Menu bar

7 June 2012

Life as a Foreign doctor (3)

ဒီရက်ပိုင်း လုပ်စရာတွေ Assessments တွေ များနေတာနဲ. စာတောင် မရေးဖြစ်တာ ကြာသွားပါပြီ။ Stress နဲနဲ များသွားပြီး စာရေးဖို.လဲ ခေါင်းထဲက ဘာမှမထွက် ဖြစ်နေတာကြောင့်ပါ။ အခုတော့ TV လေးကြည့်၊ ကော်ဖီလေးသောက်ပြီး၊ အေးအေးဆေးဆေး နားရင်း အရင် ချန်လှပ်ထားတဲ့ နေရာကနေ စာဆက်ရေးလိုက်ပါဦးမယ်။

ဒီအင်္ဂလန်မှာ အလုပ်လျှောက်မယ် ဆိုတော့ ကျမရောက်ခါစတုန်းကတော့ ဆေးရုံတခုစီကို သပ်သပ်စီ လျှောက်ရပါတယ်။ ကိုယ်လိုချင်တဲ့ အလုပ်ကို BMJ လို၊ nhs jobs လို website တွေမျိုးမှာ ရှာပြီး ဆေးရုံတခုစီကို လျှောက်လွှာတွေ ပို.ရပါတယ်။ တချို.ဆို အဲဒီလိုဘဲ လျှောက်တာ အစောင် ၁၀၀ ကျော်လျှောက်တာတောင် အလုပ်မရသေး ဆိုဘဲ။ ကျမလဲ Plan B တွေ၊ C တွေလဲ ချတန်တာ ချလို.၊ ကိုယ်နဲ. သင့်တော်မယ့် အလုပ်မျိုးလဲ ရှာပေါ့။ ကျမကတော့ သူများတွေလို အလုပ်ဘယ်နှစ်ခု လျှောက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မရှိခဲ့ပါဘူး။ တကယ် ကိုယ်နဲ. အဆင်ပြေမယ့် အလုပ်မျိုးကို  သေသေချာချာ ရှာပြီး လျှောက်လွှာ တခုဆို တခု သေသေချာချာ ဖြည့်ခဲ့ပါတယ်။ 


ဒီမှာ အလုပ်လျှောက်လွှာတွေ အကြောင်း ပြောရရင် တချို.ဆေးရုံတွေကတော့ ကိုယ့်ရဲ့ CV ပဲ တောင်းပေမယ့် အလုပ် အများစုကတော့ Application forms တွေ ဖြည့်ခိုင်းပါတယ်။ လျှောက်လွှာတွေက ဥပမာ ကိုယ်ခေါင်းဆောင်ပြီး လုပ်ခဲ့တဲ့ အလုပ်တခု အကြောင်း စာလုံး ၁၅၀ ရေးပါ၊ ကိုယ်လုပ်ခဲ့တဲ့ Audit, research, teaching၊ စိတ်ဝင်စားစရာ လူနာ တယောက်အကြောင်း စတာတွေ စာလုံးရေ ၂၀၀ သို. ၃၀၀ အစရှိသဖြင့် မေးခွန်းလေးတွေ  ဖြည့်ခိုင်းတာ များပါတယ်။ ခေါင်းခြောက်စရာ စာစီစာကုံးရေးနေရတဲ့ အတိုင်းပါဘဲ။ ကျမတော့ အင်္ဂလိပ် လူမျိုး သူငယ်ချင်းကောင်းတွေ ရလာတာကြောင့် သူတို.က ကူညီပေးတာတွေလဲ ရှိခဲ့တော့ ကံကောင်းတယ်လို. ဆိုရမလားဘဲ။ ဒီလိုနဲ. ထပ်ဆင့်ကံကောင်းတာက အလုပ် လျှောက်လွှာ ၈-ခုမြောက်မှာ အင်တာဗျူး ၂ခု အခေါ်ခံရပါတယ်။


အခုတော့ ဒီနိုင်ငံမှာ တနှစ်တာအတွက် အလုပ်စတာက August မှာ ဖြစ်ပြီး၊ အလုပ်တွေ စခေါ်တာက နှစ်အစပိုင်းမှာပါ။  January လောက်ဆို Application Forms တွေစဖြည့်ရပါတယ်။ March/April လောက်ဆို အင်တာဗျူးတွေ စပါပြီပေါ့။ အခုတော့ အလုပ်လျှောက်တာက Nationalised လုပ်ထားတာ ဆိုတော့ အလုပ်လျှောက်လွှာ တခုပဲ ဖြည့်ဖို.လိုပါတယ်။ (ဟင်း .. တော်တော် သက်သာသွားပြီနော)။ ဒီလျှောက်လွှာတွေကို နာမည် လူမျိုးဆိုတာတွေ မမြင်ရအောင် ဖျက်ထားပြီး (Discrimination မရှိအောင်ပါ)၊ အလုပ်ခန်.မယ့်သူတွေက ကိုယ်ရေးတာတွေဖတ်၊ အမှတ်တွေ Score လုပ်ကြပါတယ်။ တနိုင်ငံလုံး လျှောက်ကြတာတွေယှဉ်ပြီး အမှတ်အများဆုံးရတဲ့ သူတွေကို အင်တာဗျူး ခေါ်တာပေါ့။ 


ဒါကြောင့် ဒီနိုင်ငံကို လာဖို. ပြင်ဆင်နေသူများ ဆိုရင်တော့ အလုပ်လျှောက်တဲ့ အချိန် အမှီ စာမေးပွဲ ဖြေပြီးသားဖြစ်အောင်၊ စာမေးပွဲအောင်ပြီးတော့လဲ GMC registration အဆင်သင့်ဖြစ်နေအောင် သေသေချာချာ အချိန်ကိုက်ပြီး လာသင့်ပါတယ်။ နို.မဟုတ်ရင် ဒီနိုင်ငံမှာ သောင်တင်နေပါလိမ့်မယ်။ ဒီမှာ GMC registration မရှိဘဲ အလုပ်လုပ်လို. မရပါ၊ PLAB စာမေးပွဲအောင်မှ မြန်မာနိုင်ငံက ဘွဲ.လက်မှတ်၊ IELTS လက်မှတ်၊ MMC ရဲ. Goodstanding ဆိုတာတွေနဲ. GMC registration လျှောက်ယူရပါတာပါ။


တကယ့် National Application ကို အချိန်မမှီခဲ့ရင်တော့၊ ဒါမှမဟုတ် လျှောက်တာ အဆင် မပြည်ဘူး ဆိုရင်တော့ ဒီမှာ Non Training Jobs ဆိုတာတွေလဲ ရှိပါတယ်။ ဒါမှမဟုတ် Drop-out posts လို.ခေါ်တဲ့ Training job မှာမှ အလုပ် Offer ရထားပြီးသား သူတွေက ပိုကောင်းတဲ့ အလုပ်ကို ရလို. ထွက်သွားတာတွေကို ပြန်ဖြည့်တဲ့ အလုပ်တွေလဲ ရှိပါတယ်။  


ဒီတခေါက် Post ကတော့ ပျင်းစရာ စာတွေပဲရေးပြီး နားလိုက်ပါဦးမယ်။ နောက်မှ ဆက်တာပေါ့နော။ 


Life as a Foreign doctor(2)

Life as a Foreign doctor (1)