Menu bar

11 June 2012

Life as a Foreign Doctor (4)

အင်္ဂလန်ရောက်ပြီးတော့ Attachment လုပ်တော့ အင်္ဂလန်ရဲ့ တောင်ပိုင်းမှာ သူတို. လူဖြူတွေဘဲ အနေများတဲ့ နေရာမှာပေါ့။ နိုင်ငံခြားသား အလုပ်လုပ်နေတာကို ရှားရှားပါးပါးဘဲ တွေ.ရတတ်ပါတယ်။ အဲဒီမှာ သူတို.ပြောတဲ့ အင်္ဂလိပ်စကားကလဲ Fantastic တို. Excellent တို. အလွန်သုံးတော့ သကိုး။ ဘာလုပ်လုပ် “Fantastic” ဥပမာ သွေးဖေါက်ထားပြီးပြီ ပြောလဲ "Fantastic"! Lunch Break သွားမယ်ခွင့်တောင်းလဲ “Fantastic”။ ကိုယ်လဲ သူတို.နဲ.ရောရောင်ပြီးတော့ Cheers တို. Fantastic သွင်သွင်ပြောလို. ဟုတ်သည်ရှိ မဟုတ်သည်ရှိ  ဂွိ။ 


တနေ.မှာတော့ ကျမကို ဘော့စ်က သူ.လူနာတယောက်ကို MMSE (Memory test) လုပ်ခိုင်းပါတယ်။ အဲဒီမှာ Confused ဖြစ်နေတဲ့ လူနာကို မေးခွန်းတွေ မေးရတော့တာပေါ့။ ဒီနေ.ဘာနေ.လဲ "Monday" (Wrong answer). Fantastic! ဘယ်နေရာရောက်နေလဲသိလား "My home" (Wrong answer). Excellent! မေးခွန်း ၃ခု လောက်လဲ ရောက်ရော လူနာက သူမသိတဲ့ မေးခွန်းတွေလာမေးနေတာရော ကျမရဲ့ Fantastics တွေကို အလွန် အမြင်ကပ်သွားတာရော ထင်ပါတယ် “ငါ့ကိုများ ဘာမှ မသိဘူး အောက်မေ့နေလား။ ဒီလူတိုင်းသိတဲ့ မေးခွန်းတွေ မေးပြီး ဘာ့ကြောင့် Fantastic ပြောနေတာတုန်း” ထအော်ပါတယ်။ (ကလူ ကလူ လိပ်ပြာပြန်လာပါ။) အဲဒီထဲက ကျမ Fantastic မသုံးရဲတော့ပါ။ တခြားစကားလုံး ပြောင်းသုံးတာပေါ့နော ဒါများ .. Wonderful ဟီးဟီး

ကျမရဲ့ဘော့စ် JB ကတော့ အလွန်စိတ်ရင်း ကောင်းသလို ပျော်သလို နေတတ်တဲ့သူပါ။ Elderly Care ဆိုတော့ သူ.အနေနဲ. Home visit တွေ မကြာခဏ သွားရသလို ကျမလဲ သူနဲ.အဖေါ်လိုက်ပေး ရပါတယ်။ မှတ်မှတ်ရရ တနေ.မှာ TESCO (CityMart လို ဆိုင်မျိုးပါ)ထဲ နှစ်ယောက်သား Stethoscope ကိုလည်ပင်းချိတ်လို. စားဖို.သောက်ဖို.တောင် ဝင်ဝယ်မိပါသေးတယ်။ နောက် ကားထဲ ပြန်ရောက်မှ လည်ပင်းက နားကျပ်တွေကို သတိပြုမိပါတယ်။ အမှန်ပြောတာပါ။ တကယ် Stethoscope လည်ပင်းမှာ ချိတ်ထားတာ သတိမထားမိတာပါ။ ဖေဖေ ပြောပြတာကို အမှတ်ရမိပါတယ်။ သူတို. မင်္ဂလာဒုံ ဆေးကျောင်းမှာ တက်တုန်း တနေ. ဈေးထဲ သွားလည်ကြသတဲ့။ အဲဒီမှာ သူငယ်ချင်း တယောက်က ဆေးကျောင်းသားမှန်း သိအောင် နားကျပ်ကို လက်ထဲလည်ပြီး ဆော့ပြလိုက်တာ နားကျပ်ခေါင်း ပြုတ်ထွက်ပြီး ဆိုင်တဆိုင်ရဲ့ မှန်ကွဲသွားလို. လျော်လိုက်ရဆိုပဲ။ 

