။ နောင် ၂၄ နဲ. ၄၈နာရီမှာ သေနှုန်း အများဆုံးပါ။ ဆရာဝန်မို.လို. ဆရာဝန်ဘက် လိုက်ပြောတယ်ပဲ ပြောပြော ဒီ ၁၀ရက်အတွင်းမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ 

ဒါပေမယ့်လဲ အခု ဖြစ်ရတဲ့ အမှုက လူနာလာပြစဉ်က CT မရိုက်ပေးလိုက်လို.ပါ။ အဲဒီတော့ သွေးကြောပေါက်တာဟာ အဲဒီတုန်းက ဖြစ်တယ်လို. ဘယ်လိုမှ ပြောလို.မရသလို အဲဒီအချိန်က ဘာမှ မဖြစ်သေးဘူးဆိုတာလဲ ဘယ်လိုမှကို မပြောနိုင်ပါ။ ကျမ အထင်တော့ ဆရာဝန်သာ အဲဒီအချိန်က လူနာ အမျိုးသမီးကို သေသေချာချာ စမ်းသပ်တာလုပ်ခဲ့တယ်။ သေသေချာချာ ရေးမှတ်ထားတယ်ဆိုရင် တရားသူကြီး အနေနဲ. ဆရာဝန် သို.မဟုတ် ဆေးရုံရဲ. အပြစ်လို. ပြောလိုရမယ် မထင်ပါ။ ဒါပေမယ့် အဲဒီတုန်းက CT သာရိုက်လိုက်မယ်ဆိုရင်ပေါ့၊ အခု လူနာရှင်တွေ ခံစားနေရတဲ့ ဒေါသနဲ. ဝမ်းနည်းမှုတွေ၊ ဆရာဝန်ကြီး ကိုယ်တိုင်ခံစားနေရမယ့် နောင်တ Guilty feeling တွေ တော့ အတော် လျော့သွားမှာ အမှန်ပါပဲ။

ဒီ သတင်းကို ဖတ်ပြီး ကျမနဲ. ကျမ အမျိုးသား အခြေအတင် ဆွေးနွေးမိခဲ့ပါတယ်။ အမျိုးသားက ဒီကိစ္စကို သင်္ခန်းစာယူပြီး နောင်ဆို လာသမျှလူနာ အားလုံး ဘာစစ်ဆေးတာမှ မချန် Investigations တွေ အားလုံးကို လုပ်သင့်တယ်လို. ဆိုပါတယ်။ 

ကျမကတော့ ဆရာဝန်ကောင်း တယောက် ဖြစ်ချင်ရင် လာသမျှလူနာကို တွေ.သမျှ Investigations တွေပဲ ထိုင်လုပ်နေလို မရဘူးလို.ပဲ ယုံကြည်တုန်းပါ။ အဲဒီလိုသာဆိုရင် ကိုယ့်ရဲ. သင်ယူထားတဲ့ ပညာတွေနဲ. Clinical Judgement ဆိုတာကြီးက ဘယ်ရောက်သွားမတုန်းပေါ့။ 

ဒါပေမယ့် ကျမကိုယ် ကျမ သတိပြန်ပေးမိတာ ကတော့ လူနာတိုင်းကို သေသေချာချာ စမ်းသပ်ဖို. လူနာပြောသမျှတွေကို သေသေချာချာ နားထောင်ဖို.ပါ။ ဘယ်လူနာကိုမှ Prejudice နဲ. မဆက်ဆံသင့်ပါ။ 

ကျမလူနာတိုင်းကိုလဲ ကျမ အမြဲ ပြောဖြစ်တာက ဆရာဝန်ဆိုတိုင်း အစစ အရာရာ သိနေတဲ့သူတွေ မဟုတ်ပါ။ ကျမတို.သင်ထား တတ်ထားတဲ့ စာတွေ၊ လုပ်ခဲ့ဖူးတဲ့ အလုပ်အတွေ.အကြုံတွေနဲ. လူနာတွေရဲ. ပြောသမျှ ခံစားရသမျှတွေကို နားထောင်ပြီး ဒါတော့ ဘာအဖြစ်နိုင်ဆုံးလို. ဆုံးဖြတ်ရတာပါ။ 

လူနာတွေ အနေနဲ.ကတော့ ကိုယ့်ရဲ. ခန္တာကိုယ်အကြောင်း ကိုယ်အသိဆုံးပါ။ ဆရာဝန်တွေရဲ. စကားကိုယ်ပဲ အမြဲအမှန်ယူမဲ့ အစား၊ ဆရာဝန်က ဘာမှ မဖြစ်ဘူးထင်ပေမယ့်၊ ကိုယ့်ရဲ. ခန္တာကိုယ်က တမျိုးပြောနေရင် ဆရာဝန်နဲ. ပြန်ရှင်းပြ ဆွေးနွေးသင့်တယ် ဆိုတာပါပဲ။ 

7 February 2014

ကျမရဲ. အလုပ်သွား ဖက်ရှင်

Photo taken from Ralph Lauren website
ငယ်ငယ်စဉ် အဖြူအစိမ်းနဲ. ကျောင်းတက်တဲ့အချိန် ကျောင်းစိမ်းလုံခြည်လေးတွေ ဝတ်ရတဲ့ အချိန်က ကျမ ဝက်ဝံတံဆိပ် လုံခြည်လေးတွေပဲ ဝတ်မိတာ မှတ်မိလို.နေပါတယ်။ ကျမမှာ ရှိတဲ့ ဝက်ဝံ ၂ထည်ထဲကိုပဲ နေ.စဉ် အဲဒါခြည်းပဲ ဝတ်မိခဲ့တာလဲ မှတ်မိပါတယ်။ ဘာကြောင့်ရယ် မသိ အဲဒီတုန်းက တခြား လုံခြည်အစိမ်းတွေ ရှိသေးရဲ.သားနဲ. မဝတ်ခဲ့ မဝတ်ချင်ခဲ့။

ဒါနဲ. တက္ကသိုလ်တက်တဲ့ အချိန်ရောက်တော့ စာတွေကများတော့ ဈေးဝယ်ချင်တဲ့ စိတ်တွေ အလိုအလျှောက်ကို နဲသွားတယ်ထင်ပါရဲ. အဝတ်အစား ကိစ္စ အမေ့ကိုပဲ တာဝန်လွှဲပေးထားခဲ့ မိပါတယ်။ အဲဒီတုန်းကတော့ အမေဆင်ပေးခဲ့တဲ့ စိန်မိုက်ကယ်အတု ဝမ်းဆက်လေးတွေ ရောင်စုံ ဝတ်ခဲ့ရပါတယ်။ အစစ်က ဈေးကြီးလွန်းပြီး အစစ်နဲ. အတုနဲ. ဘာမှလဲ ကွာတာမတွေ.တော့ အတုနဲ.ပဲ ကျေနပ်ခဲ့တယ် ဆိုပါတော့။ 3rd MB ရောက်တဲ့ အချိန်ကစလားမသိ မေမေက ဆင်ပေး ချုပ်ပေးခဲ့တဲ့ ဇာအကျီ ရောင်စုံလေးတွေလဲ မှတ်မိခဲ့ပါတယ်။ အမျိုးအစား တမျိုးဆို တမျိုးထဲပဲ ပြန်လှန်လဲဝတ်တတ်တဲ့ ကျမ အဲဒီတုန်းကတော့ စိန်မိုက်ကယ်ရယ် ဇာအကျီ င်္လေးတွေရယ်ဟာ ကျမအတွက်တော့ ကျမ ကိုယ်ပိုင် ဒီဇိုင်းလေးတွေပဲ ဆိုပါတော့။ 

ဒီလိုနဲ. အင်္ဂလန်ရောက်တော့ အမေ့အားကိုးလို. မရတော့။ ကိုယ့်အကျီ င်္ကိုယ်ဆင်ရပါတော့တယ်။ ရောက်ရောက်ချင်းကတော့ Fashion Failure ပဲဆိုပါတော့၊ ကျမဝတ်လိုက်သမျှ အူကြောင်ကျား စတိုင်က ဖိုးရိုးဖားယား၊ အရောင်တွေက ကိုးရိုးကားယားပေါ့။ သူများဘာပြောပြော ကျမကတော့ ကိုယ်စိတ်ချမ်းသာဖို. အဓိကဆိုတဲ့ မူနဲ.ပဲ နေဖြစ်ခဲ့ပါတယ်။ အခုထိ အရမ်းခင်တဲ့ အသက် ၈၀ကျော် အင်္ဂလိပ်အဖိုးကြီး တယောက်ကဆို ကျမနဲ.သူ ဆေးရုံမှာ ပထမဆုံး စတွေ.တဲ့နေ.က March လကြီးထဲ ကျမ Christmas အကျီ င်္ကြီးဝတ်ပြီး ဆေးရုံဆောင်ထဲမှာ ရပ်နေတာ သူ.အတွက်ဘယ်လောက် ထူးဆန်းပြီး ထင်ရှားထူးခြားတဲ့ မြင်ကွင်းတခု ဖြစ်ခဲ့တယ်ဆိုတာ အခုထိ ပြောနေတုန်းပါ။ 

ဒီလိုနဲ.ဒီနိုင်ငံမှာ အခြေလေးနဲနဲကျလာ၊ အသားကျလာတော့ တချို. အမျိုးသမီးလေးတွေ ဝတ်တဲ့ ရှပ်အင်္ကျီလေးတွေကို သတိထားမိလာပါတယ်။ ကျမစိတ်ထဲမှာ Smart ကျတယ်။ Classy ဖြစ်တယ်။ Fashion လဲ ဆန်တယ်လိုထင်ပါတယ်။ ကျမကလဲ ဘယ်အရာမဆို ဘာပဲလုပ်လုပ် ကျမရဲ. ကိုယ်ပိုင် Criteria တွေ ချလုပ်တတ်တာကိုး။ အင်္ကျီဝယ်တော့လဲ ကျမရဲ. Criteria တွေဖြစ်တဲ့ လည်ပင်း မဟိုက်ရ၊ လက်မပြတ်ရ၊ သိပ်မပါးရ၊ ကိုယ်သိပ်ကျပ်တာမဖြစ်စေရ .. ဆိုတာတွေနဲ. ကိုက်ညီတဲ့အကျီ င်္တွေက ဒီနိုင်ငံမှာ ရှာဖို. သိပ်မလွယ်ကူခဲ့ပါ။ 

