Menu bar

9 July 2012

patient-doctor relationship

Patient-doctor relationship ဆိုတာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ လူနာဖြစ်ဖူးသူတိုင်း ဆရာဝန်တိုင်း သိကြမှာပါ။ လူနာ တယောက်အတွက် ကိုယ့်ကို ကုသပေးမယ့် ဆရာဝန်ကို ယုံကြည်ဖို. လိုသလို ဆရာဝန်ကလဲ အဲဒီ လူနာရဲ့ ယုံကြည်မှု အားကိုးမှုကို မရရင် ကုသဖို. အခက်အခဲတွေ တွေ.နိုင်ပါတယ်။ အဲဒီလို လူနာတွေရဲ့ လေးစားမှုကို ခံရဖို. ကျမတို. ဘယ်လောက်ပဲ ကြိုးစားပေမယ့် တခါတလေ (ရှားရှားပါးပါး လို.တော့ ပြောချင်ပါတယ်) ကျမတို. ရတတ်တာက လူနာတွေ ဆော်ပလော်တီးတာ စိတ်အနာတရ ရအောင် လုပ်တာတွေပါ။  

မှတ်မှတ်ရရ တခါက Night duty ကျပြီး မနက်စောစောမှာ သူနာပြုတယောက်က “လူနာဘကြီး တယောက် အရမ်း confuse ဖြစ်နေတယ်။ လာကြည့်ပါ” ဆိုလို. သွားကြည့်ပေးရပါတယ်။ အမှန်ဘဲ ဘကြီးဟာ ဘေးလူနာနဲ့ ရန်ဖြစ်လိုက်၊ သူနာပြုတွေကိုအော်လိုက်နဲ.ပါ။ ကျမလဲ ရောက်သွားရော၊ ကျမလဲတွေ.ရော ဘကြီးဟာ သူ.နှာခေါင်းထဲ ထဲ့ထားတဲ့ ပိုက်ကြီးကို ဆွဲထုတ်ပြီး “ဟေး .. ယား ...” ဆိုပြီး cowboy ကြီး မြင်းစီးနေတဲ့ အတိုင်း သူ.ရဲ့ နှာခေါင်းပိုက်ကြီးနဲ့ ရှေ.တွေ.ရာ လူတွေကို လိုက်ရိုက်တော့တာပါဘဲ။ တော်ပါသေးတယ် သူကအိပ်ယာပေါ်က မထနိုင်တဲ့ လူနာဖြစ်နေလို.ပါ။ နို.မဟုတ်က ကျမတို. အားလုံးထွက်ပြေးရမယ် ထင်ပါတယ်။ ကျမတကိုယ်လုံးလဲ သူ.နှာခေါင်းပိုက်က အရည်တွေစင်ပြီး တော်တော် ညစ်ပတ်သွားပါတယ်။ နောက်မှ ဒီဘကြီးကို ဘယ်လိုလုပ်ရသလဲ ဆိုရင် သူ.ခုတင်အောင်ကနေ သူမမြင်အောင် အသာလေး ဝပ်သွားပြီး သူ.အနောက်ကနေ သူ.နှာခေါင်းပိုက်ကို သွားဆွဲလုရပါတယ်။ နို.မဟုတ်ရင် ဒင်းက လာသမျှလူ သူ.အနားကပ်လာသူ မှန်သမျှကို လိုက်ရိုက်နေတော့တာကိုး။ 

အဲဒီလိုပဲ အလွန်ရှိုးများတဲ့ (အဝတ်ဆို designer မှ ဝတ်ပါတယ်။ ဆေးရုံလာရင် ဆံပင်ကို ကော်အတောင့်နဲ. necktile နဲ အမြဲ စမတ်ကျကျပဲ လာပါတယ်) ကျမရဲ့ သူငယ်ချင်း ဆရာဝန်တယောက်ကိုလဲ confused ဖြစ်နေတဲ့ လူနာ အဖွားကြီးက အမြင်ကပ်ကပ်နဲ. “ငါ့ရှေ.ဘာလို. ရှိုးလာပြနေသလဲ” ဆိုပြီး ကော်ဖီကွက်နဲ့ ဆိုင်းမဆင့် ဘုံမဆင့် ကောက်ပေါက်တာ ခံရဖူးပါတယ်။ သူငယ်ချင်းခင်ဗျာ သူရဲ့ ဒီဇိုင်နာ အင်္ကျီတွေ ပျက်စီးပါပြီဆိုပြီး အတော် ဒေါသူပုန်ထခဲ့ပါသေးတယ်။ 


