Menu bar

6 July 2012

နေ.စဉ်တွေထဲမှ တညနေခင်း

ကျမတို. ဆေးရုံမှာ Clinic ထိုင်ပြီဆိုရင် လူနာတယောက်ကို နာရီဝက် Book လုပ်ပါတယ်။ (တခြား အထူးကု ဘာသာရပ် တွေမှာတာ့ ၁၅မိနစ် မိနစ်၂၀ ဖြစ်မလား) အဲဒီတော့ ပုံမှန်ဆိုရင် ကျမတို. တညနေ ဆေးခန်းမှာ လူနာ ၆-ယောက် ၇-ယောက်လောက် ကြည့်ရတတ်ပါတယ်။ ကျမလုပ်တဲ့ အလုပ်နဲ. မနေ.က ကျမရဲ့ ဆေးခန်းလေး အကြောင်းပြန်ပြောရရင် ...

၁။  ။မာရသွန် အပြေးသမား ညာဘက် ခြေသလုံးရှေ.က အရိုးမှာ ပြေးလိုက်တိုင်း နာနေလို.တဲ့။ ထင်တဲ့ အတိုင်း ဓါတ်မှန် ရိုက်လိုက်တော့ “Stress Fracture”.. 
Stress fracture က မာရသွန် တာဝေး အပြေးသမားတွေ (အထူးသဖြင့် endurance exercise လုပ်တဲ့ သူတွေနဲ.) အသက်ကြီးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးပါးလာ အားနဲလာတာနဲ့ (Osteoporosis) အရိုးကို အနားမရ တအားသုံးလို. ဖြစ်တတ်ပါတယ်။ ဘယ်လို ကုမလဲ ဆိုတော့ ကယ်လစီယမ်တွေ လုံလောက်အောင်စား၊ ဗိုက်တာမင် ဒီ အားမနဲအောင်နေ၊ ပြီးတော့ အရိုးကို အနားပေးရတာပေါ့။ ဒီမှာတော့ Air Cast Boot လို.ခေါ်တဲ့ ဖိနပ် ထူထူကြီးနဲ. ၈-ပတ်လောက် စီးခိုင်းရပါတယ်။ ကဲ ဒီအကြောင်း ပြောရင် ပြောစရာတွေ အများကြီးမို. ဒီမှာပဲရပ်။ နောက်တယောက် သွားမယ် .... 


၂။  ။၆၅ နှစ် cricket နဲ. basketball အတော် ကစားတဲ့သူ အခု ဒူးနာလို.တဲ့။ ဓါတ်မှန်မှာ ဒူးက အရိုးကျည်းပေါင်း တက်တယ် ခေါ်သလား Osteoarthritis (Wear and Tear arthritis) ဖြစ်နေပါပြီ။ အသက်က ကြီးလာတာရယ် အသုံးများလွန်းတဲ့ ဒူးရယ်ကြောင့်ပါ။ ဒါနဲ. ဒူးကို အထောက်အကူ လုပ်ထားရတဲ့ ကြွက်သားတွေ သန်မာအောင် ဘယ်လို အားကစား လုပ်ရမယ်ဆိုတာ သင်ပြ။ မသက်သာရင် ဒူထဲ ဆေးထိုးပေးမယ် ပြောရပါတယ်။ အရင်ကတော့ ဒူးထဲကို ထုံသွားစေတဲ့ Local Anasthetic နဲ. Steroid ထိုးပေမယ့် အခု အဆစ်ထဲမှာ ဂျယ်လီ ကူရှင်လို လုပ်ပေးနိုင်တဲ့ Hyalorunic acid ဆိုတာ ကို ထိုးပါတယ်။ 

