Menu bar

14 January 2013

ဆရာဝန် တယောက် လစာ နဲ. ဂိုဏ်သိက္ခာ

ဒီနေ. ဆေးခန်းမှာ လူနာတယောက်နဲ. စကား လက်ဆုံကျပြီး ဒီအကြောင်းအရာလေးတွေကို တွေးဖြစ် ရေးဖြစ်သွားတာပါ။ လူတယောက်ရဲ့ ဂုဏ်သိက္ခာ၊ အထူးသဖြင့် ဆရာဝန်တယောက်ရဲ. သမာဓိ ဆိုတာနဲ. သူ.ရဲ့ ဘဝကို နဲနဲ ပြောပြချင်လို.ပါ။ 

ကျမ ဂျူနီယာဆရာဝန်ဘဝ တုန်းကပေါ့။ သူငယ်ချင်း ဆရာဝန်မ တယောက် အရက်ဆိုင်မှာ မူးပြီး ရင်ဘတ်ကို လှန်ပြမိတယ်တဲ့။ အဲ လန်.မသွားပါနဲ.ဦး။ ဒီနိုင်ငံမှာ မူးပြီး ဒါမျိုးတွေ လုပ်တယ်ဆိုတာ သိပ် အဆန်းတကျယ်တော့ မဟုတ်ပါ။ သာမန် ကောင်မလေး တယောက်ဆိုရင် ဘာမှ အထူးအဆန်း မဟုတ်ပေမယ့် ဆရာဝန် ဆိုတဲ့ ဂုဏ်သိက္ခာ ဆိုတာ ပါလာတော့၊ ဒီဆရာဝန်မလေး ဆမ လိုမျိုး ဒီနိုင်ငံမှာ (GMC) အလုပ်လုပ်ခွင့် ပိတ်ခံရပါတယ်။

အဲဒီလိုပဲ အသိ ဆရာဝန် တယောက် လူနာနဲ. ပက်သက်မိတော့ အတိုင်ခံရ၊ စုံစမ်းတာ ခံရ ဖူးတာ။ ဆရာဝန်တယောက် အရက်မူးပြီး ကားမောင်းတာများမိပြီဆိုရင် ထောင်ကျတာအပြင် အကျင့်စာရိတ္တမကောင်းတဲ့ သူအဖြစ် တသက်တာ ဆရာဝန် အလုပ်လုပ်ခွင့် (GMC) အပိတ်ခံရနိုင်တာ။ ပုံမှန်လူတယောက်ဆို ဥပဒေလက်တလုံးခြား လုပ်လို.ရတာလေးတွေ နှစ်ခေါက် ပြန်မစဉ်းစား လုပ်နိုင်ပေမယ့် ကျမတို.လို ဆရာဝန်တွေမှာ GMC ဆိုတာကြီးနဲ. ဘာကိုမှ ဥပဒေ မချိုးဖောက်မိရလေအောင်၊ ကောင်းသော အကျင့်စရိတ္တရှိသူများ ဖြစ်အောင် သတိထား ကျင့်ကြံနေထိုင်ရပါတယ်။ လူနာတွေနဲ.လဲ ပုဂိုလ်ရေး မပက်သက်မိအောင်၊ အထူးသဖြင့် တချို.တွေ facebook တို.လို social media တွေမှာ သူငယ်ချင်းလာလုပ်တာတွေ လက်မခံမိအောင် ဆိုတဲ့ သေးသေးမွှားမွှားတွေက အစ သတိထား နေထိုင်ရပါတယ်။
အင်္ဂလိပ်စကား တခွန်းကို ကျမ သတိရမိပါတယ် "Respect is to be earned" တဲ့။

တချို.ပြောတဲ့ "ဆရာဝန်ဆိုတော့ ဂုဏ်ရှိ ငွေရှိပေါ့" ဆိုတဲ့ စကားတချို.လဲ ကျမကြားဖူးပါတယ်။ အဲဒီလို ဂုဏ်ဘယ်လိုရှိအောင် အထူးဂရုစိုက် နေထိုင်ရတာ ပြောပြီးသွားလို. ဆရာဝန် တယောက် အနေနဲ. ပိုက်ဆံ ဘယ်လိုရအောင် ရှာရတယ် ဆိုတာလဲ ပြောပြချင်ပါတယ်။ သူများနားတဲ့ weekend တွေ Christmas လို ပိတ်ရက်တွေမှာ၊ သူများ အိပ်ယာပေါ်မှာ ဇိမ်နဲ. နှပ်နေ အိပ်နေတဲ ညညတွေမှာ ဆရာဝန် အများစုမှာ ဆေးရုံမှာ ဟိုပြေး ဒီပြေး၊ ဖြစ်သမျှ complaint ပေါင်းစုံ လိုက်ရှင်းပေးနေရတာတွေ။ ကိုယ့် ဆုံးဖြတ်ချက် အမှားတခုကြောင့် လူနာများ တခုခု ဖြစ်သွားလေမလားဆိုတဲ့ စိုးရိမ်ပူပန်ရတာတွေ။ သူများမကိုင်ချင်တဲ့ သလိပ်၊ ဆီး၊ ချီးဆိုတာတွေ မရွံမရှာ ကိုင်ရတွယ်ရ။ စအိုပေါက်ထဲ လက်နှိုက်စမ်းလို.၊ အီးတုံးတစ်နေလို. လူနာကို လက်နဲ.နှိုက်ထုတ်ပေးရတာတို. (မယုံ မရှိ ကျမရဲ့ ကိုယ်တွေ. အတွေ.အကြုံပါနော်)။ ကိုယ့်ကိုယ်မှာ သွေးပေနေလဲ သူများရောဂါကူးမှာ မကြောက်ရ၊ လူနာ ကျန်းမာဖို. က အဓိက ဆိုပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာတွေ။ ပြောပြရရင် ဆုံးမှာ မဟုတ်ပါ။ 