ကျမရဲ့ အခင်ဆုံး သူငယ်ချင်းတယောက် ကတော့ ဆေးကျောင်းပြီး အလုပ်စမယ်ကြံသေး ပထမဆုံးနေ.မှာ တွေ.ရတာက လူနာက “perianal abscess” စအိုနားမှာ ပြည်တည်နာဖြစ်တဲ့ အဖိုးကြီး တယောက်။ အလုပ်သဘောအရ မဖြစ်မနေ PR (စအိုထဲ လက်နှိုက်) စမ်းရတော့ ပြည်တည်နာကြောင့် ရက်အတော်တော် များများ အီးအီးမပါနိုင်တဲ့ ဘကြီးဟာ ကျမသူငယ်ချင်းကို အီးနဲ.ပန်းထဲ့ လိုက်တာ ဆိုတာ .. ကျမသူငယ်ချင်းကြီးခင်ဗျာ စိတ်ဓါဏ်ရာ အတော် ရသွားရပါတယ်။ အဲဒီထဲက သူဟာ PR ဆိုဘယ်တော့မှ မစမ်းနိုင်တော့ (အခုတော့ OG ဖြစ်သွားပြီး PR မစမ်း VE ပဲ စမ်းပါတော့တယ်။ ဟိ)

နောက်ထပ် မှတ်မှတ်ရရ စိတ်ရောဂါကု ဆေးရုံမှာ တာဝန်ကျတုန်း ကျမရဲ့ဘော့စ်နဲ. အတူ Home visit သွားရတော့ လူနာက အရင်လက်ဝှေ.သမား အပျော်တန်း ဝိတ်မတဲ့သူတဲ့။ အိမ်မရောက်ခင်ထဲက ဘော့စ်ကတော့ ပြောသား၊ တံခါးနားမှာဘဲနေတဲ့၊ ထွက်ပြေးသင့် အလွယ်တကူ ပြေးလို.ရအောင်။ ကျမလဲ ကြောက်ကြောက်လန်.လန်.နဲ.ပေါ့။ လူနာအိမ်ရောက်တော့ ပထမတော့ လူနာက ကောင်းကောင်းမွန်မွန် ရည်ရည်မွန်မွန် ပါဘဲ။ ကျမလဲ သက်ပြင်းချမယ် ကြံကာရှိသေး။ လူနာက ကောက်ခါငင်ခါ ဆိုင်းမဆင့် ဘုံမဆင့် ကျမရဲ့ဘောစ်ကို “ဆရာ .. ဆရာ့ အနောက်မှာ ပိုးကောင်ကြီးတွေ” ဆိုပြီး ပြောလဲပြော၊ တဝှီဝှီ လက်သီးပုန်းတွေနဲ. ထဆော်တော့တာပါဘဲ။ တော်ပါသေးတယ်။ လက်သီးတွေက မျက်နှာတဲ့တဲ့ကို ရွယ်တာမဟုတ်။ ဘေးနားကိုသာ၊ သူ Hallucination ရပြီး၊ မြင်ရတဲ့ အကောင်တွေ နားကိုသာ လျှောက်ထိုးဖို.လုပ်လို.၊ နို.မဟုတ် ကျမတို. အညိုအမဲနဲ အိမ်ပြန်လာရမလား မသိ။ ပါလာတဲ့ လုံခြုံရေးတွေ ဝင်ကူပြီး ကျမတို.လဲ အမြန် လစ်လာရပါတော့တယ်။ နောင်ဆို အရင်က သင်ခဲ့ဖူးသလို လူနာကြည့်မယ်ဆိုတာနဲ. ပထမဆုံး ရှာမိတာက “ဘယ်မှာလဲ တံခါးပေါက်?”

