ဒီနေ. တနင်္ဂနွေနေ. ခါတိုင်း စနေ တနင်္ဂနွေ အလုပ်လုပ်ရတတ်ပေမယ့် ဒီတပတ်တော့ အားရက်မို. အိမ်မှာ နားနားနေနေပေါ့။ မနက်ခင်း အပျင်းထူပြီး အကြာကြီး အိပ်ချင်ပေမယ့် ယောက်ျား ညဂျူတီမို. ပြန်လာရင် ဗိုက်ဆာတယ်အော်ပြီး ပြန်လာတတ်တဲ့ သူ.အတွက် စားဖို.သောက်ဖို. ထပြီး ပြင်ဆင် ချက်ပြုတ်ထားရပါတယ်။
ပြောတဲ့အတိုင်း နေ.လည် ၁၁နာရီလောက်မှာ ညည်းညည်းငြူငြူ နဲ.အမျိုးသား ပြန်ရောက်လာပါတယ်။ ပင်ပန်းလွန်းလို. ဒီအလုပ်မလုပ်ချင်တော့ကြောင်း၊ အလွန်စိတ်ညစ်ကြောင်း စိတ်ပျက်ကြောင်း ဘယ်လောက်တောင် စိတ်ကုန်ကြောင်း ဆိုတာတွေ သူ Oncall ကျတိုင်း အထူးသဖြင့် Night Duty ကျတိုင်း နားမခံသာအောင် သူက ညည်းနေကျပါ။ ဒီလို ကြားနေကြ အသံလေးတွေကို အမျိုးသား တခါးပေါက်က ဝင်လာတယ်ဆိုတာနဲ. ဆူဆူညံညံ ကြားလိုက်ရပါတယ်။ ဒီလို ညည်းမယ်၊ ရေချိုးမယ်၊ ပြီးရင် တနေကုန် သူ တခေါခေါနဲ အိပ်ပြီး ညကျ ပြန်ထ၊ ချက်ပေးထားတာ စားသောက်ပြီး ဆေးရုံကို ညဂျူတီအတွက် ပြန်သွားရပါလိမ့်မယ်။
သူ. ဆေးရုံ Oncall တာဝန်ပြောတော့ ကျမဆေးရုံလုပ်တုန်းက ယူခဲရတဲ့ Oncall တွေ အကြောင်းတွေ ပြန်တွေးမိလာပါတယ်။
ပထမဆုံး အင်္ဂလန်မှာစလုပ်တဲ့ Foundation Year 1 မှာ ညဂျူတီဆိုရင် ည ၇ ရက်ဆက်တိုက်၊ ၄ပတ်မှာ တစ်ပတ် ဆင်းရပါတယ်။ အဲဒီတုန်းက Oncall နာရီများတဲ့ အတွက် လခကလဲ များပါတယ်။ ဒီမှာ Oncall ဘယ်နှစ်နာရီ ဆင်းလဲပေါ်မူတီပြီး လခကို Banding ဆိုတာနဲ.ပေးပါတယ်။ Banding ဆိုတာ ကိုယ့်ရတဲ့ ရတဲ့ အခြေခံ လခရဲ. ရာခိုင်နှုန်း ဘယ်လောက် ပိုတိုးရမယ် ဆိုတာပါ။ အဲဒီအချိန်က ဒီမှာခေါ်တဲ့ 2A Banding (75% + Basic Salary) နဲ. တလကို ကျမ အင်္ဂလန်ပေါင် ၂၉၀၀ ကျော် အိတ်ထဲဝင်ပါတယ်။ အဲဒီအချိန်က အင်္ဂလန်ရောက်ပြီ မကြာခင် ဆိုတော့ ပစ္စည်း အကောင်းစားလဲ မကြိုက်တတ် မသုံးတတ်သေး။ အပြင်မှာလဲ ထွက်မစားတတ်သေး။ ကားလဲမရှိတဲ့ ကားဖိုးမကုန်။ အိမ်ကလဲ ဆေးရုံက အလကားပေးတဲ့ အိမ်မှာနေရတာဆိုတော့ တလတလ အသားတင်ကို စုမိတာပါပဲ။ (အင်း အဲဒီ ဘဝလေးတွေ သတိရလိုက်တာနော်)