ဒါပေမယ့် Women Shirts တွေကတော့ ကျမလိုချင်တဲ့ အချက်တွေနဲ. ပြည့်တဲ့ အပြင် ကျမမျက်စိထဲတော့ အတော် အချိုးပြေတာကိုး။ နေ.စဉ် အလုပ်သွားလဲ ဝတ်လိုရတယ်၊ အင်တာဗျူး စာမေးပွဲ Viva တွေ သွားလဲ ဝတ်လိုရတယ်။ ရုပ်ရှင်ထဲက CSI လို စုံထောက်မေတွေလဲ အဲလို ရှပ်တွေနဲ. ဝတ်တော့ Professional ပုံပေါက်သွားပါတယ်။ 

ဒါပေမယ့် ခက်တာက ကျမလို ဂျပု ခါးတို ခါးတုတ်အတွက် ဒီနိုင်ငံက အရပ် ၆ပေမြင့်တဲ့ အမျိုးသမီးတွေအတွက် ချုပ်ထားတဲ့ Shirts တွေနဲ.က ပုံမကျပြန်။ တနေ.မှာတော့ ကံကောင်းစွာနဲ. Sales ချနေတဲ့ Designer Outlet မှာ ဈေးဝယ်ထွက်တုန်းမှာ Ralph Lauren Polo Shirts တွေတွေ.လို. စမ်းဝတ်ကြည့်လိုက် မိတာ ကျမနဲ. အံဝင် ပုံအကျဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ. အပျော်လွန်ပြီး အဲဒီက ရှပ်၎ထည် ဝယ်လာဖြစ်ခဲ့ပါတယ်။ ဝယ်ပြီး အဲဒါကိုပဲ မချွတ်တမ်းဝတ်ဖြစ်ခဲ့တာ။ နောက် Designer outlet သွားတိုင်း ထပ်ထပ်ဝယ်ထားတာ အခုတော့၎နှစ်အတွင်းမှာ အထည် ၂၀ရှိပါပြီ။ (အခုပဲ ဗီဒိုထဲ ရေတွက်ခဲ့တာနော်)။ 

ကျမ မနက်မနက် ဆေးရုံ အလုပ် သွားမယ်ဆို ဘယ်ဟာဝတ်ရမယ် ထိုင်စဉ်းစားစရာ မလို အဲဒီ Shirts တွေထဲက အလှဲ.ကျတဲ့ တထည်ကောက်စွပ်၊ CK နဲ. Tommy Hilfiger က Discount နဲ. ဝယ်ထားတဲ့   ဘောင်းဘီရှည် ၄ထည်ထဲက တထည်ဆွဲဝတ်ပြီး အလုပ်သွားဖြစ်တော့တာပါပဲ။ မနက် မနက်ဆို အိပ်ချင်မူးတူးနဲဆိုတော့ အဝတ်အစားအတွက် အချိန်ပေး သိပ်စဉ်းစားနေစရာ မလိုတော့ဘူးပေါ့။

ဘာရယ်မဟုတ် ဒီစာရေးဖြစ်သွားတာက မနေ.က ကျမကို အလုပ်မှာ အသိတွေက ကျမက အဝတ်အစား ကောင်းကောင်းတွေပဲ ဈေးကြီးပေး ဝတ်ကြောင်း ချီးကျွေးတာ ခံလိုက်ရလို.ပါ။ မကြာခဏ ကျမ အဲဒီစကား အပြောခံခဲ့ရပါတယ်။ ဟဲ့ နင့်မှာ အဲဒီ အကောင်းစား ရှပ်အင်္ကျီတွေ ဘယ်နစ်ထည်တောင်ရှိလဲ ဆိုပြီးတော့လဲ အမေးခံရတတ်ပါတယ်။ ဒီရှပ်တွေက တကယ့်ဈေး အမှန်က ပေါင် ၇၀၊ ၈၀ ကျော်တတ်ပေမယ့်၊ ကျမက ဈေးချတုန်းပဲ ဝယ်တော့ တထည် ပေါင် ၂၀ကျော်ပဲ ပေးရတာပါ။ အမှန်က ကျမအကျီ င်္အရည်အတွက်ကလဲ သိပ်မများပါ။ အရောင်တွေက ခပ်ဆင်ဆင် အားလုံးကလဲ အစဉ်းလေးတွေနဲ. ဆိုတော့ များတယ်လို. အထင်ခံရတာပေါ့။ 

ဒါက ဆေးရုံသွားတဲ့ နေ.တွေကို ပြောတာပါ။ အရေးပေါ်ဌာနမှာဆိုရင်တော့ Scrub ဝတ်ရပြီး၊ တခြား အားကစားနေ.ဆိုရင်တော့ ဘောလုံးအသင်းရဲ. Shirts/kits ဒါမှမဟုတ် အင်္ဂလန် ဝတ်စုံ FA ဝတ်စုံ အစရှိသဖြင့် လိုအပ်သလို ဝတ်သွားရပါတယ်။

4 February 2014

ကျမရဲ. နာမည်ကြီး လူနာများ

အားကစားပိုင်းမှာ လုပ်နေရတော့ မကြာခဏ ကျမ အမေးခံရတဲ့ မေးခွန်းလေးတခု ရှိပါတယ်။ နင့်ရဲ. လူနာတွေထဲမှာ နာမည် အကြီးဆုံးက ဘယ်သူလဲတဲ့။ ၂ခါ ၃ခါမက မကြာခဏကို အမေးခံခဲ့ရပါတယ်။ အမေးခံရတိုင်းလဲ ကျမ ဘာပြန်ဖြေရမှန်း မသိခဲ့ပါ။ လူနာတွေရဲ. အကြောင်း မပြောရဘူးဆိုတဲ့ Patients Confidentiality ဆိုတဲ့ ဆရာဝန်တယောက်ရဲ. တာဝန် စည်းကမ်းကလဲ ရှိနေပါတယ်။ ဒါပေမယ့် နာမည်လေး ပြောရုံနဲ.ရော ဒီ Patients Confidentiality  ဆိုတာကြီးက ဖောက်ပျက်ရာ ရောက်ပြန်သလား ကျမ မသိပါ။ ဒီနေရမှာ အဖြူအမဲဆိုတာ ခွဲလို.မရတဲ့ Grey area ညိုညိုမဲမဲ နေရာ တခုပဲ ဆိုပါတော့။ 

ဒါနဲ. မေးခွန်းရဲ. အဖြေကို ကျမ မကြာခဏ ပြန်စဉ်းစား ဖူးပါတယ်။ ကျမရဲ. လူနာတွေထဲမှာ ဘယ်သူကများ နာမည် အကျော်ဆုံး လူသိအများဆုံးပါလဲ။ ငယ်ကထဲက ဘောလုံးပွဲကြည့်ရတာ ဝါသနာပါသူဆိုတော့ ဒီမေးခွန်း စဉ်းစားလိုက်တိုင်း ဘောလုံးပဲ ခေါင်းထဲ အတွေးထဲ အရင်ဆုံး အမြဲ ဝင်လာတတ်ပါတယ်။ 

အင်္ဂလန်ရဲ. ဘောလုံးအသင်းတွေအားလုံး လေ့ကျင့်တဲ့နေရာ St Georges Park မှာ အလုပ်လုပ်တဲ့ ကျမအတွက် အင်္ဂလန်အသင်းမှ ဘောလုံးသမားများ မန်နေဂျာများအားလုံး ကျမ  ကူညီဖူးတယ်ဆိုပါတော့။ သူတို. လေ့ကျင့်ရင်း ဒါဏ်ရာ တခုခုများရမလား စောင့်ပေးရတာ (သူတို.ရဲ. အသင်း ဆရာဝန် ကျမရဲ. ဘော့စ်ကတော့ ရှိတာပေါ့)၊ နှစ်စဉ်ကူညီပေးရတဲ့ သူတို.ရဲ. Fitness Screening၊ ခရီးမသွားခင် ထိုးပေးရတဲ့ Travel immunization .. ဒါတွေ ပုံမှန်လုပ်ပေးရတော့ သူတို.က ကျမရဲ. နာမည်အကြီးဆုံး လူနာတွေလို. ပြောလို.ရလေမလား။

မန်နေဂျာတွေ အကြောင်း ပြောရရင်လဲ အခု Premier League ဘောလုံး အသင်းတွေရဲ မန်နေဂျာ အားလုံးနီးနီး မရှိဘူးဆို အနဲဆုံး ၅၀ရာခိုင်နှုန်းကျော် ကျမကြည့်ရှု ပေးခဲ့ရပါတယ်။ သူတို.မှာ ဘောလုံး မန်နေဂျာဖြစ်ဖို. (Fitness to Perform) လိုအပ်တဲ့ ကျန်းမာရေး အဆင့် ရှိပါတယ် ဆိုတာ နှစ်စဉ် ကျမအလုပ်လုပ်တဲ့ St Georges Park မှာ လာလာ စစ်ရတာလေ။ အဲဒီ အလုပ်ကို ဆရာဝန် အနေနဲ. ကျမကပဲ ဦးဆောင်ပြီး လုပ်ပေးတာပါ။ ဒါဆိုသူတို.ကရော နာမည်ကြီးတွေထဲ လူအသိအများဆုံးတွေထဲ ပါလေမလား။

ကျမအနေနဲ. West Bromwich ဘောလုံးပွဲမှာလဲ ဆေးခန်းထိုင် သူတို.ရဲ. ပထမ အသင်းသား အားလုံးကို ဒီနှစ် season စချိန်လောက်တုန်းက ကြည့်ပေးဖူးပါတယ်။ Birmingham City ဘောလုံး အသင်းကတော့ ပြောမနေပါနဲ.တော့။ လွန်ခဲ့တဲ့ ၃နှစ်လုံး ကျမက ဒီအသင်းရဲ. ဆရာဝန် ၂ယောက်ထဲက တယောက်ဆိုတော့ သူတိုရဲ. ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနေကျပါ။ အဲဒီတော့ ဒီအသင်းတွေကရော ဘယ်သူကများ နာမည် အကြီးဆုံး ဖြစ်လေမလဲ။ 

အမျိုးသမီး ဘောလုံး အသင်းက အမျိုးသားလောက် နာမည် မကျော်တော့ ဒီစာရင်းထဲ ဝင်နိုင်မယ်မထင်။ 

ဒါနဲ. ဘောလုံး မဟုတ်ပဲ တခြား အားကစားဆိုရင်ရော။ ဘယ်ဟာကများ နာမည်ကျော်မလဲ စဉ်းစား မိပြန်တယ်။ 

ကျမလုပ်ခဲ့တဲ့ အားကစားတွေကလဲ အလွန်များသကိုး။ အိုလန်ပစ်မှာတုန်းက ဘော်လီဘော နဲ. ကမ်းခြေဘော်လီဘော၊ နောက် ဒိုင်း ဗင်း  စက်ဘီး  လှေလှော် Gymnastics (ဂျွန်းဘား) အစရှိသဖြင့် ကမ္ဘာ့ချန်ပီယန်ပြိုင်ပွဲတွေမှာ လုပ်ခဲ့တော့ ကမ္ဘာအရပ်ရပ်က အတော်ဆုံး အားကစားသမားတွေနဲ. တွေ.ခဲ့ ကြုံခဲ့ ကုပေးခဲ့ရတာတွေရှိပါတယ်။ 