စိတ်ရောဂါကု ဆေးရုံအကြောင်းပြောတော့ ကျမရဲ့ အမျိုးသားကို အဲဒီတုန်းက ကျမတာဝန်ကျနေတဲ့ စိတ်ရောဂါကု ဆေးရုံကို ခဏ ခေါ်သွားဖူးပါတယ်။ ဒီမှာ စိတ်ရောဂါကုဆေးရုံဆိုတာ သူ.အိပ်ခန်းနဲ. TV ခန်း၊ ဂိန်းမ်း ကစားခန်း၊ ကက်ဆက် နားထောင်ခန်း၊ ထမင်းစားခန်း အစရှိသဖြင့် အခန်းတွေကိုယ်စီ လူနာတွေ စုပြီး အလွန် သားသားနားနား အိမ်ကြီးတအိမ်လို ထားတာပါ။ ဒီလိုနဲ့ အမျိုးသားရောက်လာတော့ ကျမရဲ့ လူနာတယောက်က ကျမထက်ဦးအောင် ကျမအမျိုးသားကို လှိုက်လှဲသကင်း ဆီးကြိုပါတယ်။ ဆေးရုံဆောင်တွေ အကြောင်းကိုလဲ ရှင်းပြ၊ အခန်းတွေလဲ လိုက်ပြနဲပေါ့။ ကျမလဲ တယ်ထူးဆန်း ဆိုပြီး ကြည့်နေတုန်း လူနာက ကျမ အမျိုးသားကို မေးလိုက်တာက “ဘယ်အခန်းမှာ နေမှာလဲ။ ငါတို.သူငယ်ချင်း လုပ်လို.ရတယ်” တဲ့။ ကျမယောက်ျားကို လူနာ အသစ်တက်လာတယ် ထင်လို.လေ ..

ဒီစိတ်ရောဂါကု ဆေးရုံမှာ ပါဘဲ၊ wardround လုပ်တယ်ဆိုတာ လူနာတယောက်ဆီကို အင်တာဗျူး အခန်းထဲ ခေါ်ပြီး စကားပြော မေးခွန်းတွေ မေးတာပါ။ ဘယ်လိုနေသလဲ ဘယ်လိုခံစားရလဲ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေပေါ့။ တနေ.မှာတော့ လူနာဒေါ်ကြီးတယောက်ကို အင်တာဗျူးကြပါတယ်။ သူမက အသက် ၆၀ကျော်လောက် ရှိမလား ဝဝတုတ်တုတ်ကြီးပါ။ အင်တာဗျူးတော့ သူမက အလွန်ပဲ စိတ်ဓါတ်ကျနေသေးကြောင်း ပြောပါတယ်။ အဲဒီမှာ ကျမရဲ့ဘော့စ်က “Alright Ann, I know you are feeling low, thats why I would like to propose ....” ဒီမှာ သူဆက်ပြောချင်တာက “to add a new anti-depressant medication” ပါ။ ဒါပေမယ့် propose ဆိုတဲ့ စကားလဲ ကြားရော လူနာ ဝတုတ်ကြီးက အားရဝမ်းသာ ထလာ “Ohh doctor, you want to propose to me? Oh dear. I am very happy” ဆိုပြီး ကျမရဲ့ ဘောစ်ကို ထအဖက်။ ဘော့စ်ကလဲ သူ.ခုန်ပေါ်က ကမန်းကတန်းထပြီး လူနာကို ပြန်ဆွဲဖို. (မဖက်အောင် နဲနဲ ထိန်းပေးဖို.)လုပ် ကျမကလဲ ထမယ် အလုပ်မှာ၊ သူတို.နှစ်ယောက်အရှိန်လွန်ပြီး ကျမအပေါ် အရပ် ၆ပေကျော်တဲ့ ဘော့စ်၊ သူ.အပေါ် ပေါင် ၁၇၀ကျော်လောက်လေးမယ့် လူနာ အားလုံး လဲကျပြီး၊ ကျမမှာ အောက်ဆုံးကနေ  "HELLPPPP" အော်ရပါတယ်။ သူနာပြုတွေအားလုံးဝင်လာ ကူမပေးမှ တော်ပါသေးတယ် အီးလဲမထွက် အသက်လဲ မထွက်သေးပါလားရယ်ပေါ့ .. ဟူး ...