Photo taken from Ralph Lauren website |
ငယ်ငယ်စဉ် အဖြူအစိမ်းနဲ. ကျောင်းတက်တဲ့အချိန် ကျောင်းစိမ်းလုံခြည်လေးတွေ ဝတ်ရတဲ့ အချိန်က ကျမ ဝက်ဝံတံဆိပ် လုံခြည်လေးတွေပဲ ဝတ်မိတာ မှတ်မိလို.နေပါတယ်။ ကျမမှာ ရှိတဲ့ ဝက်ဝံ ၂ထည်ထဲကိုပဲ နေ.စဉ် အဲဒါခြည်းပဲ ဝတ်မိခဲ့တာလဲ မှတ်မိပါတယ်။ ဘာကြောင့်ရယ် မသိ အဲဒီတုန်းက တခြား လုံခြည်အစိမ်းတွေ ရှိသေးရဲ.သားနဲ. မဝတ်ခဲ့ မဝတ်ချင်ခဲ့။
ဒါနဲ. တက္ကသိုလ်တက်တဲ့ အချိန်ရောက်တော့ စာတွေကများတော့ ဈေးဝယ်ချင်တဲ့ စိတ်တွေ အလိုအလျှောက်ကို နဲသွားတယ်ထင်ပါရဲ. အဝတ်အစား ကိစ္စ အမေ့ကိုပဲ တာဝန်လွှဲပေးထားခဲ့ မိပါတယ်။ အဲဒီတုန်းကတော့ အမေဆင်ပေးခဲ့တဲ့ စိန်မိုက်ကယ်အတု ဝမ်းဆက်လေးတွေ ရောင်စုံ ဝတ်ခဲ့ရပါတယ်။ အစစ်က ဈေးကြီးလွန်းပြီး အစစ်နဲ. အတုနဲ. ဘာမှလဲ ကွာတာမတွေ.တော့ အတုနဲ.ပဲ ကျေနပ်ခဲ့တယ် ဆိုပါတော့။ 3rd MB ရောက်တဲ့ အချိန်ကစလားမသိ မေမေက ဆင်ပေး ချုပ်ပေးခဲ့တဲ့ ဇာအကျီ ရောင်စုံလေးတွေလဲ မှတ်မိခဲ့ပါတယ်။ အမျိုးအစား တမျိုးဆို တမျိုးထဲပဲ ပြန်လှန်လဲဝတ်တတ်တဲ့ ကျမ အဲဒီတုန်းကတော့ စိန်မိုက်ကယ်ရယ် ဇာအကျီ င်္လေးတွေရယ်ဟာ ကျမအတွက်တော့ ကျမ ကိုယ်ပိုင် ဒီဇိုင်းလေးတွေပဲ ဆိုပါတော့။
ဒီလိုနဲ. အင်္ဂလန်ရောက်တော့ အမေ့အားကိုးလို. မရတော့။ ကိုယ့်အကျီ င်္ကိုယ်ဆင်ရပါတော့တယ်။ ရောက်ရောက်ချင်းကတော့ Fashion Failure ပဲဆိုပါတော့၊ ကျမဝတ်လိုက်သမျှ အူကြောင်ကျား စတိုင်က ဖိုးရိုးဖားယား၊ အရောင်တွေက ကိုးရိုးကားယားပေါ့။ သူများဘာပြောပြော ကျမကတော့ ကိုယ်စိတ်ချမ်းသာဖို. အဓိကဆိုတဲ့ မူနဲ.ပဲ နေဖြစ်ခဲ့ပါတယ်။ အခုထိ အရမ်းခင်တဲ့ အသက် ၈၀ကျော် အင်္ဂလိပ်အဖိုးကြီး တယောက်ကဆို ကျမနဲ.သူ ဆေးရုံမှာ ပထမဆုံး စတွေ.တဲ့နေ.က March လကြီးထဲ ကျမ Christmas အကျီ င်္ကြီးဝတ်ပြီး ဆေးရုံဆောင်ထဲမှာ ရပ်နေတာ သူ.အတွက်ဘယ်လောက် ထူးဆန်းပြီး ထင်ရှားထူးခြားတဲ့ မြင်ကွင်းတခု ဖြစ်ခဲ့တယ်ဆိုတာ အခုထိ ပြောနေတုန်းပါ။
ဒီလိုနဲ.ဒီနိုင်ငံမှာ အခြေလေးနဲနဲကျလာ၊ အသားကျလာတော့ တချို. အမျိုးသမီးလေးတွေ ဝတ်တဲ့ ရှပ်အင်္ကျီလေးတွေကို သတိထားမိလာပါတယ်။ ကျမစိတ်ထဲမှာ Smart ကျတယ်။ Classy ဖြစ်တယ်။ Fashion လဲ ဆန်တယ်လိုထင်ပါတယ်။ ကျမကလဲ ဘယ်အရာမဆို ဘာပဲလုပ်လုပ် ကျမရဲ. ကိုယ်ပိုင် Criteria တွေ ချလုပ်တတ်တာကိုး။ အင်္ကျီဝယ်တော့လဲ ကျမရဲ. Criteria တွေဖြစ်တဲ့ လည်ပင်း မဟိုက်ရ၊ လက်မပြတ်ရ၊ သိပ်မပါးရ၊ ကိုယ်သိပ်ကျပ်တာမဖြစ်စေရ .. ဆိုတာတွေနဲ. ကိုက်ညီတဲ့အကျီ င်္တွေက ဒီနိုင်ငံမှာ ရှာဖို. သိပ်မလွယ်ကူခဲ့ပါ။