အလုပ်အကြောင်း ပြောရရင်တော့ ကျမအနေနဲ. ပင်ပန်းတယ် ညည်းငြူတယ် ဆိုတာသိပ်မရှိခဲ့ပါ။ အဲဒီအချိန်က အစစ အရာရာ စိတ်ဝင်စားပြီး အမြဲတက်ကြွနေခဲ့တဲ့ အချိန်တွေပါ။ ညဂျူတီရဲ. စိတ်ညစ်စရာ တခုပဲ ရှိခဲ့တာက ခွဲစိတ်နဲ. အရိုးမှာ လုပ်တုန်းကပါ။ သူနာပြုတွေက ညညဆို လူနာတွေကအိပ်နေတော့ အမြဲအားနေတာဆိုတော့ အဲဒီအချိန်မှာ Fluid Balance တွေ ထိုင်တွက်တော့တာပါပဲ။ Fluid Balance ဆိုတာ လူနာတွေ တနေ.ကို ရေသောက်တာ ဆေးပိုက်ကသွင်းတာ အားလုံး ပေါင်းပြီး ဘယ်လောက်ဝင်တယ်၊ ရှူးရှူးပေါက်ပြီး ဘယ်လောက်ပြန်ထွက်တယ်ဆိုတဲ့ သင်္ချာတွေတွက်တာပါ။ အဲလိုတွက်ပြီး ကျမကို Bleep ခေါ်ပါပြီ။ ပြီးရင် ဘယ်သူကတော့ ရှူးရှူးမပေါက်တာ ဘယ်နှစ်နာရီ ရှိသွားပြီ။ ဘယ်သူက သောက်တာများပြီး ပေါက်တာ နဲနေပြီ အစရှိသဖြင့် တင်ပြပြီး complaint တွေ တက်တော့တာပါပဲ။ တခါတလေ ကျမ မေးခွန်းလေး ရှင်းရှင်းလေးတခုပဲ ပြန်မေးရပါတယ်။ အခု ညဘယ်နှစ်နာရီရှိပြီ။ နင်တို.ရော အိပ်နေရင် ရှူးရှူးထပေါက်သလားလို.။
ဆရာဝန်တွေအတွက် သူနာပြုတွေက အလွန်အရေးကြီးပါတယ်။ သူတို.ဆီမှာ ကျမတို. ဆရာဝန်တွေ အတွက် သင်ယူစရာတွေ အများကြီးပါ။ သူတို.ကြောင့် ကျမတို. အလုပ်များစွာ သက်သာတာရှိခဲ့ သလို အမှားပေါင်းများစွာ မဖြစ်အောင်လဲ ပြုပြင်ခွင့် ကာကွယ်ခွင့်တွေ ရခဲ့ပါတယ်။ ဒါပေမယ့် သူတိုတွေဟာ အများအားဖြင့် စာအုပ်ကြီးနဲ. လုပ်တတ်တော့ တခါတလေ စိတ်ညစ်စရာတွေလဲ ကြုံရတတ်ပါတယ်။
Physician ဖြစ်ဖို. ဆက် training တွေဆက်တော့ Core Medical trainee ဘဝရောက်တော့ ည ၇ည ဆက်တိုက်လုပ်ရတာ ဆရာဝန်တွေ အတွက်အလွန်ပင်ပန်းတယ်ဆိုပြီး ၄ည တခါ ၃ညတခါ ခွဲလုပ်ရပါတယ်။ အဲဒီတုန်းက Doctors' Mess (Oncall ဆရာဝန်တွေ စုနေတဲ့ အခန်းမှာ) ကြည့်လိုက်ရင် Medical oncall ဖြစ်တဲ့ ကျမတယောက်ကပဲ တညလုံး ဆူဆူညံညံပါ။ ခွဲစိတ်၊ အရိုး၊ ကလေး OG မေ့ဆေး အားလုံး နားတဲ့ အချိန် အိပ်နေတဲ့ အချိန်မှာတောင် ကျမမှာ မနားရ တညလုံး အလုပ်လုပ်။ ခဏ နားမလား Doctors Mess ထဲပြန်လာရင် ၅မိနစ်မခံ Bleep က ဆူဆူညံညံ အသံတွေမြည် ဆိုတော့ ကျမရဲ. အလွန်ဖြစ်ချင်လှတဲ့ Physician ကြီးရဲ. ဘဝကို အထပ်ထပ်အခါခါ ပြန်သုံးသပ်မိ တွေးမိလာပါတယ်။
