Menu bar

17 June 2012

US vs UK medical training (My own personal views)

အင်္ဂလန် ရောက်လာပြီးတော့ အလုပ်တွေ မလွယ်တော့ ကျမလဲ အလုပ်က ရမှာ မဟုတ်ပါဘူးထင်ပြီး၊ USMLE စဖတ်ဖြစ်ခဲ့ပါတယ်။ ကျမက အရင် ငယ်ထဲက အမေရိကကို သွားချင်တဲ့သူ။ ၁၀တန်းအောင်တုန်းကတောင် USIS (US embassy Library) နေ.စဉ် သွားပြီး စာတွေဖတ် စိတ်ကူးတွေယဉ်နဲ.၊ သိပ်ခင်ဖို.ကောင်းတဲ့ သူငယ်ချင်းတွေလဲ အများကြီး ရခဲ့ပါတယ်။ အင်္ဂလန်လာဖြစ်ရတဲ့ အကြောင်းက အမျိုးသားက MRCP မှဆိုတဲ့ အစွဲကြောင့် သူနဲ.အတူ ကန်.လန်. ကန်.လန်. ပါလာခဲ့ရတာကိုး။ ဒါနဲ. USMLE စဖတ်တော့ STEP1 ကတော့ သိတဲ့ အတိုင်း Basic Science တွေ၊ Step 2 က Clinical ဆိုတော့ Step 2 ကနေ စဖြစ်ခဲ့ပါတယ်။ အင်္ဂလန်မှာ အလုပ်စတော့ စာကျက်လဲ အတော်ပျင်းသွားတာနဲ. စာဖတ်နှုန်းလဲ တော်တော်နှေးသွားခဲ့တာပေါ့။ ဒါတောင် USA California သွားလည်ပြီး၊ ဆေးရုံတွေ အကြောင်းလေ့လာ၊ Residency လုပ်နေတဲ့ သူတွေနဲ. စကားလိုက်ပြော ပညာယူခဲ့ပါသေးတယ်။

အခု ဆက်ပြောမှာက ကျမ တဦးထဲရဲ့ အမြင်ဖြစ်ပြီး၊ မှားတတွေ အမြောက်အများပါကြောင်းပါ ..


US မှာက ၃နှစ် Residency ပြီးရင် MD ရပါပြီ။ ဒါဆိုရင် Attending physician အနေနဲ. Independant အလုပ်လုပ်နိုင်ပါပြီ။ PG  ဆက်မတက်ဘူးဆိုရင်ပေါ့လေ။ Residency အတွင်းမှာတော့ တော်တော်လေး ပင်ပန်းပြီး လခလဲ နဲတယ်လို. သိရပါတယ်။ ကျမကို ပြောပြတဲ့ 2nd year residency အမကြီးကတော့ တလမှာ tax နှုတ်အပြီး US$ ၁၇၀၀ လောက်ပဲ ကျန်တယ်ဆိုပဲ (၂၀၀၈ တုန်းက သတင်းပါ)။ အိမ်ငှားခ စားစရိတ် နှုတ်လိုက်ရင် မစုမိတော့ ဆိုဘဲ။ လုပ်ရတဲ့ နာရီကလဲ တပတ်ကို အရင်က 120 နာရီလောက်လုပ်ရပြီး။ အခုတော့ နာရီ ၈၀ ပဲ လုပ်ရမယ်လို. စည်မျဉ်း အသစ်ချထားတယ်လို. သိရပါတယ်။ အင်္ဂလန်မှာတော့ တပတ်ကို နာရီ ၄၈နာရီထက် ကျော်မလုပ်ရပါ၊ တနေ. အလုပ်ချိန် ၁၃နာရီထက် မပိုရဘူးလို.လဲ သတ်မှတ်ထားပါတယ်။ 