နောက် ကမ္ဘာ့ နံပါတ် ၁ (အခုတော့ ၂လားမသိ) Australia Netball ... ကမ္ဘာနံပါတ် ၃ England Netball အသင်း .. အင်္ဂလန်ဟော်ကီ .. Great Britain Basketball team အစရှိတာတွေ မျိုးစုံနဲ.လဲ လုပ်ခဲ့ဖူးလေတော့ သူတို.ကရော ဘယ်လောက် နာမည်ကြီးတဲ့ အထဲ ပါမလဲ မသိပါ။ 

စဉ်းစားရင်း စာရင်းကတော့ ရှည်လာပါတယ်။ ဒါပေမယ့် ဘယ်သူတယောက်ထဲကမှ နာပါတ် ၁ နေရာ ရောက်မလာပါ။ 

ကွမ်းခြံကုန်းဆိုတဲ့ တော့မြို.ကလေးမှာ ကြီးပြင်းခဲ့တဲ့ ကျမ ငယ်ငယ်က စိတ်ကူးယဉ် အိပ်မက် မက်ခဲ့ဖူးပါတယ်။ ငါကြီးလာရင် နိုင်ငံခြားမှာ ပညာတွေသင်နိုင်တဲ့သူ ကမ္ဘာအနှံ.ခရီးတွေ လျှောက်သွားနိုင်တဲ့သူ ဖြစ်ချင်တယ်လိုလေ။ ပညာတွေလဲ သင်ရပါတယ် (မသင်ချင်မှ အဆုံး ဆိုပါတော့)။ ခရီးတွေလဲ သွားရလွန်းလို. အခုတော လျှော့ပြီး အိမ်မှာပုံမှန် အလုပ်လုပ်နိုင်အောင် ကျိုးစားနေရပါတယ်။ ကမ္ဘာအရပ်ရပ်တော့ စုံလို.မဟုတ်၊ ယောက်ျား complaint လုပ်တာခံရလွန်းလို.ပါ။ ကျမရဲ. အိပ်မက်ကလေးတွေ အကောင်အထည်ပေါ်လာတာ ပြောတာပါ။ 

အခုတော့ ကျမ အိပ်မက်အသစ်တခု ထပ်မက်မိတယ်။ ကျမရဲ. အိပ်မက် အများကြီးတွေထဲက တခုဆိုပါတော့။ အင်္ဂလန်အသင်းရဲ. ဆရာဝန်အဖြစ်နဲ. ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားနိုင်ဖို.လေ ... ဟီးဟီး။ 

အိပ်မက်ဆိုတာ တကယ်ယုံကြည်ရင် တကယ်အမှန် ဖြစ်မြောက်လာတတ်တယ်တဲ့။ အဲဒီတော့ ကျမလဲ ယုံကြည်စွာ ဆက်လက် မျှော်လင့် စောင့်စားလို. ...... ဒီစာကို ဒီမှာပဲ ရပ်လိုက်ပါတော့တယ်။

1 February 2014

ဆရာဝန် တယောက်ရဲ. ရောဂါများ

မနေ.က ကျမ အမျိုးသား ဆေးရုံက သူ.လူနာတွေဆီက သယ်လာတဲ့  ရောဂါပိုးနဲ. ဝမ်းသွားပြီး အန်ပါတယ်။ ဆရာဝန်ဆိုတော့ လူတွေကို ရောဂါပေါင်းစုံမှ ပျောက်ကင်းအောင် ကုသပေးတယ်တဲ့။ ဒါပေမယ့် အဲလိုကုသပေးရင်းနဲ. ဆရာဝန်တွေမှာလဲ ရောဂါတွေရလာတတ်တာပါပဲ။ 

ဥပမာ ကျမဆို ဆေးရုံ အရေးပေါ်ဌာနမှာ တာဝန်ကျတုန်းက ဗိုက်အောင့် အစာအိမ်နာတဲ့ ရောဂါရလာပါတယ်။ မရပဲ နေမလား။ အစားအသောက်မှ မမှန်တာကိုး။ A+E rotation ရဲ.အလုပ်ချိန်တွေက တခြားဆေးဌာနတွေလို မဟုတ်။ အချိန်တွေက ကမိုးကမောက် ဆိုတော့ တခါတလေ မနက်စာကို နေ.လည် ၃နာရီလောက်မှ စားရတာလေ။ 

အခုထိလဲ တချို.ရက်တွေဆို ပထမဆုံး အစာကို ကျမနေ.လည် ၃နာရီလောက်မှ စားရပါတယ်။ ဥပမာ မနက်ခင်း ၈နာရီအရောက် ဆေးရုံသွား ဆေးခန်းမှာ လူနာအမြန်ကြည့်။ နေ.လည်ဘောလုံးပွဲကို အမှီသွားရ။ ကြားမှာ စားဖို. အချိန်မရှိ၊ ထမင်းချိုင့်လဲ့ ထဲ့စရာ မချက်ထားမိတော့ ဒီအတိုင်း ဗိုက်ဟောင်းလောင်းနဲ. ဘောလုံးပွဲမှာ၊ Halftime လောက်မှ ဘောလုံးသမားတွေရဲ. Energey drinks/ calory snacks တွေ နှိုက်စားရပါတယ်။ 

အဲဒီလို အလုပ်ချိန်မမှန်တော့ အထူးသဖြင့် ခရီးသွားများတဲ့ အခါတွေမှာဆိုရင်တော့ မနက် မနက်ဆို အီးအီးပါဖို.တောင် အချိန်ကမရှိ။ ဝမ်းကချုပ်လာ၊ ဝမ်းချုပ်တာကြာပြီး ဗိုက်ထဲမှာ အီးအီးတွေပြည့်လာတဲ့ အခါကျတော့ Overflow Diarrhoea လို.ခေါ်တဲ့ ဝမ်းတွေသွားပါရော။ 

လူနာတွေက ကိုယ့်မျက်နှာကို မကြာခဏ ချောင်းဆိုးထဲ့လိုက်လို. ရောဂါပိုးကူးပြီး ဖျားရတာ လည်ချောင်းနာရတာလဲ မကြာခဏ။ 

တခါတလေ အလုပ်ရှုပ်လွန်းလို. တနေကုန် ဆီးတောင်မသွားအားလို. ဆီးအောင့်ရတာလဲ မကြာခဏ။ 

လူနာတွေရဲ. သွေးတွေ မကြာခဏ ကိုယ်ကိုပေတာ စွန်းတာနဲ. သွေးကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကြောက်ရတာလဲ ရှိပါသေးတယ်။ 

ဒီကြားထဲ အခုအားကစားမှာ လုပ်တော့ ကြွက်သားမှာ ဖြစ်တတ်တဲ့ Myofascial trigger points တွေကို ကုတာ၊ အရိုး အဆစ်တွေကို လျော့အောင် Manipulation/manual therapy တွေ လုပ်တာတွေ များတော့ လက်မက အဆစ်ကလေးနာလာလို. အခု အဲဒီ အလုပ်တွေအားလုံး Physio နဲ.ပဲလွှဲထားပြီး ကိုယ့်လက်ကိုယ် အနားပေးထားရပါတယ်။ Ultrasound scan ကတော့ သုံးရတာများတုန်းဆိုတော့ လက်ကောက်ဝတ်ပါ နာမလာအောင် အတော် သတိထားနေရပါတယ်။

ဒါတောင် စာမေးပွဲတွေ၊ အလုပ်က စိတ်ဖိစီးမှုတွေနဲ. စိတ်ပိုင်းဆိုင်ရာ ရောဂါတွေအကြောင်း မပါသေးဘူးနော်။ 
ကဲ ဖြစ်ချင်ဦးဟဲ့ ဆရာဝန် .....။

19 January 2014

စိတ်ဖိစီးစရာ ညဂျူတီများစွာ

ဒီနေ. တနင်္ဂနွေနေ. ခါတိုင်း စနေ တနင်္ဂနွေ အလုပ်လုပ်ရတတ်ပေမယ့် ဒီတပတ်တော့ အားရက်မို. အိမ်မှာ နားနားနေနေပေါ့။ မနက်ခင်း အပျင်းထူပြီး အကြာကြီး အိပ်ချင်ပေမယ့် ယောက်ျား ညဂျူတီမို. ပြန်လာရင် ဗိုက်ဆာတယ်အော်ပြီး ပြန်လာတတ်တဲ့ သူ.အတွက် စားဖို.သောက်ဖို. ထပြီး ပြင်ဆင် ချက်ပြုတ်ထားရပါတယ်။ 

ပြောတဲ့အတိုင်း နေ.လည် ၁၁နာရီလောက်မှာ ညည်းညည်းငြူငြူ နဲ.အမျိုးသား ပြန်ရောက်လာပါတယ်။ ပင်ပန်းလွန်းလို. ဒီအလုပ်မလုပ်ချင်တော့ကြောင်း၊ အလွန်စိတ်ညစ်ကြောင်း စိတ်ပျက်ကြောင်း ဘယ်လောက်တောင် စိတ်ကုန်ကြောင်း ဆိုတာတွေ သူ Oncall ကျတိုင်း အထူးသဖြင့် Night Duty ကျတိုင်း နားမခံသာအောင် သူက ညည်းနေကျပါ။ ဒီလို ကြားနေကြ အသံလေးတွေကို အမျိုးသား တခါးပေါက်က ဝင်လာတယ်ဆိုတာနဲ. ဆူဆူညံညံ ကြားလိုက်ရပါတယ်။ ဒီလို ညည်းမယ်၊ ရေချိုးမယ်၊ ပြီးရင် တနေကုန် သူ တခေါခေါနဲ အိပ်ပြီး ညကျ ပြန်ထ၊ ချက်ပေးထားတာ စားသောက်ပြီး ဆေးရုံကို ညဂျူတီအတွက် ပြန်သွားရပါလိမ့်မယ်။

သူ. ဆေးရုံ Oncall တာဝန်ပြောတော့ ကျမဆေးရုံလုပ်တုန်းက ယူခဲရတဲ့ Oncall တွေ အကြောင်းတွေ ပြန်တွေးမိလာပါတယ်။

