Menu bar

16 June 2012

weekends

တပတ်လုံး တော်တော် အလုပ် ရှုပ်နေတာနဲ. ဘလောဂ် မရေးဖြစ်တာလဲ ကြာသွားပြန်ပါပြီ။ မနက်စောစောထ၊ အလုပ်သွား။ တနေကုန် ဗြုတ်စ ဗြင်းတောင်း အလုပ်ရှုပ်။ တခါတလေ လူနာနဲ. ရန်ဖြစ်။ ပြန်လာရင် မောပြီး စောစော အိပ်ရာဝင်နဲ.။ ဘာမှ မသိလိုက်သေးခင် တပတ်က ကုန်သွားပြန်ပါပြီ။ မနေ.ကတောင် လူနာနဲ. ရန်ဖြစ်ခဲ့ရ သေးတယ် လူနာတယောက် ဆေးရုံက မဆင်းချင်တော့ Fits ရတယ် (တက်ပါတယ်) ဆိုပြီး ဆရာဝန် သူနာပြုတွေကို ညာနေတာ။ ဆေးရုံ အပြင်ဘက်တော့ ဆေးလိပ်ထွက်ထွက် သောက်နိုင်တယ်။ သူနာပြု ဝင်လာပြီဆိုရင် တက်သလို လုပ်ပြပြန်ရော။ လူနာတိုင်းကို Judgement မလုပ်ဘဲ ကုရမယ် ဆိုပေမယ့် တခါတလေတော့ အတော် စိတ်ပျက်မိတာ အမှန်ပါဘဲ။ 


ဒီမှာက ကိုယ့်ဘာသာကိုယ် နေရတာဆိုတော့ ပိတ်ရက် စနေ တနင်္ဂနွေ လိုမျိုးမှာ တပတ်တာအတွက် အိမ်ရှင်းတာတွေ၊ ဈေးဝယ်၊ ဟင်းချက်ထားတာတွေ လုပ်ရပါတယ်။ မလုပ်ထားမိရင် တပတ်လုံး စားစရာ မရှိ Take away နဲ. ညားတာများပါရော။ ညနေပြန်လာချိန်ဆို ဟင်းချက်ဖို.က မလွယ်တော့၊ ဗိုက်က တဂွီဂွီမြည်နေပြီ။ အရင်တပတ်က လန်ဒန်ရောက်နေတော့ ဘာမှ သိပ်မချက်နိုင်ခဲ့၊ တပတ်လုံး ကြက်ဥကျော်၊ ပဲပြုတ်ကျော်၊ ထမင်းကျော် Macdonald နဲ. ညားလို ဒီနေ.တော့ လာမဲ့ အပတ်အတွက် ကြိုကြိုတင်တင် ဈေးသွား ချက်ပြုတ်ထားရပါဦးမယ်။


မနက်ဖြန်လဲ လန်ဒန်ကို Training အတွက်နဲ. သွားရပြန်ဦးမယ် ဆိုတော့ကာ။ ဒီအင်္ဂလိပ်တွေက Training တို. Certificate တို.ကို အလွန် အသားပေးတယ်ဆိုတော့လဲ။ မနက်ဖြန် အတွက် ကတော့ ဒါဏ်ရာရနေတဲ့ လူနာကို ဘယ်လို သယ်ထုတ် ရမယ်ဆိုတဲ့ အားကစား ပွဲတွေအတွက် ရှေးဦး ကုသမှုတွေ အတွက်ပါ။ လည်ပင်း (Cspine injury) အတွက် Log roll လုပ်နည်းတွေ၊ ကျိုးနေတဲ့ အရိုးတွေ အတွက်  ဘယ်လို Traction လုပ်ရမလဲဆိုတာ တွေအပြင်၊ IV line (အကြောထဲ့ ပိုက်ထဲ့တာ) မရရင် ဘယ်လို Intraosseous access (ရိုးတွင် ချင်စည်ထဲ့ လိုင်းထဲ့တာ) ယူရမယ်ဆိုတာတွေက အစ လေ့ကျင့်ရပါမယ်။


Intraosseous Line အကြောင်းပြောတော့ ဒီတပတ် အရေးပေါ်ဌာနမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေး တခုကို ပြန်ပြောပြချင်ပါတယ်။ Heroine IV drug user (ဘိန်းစွဲပြီး အကြောထဲ ဘိန်းထိုးထဲ့တတ်သူ)တယောက် ဆေးရုံ ရောက်လာပါတယ်။ ဘိန်းအလွန်အကျွန် သုံးပြီး Respiratory Depression နဲ.ရောက်လာတာပါ။ ဘိန်းကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်တယ်လို. အလွယ် ဆိုရမလားဘဲ။ ဒီလူနာက မကြာခဏ ဆေးရုံကို အဲဒီလိုဘဲ လာနေကြပါ။ ဆေးရုံရောက်လို. အမြန် Antidote ပေး၊ ဆေးကုလို.သက်သာလာပြီ ဆိုရင် ဆေးရုံအပြင်ခိုးထွက်။ ဆေးရုံက အကြောထဲ ဆေးပေးဖို. ထဲ့ထားတဲ့ IV Cannula ထဲ ဘိန်းတွေကို သွားသွား ခိုးထိုးပြန်ပါရော။ အဲဒီနေ.ကတော့ အကြောလိုင်းကလဲ ရှာလို.မရ (ဘိန်းသုံးသူတွေရဲ့ ထုံးစံ အတိုင်း)၊ ဒီလူနာရဲ့ အရင် History တွေကိုလဲ သိထားတယ်ဆိုတော့ သူ.ကြည့်တဲ့ ဆရာဝန်က အမြင်ကပ်ကပ်နဲ. Intraosseous Line ထဲ့ပြစ်လိုက်ပါတယ်။ ပုံမှန်ဆိုရင် ကျမတို.က ဒီ Procedure ကို အလွန် အင်မတန် အရေးပေါ် အခြေအနေ၊ လူနာ သေကောင်ပေါင်းလဲ ဖြစ်တဲ့ အခြေအနေ မျိုးမှာပဲ သုံးပါတယ်။ ကိုယ့်ခြေသလုံးရှေ.က အရိုးထဲကို Drill နဲ. ဖောက်ပြီး ပိုက်ချောင်းတခုထဲ့၊ အဲဒီထဲကိုမှ ဆေးထိုးပေးရတယ် ဆိုတာ ပုံမှန်လူတိုင်းတော့ အလွန် မသက်မသာခံရတဲ့ Procedure လို.ဘဲပြောမှာပါ။ ... သြ .. NON JUDGEMENTAL MEDICINE !!! ..