patient-doctor relationship အကြောင်းနဲ. လူနာတွေ ဆိုးကြောင်းပြောပြီးတော့ ဆရာဝန်တွေရဲ့ အကြောင်းလဲ နဲနဲ ပြောရမှာပေါ့နော်။
ကျမ ခွဲစိတ်ဌာနမှာ တာဝန်ကျတုန်းကပေါ့။ အလွန်ကို စိတ်မြန်တဲ့ အူမကြီးနဲ. စအိုဝ ခွဲစိတ်တဲ့ ဆရာကြီး တယောက်ရှိဘူးပါတယ်။ အဲဒီ ဆရာကြီးဆိုတာ သူ.လူနာတွေကိုလဲ ဘယ်တော့မှ မမှတ်မိ။ အဲဒီတော့ မနက်ခင်း wardround လုပ်ရင် ကျမတို.ကနေ သူ.လူနာတွေက ခုတင်နံပါတ် ဘယ်လောက်မှာ ဘာရောဂါနဲ. တက်တာလဲ ဆိုတာ သေသေချာချာ မှတ်မိအောင်လုပ်ထားပြီး သူ.ကို ဘယ်လူနာပြီး ဘယ်လူနာကြည့်မယ် ဆိုတာတွေ လမ်းပြခေါ်သွားရပါတယ်။ ဒါတောင် ကျမတို.က လူနာဆေးမှတ်စုရေးနေလို. နဲနဲလေးနောက်ကျသွားရင် သူက မစောင့်ဘဲ တွေ.ရာလူနာကို သူ.လူနာထင်ပြီး အတင်းဝင်ကြည့်တတ်ပါသေးတယ်။ တခါကတော့ လူနာ အမျိုးသမီးကြီး တယောက်အလှဲရောက်တော့ ကျမတို.က ဒီလူနာရဲ့ ရောဂါအကြောင်းပြောပြ၊ မနေ.က ဆရာကြီးခွဲထားတာပေါ့ ဆိုတာ ပြောပြပေမယ့် သူက မမှတ်မိတဲ့ ပုံစံနဲ. “အမ် ငါခွဲတာလား၊ မမှတ်မိတော့ဘူး” ဘာညာပြောပြီး၊ “ကဲ အနာကြည့်ရအောင်” ဆိုပြီး လူနာရဲ့စအိုဝက စမ်းသပ်တော့မှ သူက အားရဝမ်းသာ ထအော်တာ “သြ မှတ်မိပြီ၊ မှတ်မိပြီ။ ငါက လူနာကို မျက်နှာမြင်တာနဲ့ မမှတ်မိဘူး။ ဖင်ခေါင်းမြင်မှ (arse-hole) မှတ်မိတော့ သကိုးတဲ့” ကျမတို. အားလုံး ခွီးခနဲနေကို ရယ်မိခဲ့ကြပါတယ်။
တနေ.မှာတော့ ကျမတခြားလူနာ တယောက်နဲ့ အလုပ်ရှုပ်နေတုန်း ဆေးရုံဆောင်မှာ အရေးပေါ်ခေါင်းလောင်း မြည်လာပါတယ်။ အဲဒီခေါင်းလောင်းက လူနာတယောက် Cardiac Arrest (ရုတ်တရက် နှလုံးရပ်သွားတာမျိုး) မှာမှ အရေးပေါ်ခေါ်တဲ့ ခေါင်းလောင်းပါ။ ဒါနဲ. လုပ်နေတဲ့ အလုပ်တွေ တန်းလန်းထားခဲ့ပြီး ခေါင်းလောင်မြည်တဲ့ လူနာဆီ အတင်းပြေးတော့ Consultant ဆရာကြီးက ပြုံးပြုံးကြီး လူနာကလဲ ပြုံးပြုံးကြီး စကားပြောနေတာ ကိုအံ့သြစွာ တွေ.ရပါတယ်။ cardiac arrest လို.ဆိုဖို.ရာ အဝေးကြီး။ နောက်မှ ဆရာကြီးက အမောတကော ပြေးလာတဲ့ ကျမတို.ဘက် လှဲ.လာပြီးတော့ “သြ မင်းတို.တွေ တယောက်မှ မတွေ.လို. ဘယ်များပျောက်နေပါလိမ့်လို. ခေါ်ကြည့်တာ” တဲ့ . . ကဲ . . ကျမတို. ဆရာဝန် အငယ်တွေက ရယ်စရာလို. သတ်မှတ်ပေမယ့် ဆရာကြီးနဲ. သူနာပြုတွေတော့ အဲဒီကိစ္စနဲ. ပက်သက်ပြီး အတော်ရန်ဖြစ်လိုက်ရပါသေးတယ်။