ပထမဆုံး အင်္ဂလန်မှာစလုပ်တဲ့ Foundation Year 1 မှာ ညဂျူတီဆိုရင် ည ၇ ရက်ဆက်တိုက်၊ ၄ပတ်မှာ တစ်ပတ် ဆင်းရပါတယ်။ အဲဒီတုန်းက Oncall နာရီများတဲ့ အတွက် လခကလဲ များပါတယ်။ ဒီမှာ Oncall ဘယ်နှစ်နာရီ ဆင်းလဲပေါ်မူတီပြီး လခကို Banding ဆိုတာနဲ.ပေးပါတယ်။ Banding ဆိုတာ ကိုယ့်ရတဲ့ ရတဲ့ အခြေခံ လခရဲ. ရာခိုင်နှုန်း ဘယ်လောက် ပိုတိုးရမယ် ဆိုတာပါ။ အဲဒီအချိန်က ဒီမှာခေါ်တဲ့ 2A Banding (75% + Basic Salary) နဲ. တလကို ကျမ အင်္ဂလန်ပေါင် ၂၉၀၀ ကျော် အိတ်ထဲဝင်ပါတယ်။ အဲဒီအချိန်က အင်္ဂလန်ရောက်ပြီ မကြာခင် ဆိုတော့ ပစ္စည်း အကောင်းစားလဲ မကြိုက်တတ် မသုံးတတ်သေး။ အပြင်မှာလဲ ထွက်မစားတတ်သေး။ ကားလဲမရှိတဲ့ ကားဖိုးမကုန်။ အိမ်ကလဲ ဆေးရုံက အလကားပေးတဲ့ အိမ်မှာနေရတာဆိုတော့ တလတလ အသားတင်ကို စုမိတာပါပဲ။ (အင်း အဲဒီ ဘဝလေးတွေ သတိရလိုက်တာနော်)

အလုပ်အကြောင်း ပြောရရင်တော့ ကျမအနေနဲ. ပင်ပန်းတယ် ညည်းငြူတယ် ဆိုတာသိပ်မရှိခဲ့ပါ။ အဲဒီအချိန်က အစစ အရာရာ စိတ်ဝင်စားပြီး အမြဲတက်ကြွနေခဲ့တဲ့ အချိန်တွေပါ။ ညဂျူတီရဲ. စိတ်ညစ်စရာ တခုပဲ ရှိခဲ့တာက ခွဲစိတ်နဲ. အရိုးမှာ လုပ်တုန်းကပါ။ သူနာပြုတွေက ညညဆို လူနာတွေကအိပ်နေတော့ အမြဲအားနေတာဆိုတော့ အဲဒီအချိန်မှာ Fluid Balance တွေ ထိုင်တွက်တော့တာပါပဲ။ Fluid Balance ဆိုတာ လူနာတွေ တနေ.ကို ရေသောက်တာ ဆေးပိုက်ကသွင်းတာ အားလုံး ပေါင်းပြီး ဘယ်လောက်ဝင်တယ်၊ ရှူးရှူးပေါက်ပြီး ဘယ်လောက်ပြန်ထွက်တယ်ဆိုတဲ့ သင်္ချာတွေတွက်တာပါ။ အဲလိုတွက်ပြီး ကျမကို Bleep ခေါ်ပါပြီ။ ပြီးရင် ဘယ်သူကတော့ ရှူးရှူးမပေါက်တာ ဘယ်နှစ်နာရီ ရှိသွားပြီ။ ဘယ်သူက သောက်တာများပြီး ပေါက်တာ နဲနေပြီ အစရှိသဖြင့် တင်ပြပြီး complaint တွေ တက်တော့တာပါပဲ။ တခါတလေ ကျမ မေးခွန်းလေး ရှင်းရှင်းလေးတခုပဲ ပြန်မေးရပါတယ်။ အခု ညဘယ်နှစ်နာရီရှိပြီ။ နင်တို.ရော အိပ်နေရင် ရှူးရှူးထပေါက်သလားလို.။ 

ဆရာဝန်တွေအတွက် သူနာပြုတွေက အလွန်အရေးကြီးပါတယ်။ သူတို.ဆီမှာ ကျမတို. ဆရာဝန်တွေ အတွက် သင်ယူစရာတွေ အများကြီးပါ။ သူတို.ကြောင့် ကျမတို. အလုပ်များစွာ သက်သာတာရှိခဲ့ သလို အမှားပေါင်းများစွာ မဖြစ်အောင်လဲ ပြုပြင်ခွင့် ကာကွယ်ခွင့်တွေ ရခဲ့ပါတယ်။ ဒါပေမယ့် သူတိုတွေဟာ အများအားဖြင့် စာအုပ်ကြီးနဲ. လုပ်တတ်တော့ တခါတလေ စိတ်ညစ်စရာတွေလဲ ကြုံရတတ်ပါတယ်။ 

Physician ဖြစ်ဖို. ဆက် training တွေဆက်တော့ Core Medical trainee ဘဝရောက်တော့ ည ၇ည ဆက်တိုက်လုပ်ရတာ ဆရာဝန်တွေ အတွက်အလွန်ပင်ပန်းတယ်ဆိုပြီး ၄ည တခါ ၃ညတခါ ခွဲလုပ်ရပါတယ်။ အဲဒီတုန်းက Doctors' Mess (Oncall ဆရာဝန်တွေ စုနေတဲ့ အခန်းမှာ) ကြည့်လိုက်ရင် Medical oncall ဖြစ်တဲ့ ကျမတယောက်ကပဲ တညလုံး ဆူဆူညံညံပါ။ ခွဲစိတ်၊ အရိုး၊ ကလေး OG မေ့ဆေး အားလုံး နားတဲ့ အချိန် အိပ်နေတဲ့ အချိန်မှာတောင် ကျမမှာ မနားရ တညလုံး အလုပ်လုပ်။ ခဏ နားမလား Doctors Mess ထဲပြန်လာရင် ၅မိနစ်မခံ Bleep က ဆူဆူညံညံ အသံတွေမြည် ဆိုတော့ ကျမရဲ. အလွန်ဖြစ်ချင်လှတဲ့ Physician ကြီးရဲ. ဘဝကို အထပ်ထပ်အခါခါ ပြန်သုံးသပ်မိ တွေးမိလာပါတယ်။ 

Cardiology (နှလုံးအထူးကု ဆေးရုံမှာ) လုပ်တော့ ပိုတောင်ဆိုးသေး။ Heart attack case လာရင် ဒီမှာ Primary PCI လိုခေါ်တဲ့ သွေးကြောထဲ့ Contrast နဲ.ကြည့်ပြီး (Angiogram) ပိတ်နေတဲ့ သွေးကြောထဲ တခါထဲ stent ထဲ့တာတွေလုပ်ပါတယ်။ Heart Attack ဆိုတာတွေကလဲ ညမှ ဖြစ်တာများတာကိုး။ Arrythmia case တွေကိုလဲ တခါထဲ Pacemaker ညတွင်ချင်းထဲ့တာ များပါတယ်။ ဒါတွေကို Consultant က ဦးဆောင်ပြီးလုပ်ရတာ ဆိုတော့ အသက် ၄၀ .. ၅၀ ကျော်ရှိတဲ့ Consultant ကြီးတွေ ညကြီး သန်းခေါင် ထရတော့ အိပ်ချင်မူးတူးနဲ. စိတ်တို ဒေါသတွေများပြီး တွေ.ရာ မြင်ရာ မဲတာကိုလဲ ခံခဲ့ရပါတယ်။ အဲဒီမှာ နှလုံး အထူးကုအလွန် ဖြစ်ချင်ခဲ့တဲ့ ကျမရဲ.စိတ်ပြင်းပြမှုတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားရတဲ့အထိပဲ ဆိုပါတော့။ 

ဒီလိုနဲ. နှလုံး အထူးကုဆိုတဲ့ စိတ်ကူးယဉ် ဘဝလေးကနေ အားကစား ဆေးပညာ အထူးကု ဖြစ်ဖို. အကြောင်း ဖန်လာတယ်ပဲ ဆိုပါတော့။ အားကစားဆေးပညာ အကြောင်းလေ့လာတော့ Training မှာ အရေးပေါ်ဋ္ဌာန မှာ ၆လ rotation လုပ်ရပါတယ်။ ကျမကတော့ ပျော်လို. ၇လ လုပ်ဖြစ်ခဲ့ပါတယ်။ အလုပ် အရှုပ်ဆုံး စိတ်ဝင်စားစရာ အကောင်းဆုံး စိတ်ဖိစီးမှုအများဆုံး အချိန်တွေပဲ ဆိုပါတော့။ ညဂျူတီတွေဆိုရင် အလုပ်ရဲ. ၆၀ ရာခိုင်နှုန်းလောက်က အမူးလွန်နေတဲ့ အရက်သမား၊ ကိုယ်ကိုယ်ကို သေကြောင်းကြံပါမယ်ဆိုပြီး Paracetamol လေး ၆လုံးလောက် သောက်လာတဲ့ သူတွေ၊ အိုးမဲ့အိမ်မှာ ချမ်းချမ်းအေးအေးနဲ. ဆေးရုံမှာ အကြောင်းဖန် တညလာအိပ်ဖို. ကြံတဲ့သူတွေနဲ ပြည့်နေပါတယ်။ ကျန်တဲ့ ၄၀ရာခိုင်နှုန်းကတော့ တကယ့် လူနာတွေပေါ့။ Major Trauma cases (ဒါဏ်ရာ ပြင်းပြင်းထန်ထန်ရလာတဲ့) သူတွေ အတွက် Trauma Team ကို ဦးဆောင်ပြီး ဆေးကုပေးရတာ၊ အရိုးကျိုးတာ အဆစ်လွဲတာတွေကို ပြန်တဲ့အောင် လုပ်ပေးရတာ၊ အရမ်းကို Sick ဖြစ်နေတဲ့ လူနာတွေကို ကုရတာ အချိန်နဲအမျှ အရမ်းအလုပ်ရှုပ် ပြာယာခတ်နေရပေမယ့် ကျမတော့ အလွန်ပျော်ခဲ့ပါတယ်။ ကိုယ့်ကိုယ်လဲ တကယ်ပဲ လူနာတွေရဲ. အသက်ကိုကယ်တဲ့ အရေးပါတဲ့ ဆရာဝန်ကြီး တယောက် အဖြစ်နဲ. ခံစားလို.ရခဲ့ပါတယ်။ အခုထိတောင်း ကျမရဲ. အလုပ်တွေက အားရက်ရရင် အရေးပေါ်ဌာနမှာ Locum (Oncall ပိုယူပြီး ပိုက်ဆံပိုရှာတာပါ) သွားသွား ပြန်လုပ်ဖြစ်နေပါသေးတယ်။ 

အဲဒီ Accident and Emergency Rotation ပြီးထဲက ကျမ ညဂျူတီမယူရတော့ပါ။ အားကစား အသင်းတွေနဲ. ခရီးသွားရင် နေ.ည ၂၄နာရီ သူတို. ကျန်းမာရေး အတွက် တာဝန်ရှိပေမယ့် ဆေးရုံ Night ဆင်းရတာနဲ.တော့ ဘယ်နှိုင်းလို.ရပါ့တော့မလဲနော် ..