အဲဒီလို အလုပ်တွေ ကြိုးစားလွန်းတော့ ဝင်ငွေက တအားကောင်းမှပဲနော်လို.တော့ မထင်လိုက်ကြပါနဲ.ဦး။ မြန်မာနိုင်ငံရဲ့ ဆရာဝန်လစာကို ထားပါဦး။ ဖွံဖြိုးတိုးတက်ပြီးသားနိုင်ငံဖြစ်ပြီး အားကိုးရလောက်တဲ့ ကျန်းမာရေး စနစ်ရှိတဲ့ အင်္ဂလန်လို နိုင်ငံမျိုးနဲ.ပဲ ကျမပြောပြချင်ပါတယ်။ 

တနေ.က ကျမတို.အိမ်မှာ ရေချိုးခန်းထဲက ရေပိုက်ကလေး ရေနဲနဲယိုနေလို. ပိုက်ပြင်တဲ့ လူကိုခေါ်ရပါတယ်။ ဘာပစ္စည်းဖိုးမှ မပါသေး၊ သူ.ရဲ. ပညာခက ဘယ်လောက်ပေးရသလဲ ဆိုတော့ တနာရီိ အင်္ဂလန်ပေါင် ၆၀ တဲ့။ 

ဂျူနီယာ ဆရာဝန်တယောက် (မြန်မာနိုင်ငံရဲ့ House နဲ. AS)လို ဘဝမျိုးဆိုရင် NHS လခနဲ. အကြမ်းမျဉ်း တနာရီ ပေါင် ၂၀ လောက်ရပါတယ်။ Oncall နဲ. ညဂျူတီတွေနဲ. ဆိုတော့ လခက ကောင်းသွားပေမယ့် တနာရီ နှုန်းနဲ. တွက်လိုက်ရင် Manager .. Accountant ဆိုတာမျိုးနဲ. ယှဉ်ဖို.ဝေးလို. ပိုက်ပြင်သမား တယောက်လောက်တောင် မရပါ။ ဒီလို ပြောလို. အနာဂါတ်ရဲ့ ဆရာဝန်လောင်းများကိုတော့ စိတ်ဓါတ်သိပ်မကျ စေချင်ပါ။ ပိုက်ဆံပဲ လိုချင်တာဆိုရင်တော့ Private လိုမျိုး၊ တခြားစီပွားရေး လုပ်လို.ရတဲ့ အကွက်တွေတော့ရှိပါတယ်။ ကျမ ဦးလေးတယောက်ကလဲ အမေရိကမှာ ဆရာဝန်အဖြစ်နဲ. အလုပ်လုပ်တာ ဝင်ငွေတော့ကောင်းပါတယ်၊ တည တညဆို ၄နာရီလောက်ပဲ ပုံမှန်အိပ်ချိန်ရှိတယ်တဲ့။ 

ကဲ ဒါဆို ကျမ ဒီအလုပ်ကို ဘာကြောင့် မညည်းမငြူ (အမှန် ပြောရရင်တော့ နဲနဲပဲ ညည်းတာပေါ့နော်)ဆက်လုပ်နေလဲဆိုတော့ မေးစရာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျမ အလုပ်ကို ကျမ အလွန်ချစ် အလွန်ပျော်ပါတယ်။ (အခု အားကစား အလုပ်ဆိုတော့ ပိုပျော်ဖို. ကောင်းသေး)။ လူနာ တယောက် နေပြန်ကောင်းသွားတိုင်း၊ ကျေးဇူးပါဆိုတဲ့ စကားတခွန်း ကြားရတိုင်း ပင်ပန်းသမျှ မေ့ပျောက်ပြီး အပြုံးတပွင့်နဲ. ရှေ.ဆက် ဆက်လုပ်ဖြစ်နေတော့တာပါဘဲ။ 

အဲဒီတော့ လူနာတွေ၊ လူနာရှင်တွေကလဲ ဆရာဝန်တွေ နဲနဲ အမှားပြုမိ စိတ်မရှည် ဖြစ်မိတာလေးတွေကို သြော်သူတိုခင်ဗျာ လခနဲနဲ နဲ. ပင်ပင်ပန်းပန်း လုပ်ပေးနေရှာတာဆိုတဲ့ နားလည်တဲ့ မျက်လုံးလေးတွေနဲ. ပိုကြည့်ပေးမယ်ဆိုရင် ......။ ဆရာဝန်တွေလဲ ဘယ်လောက် ပင်ပန်း နွမ်းနည်နေပါစေ ဆရာဝန်ဆိုတဲ့ လခနဲနဲ စေတနာ မျာများ လူတယောက် ဖြစ်လာခဲ့ပြီးပြီမို. အပြုံးလေးနဲ. လူနာ အကျိုးကြည့်ပြီး လုပ်ကိုင်ပေးကြမယ်ဆိုရင် .......။