Cardiology (နှလုံးအထူးကု ဆေးရုံမှာ) လုပ်တော့ ပိုတောင်ဆိုးသေး။ Heart attack case လာရင် ဒီမှာ Primary PCI လိုခေါ်တဲ့ သွေးကြောထဲ့ Contrast နဲ.ကြည့်ပြီး (Angiogram) ပိတ်နေတဲ့ သွေးကြောထဲ တခါထဲ stent ထဲ့တာတွေလုပ်ပါတယ်။ Heart Attack ဆိုတာတွေကလဲ ညမှ ဖြစ်တာများတာကိုး။ Arrythmia case တွေကိုလဲ တခါထဲ Pacemaker ညတွင်ချင်းထဲ့တာ များပါတယ်။ ဒါတွေကို Consultant က ဦးဆောင်ပြီးလုပ်ရတာ ဆိုတော့ အသက် ၄၀ .. ၅၀ ကျော်ရှိတဲ့ Consultant ကြီးတွေ ညကြီး သန်းခေါင် ထရတော့ အိပ်ချင်မူးတူးနဲ. စိတ်တို ဒေါသတွေများပြီး တွေ.ရာ မြင်ရာ မဲတာကိုလဲ ခံခဲ့ရပါတယ်။ အဲဒီမှာ နှလုံး အထူးကုအလွန် ဖြစ်ချင်ခဲ့တဲ့ ကျမရဲ.စိတ်ပြင်းပြမှုတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားရတဲ့အထိပဲ ဆိုပါတော့။
ဒီလိုနဲ. နှလုံး အထူးကုဆိုတဲ့ စိတ်ကူးယဉ် ဘဝလေးကနေ အားကစား ဆေးပညာ အထူးကု ဖြစ်ဖို. အကြောင်း ဖန်လာတယ်ပဲ ဆိုပါတော့။ အားကစားဆေးပညာ အကြောင်းလေ့လာတော့ Training မှာ အရေးပေါ်ဋ္ဌာန မှာ ၆လ rotation လုပ်ရပါတယ်။ ကျမကတော့ ပျော်လို. ၇လ လုပ်ဖြစ်ခဲ့ပါတယ်။ အလုပ် အရှုပ်ဆုံး စိတ်ဝင်စားစရာ အကောင်းဆုံး စိတ်ဖိစီးမှုအများဆုံး အချိန်တွေပဲ ဆိုပါတော့။ ညဂျူတီတွေဆိုရင် အလုပ်ရဲ. ၆၀ ရာခိုင်နှုန်းလောက်က အမူးလွန်နေတဲ့ အရက်သမား၊ ကိုယ်ကိုယ်ကို သေကြောင်းကြံပါမယ်ဆိုပြီး Paracetamol လေး ၆လုံးလောက် သောက်လာတဲ့ သူတွေ၊ အိုးမဲ့အိမ်မှာ ချမ်းချမ်းအေးအေးနဲ. ဆေးရုံမှာ အကြောင်းဖန် တညလာအိပ်ဖို. ကြံတဲ့သူတွေနဲ ပြည့်နေပါတယ်။ ကျန်တဲ့ ၄၀ရာခိုင်နှုန်းကတော့ တကယ့် လူနာတွေပေါ့။ Major Trauma cases (ဒါဏ်ရာ ပြင်းပြင်းထန်ထန်ရလာတဲ့) သူတွေ အတွက် Trauma Team ကို ဦးဆောင်ပြီး ဆေးကုပေးရတာ၊ အရိုးကျိုးတာ အဆစ်လွဲတာတွေကို ပြန်တဲ့အောင် လုပ်ပေးရတာ၊ အရမ်းကို Sick ဖြစ်နေတဲ့ လူနာတွေကို ကုရတာ အချိန်နဲအမျှ အရမ်းအလုပ်ရှုပ် ပြာယာခတ်နေရပေမယ့် ကျမတော့ အလွန်ပျော်ခဲ့ပါတယ်။ ကိုယ့်ကိုယ်လဲ တကယ်ပဲ လူနာတွေရဲ. အသက်ကိုကယ်တဲ့ အရေးပါတဲ့ ဆရာဝန်ကြီး တယောက် အဖြစ်နဲ. ခံစားလို.ရခဲ့ပါတယ်။ အခုထိတောင်း ကျမရဲ. အလုပ်တွေက အားရက်ရရင် အရေးပေါ်ဌာနမှာ Locum (Oncall ပိုယူပြီး ပိုက်ဆံပိုရှာတာပါ) သွားသွား ပြန်လုပ်ဖြစ်နေပါသေးတယ်။
အဲဒီ Accident and Emergency Rotation ပြီးထဲက ကျမ ညဂျူတီမယူရတော့ပါ။ အားကစား အသင်းတွေနဲ. ခရီးသွားရင် နေ.ည ၂၄နာရီ သူတို. ကျန်းမာရေး အတွက် တာဝန်ရှိပေမယ့် ဆေးရုံ Night ဆင်းရတာနဲ.တော့ ဘယ်နှိုင်းလို.ရပါ့တော့မလဲနော် ..