17 December 2013

စာမေးပွဲများ

ငယ်စဉ် ကျောင်းတက်တုန်းကတော့ ကျက်လိုက်ရတဲ့ စာတွေ၊ စာမေးပွဲမှာ ကောင်းကောင်း ဖြေနိုင်ဖို.အတွက်လေ။ ပထမ အစမ်းစာမေးပွဲ၊ ဒုတိထ အစမ်း၊ နောက်ဆုံး စာမေးပွဲကြီး။ ဒီလိုနဲ. ကျောင်းပြီးလို. တက္ကသိုလ်တက်ရင်တော့ ရုပ်ရှင်ထဲမှာ တွေ.ရတဲ့ တက္ကသိုလ်ကျောင်းသူတွေအတိုင်း ပျော်ပြစ်လိုက်ဦးမယ် တွေးခဲ့တာ။ 

တက္ကသိုလ်ရောက်တော့လား။ မျက်စိလည်ပြီး ဆေးကျောင်းရောက်သွားတာ ဆိုတော့၊ ကျက်ပြန်ဦးဟဲ့ စာတွေ ဒီကျူတိုရီယယ် မပြီးသေး နောက်တခုက မျက်စောင်းထိုးနေပြန်ပြီ။ ဖြေလိုက်ရတဲ့ စာမေးပွဲ ကျက်လိုက်မှတ်လိုက်ရတဲ့ စာတွေဆိုတာ။ တခါတလေ အံ့တောင်သြတယ်။ ငါ့ဦးဏှောက် သေးသေးလေးက ဒါတွေ အကုန် မှတ်နိုင်သလားဆိုပြီးတော့။

ဒီလိုနဲ. အားခဲပြီး ကျက်ရ ဖတ်ရ။ သူငယ်ချင်း အပျော်အပါး ဆွေမျိုးတွေ အကြောင်းဆိုတာလဲ သိပ်မတွေးနဲ. မပျော်နိုင်ခဲ့။ ဒီလိုနဲ. ယက်ကန် ယက်ကန် ဆရာဝန် ဖြစ်ခဲ့ပေါ့။ ဒီဘဝတော့ ဘာစာမှ မကျက်တော့၊ အေးဆေး အိပ်ချင်တိုင်းအိပ် နားချင်တိုင်း နားပြစ်တော့မယ် တွေးမိတာ။ 

ဒါပေနဲ. ဘယ်ဟုတ်ပါ့။ နိုင်ဂံဂျားသွားဖို. စာစ ဖတ်ရပြန်ရော။ စာမေးပွဲ တွေ အထပ်ထပ် ဖြေ။ နိုင်ဂံဂျား မှာ အလုပ်တွေ စ၊ အေးဆေးဖြစ်ပလား တွေးမိတယ် နေဦး နေဦး။ အားတင်းပြီး နောက်ဆုံး စာမေးပွဲလေး တခုတော့ ဖြေဦ။ တွေးခဲ့တဲ့ Physician ကြီး ဖြစ်အောင် နောက်ဆုံး စာမေးပွဲလေးတခု MRCP လေးရအောင်း အားခဲ ကြိုးစားလိုက်ဦးပေါ့။ 

ဒီလိုနဲ. MRCP ပြီးလို. နာမလား အောက်မေ့ပါတယ်။ အားကစား နဲ.ပက်သက်တဲ့ ဆေးပညာ လုပ်မိတော့ ဒါနဲ. ပက်သက်ပြီး စာမေးပွဲတွေ ထပ်ဖြေရဦးမယ်တဲ။ ဒီလိုနဲ. စာတွေပြန်ကျက်။ အိမ်က ယောက်ျားကို အထပ်ထပ် တောင်းပန်၊ သူကိုပဲ လူနာလုပ်ပြီး အပြင်းအထန်လေ့ကျင့်ရင်းနဲ. အောင်သွားပြန်ပြီ စာမေးပွဲတွေဆိုတာ။ တော်ပြီ တော်ပြီ။ ဒီ တသက် စာမေးပွဲဆိုတာ အသံတောင် မကြားချင်တော့ဘူး။ အခုတော့ အပြတ် အသပ် နှပ်ပြီလို.ထင်တာ။ 

ဖြေရမယ့် စာမေးပွဲတွေတော့ မရှိတော့ပါဘူး။ ဒါပေမယ့် စာတွေကတော့ ဖတ်ရ ကျက်ရ ပြင်ရ ဆင်ရတုန်း။ ရေးရတဲ့ စာစောင် တွေ Assessment နဲ. appraisals တွေဆိုတာ။ စနေ တနင်္ဂနွေ နားရက်ကလေးတောင် ဖတ်ရမယ့် စာ မဖတ်ဖြစ်ရင် ငယ်က အတိုင်း စိတ်ဖိစီးမှုတွေက များရတုန်း။ တခါကဆို အိပ်မက်တောင် မက်တယ်။ စာတွေ မပြီးလို. ဒုက္ခရောက်ပါပြီ ဆိုပြီး။

ကဲ ... လုပ်ချင်ဦးဟဲ့ ဆရာဝန်။

4 July 2013

ဆရာဝန် နဲ. လူနာများ

ဒီရက်ပိုင်း Jude Law ရဲ. Side effect ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖြစ်တယ်။ ပထမတော့ ပျင်းလို. အမျိုးသားနဲ. ဘာရယ်မဟုတ် ထိုင်ကြည့်ဖြစ်တာ။ ဆရာဝန်ကားဖြစ်တော့ ပိုစိတ်ပါဝင်စားစွာ ကြည့်မိတယ်။ 

Jude Law က စိတ်ရောဂါကု ဆရာဝန်။ အလွန်တော် အောင်မြင်တဲ့ ဆရာဝန်ကောင်း တယောက်။ မင်းသမီး (Rooney Mara)  က စိတ်ဓါတ်ကျ ရောဂါ ခံစားနေသူ။ သုံးနေကျ ဆေးတွေနဲ. မသက်သာတော့ ဆေးအသစ်ကို သုံးကြည့်တယ်။ အဲဒီ ဆေးအသစ်ကြောင့် မင်သမီးက Sleep Walking (အိပ်နေရင်း လမ်းထလျှောက်တာမျိုး) နဲ. သူ.အမျိုးသားကို သတ်လိုက်ပါရော။ အဲဒီမှာ မင်းသားက အလွန်အောင်မြင်တဲ့ ဆရာဝန်ဘဝကနေ စစ်ဆေးခံရတာ၊ တရားရုံးတက်ရတာ (expert witness အနေနဲ.ပါ) အလုပ်ပြုတ်တာ .... ဆိုတဲ့ ဂရက်ပေါင်းများစွာ သူ.ကိုရိုက်လာပါရော ..

ဆရာဝန်တယောက်ဖြစ်တော့ ကျမတို. လင်မယားအတွက်တော့ အတော် ကြည့်ကောင်းတဲ့ ကားပါ။ သံဝေဂ ရစရာ လူနာတွေနဲ. အထူး ဂရုထားစရာ သင်္ခန်စာတွေလဲ ရစေပါတယ်။
ရုပ်ရှင်ဆိုတော့ နောက်ဆုံးတော့ လှဲ.ကွက်လေးနဲ.ပေါ့လေ။ ဒါကိုတော့ ထဲ့မရေးတော့ဘူး။ Thriller/ Drama စိတ်ဝင်စားရင် ကြည့်ကြည့်သင့်ပါတယ်။

ကျမ လက်ထောက်ဆရာဝန် ဘဝတုန်းက (Foundation Year 2) စိတ်ရောဂါဋ္ဌာန မှာ ၄လ အလုပ် လုပ်ရပါတယ်။ အဲဒီမှာ တွေ.တဲ့ ဆရာဝန်မကြီး တယောက်ပြောဖူးတာ ကျမလုံးဝ မမေ့။ သူရဲ. လူနာတယောက် Manic Depressive disorder နဲ. စိတ်ရောဂါကုဆေးရုံမှာ တက်နေတာ ၆လကျော်။ လူနာလဲ အတော်သက်သာလာပြီဆိုပါတော့။ တသက်လုံး လူနာကို ဆေးရုံမှာ တင်ထားလို.မရ။ လူနာကလဲ အိမ်ပြန်ချင်ဆိုတော့ ၂ရက် အိမ်ခဏ ပြန်ခွင့်ပေးလိုက်ပါတယ်။ အဲဒီမှာ လူနာဟာ Liverpool ဘောလုံးပွဲသွားကြည့်ပြီး သူအားပေးတဲ့ အသင်းရှုံးတော့ စိတ်တို စိတ်ဖောက်လာပြီး ဘေးမှာရှိတဲ့ လူကို ဓါးနဲ. ထိုးလိုက်တာ ပွဲချင်းပြီး သေပါရောတဲ့။ ကျမအသိ ဆရာဝန်မတော့ အဲဒီက စပြီး စိတ်ရောဂါကု ဆရာဝန်မလုပ်ချင်တော့ပါဘူး ဆိုပြီး အရက်စွဲတဲ့ လူတွေကို ပဲကုတဲ့ဘက်ကို ပြောင်းလိုက်တယ်တဲ့။

ဘာရယ်မဟုတ် ပြန်တွေးဖြစ်တာလေးပါ။ ကိုယ့်ကြောင့် တိုက်ရိုက်မဟုတ်လဲ သွယ်ဝိုက်တဲ့ နည်းနဲ. လူတယောက်သေသွားရတာလား။ တရားဥပဒေအရ အရေးယူစရာ မရှိတောင်မှာ ကိုယ့်အသိစိတ်နဲ တသက်လုံး နောင်တတွေရနေစေမလား။ 

22 January 2013

International medical graduates (IMGs)

မြန်မာ ဆရာဝန်များ နိုင်ဂံဂျား သွားချင်သူများ အခုတလော နိုင်ငံတကာ မှာ အတော်လေး ခက်တယ် ကြပ်တယ် ကြားမိပါတယ်။ 

တလောကမှ အမျိုးတယောက် လောလောလတ်လတ် ဆေးကျောင်း နဲ. House ပြီးလို. Australia သွားချင်တယ်ဆိုလို. စုံစမ်းတော့မှ Australia မှာ ဆရာဝန် အလုပ် လိုချင်တာရဖို. ဘယ်လောက်ခက်ကြောင်း ဘယ်လောက်ကြာအောင် စောင့်ရကြောင်း သိရပါတော့တယ်။ သူတို. နိုင်ငံရဲ့ ဘွဲ.ရတွေတောင် ဘွဲ.ရပြီးပြီးချင်း အလုပ် တန်းမရလို. စောင့်နေရကြောင်း စာစောင်တခုမှာ ဖတ်လိုက်ရပါတယ်။ 