တခါကတော့ အမျိုးသမီး တယောက် သူ.အရေပြားမှာ rash (ယားနာ အဖုအပိန်.လိုမျိုး) တွေ.လိုဆိုပြီး သူမရဲ့ GP ဆီကို သွားပြပါတယ်။ ဂျီပီက သူမကိုကြည့်ပြီး အလန်.တကြား ဖုန်းဆက်ပြီး ကျမလုပ်နေတဲ့ ဆေးရုံကို အမြန်လွှဲလာပါတယ်။ အရေးပြားမှာ “ပန်းခရမ်းရောင် rash တွေ ထွက်နေလို.တဲ့”။ ကျမတို.ရဲ့ နှစ်ရှည်လများ သင်ယူခဲ့တဲ့ ဆေးပညာမှာ တခါမှတော့ ပန်းခရမ်းရောင် rash ဆိုတာ မကြားဖူးခဲ့ပါဘူး။ အတော်များ ထူးဆန်းတဲ့ ရောဂါများဖြစ်နေမလား ဆိုပြီး စိတ်ဝင်တစား လူနာကို သွားကြည့်တော့မှ .. ပထမတော့ အင်း သူမရဲ့ လက်မောင်းနဲ့ လက်ဖျံပေါ်မှာ တကယ် ပန်းခရမ်းရောင် အကွက်တွေ၊ နေပါဦး အရက်ပျံနဲ. ဆေးကြည့်ပါဦး ဆိုတော့မှ ဘယ်ဟုတ်မလဲ ဒီအမျိုးသမီး မနေ.က သူမ ဝတ်ထားတဲ့ အင်္ကျီက အရောင် အရေပြားမှာ စွန်းကျန်နေတာ ဖြစ်နေပါတယ်။
နောက်တခုကတော့ ကျမရဲ့ ကိုယ်တွေ. အဖြစ်ပါ (Bad Bad doctor ပေါ့)။ ပုံမှန်ဆိုရင်တော့ ကျမက အရေးပေါ် အခြေအနေများမှာ အေးဆေးတည်ငြိမ်အောင် ကြိုးစားလုပ်ကိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်ကတော့ ကျမ လန်ဒန်မာရသွန်မှာ ဆရာဝန်အနေနဲ. တာဝန်ကျပါတယ်။ အလုပ်မလုပ်မီ တရက်ကြိုလို. မာရသွန်မှာ ဖြစ်တတ်တဲ့ ရောဂါများအကြောင်း သင်ရပါတယ်။ အဲဒီမှာ ပူပြင်းတဲ့ ရာသီဥတုမှာ (အဲဒီတုန်းက အခန်း အပူချိန် ၂၄'C လောက်ရှိတာ။ ဒါပေမယ့် အင်္ဂလန်အနေနဲ.တော့ အတော်ပူတယ် ပြောလို.ရပါတယ်) အကြာကြီး ပြေးပြီးတော့ ခန္တာကိုယ် အပူချိန်တွေ အရမ်းတက်လာပြီး Heat Stroke လို.ခေါ်တဲ့ ဦးဏှောက်ထိခိုက်တတ်တဲ့ ရောဂါအကြောင်း သင်ရပါတယ်။ ဆွေးနွေးပွဲမှာ လာပြောတဲ့ သူက အမေရိကန်က ဆရာဝန်။ သူတို.ကတော့ Heat stroke ရတဲ့သူတွေကို ရေခဲကန်ကြီးထဲ စိမ်ပေးရပါတယ်။ အမြန် ခန္တာကိုယ်အပူချိန်ကို ပြန်ချနိုင်လေ ဦးဏှောက်ထိခိုက်တာ နဲလေပါ။
