ကိုယ့်နိုင်ငံ မဟုတ်ပဲ နိုင်ငံခြားမှာ အလုပ်လုပ်ချင်၊ ပညာ သင်ချင်တယ် ဆိုရင်တော့ အများအားဖြင့် အခက်အခဲ တွေ.ရတတ်တာတွေက ဗီဇာပြဿနာပါ။ အင်္ဂလန်ကို လာမယ်ဆို ဗီဇာလျှောက်ရင် PLABစာမေးပွဲလာဖြေမယ့် (PLAB visa) အလည်လာတဲ့ (Visit visa) တချို.လဲ ကျောင်းတက်မယ်ဆိုပြီး (Student visa) အမျိုးမျိုး ရှိပါတယ်။ Student visa ကလွဲလို. အများအားဖြင့် ဗီဇာက ၆-လ ပေးတာများပါတယ်။ ဒီ ၆လ အတွင်း ဖြေရမယ့် စာမေးပွဲတွေ အလုပ် လျှောက်တာတွေ အဆင်ပြေသွားရင်တော့ ပြီးရောပေါ့။ စာမေးပွဲ မအောင်သေးလို. အလုပ်မရသေးလို. ဗီဇာကို ရက်ထပ်တိုးရရင် တခါတိုးဖို. ပေါင်စတာလင် ၅၀၀ ကျော် ပေးရပြန်ပါတယ်။ နဲတဲ့ ပိုက်ဆံ မဟုတ်ပါ။
အလုပ်ရပြီ ဆိုရင်တော့ အလုပ်လုပ်ဖို. Work permit visa ပြောင်းလျှောက်ရပါလိမ့်မယ်။ အခု တနိုင်ငံလုံး အတိုင်းအတာနဲ. Work Permit တွေကိုလဲ ဘယ်နှစ်ယောက်ပဲ ထုတ်ပေးရမယ် ဆိုတာ သတ်မှတ်ထား သလို၊ ဒီမှာ work permit visa နဲ. နောင်ဆို ၅နှစ်ထက် ကျော်ပြီး မနေရဘူးဆိုတာမျိုးတွေလဲ ကြားမိပါတယ်။ ဒီ Immigration rules တွေက အမြဲပဲ ပြောင်းလဲနေတာမို. အင်္ဂလန် လာမယ် ရည်ရွယ်ရင်တောံ့Home office Website (Link) မှာ သေသေချာချာ ဖတ်ကြည့်သင့်ပါတယ်။ အခုက အင်္ဂလန်မှာ အလုပ်က မခက်ပါ။ ဒီ ဗီဇာနဲပဲ ဒုက္ခရောက်နေကြတာ များပါတယ်။
ပညာရေးနဲ. ပက်သက်ရင်တော့ မြန်မာပြည် ဆေးကျောင်းက ဆရာကြီး ဆရာမကြီးတွေ သင်ပေးလိုက်တာနဲ.တင် ဒီမှာ မျက်နှာမငယ်ရပါ။ ကျမ ရောက်ခါစ အလုပ်လုပ်ခါစကဆိုရင် ဒီက သူငယ်ချင်းတွေ ဆရာတွေရဲ့ ချီးကျူးတာ အမြဲခံပါတယ်။ ဒီမှာက မြန်မာပြည်လိုတော့ အလုပ်ဝင်ပြီးရော မဟုတ်ပါ။ တပတ်မှာ ၃-ရက်လောက်က စာသင်ချိန်၊ ဂျာနယ်ဖတ်ပြီး ဆွေးနွေးတဲ့ အချိန်၊ စိတ်ဝင်စားစရာ လူနာအကြောင်းတွေ၊ ဓါတ်မှန်တွေ ဆွေးနွေးတဲ့ အချိန်တွေ ဆိုပြီး ရှိပါတယ်။ နောက် သင်တန်းသွားဖို.၊ စာမေးပွဲ ဖြေဖို.၊ စာမေးပွဲ အတွက် အိမ်မှာ စာကျက်ချင်လို. အစရှိသဖြင့် (Study Leave) ဆိုပြီး တနှစ် ၃၀ရက် ခွင့်ယူလို.ရပါတယ်။ ကျမရောက်ခါစက ဆိုရင် သွားသမျှ သင်တန်းအားလုံးအတွက် ခရီးစရိတ်၊ သင်တန်းကြေး၊ (တချို.ဆိုရင် နေစရိတ်ပါ) အကန်.အသတ် မရှိ ဆေးရုံက အားလုံး တာဝန်ယူပေးပါတယ်။ အခုတော့ အင်္ဂလန်ကြီးလဲ မွဲပြာကျလာပြီဆိုတော့ Funding က Trainee Doctor တယောက်ကို တနှစ်ကို ပိုက်ဆံ ဘယ်လောက်ပဲပေးတော့မယ်။ ကျန်တာ ကိုယ့်ဘာသာ ကိုယ်အိပ်စိုက် ဆိုတာတွေ ဖြစ်နေပါပြီ။
