Menu bar

22 January 2013

International medical graduates (IMGs)

မြန်မာ ဆရာဝန်များ နိုင်ဂံဂျား သွားချင်သူများ အခုတလော နိုင်ငံတကာ မှာ အတော်လေး ခက်တယ် ကြပ်တယ် ကြားမိပါတယ်။ 

တလောကမှ အမျိုးတယောက် လောလောလတ်လတ် ဆေးကျောင်း နဲ. House ပြီးလို. Australia သွားချင်တယ်ဆိုလို. စုံစမ်းတော့မှ Australia မှာ ဆရာဝန် အလုပ် လိုချင်တာရဖို. ဘယ်လောက်ခက်ကြောင်း ဘယ်လောက်ကြာအောင် စောင့်ရကြောင်း သိရပါတော့တယ်။ သူတို. နိုင်ငံရဲ့ ဘွဲ.ရတွေတောင် ဘွဲ.ရပြီးပြီးချင်း အလုပ် တန်းမရလို. စောင့်နေရကြောင်း စာစောင်တခုမှာ ဖတ်လိုက်ရပါတယ်။ 

အမေရိကမှာလဲ Residency ရဖို. ဆိုတာ မလွယ်ဘူးဆိုတာ ဟိုးအရင်ထဲက အားလုံး သိကြမှာပါ။ အခု မလွယ်တာတင် မဟုတ်တော့ဘဲ တော်တော် မဖြစ်နိုင်လောက်အောင်ကို ခက်လာတယ် ဆိုတာ အသိနဲ. အမျိုးတွေဆီက ကြားမိပါတယ်။ ၂၀၁၅ဆိုရင် သူတို.နိုင်ငံရဲ. ဘွဲ.ရ အရေအတွက်ဟာ ရှိတဲ့ Residency အလုပ် အရေအတွက်ထပ်တောင် ပိုများမယ်တဲ့။ အမေရိက သွားရန် စဉ်းစားနေသော လူငယ် ဆရာဝန်များ ဒီ Link ကို မဖတ်မဖြစ် ဖတ်ကြည့်ကြပါလို. တိုက်တွန်းပါတယ်။


အင်္ဂလန်မှာကော ဆိုရင်တော့ အခု လောလောဆယ် မလွယ် မခက် လို. ပြောလို.ရပါတယ်။ Training အလုပ်မှရယ်လို. အလုပ် မရွေးဘူး ဆိုရင်တော့ အခု အင်္ဂလန်က အလုပ် လွယ်နေပါသေးတယ်။ ဒါပေမယ့် တလောက GMC ကထုတ်တဲ့  သတင်းတွေထဲမှာ လူနာတွေဆီမှ ဆရာဝန်တွေ မကျေနပ်လို. လာတဲ့ Medical complaints တွေ အားလုံး ပြန် သုံးသပ်ကြည့်တော့ International Graduates တွေဟာ Local graduates တွေထက် complaints တွေ ရတာ သိသိသာသာ ပိုများတယ် ဆိုပဲ။ အဲဒီ အတွက် international graduates တွေကို training အလုပ်တွေ မပေးသင့်ဘူးဆိုတဲ့ သတင်းတခု ထွက်လာပါတယ်။ အခု အဲဒီ စာစောင်ကို ပြန်ကိုးကားဖို. လိုက်ရှာတာ မတွေ.ဘူး ဖြစ်နေပါတယ်။ အထူးအဆန်းတော့ မဟုတ်ပါ။ သူတို.ရဲ့ Culture နဲ. ကျမတို ကြီးပြင်းလာတဲ့ ဘဝနဲ. တူမှ မတူတာ။ အင်္ဂလိပ်စကား Language Barrier ဆိုတာလဲ ရှိသေးတာကိုး။ တခါက MRCP PACES စာမေးပွဲ တခုမှာ "breaking bad news" တခုကို တခြားနိုင်ငံက လာတဲ့ ဆရာဝန်က ဖြေတာ မှတ်မိပါတယ်။ အတိုခြုံ. ပြောရရင် လူနာက ကင်ဆာနဲ. သေခါနီးနေပါပြီလို. ပြောခိုင်းတာ၊ လူနာက စိတ်ဓါတွေကျပြပြီး ငိုမယ်လုပ်၊ ဆရာဝန်ကလဲ ဘာပြော ဘယ်လို နှစ်သိမ့်ရမယ် မသိနဲ. "Don't worry .. Don't worry" "Good .. Good" ဆိုတာတွေ လျှောက်ပြောတော့ ဒီမှာတော့ ဆရာဝန် ပိုးစိုးပက်စက် အမှတ်နဲ. စာမေးပွဲကျတာပေါ့နော်။ တကယ့် အပြင်မှာဆိုရင်တော့ Complaint ပေါ့။ ဥပမာ တခု ပြောပါတယ်။

နောက် အင်္ဂလန်ရဲ့ ခက်တဲ့ အချက်က လူဝင်မှုကြီးကြပ်ရေး (UK Border Agency) မှ Rules မျိုးစုံ ခဏ ခဏ ပြောင်းလိုက် အသစ် ထုတ်လိုက်နဲ. အင်္ဂလန်မှာ တခြားနိုင်ငံသားတွေ အခြေမချရလေအောင် အမျိုးစုံ လုပ်နေတာပါဘဲ။ အင်္ဂလန်လာဖို. တွေးနေတယ်ဆိုရင်တော့ ဒီ GMC website (LINK) နဲ. UKBA website (LINK) ဒါတွေကို မကြာခဏ လေ့လာထားသင့်ပါတယ်။ 

ကဲ အချိန်မရ ကျမအတွက် လုပ်စရာ တွေ အများကြီး ရှိနေသေးတာ ကြောင့် ဒီမှာပဲ ရပ်ရပါတော့မယ် ......