ဒါပေမယ့် Women Shirts တွေကတော့ ကျမလိုချင်တဲ့ အချက်တွေနဲ. ပြည့်တဲ့ အပြင် ကျမမျက်စိထဲတော့ အတော် အချိုးပြေတာကိုး။ နေ.စဉ် အလုပ်သွားလဲ ဝတ်လိုရတယ်၊ အင်တာဗျူး စာမေးပွဲ Viva တွေ သွားလဲ ဝတ်လိုရတယ်။ ရုပ်ရှင်ထဲက CSI လို စုံထောက်မေတွေလဲ အဲလို ရှပ်တွေနဲ. ဝတ်တော့ Professional ပုံပေါက်သွားပါတယ်။
ဒါပေမယ့် ခက်တာက ကျမလို ဂျပု ခါးတို ခါးတုတ်အတွက် ဒီနိုင်ငံက အရပ် ၆ပေမြင့်တဲ့ အမျိုးသမီးတွေအတွက် ချုပ်ထားတဲ့ Shirts တွေနဲ.က ပုံမကျပြန်။ တနေ.မှာတော့ ကံကောင်းစွာနဲ. Sales ချနေတဲ့ Designer Outlet မှာ ဈေးဝယ်ထွက်တုန်းမှာ Ralph Lauren Polo Shirts တွေတွေ.လို. စမ်းဝတ်ကြည့်လိုက် မိတာ ကျမနဲ. အံဝင် ပုံအကျဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ. အပျော်လွန်ပြီး အဲဒီက ရှပ်၎ထည် ဝယ်လာဖြစ်ခဲ့ပါတယ်။ ဝယ်ပြီး အဲဒါကိုပဲ မချွတ်တမ်းဝတ်ဖြစ်ခဲ့တာ။ နောက် Designer outlet သွားတိုင်း ထပ်ထပ်ဝယ်ထားတာ အခုတော့၎နှစ်အတွင်းမှာ အထည် ၂၀ရှိပါပြီ။ (အခုပဲ ဗီဒိုထဲ ရေတွက်ခဲ့တာနော်)။
ကျမ မနက်မနက် ဆေးရုံ အလုပ် သွားမယ်ဆို ဘယ်ဟာဝတ်ရမယ် ထိုင်စဉ်းစားစရာ မလို အဲဒီ Shirts တွေထဲက အလှဲ.ကျတဲ့ တထည်ကောက်စွပ်၊ CK နဲ. Tommy Hilfiger က Discount နဲ. ဝယ်ထားတဲ့ ဘောင်းဘီရှည် ၄ထည်ထဲက တထည်ဆွဲဝတ်ပြီး အလုပ်သွားဖြစ်တော့တာပါပဲ။ မနက် မနက်ဆို အိပ်ချင်မူးတူးနဲဆိုတော့ အဝတ်အစားအတွက် အချိန်ပေး သိပ်စဉ်းစားနေစရာ မလိုတော့ဘူးပေါ့။
ဘာရယ်မဟုတ် ဒီစာရေးဖြစ်သွားတာက မနေ.က ကျမကို အလုပ်မှာ အသိတွေက ကျမက အဝတ်အစား ကောင်းကောင်းတွေပဲ ဈေးကြီးပေး ဝတ်ကြောင်း ချီးကျွေးတာ ခံလိုက်ရလို.ပါ။ မကြာခဏ ကျမ အဲဒီစကား အပြောခံခဲ့ရပါတယ်။ ဟဲ့ နင့်မှာ အဲဒီ အကောင်းစား ရှပ်အင်္ကျီတွေ ဘယ်နစ်ထည်တောင်ရှိလဲ ဆိုပြီးတော့လဲ အမေးခံရတတ်ပါတယ်။ ဒီရှပ်တွေက တကယ့်ဈေး အမှန်က ပေါင် ၇၀၊ ၈၀ ကျော်တတ်ပေမယ့်၊ ကျမက ဈေးချတုန်းပဲ ဝယ်တော့ တထည် ပေါင် ၂၀ကျော်ပဲ ပေးရတာပါ။ အမှန်က ကျမအကျီ င်္အရည်အတွက်ကလဲ သိပ်မများပါ။ အရောင်တွေက ခပ်ဆင်ဆင် အားလုံးကလဲ အစဉ်းလေးတွေနဲ. ဆိုတော့ များတယ်လို. အထင်ခံရတာပေါ့။
ဒါက ဆေးရုံသွားတဲ့ နေ.တွေကို ပြောတာပါ။ အရေးပေါ်ဌာနမှာဆိုရင်တော့ Scrub ဝတ်ရပြီး၊ တခြား အားကစားနေ.ဆိုရင်တော့ ဘောလုံးအသင်းရဲ. Shirts/kits ဒါမှမဟုတ် အင်္ဂလန် ဝတ်စုံ FA ဝတ်စုံ အစရှိသဖြင့် လိုအပ်သလို ဝတ်သွားရပါတယ်။