၃။  ။၂၅နှစ် Fencer .. အားကစား လုပ်ရင်း ၆လ ကျော်ကျော်တုန်းက hamstring strain (ပေါင် အနောက်ဘက်က ကြွက်သား ဒါဏ်ရာ) ရသွားပြီး အဲဒီထဲက မသက်သာလို.ဆိုပြီး ဂျိုင်းထောက်နဲ့ လမ်းလျှောက်နေတာ။ ရိုက်ထားတဲ့ တန်ဖိုးကြီး ဓါတ်မှန်တွေအားလုံး (Ultrasound, MRI) ကလဲ ပုံမှန်ဘဲ။ ကြွက်သား ပြတ်နေတာ၊ ဒါဏ်ရာရှိနေသေးတာတွေ မတွေ.။ အဲဒီတော့ “ကဲ ကောင်မလေးရေ နင် ဒီ ဂျိုင်းထောက်ကို အခုထိ မလွှတ်ပြစ်ပဲ ကိုယ့်ကိုယ် သနား နေတာနဲ. ညှာနေတာနဲ. နင် Chronic Pain syndrome ဆိုတာဖြစ်သွားပြီး၊ တသက်လုံး ဂျိုင်းထောက်နဲ့ နေနေရမယ်။ အခု ဒီ ဂျိုင်းထောက်ကို ထားခဲ့၊ သွားပြန်တော့” ..


နောက်တယောက် ....

၎။  ။စစ်တပ်က ဗိုလ်ကြီး တယောက် လေ့ကျင့်ခန်းလုပ်တိုင်း ပေါင်ခြံမှာ နာနေလို.တဲ့။ ထင်ရတာ ?Sportsman Hernia (ပေါင်ကြားမှာ အားနဲပြီး ဗိုက်ထဲက အရာတွေ ပေါင်ခြံက အပေါက်ကလေးကနေ ထိုးကျွန်လာတာမျိုး) အင်းသူ.ရဲ့ ပေါင်ခြံနှိုက် hernia orificies ကို စမ်းဖို.ရာ  .... HELP! I need chaperone please!

၅။  ။ကောင်လေး ငယ်လေး ၁၆နှစ်၊ သူအဖေက ဖိနပ်တွေ လုပ်တဲ့ အလုပ်မျိုး။ ကောင်လေးက ပြေးလိုက်တိုင်း ပေါင်ဘေး ခြေသလုံးဘေးမှာ နာနေတယ်။ အဖေက သူ.သားရဲ့ လမ်းလျှောက်ပုံ ပြေးတာတွေက သိပ်ပုံမှန် မဟုတ်ဘူးထင်တယ်။ မှန်ပါ့။ သားရဲ့ ခြေထောက်မှာ ထောက်ကန်ပေးထားတဲ့ Foot Arch ဆိုတာ မရှိဘဲ Flat feet ကြီးနဲ့ ခြေထောက်က လိမ်ပြီး ပြေးနေတာကိုး။ လွယ်ပါတယ် Gait assessment ဌာနကို လွှဲ၊ လမ်းလျှောက်တာ သေချာ တိုင်းထွာ စမ်းသပ်၊ သူ.ရဲ့ ခြေထောက်နဲ. သင့်တော်တဲ့ ဖိနပ်နဲ. ဖိနပ်ထဲ ခံပေးတဲ့ Insole shoes ရှာပေး၊ ဒါပဲပေါ့ ...

၆။  ။လူနာ မလာဘူး၊ Cancelled appointment တဲ့၊ အိုး ပျော်လိုက်တာ အိမ်စောစော ပြန်ရမယ် .... 

ဒီလိုနဲ ဌာနထဲက ထွက်အလာ။ *တင်တောင် .. တင်တောင်* “အမ် အဲဒါ အရေးပေါ် ခေါင်းလောင်း၊ ဘာဖြစ်ပါလိမ့်” ပြေးသွားတော့ လူနာတယောက် အဆစ်ထဲ ဆေးထိုးနေတုန်း မူးလဲသွားလို.  .. လူနာက ကျမ်ပျဉ်ပေါ်မှာ ထိုးပေးနေတဲ့ သူက အပ်ကြီး တန်းလန်းကိုင်လို.  ... ဟင်း အိမ်စောစောပြန်လို. ရတော့ဘူး။ ဘာကြောင့်များ ဒီလို အချိန်ကို ရွေး မူးလဲရတာလဲ နော် .....