Menu bar

29 May 2012

Training, Is it really that important?

ဒီနေ. အလုပ်မှာ အမျိုးသမီး တယောက်က သူ.အမေအတွက် အိမ်ကိုလာတဲ့ Carers တွေနဲ. ပက်သက်ပြီး မကျေနပ်လို. ကျမကို လာပြောပါတယ်။ ဒီနေရာမှာ နဲနဲလေးထပ်ပြောရင် ဒီနိုင်ငံမှာ အသက်ကြီးတဲ့ လူနာတွေ အတွက် အစိုးရက ခန်းထားတဲ့ Carers ဆိုတာတွေရှိပါတယ်။ သူတို.က အိမ်ကိုသွား၊ အဖိုး အဖွားတွေကို ရေချိုးပေး၊ အစားအသောက်ပြင်ပေး၊ အိပ်ရာခင်းလဲပေး ဆိုတာ မျိုးတွေ လုပ်ပေးရပါတယ်။ အဖိုး အဖွား လူနာတွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး တနေ. အများဆုံး ၄ခေါက်ထိ သွားပေးကြပါတယ်။ 

ကျမဆီလာတွေ.တဲ့ အမျိုးသမီးက ပြောတာက သူမမိခင်ကြီးက လမ်းမလျှောက်နိုင်တော့လို. Carers တွေကလာပြီး ရေချိုး အဝတ်လဲတာ လုပ်ပေးရတယ်တဲ့။ ဒါပေမယ့် သူ.အိမ်လာတဲ့ Carers တွေက လူနာကို ဘယ်လို မ ရမယ် နေရာရွှေ.ရမယ် ဆိုတာ Train မလုပ်ထားဘူးတဲ့။ အဲဒီတော့ လူနာကို ရေချိုးပေးမယ်ဆိုရင် သမီးလုပ်တဲ့ သူက လူနာကို အတင်းတွဲမ။ Carers တွေက ရေပတ်တိုက်ပေးတဲ့။ အဲဒီတော့ သမီးက မကျေနပ်တော့ Complaint လုပ်ပြီပေါ့။ ဒီနိုင်ငံမှာ သားသမီးတွေက မိဘနဲ. အတူနေကြတာ မဟုတ်။ တမြို.ထဲနေတာတောင် အတော်ရှားပါတယ်။ 

အဲဒီလို ဘယ်လောက်ထိ ဒီ Training ပေးတာ အရေးပိုကြသလဲ ဆိုရင် .. ကျမ တခါက လူနာကို ဓါတ်မှန် အမြန်ရိုက်လို.ရအောင်၊ လူနာ သယ်ပေးတဲ့ Porter တွေကို စောင့်နေရင် ကြာနေမှာ စိုးလို.၊ လူနာကို ကိုယ်တိုင် လက်တွန်းလှဲ (Wheel Chair) နဲ.  ဓါတ်မှန်ဌာနကို တွန်းသွားဖို. လုပ်တုန်းက Ward Sister ကြီးရဲ. အပြောကို အတော်လေး ခံခဲ့ ရဘူးပါတယ်။ Training မရှိရင် မတွန်းရဘူးတဲ့။ လူနာရဲ့ လက်တွန်းလှဲကို ဘယ်လို (စတိုင်လေးနဲ. ) တွန်းမယ် ဆိုတာ အသေအချာ သင်ရဦးမယ်တဲ့။ ကဲ အဲဒီတော့လဲ Porter လာတဲ့ အထိ စောင့်ပေါ့လေ။

ဒီဟာမှ မဟုတ်ပါ။ အရေးပေါ်ဌာနနဲ. ဆေးရုံဆောင်ထဲမှာ မကြာခဏ စိတ်ညစ်ရတာက လူနာတွေကို Drip ပေးခိုင်းရင် သူနာပြုအများစုက IV trained မဟုတ်သေးပါဘူး ဆိုပြီး၊ ဒီအတိုင်း Drip ပိုက်ကို တွဲလောင်း လူနာနားမှာ ထားထားခဲ့တာတွေပါ။ မနေနိုင်တဲ့ ကျမက သူတို.တန်းလန်းထားခဲ့တဲ့ ပိုက်နဲ. လူနာရဲ့ လက်က Canula (သွေးကျောထဲ ထဲ့ထားတဲ့ ပိုက်ကလေး) ကို ဆက်ပေးလိုက်မှပါဘဲ။ မလုပ်တတ်တာလဲ မဟုတ် ဒီပိုက်ကလေး နှစ်ခု ဆက်လိုက်ဖို.ကို Training မရှိသေးလို.ဆိုပြီးတော့ကာ .. ဒီလိုဘဲ ထားခဲ့ကြတာ။ အဲဒီတော့ လူနာရဲ့ ဆေးကုသမှုတွေက အကုန် နှောင့်နှေးကုန်တော့တာပေါ့။

ဒီလို အသေးအဖွား လေးတွေထားလို.။ Training မရှိသေးဘူး ဆိုတဲ့ အကြောင်းပြချက်နဲ. လူနာတယောက် စိတ်ရောဂါကုဆေးရုံထဲမှာ အစာနင်နေတာကို ကူညီ မပေးဘဲ လူနာ သေသွားတဲ့ အထိတောင် ဒီအတိုင်း ထိုင်ကြည့်နေကြတဲ့ အဖြစ်တောင် ရှိသေးတယ် မဟုတ်ပါလား။ ဒါကို ကျမ အရင် POST တခုမှာလဲ ရေးဖူးပါတယ်။ 

ကျမ အနေနဲ.တော့ မကြာခဏ ပြန်စဉ်းစားမိပါတယ်။ အဲဒီလောက် အထိ ဒီ Training တွေ၊ Certificate တွေကပဲ အရေးကြီးနေသလား။ လူနာတွေ အပေါ် မေတ္တာ အပြည့်နဲ. သူ.တို.အတွက် အကောင်းဆုံး ဆောင်ရွက်ပေးဖို.က ပိုအရေးမကြီးပါလား လို. ???!!!