အဲအင်္ဂလန် ကိစ္စပြန်ပြောရရင် Attachment ဘဝမှာ မသိတာ မတတ်တာ သင်၊ သိတာ အတင်း ဆရာဝင်လုပ် (ဆေးကျောင်းက အကျင့် မပျောက်သေး)နေတုန်းမှာဘဲ အင်တာဗျူးခေါ်စာ ရောက်လာပါတယ်။ ရှေ.ဆင့်နောက်ဆင့် ဆိုသလို ၂-စောင်တောင် ရောက်လာတာပါ။ မမျှော်လင့်ခဲ့ဘဲ အရမ်းကို ဝမ်းသာခဲ့ရပါတယ်။ အဲဒီ အချိန်က အလုပ်က အလွန်.အင်မတန်ခက်ပြီး ကျမလျှောက်လွှာကို အစောင် ၇၀၀ ကျော်ထဲကမှ အယောက် ၃၀ ရွေးထုတ်ပြီး ခေါ်ခဲ့တာလို. နောက်မှ အလုပ်ကနေ ပြန်သိရပါတယ်။ ဒီ အင်္ဂလန်လာဖို. ပြင်ဆင်နေသူများအတွက် အခု အလုပ်တွေက အဲဒီလောက် မခက်တော့ပါ။ ဒါပေမယ့် မတူညီတဲ့ အခက်အခဲတွေ ရှိနေပါတယ်။ (နောက်မှ ဆက်ရေးပါ့မယ်) အဲဒီတုန်းက အလုပ်က ၁၂ နေရာအတွက် အယောက် ၃၀ အင်တာဗျူးခေါ်တာပါ။ အလုပ်ကတော့ Foundation Year 1(FY1) မြန်မာနိုင်ငံရဲ့ အလုပ်သင်ဆရာဝန် အဆင့်ပါဘဲ။ အလုပ် အရမ်းခက်နေတာရော AS (ဒီမှာ FY2 or SHO) အဆင့်ကို တခါထဲ မဝင်ချင်တာရောကြောင့် အဲဒီတုန်းကတော့ House officer ကဘဲ စမယ်လို. ဆုံးဖြတ်ခဲ့တာပါ။ Training Job လဲ လိုချင်တယ်ဆိုတော့လေ။

အင်တာဗျူးရပြီဆိုတော့ ကျမရဲ့ ဘော့စ်က Reference ပေးမယ်ပြောထားပြီး Holiday ခရီးထွက်သွားပါရော။ အဲဒီမှာ အခက်တွေတွေ.တော့တာပါဘဲ။ ဘော့စ်ပြန်လာမှာက ကျမ အင်တာဗျူးပြီး ၂-ရက်နေမှ။ ဆေးရုံကပြောလာတာက အင်တာဗျူးမလုပ်ခင် reference letters ၂-စောင်လိုတယ်တဲ့။ လွန်ခဲ့တဲ့ ၆ပတ်အတွင်းက စာဖြစ်ရမယ်တဲ့။ ကျမ အဲဒီတုန်းက Attachment လုပ်တာ ၃-ပတ်ဘဲ ရှိသေးတော့ ဒီဆေးရုံက တခြား Consultants တွေနဲ.လဲ သိပ်မသိ၊ သိပ်မရင်းနှီးသေး။ သူတို.နဲ. အလုပ်တွဲလုပ်ထားဖို. ဆိုတာ ဝေးရော။ အဲဒီတော့ မြန်မာပြည်ကို ဖုန်းတွေဆက် အပူကပ်ပြီး ယောက္ခမဆီက Reference တစောင် (အဟဲ)၊ ဆရာကြီး ဦးအေးမောင်ဟန်ဆီက Reference letter တစောင် ရခဲ့ပါတယ်။  ဒီတော့ နောင်တခြားနိုင်ငံများသွားမယ် ပြင်ဆင်နေသူများ ရက်စွဲမတတ်ထားတဲ့ ကိုယ့်ဆရာကြီး ဆရာမကြီးဆီက ထောက်ခံစာများ ယူလာသင့်ပါကြောင်း။ အခုတော့ မြန်မာ ဆရာကြီးများလဲ အီးမေး သုံးနေကြပြီဆိုတော့ reference ပေးဖို.ဆိုတာတော့ ပိုလွယ်ကူသွားပြီပေါ့။