US မှာ ဒီလို ၃နှစ်တာ အနစ်နာခံပြီး လုပ်ပြီးလို. MD ရသွားပြီဆိုရင်တော့ Physician ကြီး ဖြစ်သွားပါပြီ။ Attending Physician အနေနဲ့ အလုပ်လျှောက်လို.ရပါပြီ။ ဒါဆိုရင် ၁နှစ်ကို US$ 1သိန်းကျော် အသာလေး စရပြီလို. သိရပါတယ်။ တချို.ဆို လုပ်သက်ကြာလာရင် ဒေါ်လာ ၃ - ၄ သိန်းရတယ်လို ဆိုပါတယ်။ အဲဒီမှာမှ နှလုံး၊ အဆုတ် Specialist ဖြစ်ချင်ရင်တော့ Post graduate ဆက်တက်ရမယ် ဆိုပါတယ်။ လခနဲနဲနဲ. အလုပ် အပင်ပန်းခံပြီး ရှေ့ရေးအတွက် ထပ်အနစ်နာ ခံရပါမယ်။ PG တက်ဖို.ကလဲ Green Card မရှိရင် လျှောက်လို.မရဘူးလို. တယောက်က ပြောပါတယ်။ ဘယ်လောက် မှန်သလဲ ကျမ အသေအခြာ မသိပါ။

ဒါတွေအားလုံး ကျမ အနစ်နာ ခံနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ အချိန်က ကျမ မကြိုက်ခဲ့တဲ့ အကြောင်းတွေက ဆေးရုံအများစုက Private hospitals တွေ ဖြစ်ပြီး ဆေးရုံပိတ်တာ banckrupt ပြပြီး ကိုယ်အလုပ် ပြုတ်တာဖြစ်နိုင်ပါတယ်။ အဲလို အဖြစ်တွေက အရမ်း ရှားပါးလိမ့်မယ်လို.တော့ ကျမ ထင်ပါတယ်။ ဒါပေမယ် ကျမတို. သွားလည်နေချိန်မှာ ဆေးရုံတခု အဲလို ဖြစ်သွားတော့ ကျမစိတ်ပူမိတာ အမှန်ပါ။ နောက်တခုက လူနာမှာ Insurance မရှိရင် မကုဘူးဆိုတာကလဲ ကျမကို နှစ်ခါပြန် စဉ်းစားစေချင်တဲ့ စိတ်တွေဖြစ်ခဲ့ရပါတယ်။ လူနာတွေ ဆရာဝန်တွေကလဲ Insurance တွေနဲ. အလုပ် လုပ်တာဆိုတော့ နဲနဲလေးမှားတာနဲ. Sue လုပ်မယ်ဆိုတာတွေ အလွန်များပါတယ်။ ကောင်းတဲ့ အချက်တွေကတော့ အမေရိကဆိုတော့ လူမျိုးစုံဆိုတော့ ကိုယ်တော်ရင် တော်သလို တက်လမ်းတွေ ပွင့်နို်င်ပါတယ်။ သထိန်း (သူဌေး) လဲ မြန်မြန်ဖြစ်နိုင်တယ်ပေါ့။ ကျမကတော့ မှန်တာပြော သထိန်းဖြစ် (ဟိ)၊ ကိုယ့် စေတနာနဲ. ငွေးရေး ကြေးရေး အကြောင်းစကား မပြောဘဲ (ထမင်းလဲ မငတ်ဘဲပေါ့) ဆေးကုချင်တာပါ။ 

ကဲ အင်္ဂလန် အကြောင်းပြောမယ်ဆိုရင် အင်္ဂလန် Training က အမေရိကနဲ. မတူ အလွန် ရှည်လျားပါတယ်။ 
ဘွဲ.ရပြီး Foundation training ဆိုပြီး ၂ နှစ် လုပ်ရပါတယ် (medicine, surgery, OG, Psychiatry အစရှိသဖြင့် Rotations တွေက အမျိုးစုံ ဖြစ်နိုင်ပါတယ်)။ အလုပ်သင်ဆရာဝန်နဲ. Junior AS အဆင့် ပဲ ဆိုပါတော့။ ပြီးရင် ကိုယ်ဘာလုပ်ချင်လဲပေါ် မူတည်ပြီး Medicine, Surgery ဆိုပြီး ပြောင်းလျှောက်ရပါတယ်။ အဲဒီမှာ Core Training ဆိုပြီး ၂ နှစ် (တချို.ဘာသာရပ်တွေက ၃နှစ်) Rotations တွေ (ဥပမာ Medicine ဆိုရင် Respiratory medicine, Cardiology, Renal, Gastro etc) ပြောင်းလုပ်ရပါတယ်။ ဒါပြီးတော့ ဘယ်ဘာသာရပ် တခုကို Specialist လုပ်ချင်လဲ မူတည်ပြီး Specialist registrar အနေနဲ့ ထပ်လျှောက်ရပြန်ပါတယ်။ ဥပမာ Cardiology ဆိုပါတော့ နောက်ထပ် ၆နှစ် (တချို.ဘာသာရပ်တွေက ၅နှစ် ဒါမှမဟုတ် ၄နှစ်တွေပါ) ဆက် Training ယူရပြန်ပါရော။ အဲဒီဘာသာရပ်တခုမှာ အဲဒီလောက် ကြာကြာ Training ယူပြီးတော့ နောက်ဆုံး အားလုံး အဆင်ချောစွာ ပြီးသွားပြီဆိုရင် "Completion Certificate of Specialty Training" ရပါပြီ။ သက်ဆိုင်ရာ ဘာသာရပ်မှာ NHS ဆေးရုံတွေမှာ Consultant အလုပ်ကို လျှောက်ယူရလို. ရပါပြီ။ ဒီ CCST ကိုကိုင်ထားရင် australia တို. Singapore တို.ကလဲ အသိအမှတ်ပြုတယ်လို. သိရပါတယ်။ ဘယ်လောက် မှန်သလဲ ဆိုတာတော့ ကျမ မသိပါ။ 