အမေရိကမှာလဲ Residency ရဖို. ဆိုတာ မလွယ်ဘူးဆိုတာ ဟိုးအရင်ထဲက အားလုံး သိကြမှာပါ။ အခု မလွယ်တာတင် မဟုတ်တော့ဘဲ တော်တော် မဖြစ်နိုင်လောက်အောင်ကို ခက်လာတယ် ဆိုတာ အသိနဲ. အမျိုးတွေဆီက ကြားမိပါတယ်။ ၂၀၁၅ဆိုရင် သူတို.နိုင်ငံရဲ. ဘွဲ.ရ အရေအတွက်ဟာ ရှိတဲ့ Residency အလုပ် အရေအတွက်ထပ်တောင် ပိုများမယ်တဲ့။ အမေရိက သွားရန် စဉ်းစားနေသော လူငယ် ဆရာဝန်များ ဒီ Link ကို မဖတ်မဖြစ် ဖတ်ကြည့်ကြပါလို. တိုက်တွန်းပါတယ်။

14 January 2013

ဆရာဝန် တယောက် လစာ နဲ. ဂိုဏ်သိက္ခာ

ဒီနေ. ဆေးခန်းမှာ လူနာတယောက်နဲ. စကား လက်ဆုံကျပြီး ဒီအကြောင်းအရာလေးတွေကို တွေးဖြစ် ရေးဖြစ်သွားတာပါ။ လူတယောက်ရဲ့ ဂုဏ်သိက္ခာ၊ အထူးသဖြင့် ဆရာဝန်တယောက်ရဲ. သမာဓိ ဆိုတာနဲ. သူ.ရဲ့ ဘဝကို နဲနဲ ပြောပြချင်လို.ပါ။ 

ကျမ ဂျူနီယာဆရာဝန်ဘဝ တုန်းကပေါ့။ သူငယ်ချင်း ဆရာဝန်မ တယောက် အရက်ဆိုင်မှာ မူးပြီး ရင်ဘတ်ကို လှန်ပြမိတယ်တဲ့။ အဲ လန်.မသွားပါနဲ.ဦး။ ဒီနိုင်ငံမှာ မူးပြီး ဒါမျိုးတွေ လုပ်တယ်ဆိုတာ သိပ် အဆန်းတကျယ်တော့ မဟုတ်ပါ။ သာမန် ကောင်မလေး တယောက်ဆိုရင် ဘာမှ အထူးအဆန်း မဟုတ်ပေမယ့် ဆရာဝန် ဆိုတဲ့ ဂုဏ်သိက္ခာ ဆိုတာ ပါလာတော့၊ ဒီဆရာဝန်မလေး ဆမ လိုမျိုး ဒီနိုင်ငံမှာ (GMC) အလုပ်လုပ်ခွင့် ပိတ်ခံရပါတယ်။

အဲဒီလိုပဲ အသိ ဆရာဝန် တယောက် လူနာနဲ. ပက်သက်မိတော့ အတိုင်ခံရ၊ စုံစမ်းတာ ခံရ ဖူးတာ။ ဆရာဝန်တယောက် အရက်မူးပြီး ကားမောင်းတာများမိပြီဆိုရင် ထောင်ကျတာအပြင် အကျင့်စာရိတ္တမကောင်းတဲ့ သူအဖြစ် တသက်တာ ဆရာဝန် အလုပ်လုပ်ခွင့် (GMC) အပိတ်ခံရနိုင်တာ။ ပုံမှန်လူတယောက်ဆို ဥပဒေလက်တလုံးခြား လုပ်လို.ရတာလေးတွေ နှစ်ခေါက် ပြန်မစဉ်းစား လုပ်နိုင်ပေမယ့် ကျမတို.လို ဆရာဝန်တွေမှာ GMC ဆိုတာကြီးနဲ. ဘာကိုမှ ဥပဒေ မချိုးဖောက်မိရလေအောင်၊ ကောင်းသော အကျင့်စရိတ္တရှိသူများ ဖြစ်အောင် သတိထား ကျင့်ကြံနေထိုင်ရပါတယ်။ လူနာတွေနဲ.လဲ ပုဂိုလ်ရေး မပက်သက်မိအောင်၊ အထူးသဖြင့် တချို.တွေ facebook တို.လို social media တွေမှာ သူငယ်ချင်းလာလုပ်တာတွေ လက်မခံမိအောင် ဆိုတဲ့ သေးသေးမွှားမွှားတွေက အစ သတိထား နေထိုင်ရပါတယ်။
အင်္ဂလိပ်စကား တခွန်းကို ကျမ သတိရမိပါတယ် "Respect is to be earned" တဲ့။

20 August 2012

Life as a Foreign Doctor (6)

မကြာခဏကို အီးမေးပို. မေးလာကြတဲ့ မောင်ငယ်၊ ညီမငယ် ဆရာဝန်များအတွက်၊ ဒီစာတိုလေးရေးမိတာပါ။ ဒီရက်ပိုင်း အားတဲ့ အချိန်က နဲလွန်းတော့ ဘလော့ကိုလဲ လှဲ.မကြည့်နိုင်တာ အတော်ကြာသွားပါပြီ။ 

အားလုံး ရဲ့ အတွေးမှာတော့ နိုင်ငံခြားသွားရင် ထောပြီ။ ကြီးပွားပြီ၊ အစစအရာရာ အောင်မြင်ပြီ ထင်ချင် ထင်ကြပါလိမ့်မယ်။  ကျမကိုယ်တိုင်လဲ အဲဒီလို ထင်ခဲ့မိတာပါဘဲ။ 

ဒါပေမယ့် တကယ့်လက်တွေ.က နိုင်ငံခြားရောက်ပြီ ဆိုတာနဲ. ဘဝခရီးက စကြမ်းတော့တာပါဘဲ။ အားကိုးစရာ တိုင်ပင်စရာ သိပ်မရှိ၊ တချို.ဆို စကားပြောဖော်တောင် သိပ်မရှိ။ ငွေရေးကြေးရေးအတွက်ပူရ၊ အိမ်က ဘယ်လောက်ပဲ ပို.ပါမယ်ဆိုဆို ငွေတန်ဖိုးကလဲ အတော်ကွာသကိုး။ အလုပ်အတွက်၊ စာမေးပွဲအတွက်၊ အစရှိတဲ့ အပူတွေဟာ တကယ် မဆုံးနိုင်ပါ။ ကျမတောင် တော်ရုံခရီး သိပ်မညည်းပဲ ရအောင်သွားတတ်သူ၊ အတော် အရေခွံထူသူတောင်မှ ဒီနိုင်ငံရောက်ပြီး Stress နဲ. အစာအိမ်ရောဂါ (Gastritis) ရလာပါသေးတယ်။ 

10 July 2012

Doctors moments

patient-doctor relationship အကြောင်းနဲ. လူနာတွေ ဆိုးကြောင်းပြောပြီးတော့ ဆရာဝန်တွေရဲ့ အကြောင်းလဲ နဲနဲ ပြောရမှာပေါ့နော်။ 

ကျမ ခွဲစိတ်ဌာနမှာ တာဝန်ကျတုန်းကပေါ့။ အလွန်ကို စိတ်မြန်တဲ့ အူမကြီးနဲ. စအိုဝ ခွဲစိတ်တဲ့ ဆရာကြီး တယောက်ရှိဘူးပါတယ်။ အဲဒီ ဆရာကြီးဆိုတာ သူ.လူနာတွေကိုလဲ ဘယ်တော့မှ မမှတ်မိ။ အဲဒီတော့ မနက်ခင်း wardround လုပ်ရင် ကျမတို.ကနေ သူ.လူနာတွေက ခုတင်နံပါတ် ဘယ်လောက်မှာ ဘာရောဂါနဲ. တက်တာလဲ ဆိုတာ သေသေချာချာ မှတ်မိအောင်လုပ်ထားပြီး သူ.ကို ဘယ်လူနာပြီး ဘယ်လူနာကြည့်မယ် ဆိုတာတွေ လမ်းပြခေါ်သွားရပါတယ်။ ဒါတောင် ကျမတို.က လူနာဆေးမှတ်စုရေးနေလို. နဲနဲလေးနောက်ကျသွားရင် သူက မစောင့်ဘဲ တွေ.ရာလူနာကို သူ.လူနာထင်ပြီး အတင်းဝင်ကြည့်တတ်ပါသေးတယ်။ တခါကတော့ လူနာ အမျိုးသမီးကြီး တယောက်အလှဲရောက်တော့ ကျမတို.က ဒီလူနာရဲ့ ရောဂါအကြောင်းပြောပြ၊ မနေ.က ဆရာကြီးခွဲထားတာပေါ့ ဆိုတာ ပြောပြပေမယ့် သူက မမှတ်မိတဲ့ ပုံစံနဲ. “အမ် ငါခွဲတာလား၊ မမှတ်မိတော့ဘူး” ဘာညာပြောပြီး၊ “ကဲ အနာကြည့်ရအောင်” ဆိုပြီး လူနာရဲ့စအိုဝက စမ်းသပ်တော့မှ သူက အားရဝမ်းသာ ထအော်တာ “သြ မှတ်မိပြီ၊ မှတ်မိပြီ။ ငါက လူနာကို မျက်နှာမြင်တာနဲ့ မမှတ်မိဘူး။ ဖင်ခေါင်းမြင်မှ (arse-hole) မှတ်မိတော့ သကိုးတဲ့” ကျမတို. အားလုံး ခွီးခနဲနေကို ရယ်မိခဲ့ကြပါတယ်။ 

9 July 2012

patient-doctor relationship

Patient-doctor relationship ဆိုတာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ လူနာဖြစ်ဖူးသူတိုင်း ဆရာဝန်တိုင်း သိကြမှာပါ။ လူနာ တယောက်အတွက် ကိုယ့်ကို ကုသပေးမယ့် ဆရာဝန်ကို ယုံကြည်ဖို. လိုသလို ဆရာဝန်ကလဲ အဲဒီ လူနာရဲ့ ယုံကြည်မှု အားကိုးမှုကို မရရင် ကုသဖို. အခက်အခဲတွေ တွေ.နိုင်ပါတယ်။ အဲဒီလို လူနာတွေရဲ့ လေးစားမှုကို ခံရဖို. ကျမတို. ဘယ်လောက်ပဲ ကြိုးစားပေမယ့် တခါတလေ (ရှားရှားပါးပါး လို.တော့ ပြောချင်ပါတယ်) ကျမတို. ရတတ်တာက လူနာတွေ ဆော်ပလော်တီးတာ စိတ်အနာတရ ရအောင် လုပ်တာတွေပါ။  

