Menu bar

3 May 2012

Under cover

အခု ကျမလုပ်တဲ့ ဆေးရုံက သူတို.ရဲ. စစ်တပ် စစ်ဆေးနဲ. စာချုပ်ချုပ်ထားတော့ ကျမတို.ဆီမှာ ယူနီဖောင်းဝတ်တဲ့ စစ်ဗိုလ် ဆရာဝန်လေးတွေနဲ. အလုပ်တွဲလုပ်ရပါတယ်။ ယူနီဖောင်းကို ကျော့ကျော့မော့မော့ ဝတ်ထားကြတော့ လူနာ အများစုရဲ. အထူးအလေးထားမှုကို ခံရပါတယ်။ 

တနေ.ကဆို အသက် ၈၀ကျော်အရွယ် အမျိုးသမီးလူနာ တဦးက ကျမရဲ. အလုပ်သင် ဆရာဝန်လေးကို သူမဟာ အပျိုစဉ်ပါ၊ သူမကို လိုချင်ရင်ရပါတယ် ဆိုပြီး ပြောလာလို. အတော်လေး ရယ်ခဲ့ပါသေးတယ်။ ဒီနေ.တွေ.တဲ့ အသက် ၁၀၃နှစ် အမျိုးသမီးကြီးကတော့ ဒီယူနီဖောင်းဝတ် ဆရာဝန်လေးတွေကို ကြည့်ပြီး ကျမကို တိုးတိုးခေါ်ပြောတယ်။ သူမက စပိုင် (Under Cover) လုပ်နေတာပါတဲ့။ တခါတလေ သူမရဲ. အဖွဲ.အစည်းနဲ. သွားတွေ.ရတယ်တဲ့။ အခု ဆေးရုံရောက်နေတာ သူမရဲ. လျှို.ဝှက် အဖွဲ.အစည်းကို ဘယ်လို အကြောင်းကြားရမလဲ မသိဘူးဆိုဘဲ။ 

ဟိုးတလောက ရောက်လာတဲ့ စိတ်ရောဂါသည် တယောက်ကလဲ ပြောပါသေးတယ်။ သူ ဒီဆေးရုံနဲ. အင်္ဂလန်ရဲ. ကျန်းမာရေး စနစ်ကြီး  (NHS) ကို Bomb ဖောက်မလို. Bomb တီထွင်နေတယ်တဲ့။ အောင်မြင်ခါနီးပြီ ဆိုဘဲ။ သူ.ရဲ. စီမံကိန်းကြောင့် စစ်ဆရာဝန်တွေရဲ. ကုသတာကို သူ မခံနိုင်ဘူးဆိုပါတယ်။ ဘယ်လိုများတီထွင်နေတာလဲ ပြောပြပါဦးဆိုတော့ .. သူ.ရဲ. စီမံကိန်း မအောင်မြင်မှာ စိုးလို. ပြောလို. မဖြစ်ဘူး ဆိုဘဲ။

တခါတလေ ဒီလူနာတွေ ပြောပြတဲ့ သူတို.ရဲ. တကယ့် ဘဝ ဇတ်လမ်းတွေ၊ ဒါမှမဟုတ်၊ သူတို.ရဲ. စိတ်ကူးယဉ် ဇတ်လမ်းများတွေဟာ အလွန်စိတ်ဝင်စားဖို. ကောင်းသလို ကျမရဲ. အလုပ်ကို ပိုပြီး စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။ ဒီလိုဘဲ အလုပ်မှာ ကြံဖန်ပြီး အကောင်း ဆွဲတွေးပေးရတယ် ဟုတ်။ ဘာကြောင့်လဲ ဆိုတော့ အခု အင်္ဂလန်မှာက ဘယ် Specialty မှာမဆို နေ.စဉ်တွေ.ရတာက အသက် ၈၀၊ ၉၀ ကျော် လူနာတွေပဲကိုး။ တော်သေးတယ် ကိုယ်ယူထားတဲ့ အားကစား ဆေးပညာမှာ ငယ်ငယ်ရွယ်ရွယ် အားကစာသမားလေးတွေ တွေ.ရသေးလို. ..။