အင်္ဂလန် လခကတော့ Trainee ဘဝမှာ (Tax 40%) နှုတ်အပြီးမှာ ကိုယ်ဘယ်ဆေးရုံ နာရီဘယ်လောက် ဆိုတာတွေပေါ်မူတည်ပြီး တလ အင်္ဂလန်ပေါင် ၂၀၀၀ လောက်ကစလို. ၄၀၀၀ လောက် အထိရပါတယ်။ ဒါကျမ အလွန် ယေဘုယျဘဲ ပြောတာဖြစ်ပြီး အလုပ်ပိုလုပ် ပိုက်ဆံပိုရှာတဲ့သူတွေ၊ GP အလုပ်တွေ ထဲ့မပြောထားပါဘူး။ Consultant ဖြစ်သွားပြီဆိုရင်တော့ အခြေခံလစာက တနှစ်ကို ပေါင် ၇သောင်းခွဲ ၁သိန်းလောက် ကစတယ်လို. ဆိုပါတယ်။ ပိုက်ဆံရှာချင်ရင်တော့ Private အလုပ်တွေ ထပ်လုပ်နိုင်ပါတယ်။ လုပ်ချင်ရင်ပေါ့။ နေစရိတ် ဈေးကြီးတာ၊ Tax များတာ၊ အခု ပေါင်ဈေးကျတာတွေနဲ. အားလုံးပေါင်းလိုက်ရင် အမေရိကလောက်တော့ ငွေကြေး ချမ်းသာချင်မှ ချမ်းသာပါလိမ့်မယ်။ 

ကောင်းတာက NHS အလုပ်ဖြစ်တဲ့ အတွက် အလုပ်အလွန် ခိုင်မာပြီး အသက်ကြီးရင် ပင်စင်ဆိုတာတွေ။ နေမကောင်းရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိလာရင် ၆လ လခပြည့်၊ နောက်၆လ လခတဝက် ထောက်ပံကြေးရတာတွေ ဆိုတာရှိပါတယ်။ ခွင့်ရက် တနှစ်မှာ ၃၂ရက်နဲ. Study Leave (စာသင်သွားတာ၊ Course သွားတက်တာ၊ စာမေးပွဲဖြေတာ ဆိုတာတွေအတွက်) တနှစ်မှာ ရက် ၃၀ ခွင့်ရပါတယ်။ အမေရိကမှာ အဲဒီလောက် မများဘူးထင်ပါတယ်။  လူနာတွေ အတွက် Free Health care ဖြစ်တော့ အမေရိကလောက် တရားရေးတွေ မများဘူးလို. ကျမထင်ပါတယ်။ မှားရင် မှားပါလိမ့်မယ်။ 

အဲဒီ အချိန် USMLE ဖတ်နေတုန်းကတော့ ကျမလဲ တော်တော့ ဇဝေဇဝါ အမေရိက ပြောင်းရမလား၊ မပြောင်းရလားနဲ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအင်္ဂလန်မှာ တော်တော် အခြေကျနေပြီဆိုတော့လဲ၊ အပျင်းကလဲထူနေပြီဆိုတော့လဲ ...