မှတ်မှတ်ရရ တခါက Night duty ကျပြီး မနက်စောစောမှာ သူနာပြုတယောက်က “လူနာဘကြီး တယောက် အရမ်း confuse ဖြစ်နေတယ်။ လာကြည့်ပါ” ဆိုလို. သွားကြည့်ပေးရပါတယ်။ အမှန်ဘဲ ဘကြီးဟာ ဘေးလူနာနဲ့ ရန်ဖြစ်လိုက်၊ သူနာပြုတွေကိုအော်လိုက်နဲ.ပါ။ ကျမလဲ ရောက်သွားရော၊ ကျမလဲတွေ.ရော ဘကြီးဟာ သူ.နှာခေါင်းထဲ ထဲ့ထားတဲ့ ပိုက်ကြီးကို ဆွဲထုတ်ပြီး “ဟေး .. ယား ...” ဆိုပြီး cowboy ကြီး မြင်းစီးနေတဲ့ အတိုင်း သူ.ရဲ့ နှာခေါင်းပိုက်ကြီးနဲ့ ရှေ.တွေ.ရာ လူတွေကို လိုက်ရိုက်တော့တာပါဘဲ။ တော်ပါသေးတယ် သူကအိပ်ယာပေါ်က မထနိုင်တဲ့ လူနာဖြစ်နေလို.ပါ။ နို.မဟုတ်က ကျမတို. အားလုံးထွက်ပြေးရမယ် ထင်ပါတယ်။ ကျမတကိုယ်လုံးလဲ သူ.နှာခေါင်းပိုက်က အရည်တွေစင်ပြီး တော်တော် ညစ်ပတ်သွားပါတယ်။ နောက်မှ ဒီဘကြီးကို ဘယ်လိုလုပ်ရသလဲ ဆိုရင် သူ.ခုတင်အောင်ကနေ သူမမြင်အောင် အသာလေး ဝပ်သွားပြီး သူ.အနောက်ကနေ သူ.နှာခေါင်းပိုက်ကို သွားဆွဲလုရပါတယ်။ နို.မဟုတ်ရင် ဒင်းက လာသမျှလူ သူ.အနားကပ်လာသူ မှန်သမျှကို လိုက်ရိုက်နေတော့တာကိုး။ 

6 July 2012

နေ.စဉ်တွေထဲမှ တညနေခင်း

ကျမတို. ဆေးရုံမှာ Clinic ထိုင်ပြီဆိုရင် လူနာတယောက်ကို နာရီဝက် Book လုပ်ပါတယ်။ (တခြား အထူးကု ဘာသာရပ် တွေမှာတာ့ ၁၅မိနစ် မိနစ်၂၀ ဖြစ်မလား) အဲဒီတော့ ပုံမှန်ဆိုရင် ကျမတို. တညနေ ဆေးခန်းမှာ လူနာ ၆-ယောက် ၇-ယောက်လောက် ကြည့်ရတတ်ပါတယ်။ ကျမလုပ်တဲ့ အလုပ်နဲ. မနေ.က ကျမရဲ့ ဆေးခန်းလေး အကြောင်းပြန်ပြောရရင် ...

၁။  ။မာရသွန် အပြေးသမား ညာဘက် ခြေသလုံးရှေ.က အရိုးမှာ ပြေးလိုက်တိုင်း နာနေလို.တဲ့။ ထင်တဲ့ အတိုင်း ဓါတ်မှန် ရိုက်လိုက်တော့ “Stress Fracture”.. 
Stress fracture က မာရသွန် တာဝေး အပြေးသမားတွေ (အထူးသဖြင့် endurance exercise လုပ်တဲ့ သူတွေနဲ.) အသက်ကြီးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးပါးလာ အားနဲလာတာနဲ့ (Osteoporosis) အရိုးကို အနားမရ တအားသုံးလို. ဖြစ်တတ်ပါတယ်။ ဘယ်လို ကုမလဲ ဆိုတော့ ကယ်လစီယမ်တွေ လုံလောက်အောင်စား၊ ဗိုက်တာမင် ဒီ အားမနဲအောင်နေ၊ ပြီးတော့ အရိုးကို အနားပေးရတာပေါ့။ ဒီမှာတော့ Air Cast Boot လို.ခေါ်တဲ့ ဖိနပ် ထူထူကြီးနဲ. ၈-ပတ်လောက် စီးခိုင်းရပါတယ်။ ကဲ ဒီအကြောင်း ပြောရင် ပြောစရာတွေ အများကြီးမို. ဒီမှာပဲရပ်။ နောက်တယောက် သွားမယ် .... 

1 July 2012

Life as a Foreign Doctor (5)

ကိုယ့်နိုင်ငံ မဟုတ်ပဲ နိုင်ငံခြားမှာ အလုပ်လုပ်ချင်၊ ပညာ သင်ချင်တယ် ဆိုရင်တော့ အများအားဖြင့် အခက်အခဲ တွေ.ရတတ်တာတွေက ဗီဇာပြဿနာပါ။ အင်္ဂလန်ကို လာမယ်ဆို ဗီဇာလျှောက်ရင် PLABစာမေးပွဲလာဖြေမယ့် (PLAB visa) အလည်လာတဲ့ (Visit visa) တချို.လဲ ကျောင်းတက်မယ်ဆိုပြီး (Student visa) အမျိုးမျိုး ရှိပါတယ်။ Student visa ကလွဲလို. အများအားဖြင့် ဗီဇာက ၆-လ ပေးတာများပါတယ်။ ဒီ ၆လ အတွင်း ဖြေရမယ့် စာမေးပွဲတွေ အလုပ် လျှောက်တာတွေ အဆင်ပြေသွားရင်တော့ ပြီးရောပေါ့။ စာမေးပွဲ မအောင်သေးလို. အလုပ်မရသေးလို. ဗီဇာကို ရက်ထပ်တိုးရရင် တခါတိုးဖို. ပေါင်စတာလင် ၅၀၀ ကျော် ပေးရပြန်ပါတယ်။ နဲတဲ့ ပိုက်ဆံ မဟုတ်ပါ။

အလုပ်ရပြီ ဆိုရင်တော့ အလုပ်လုပ်ဖို. Work permit visa ပြောင်းလျှောက်ရပါလိမ့်မယ်။ အခု တနိုင်ငံလုံး အတိုင်းအတာနဲ. Work Permit တွေကိုလဲ ဘယ်နှစ်ယောက်ပဲ ထုတ်ပေးရမယ် ဆိုတာ သတ်မှတ်ထား သလို၊ ဒီမှာ work permit visa နဲ. နောင်ဆို ၅နှစ်ထက် ကျော်ပြီး မနေရဘူးဆိုတာမျိုးတွေလဲ ကြားမိပါတယ်။ ဒီ Immigration rules တွေက အမြဲပဲ ပြောင်းလဲနေတာမို. အင်္ဂလန် လာမယ် ရည်ရွယ်ရင်တောံ့Home office Website (Link) မှာ သေသေချာချာ ဖတ်ကြည့်သင့်ပါတယ်။ အခုက အင်္ဂလန်မှာ အလုပ်က မခက်ပါ။ ဒီ ဗီဇာနဲပဲ ဒုက္ခရောက်နေကြတာ များပါတယ်။

29 June 2012

Medical disaster!

ကျမ အင်္ဂလန်ရောက်ပြီး ၂ နှစ်မြောက်မှာပေါ့ တနေ. ကျမ အလုပ်ထဲမှာ အသက် ၉၈နှစ်အရွယ် ဗိုက်အောင့်ပြီး အော့အန်ပြီး ရောက်လာတဲ့ ဘကြီးလူနာ တယောက်နဲ. ကြုံရပါတယ်။ အဲဒီတုန်းကတော့ ကျမက ဟိုက်ပါ တက်ကြွ၊ အလွန် အလုပ်လုပ်တဲ့ ဆေးဝါးဆောင်က  FY2 (မြန်မာလို Junior AS) ဆရာဝန်လေးပေါ့။ လူနာကို ဓါတ်မှန်ရိုက်ပြီး ကြည့်လိုက်တော့ သူ.အစာအိမ် ဒါမှမဟုတ် အူလမ်းကြောင်းကြီးက လေတွေနဲ. တအားတင်းနေသလို၊ လုံးဝ ပုံမှန် အနေအထား မဟုတ်။ ဒါနဲ. ကျမလဲ သေချာအောင် ဓါတ်မှန်ဆရာဝန်တယောက်နဲ. ချက်ချင်း အရေးပေါ် သွားဆွေးနွေးရပါတယ်။ ဓါတ်မှန် ဆရာဝန်က ပြောတာက အစာအိမ်က သူ.နေရာသူနေတာ မဟုတ်ဘဲ ဟိုဘက်ဒီဘက် လိမ်သွားတာမျိုး (Gastric Volvulous) နဲ.တူတယ်တဲ့။ ဒါနဲ ကျမလဲ အမြန်ပြန်ပြေးလာ၊ တခြား တိုင်ပင်စရာ ကိုယ့်ထက် စီနီယာကျတဲ့ ဆရာဝန်တွေကလဲ အဲဒီနေ.မှာမှ မရှိကြ။ ဒါနဲ. Consultant အခန်း ပြေးပြီး ပြောပြတော့ ဆရာကြီးကလဲ နဲနဲ စိတ်ပူသွားပြီး “ဒါဆိုလဲ ဂျူတီကျတဲ့ ခွဲစိတ်ဆရာဝန်ကိုခေါ်” တဲ့။ 

ဒီမှာ နဲနဲ ထပ်ပြောရရင် လူအစာအိမ်နဲ. အူလမ်းကြောင်းဆိုတာ ပြွန်ကြီး တချောင်းလိုပါဘဲ။ ဒီအစာ ပြွန်ချောင်းကြီးက လိမ်ခေါက်သွားမယ်ဆိုရင် အစာတွေလဲ ဖြတ်လိုမရတော့၊ လေတွေလဲ ဖြတ်လို.မရ တင်းဖောင်းပြီး သွေးလဲ အလုံအလောက်မရ၊ နောက်ဆုံး အူပေါက်တာမျိုး အရေးပေါ် ကိစ္စတွေ ဖြစ်တတ်ပါတယ်။

17 June 2012

US vs UK medical training (My own personal views)

အင်္ဂလန် ရောက်လာပြီးတော့ အလုပ်တွေ မလွယ်တော့ ကျမလဲ အလုပ်က ရမှာ မဟုတ်ပါဘူးထင်ပြီး၊ USMLE စဖတ်ဖြစ်ခဲ့ပါတယ်။ ကျမက အရင် ငယ်ထဲက အမေရိကကို သွားချင်တဲ့သူ။ ၁၀တန်းအောင်တုန်းကတောင် USIS (US embassy Library) နေ.စဉ် သွားပြီး စာတွေဖတ် စိတ်ကူးတွေယဉ်နဲ.၊ သိပ်ခင်ဖို.ကောင်းတဲ့ သူငယ်ချင်းတွေလဲ အများကြီး ရခဲ့ပါတယ်။ အင်္ဂလန်လာဖြစ်ရတဲ့ အကြောင်းက အမျိုးသားက MRCP မှဆိုတဲ့ အစွဲကြောင့် သူနဲ.အတူ ကန်.လန်. ကန်.လန်. ပါလာခဲ့ရတာကိုး။ ဒါနဲ. USMLE စဖတ်တော့ STEP1 ကတော့ သိတဲ့ အတိုင်း Basic Science တွေ၊ Step 2 က Clinical ဆိုတော့ Step 2 ကနေ စဖြစ်ခဲ့ပါတယ်။ အင်္ဂလန်မှာ အလုပ်စတော့ စာကျက်လဲ အတော်ပျင်းသွားတာနဲ. စာဖတ်နှုန်းလဲ တော်တော်နှေးသွားခဲ့တာပေါ့။ ဒါတောင် USA California သွားလည်ပြီး၊ ဆေးရုံတွေ အကြောင်းလေ့လာ၊ Residency လုပ်နေတဲ့ သူတွေနဲ. စကားလိုက်ပြော ပညာယူခဲ့ပါသေးတယ်။

အခု ဆက်ပြောမှာက ကျမ တဦးထဲရဲ့ အမြင်ဖြစ်ပြီး၊ မှားတတွေ အမြောက်အများပါကြောင်းပါ ..