ဒီလိုနဲ. တကယ် အလုပ်လုပ်တော့ ကျမတာဝန်ကျရာ အဆောင်မှာ လူနာပေါင်းမြောက်များစွာနဲ. အလွန်အလုပ်ရှုပ်ပါတယ်။ အဲဒီအထဲမှာမှ လူနာတယောက်က ပြေးတဲ့လမ်းပေါ်မှာ တက်နေတော့ ကျမကိုယ်တိုင် သွားခေါ်ထုတ်ရပါတယ် (တော်သေးသည်။ ကင်မရာတွေမရှိ)။ အပျချိန်တိုင်းလိုက်တော့ ၄၄ 'C (ပုံမှန်ခန္တာကိုယ်အပူချိန် ၃၅.၅'C - ၃၇.၅'C)။ အဲဒီတော့ ရောဂါနာမည် တပ်လို.ရပြီ၊ heatstroke ပေါ့။ စိမ်စရာ ရေခဲကန်က ကျမတို.ဆီမှာ မရှိ။ လူနာကို ဒီအတိုင်းထားရင် ဦးဏှောက် ထိခိုက်တော့မယ်၊ အသဲ ကျောက်ကပ် ထိခိုက်တာတွေလဲ နောက်က ပါလာတော့မယ်။ ဒါနဲ အမြန် ရှိသမျှ ရေခဲတုန်းတွေ ကျမ ပုံးကြီးနဲ. သွားခပ်လာပြီး သုခုတင်ပေါ်နဲ. သူ.အပေါ်ဝေါခနဲ လောင်းချ ထားလိုက်ပါတယ်။ သူ.တယောက်ထဲကိုပဲ ကျမ အာရုံစိုက်နိုင်တာမဟုတ်။ တခြားလူနာတွေလဲ ရှိသေးတယ်ဆိုတော့။ သူ.ကိုတော့ ပြောပြထားရတာပေါ့။ ဒီအပူချိန် အမြန်ချဖို. ဘယ်လောက် အရေးကြီးတယ် ဆိုတာ။ ကျမစိတ်အပူလွန်ပြီး ရေခဲတုန်းတွေ ပုံးလိုက် အများကြီး လောင်းချထားလိုက်တာ နောက် ၁၀မိနစ်နေ သွားပြန်ကြည့်တော့ အပူချိန်က ၄၁'(OK ကျလာပြီပေါ့) နောက် ၁၀မိနစ်မှာ ၃၉' (ကောင်းတယ် ဆက်ကျပေါ့နော) နောက် ၁၀မိနစ်ကြာတော့ ၃၇' (ဝမ်းသာစရာကြီး ပုံမှန် အပူချိန်ကို ပြန်ရောက်လာပြီပေါ့) .. နောက် ၅မိနစ်ကြာတော့ ၃၆' (ဟဲ့ ရပ်တော့လေ ဆက်မကျနဲ.တော့) လူနာလဲ ဂတ်ဂတ်ဂတ်နဲ. တုန်လာ။ နောက် ၅မိနစ် ၃၅' (အပူချိန်တွေ အကျလွန်ပြီး Hypothermia ဆိုတာဖြစ်လာပါပြီ။) ဒါနဲ. မဖြစ်တော့ ရှိနေသေးတဲ့ လက်ကျန် ရေခဲတုန်းတွေ ရေတွေခပ်ထုတ် လူနာကို စောင်တွေနဲ. အထပ်ထပ်ပတ် .. ကျမမှာ အလုပ်အတော် ရှုပ်သွားခဲ့ပါတယ်။ ဟူး တော်သေးတယ် လူနာလဲ ဘာမှမဖြစ် ပြန်ကောင်းသွားပေလို.သာဘဲ။ နောင်သင်္ခန်းစာရစရာကတော့ ဘယ်တော့မှ ပိုမလုပ်မိစေနဲ. ပေါ့။ လူနာရော သူ.အမျိုးသမီးကပါ “ကျေးဇူးတင်လိုက်တာ” လာပြောတော့ ကျမမှာ ဘာပြန်ပြောရမှန်းမသိ .. ငါစိုးရိမ်လွန်ပြီး နဲနဲ Over ဖြစ်သွားတယ်နော် တော့ မပြောမိတော့ ...