ဒါနဲ. ပထမ အင်တာဗျူးက ဒီက Isle of Man လို.ခေါ်တဲ့ ကျွန်းမြို.လေးမှာပါ။ ရှမ်းပြည်နဲ.တူပြီး အလွန်သာယာပါတယ်။ ဒုတိယ အင်တာဗျူးက Hull လို.ခေါ်တဲ့ အင်္ဂလန်ရဲ့ မြောက်ဘက်မှာပါ။ ပထမ အင်တာဗျူးနေ.ပြီး နောက် ၂-ရက်အကြာမှာပါ။ 

အင်တာဗျူးမှာ စာမေးပွဲလို Stations လေးတွေနဲ.သွားရပါတယ်။ အခုထိလဲ ဒီပုံစံပါဘဲ၊ နဲနဲလေး Structure ပြောင်းရင်ပြောင်းမယ်။ အခြေခံကတော့ အတူတူပါဘဲ။ ဆေးရုံရောက်ပြီး အင်တာဗျူးမဲ့ မနက်မှာမှ သူတို.က ဘာတွေကို Expect လုပ်ထားရမယ် ဆိုတာ ရှင်းပြပါတယ်။ ကျမနဲ. တဆောင်ထဲ အတူနေခဲ့တဲ့ သူငယ်ချင်းတွေကို အလွန် ကျေးဇူးတင်ရမှာပါ။ သူတို.က မေးတတ်တဲ့ မေးခွန်းတွေ ကြို သင်ပေးလိုက်သကိုး။ 

ကျမ အဲဒီမှာ အမေးခံခဲ့ရတာတွေကတော့

Station 1. Resuscitation (Advanced Life support + CPR)
Station 2. Ethic - your consultant is drunk and trying to operate on someone, how are you going to deal with this situation?
Station 3. Mx of Acute Severe Asthma (ဒါလေးများ ဟိ)
Station 4. questions about yourself (eg; what are your strengths, weaknesses, why should we employ you?, Tell me about your teaching involvement, a paper your wrote (if any) etc..

ကျမအနေနဲ.တော့ အရင်ထဲက ပူတာက အင်တာဗျူး အခေါ်မခံရမှာ စိုးတာပါ။ အစောင်ရေတွေ အများကြီးထဲက ကိုယ့်လျှောက်လွှာကို ဘယ်လို ထူခြားနေအောင် လုပ်ရမယ်ဆိုတာ ကျမ မသိပါ။ အဲဒီထဲက တွေးမိတာက အင်တာဗျူးသာ ရပါစေပေါ့။ မြန်မာပြည် ဆေးကျောင်းမှာ နှစ်စဉ်လို Viva တွေ တန်းစီဖြေထားတဲ့ အတွေ.အကြုံတွေ ရှိတယ်ဆိုတော့  .... ကိုယ်သုံးနေကြ လက်နက်ပုန်းလဲရှိတော့ (သိရင်ဖြေ၊ မသိရင် သွားဖြဲပြ) အင်တာဗျူးက အလွန် အဆင်ချောစွာ ပြီးသွားပါတယ်။ ဒါနဲ. သူတို.ကိုလဲ မေးရတယ် အလုပ်ကပေးမှာလား၊ မပေးဘူးလား။ ပေးမယ်ဆိုရင် နောက်ရထားတဲ့ အင်တာဗျူး မသွားတော့ဘူပေါ့။ ဒီမှာက Travel expense ဆိုပြီး ကိုယ့်အင်တာဗျူးသွားရတဲ့ ခရီးစရိတ်ကို ဆေးရုံက ပြန်ပေးပါတယ်။ သူတို. အလုပ်မပေးနိုင်လဲ ခရီးစရိတ် ပြန်ပေးပါတယ်။ ဒါပေမယ့် အလုပ် Offer ပေးလာရင်တော့ “မယူတော့ဘူး။ ငါ့ရဲ့ ခရီးစရိတ်ဘဲ ပြန်ပေးပါတော့” လုပ်လို.ဘယ်ရမလဲ။ 


အဲဒီလိုနဲ. အပြန်ခရီးမှာ ဖုန်းလေး ကလင် ကလင် မြည်လာပြီးနောက် ....."Dr. Win, congratulations" ဆိုတာလေး ကြားလိုက်ရပါတော့တယ်။


ဆက်ရေးပါဦးမယ်နော ...။