16 June 2012

weekends

တပတ်လုံး တော်တော် အလုပ် ရှုပ်နေတာနဲ. ဘလောဂ် မရေးဖြစ်တာလဲ ကြာသွားပြန်ပါပြီ။ မနက်စောစောထ၊ အလုပ်သွား။ တနေကုန် ဗြုတ်စ ဗြင်းတောင်း အလုပ်ရှုပ်။ တခါတလေ လူနာနဲ. ရန်ဖြစ်။ ပြန်လာရင် မောပြီး စောစော အိပ်ရာဝင်နဲ.။ ဘာမှ မသိလိုက်သေးခင် တပတ်က ကုန်သွားပြန်ပါပြီ။ မနေ.ကတောင် လူနာနဲ. ရန်ဖြစ်ခဲ့ရ သေးတယ် လူနာတယောက် ဆေးရုံက မဆင်းချင်တော့ Fits ရတယ် (တက်ပါတယ်) ဆိုပြီး ဆရာဝန် သူနာပြုတွေကို ညာနေတာ။ ဆေးရုံ အပြင်ဘက်တော့ ဆေးလိပ်ထွက်ထွက် သောက်နိုင်တယ်။ သူနာပြု ဝင်လာပြီဆိုရင် တက်သလို လုပ်ပြပြန်ရော။ လူနာတိုင်းကို Judgement မလုပ်ဘဲ ကုရမယ် ဆိုပေမယ့် တခါတလေတော့ အတော် စိတ်ပျက်မိတာ အမှန်ပါဘဲ။ 


ဒီမှာက ကိုယ့်ဘာသာကိုယ် နေရတာဆိုတော့ ပိတ်ရက် စနေ တနင်္ဂနွေ လိုမျိုးမှာ တပတ်တာအတွက် အိမ်ရှင်းတာတွေ၊ ဈေးဝယ်၊ ဟင်းချက်ထားတာတွေ လုပ်ရပါတယ်။ မလုပ်ထားမိရင် တပတ်လုံး စားစရာ မရှိ Take away နဲ. ညားတာများပါရော။ ညနေပြန်လာချိန်ဆို ဟင်းချက်ဖို.က မလွယ်တော့၊ ဗိုက်က တဂွီဂွီမြည်နေပြီ။ အရင်တပတ်က လန်ဒန်ရောက်နေတော့ ဘာမှ သိပ်မချက်နိုင်ခဲ့၊ တပတ်လုံး ကြက်ဥကျော်၊ ပဲပြုတ်ကျော်၊ ထမင်းကျော် Macdonald နဲ. ညားလို ဒီနေ.တော့ လာမဲ့ အပတ်အတွက် ကြိုကြိုတင်တင် ဈေးသွား ချက်ပြုတ်ထားရပါဦးမယ်။

11 June 2012

Life as a Foreign Doctor (4)

အင်္ဂလန်ရောက်ပြီးတော့ Attachment လုပ်တော့ အင်္ဂလန်ရဲ့ တောင်ပိုင်းမှာ သူတို. လူဖြူတွေဘဲ အနေများတဲ့ နေရာမှာပေါ့။ နိုင်ငံခြားသား အလုပ်လုပ်နေတာကို ရှားရှားပါးပါးဘဲ တွေ.ရတတ်ပါတယ်။ အဲဒီမှာ သူတို.ပြောတဲ့ အင်္ဂလိပ်စကားကလဲ Fantastic တို. Excellent တို. အလွန်သုံးတော့ သကိုး။ ဘာလုပ်လုပ် “Fantastic” ဥပမာ သွေးဖေါက်ထားပြီးပြီ ပြောလဲ "Fantastic"! Lunch Break သွားမယ်ခွင့်တောင်းလဲ “Fantastic”။ ကိုယ်လဲ သူတို.နဲ.ရောရောင်ပြီးတော့ Cheers တို. Fantastic သွင်သွင်ပြောလို. ဟုတ်သည်ရှိ မဟုတ်သည်ရှိ  ဂွိ။ 


တနေ.မှာတော့ ကျမကို ဘော့စ်က သူ.လူနာတယောက်ကို MMSE (Memory test) လုပ်ခိုင်းပါတယ်။ အဲဒီမှာ Confused ဖြစ်နေတဲ့ လူနာကို မေးခွန်းတွေ မေးရတော့တာပေါ့။ ဒီနေ.ဘာနေ.လဲ "Monday" (Wrong answer). Fantastic! ဘယ်နေရာရောက်နေလဲသိလား "My home" (Wrong answer). Excellent! မေးခွန်း ၃ခု လောက်လဲ ရောက်ရော လူနာက သူမသိတဲ့ မေးခွန်းတွေလာမေးနေတာရော ကျမရဲ့ Fantastics တွေကို အလွန် အမြင်ကပ်သွားတာရော ထင်ပါတယ် “ငါ့ကိုများ ဘာမှ မသိဘူး အောက်မေ့နေလား။ ဒီလူတိုင်းသိတဲ့ မေးခွန်းတွေ မေးပြီး ဘာ့ကြောင့် Fantastic ပြောနေတာတုန်း” ထအော်ပါတယ်။ (ကလူ ကလူ လိပ်ပြာပြန်လာပါ။) အဲဒီထဲက ကျမ Fantastic မသုံးရဲတော့ပါ။ တခြားစကားလုံး ပြောင်းသုံးတာပေါ့နော ဒါများ .. Wonderful ဟီးဟီး

9 June 2012

ဆရာဝန် တယောက်ရဲ့ ဘဝ

ကျမ Liverpool Heart and Chest hospital or Cardiothoracic centre လို.ခေါ်တဲ့ အင်္ဂလန်ရဲ. တတိယ အကြီးဆုံး နှလုံးနဲ.အဆုတ် အထူးကု ဆေးရုံကြီးမှာ ၂၀၁၀ တုန်းက တာဝန်ကျပါတယ်။ အဲဒီမှာ မြန်မာ ဆရာကြီး တယောက်ကို Clinical Tutor/CardioThoracic Surgeon အနေနဲ. တွေ.ဆုံခွင့်ရရပါတယ်။ ကျမက နှလုံးဆေးပညာဘက်မှာ၊ သူက နှလုံး ခွဲစိတ်တာဆိုတော့ တိုက်ရိုက်တော့ သူနဲ. အလုပ် တွဲမလုပ်ခဲ့ရပါဘူး။ ဒါပေမယ့် မှတ်မှတ်ရရ သူပြောခဲ့တဲ့ စကားတခွန်းကိုတော့ အခုထိ မှတ်မိနေဆဲပါဘဲ။ တနေ. ကျမရဲ့ Study Leave အတွက် သူ.ကို လက်မှတ် သွားထိုးခိုင်းတုန်း သူက “စာတွေလဲရေးနော်၊ Paper တွေ ထွက်အောင်လုပ်၊ တို.မြန်မာဆရာဝန်တွေ အလုပ် သိပ်ကျိုးစားပြီး အဲဒီဘက် အပိုင်းမှာတော့ အလွန် အားနည်းကြတယ်” လို. သူက ဆုံးမလာပါတယ်။

7 June 2012

Life as a Foreign doctor (3)

ဒီရက်ပိုင်း လုပ်စရာတွေ Assessments တွေ များနေတာနဲ. စာတောင် မရေးဖြစ်တာ ကြာသွားပါပြီ။ Stress နဲနဲ များသွားပြီး စာရေးဖို.လဲ ခေါင်းထဲက ဘာမှမထွက် ဖြစ်နေတာကြောင့်ပါ။ အခုတော့ TV လေးကြည့်၊ ကော်ဖီလေးသောက်ပြီး၊ အေးအေးဆေးဆေး နားရင်း အရင် ချန်လှပ်ထားတဲ့ နေရာကနေ စာဆက်ရေးလိုက်ပါဦးမယ်။

ဒီအင်္ဂလန်မှာ အလုပ်လျှောက်မယ် ဆိုတော့ ကျမရောက်ခါစတုန်းကတော့ ဆေးရုံတခုစီကို သပ်သပ်စီ လျှောက်ရပါတယ်။ ကိုယ်လိုချင်တဲ့ အလုပ်ကို BMJ လို၊ nhs jobs လို website တွေမျိုးမှာ ရှာပြီး ဆေးရုံတခုစီကို လျှောက်လွှာတွေ ပို.ရပါတယ်။ တချို.ဆို အဲဒီလိုဘဲ လျှောက်တာ အစောင် ၁၀၀ ကျော်လျှောက်တာတောင် အလုပ်မရသေး ဆိုဘဲ။ ကျမလဲ Plan B တွေ၊ C တွေလဲ ချတန်တာ ချလို.၊ ကိုယ်နဲ. သင့်တော်မယ့် အလုပ်မျိုးလဲ ရှာပေါ့။ ကျမကတော့ သူများတွေလို အလုပ်ဘယ်နှစ်ခု လျှောက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မရှိခဲ့ပါဘူး။ တကယ် ကိုယ်နဲ. အဆင်ပြေမယ့် အလုပ်မျိုးကို  သေသေချာချာ ရှာပြီး လျှောက်လွှာ တခုဆို တခု သေသေချာချာ ဖြည့်ခဲ့ပါတယ်။