ကျမအတွက်တော့ အလွန်ကံကောင်းစွာ ပထမဆုံး အင်တာဗျူးမှာဘဲ အလုပ်ရ၊ အဲဒီအလုပ်ကိုဘဲ ယူဖြစ်ခဲ့ပါတယ်။ အလုပ်က Isle of Man လို.ခေါ်တဲ့ အင်္ဂလန်ရဲ့ ဟေားလီးဒေး ကျွန်းမြို.ကလေးမှာပါ။ အလွန်သာယာပါတယ်။ မကောင်းတာ တခုက သူက United Kingdom ရဲ့ လက်အောက်ခံ ဆိုပေမယ့် သူ.အစိုးရနဲ.သူ၊ သူ.ပိုက်ဆံနဲ.သူပါ။ နောက်ပိုင်း အလုပ်ပြောင်း UK ပြန်ရောက်လာတော့ သိပ်အကြီးအကျယ် မဟုတ်ခဲ့ပေမယ့် Visa နဲ.ပက်သက်ပြီး နဲနဲ စကားပြောခဲ့ရတာတွေ ကြုံခဲ့ပါသေးတယ်။ အဲဒီတော့ အရင်က ခေါ်ခံထားရတဲ့ အင်္ဂလန်ထဲက ဒုတိယ အင်တာဗျူးသွားမိ အကောင်းသားလို.လဲ မကြာခဏ ပြန်တွေးမိပါသေးတယ်။ တော်ပါသေးရဲ့ ဒီကာလတွေ လွန်မြောက်သွားပြီ မို.သာဘဲ။
အလုပ်စမယ်ဆိုတော့ ဒီမှာ ပထမဆုံးနေ. Induction ဆိုတာ သွားရပါတယ်။ အဲဒီတုန်းက လခပေးဖို. ဘဏ်ကိစ္စ၊ GMC registration၊ Resuscitation training၊ ကူးစက်ရောဂါတွေ စစ်တာ (HIV, Hepatitis B, C, MRSA, BCG scar ..) အစရှိသဖြင့် စစ်ရပါတယ်။ အဲဒီမှာ ရယ်စရာ တခု မှတ်မိပါသေးတယ်။ ကျမတို.အာလုံး MRSA (Methicillin resisitant Staph aureus)(Super bug လို.လဲခေါ်ပါတယ်) Screening ဆိုပြီး လည်ချောင်း၊ နှာခေါင်းနဲ. ပေါင်ခြံကြားကနေ ဝါဂွမ်းကလေးနဲ အသာလေး တို.ပြီး swab ယူရပါတယ်။ အဲဒီမှာ ကျမ သူငယ်ချင်း တယောက်က နားကြားလွဲပြီး ပေါင်ခြံကြားက swab မယူဘဲ စအိုပေါက်ကနေ swab ယူပေးလိုက်သတဲ့။ နောက်တနေ. အဲဒီ Swabကနေ ရောဂါပိုးသောင်းခြောက်ထောင် ပေါက်လာတော့မှ Occupational health ကလူတွေ မျက်လုံးပြူးသွားရတာပေါ့။ ဒါပေါ့ လူရဲ့ ပေါင်ခြံမှာ ရောဂါပိုး သိပ်မနေပေမယ့် စအိုပေါက်ဆိုတာ ရောဂါပိုးမွှားတွေ စုံစိနဖာ ရှိတတ်တဲ့ နေရပဲလေ ..။ အလုပ်ထဲကို Occu health က လူတွေ သူငယ်ချင်း နာမည်ခေါ်ပြီး *အရေးပေါ် လာတွေ.ပါ* ဆိုလို. ကျမတို.တွေ အားလုံး အတော်လေးကို ဟားခဲ့ရပါတယ်။