Menu bar

7 May 2012

Las Vegas

Dancing water; one of the famous attractions of vegas
အမေရိက သွားတုန်းက လက်ကျန် ဓါတ်ပုံလေးတွေပါ။ ပထမ LA နဲ. University Studio မှာ လည်ပြီးတော့ ဦးလေးက ကမ္ဘာ့ လောင်းကစား မြို.တော်ကြီး Las Vegas ကို လိုက်ပို.ပေးခဲ့ပါတယ်။ ပြောစမတ် ပြုရလောက်အောင်လဲ မီးတွေက ထိန်ထိန်လင်း၊ အံမခန်းဘွယ် နန်းတော်ကြီးတွေ အလား ဆောက်ထားတဲ့ ဟိုတယ်တွေကလဲ မြောက်များစွာ တွေ.ခဲ့ရပါတယ်။ မြန်မာနာမည်နဲ. မန္တလေး ဟိုတယ်ကြီးတောင် တွေ.ခဲ့ရပါသေးတယ်။ တခုပဲ ပြောချင်တာက သူတို.က ကိုယ့်ရဲ့မူပိုင်ရယ်လို. မဟုတ်ပဲ ကမ္ဘာ့နာမည်ကျော် နေရာတွေကို အတုခိုးပြီး ဆောက်ထားတာတွေ များပါတယ်။ ဥပမာ အီဖယ်တာဝါ လိုမျိုးပေါ့။


သွားခဲ့တာလဲ ကြာပါပြီ။ ဒီလိုပြန်ရေးဖြစ်မယ်လဲ မထင်ထားတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ မမှတ်မိတာတွေထဲကမှ မှတ်မိတာ တခုကတော့ စားခဲ့တဲ့ ဟိုတယ်ရဲ. ဘူဖေးက အလွန်ကြီးပြီး စုံလွန်းတာပါဘဲ။ တခါတလေ ကိုယ်ထိုင်နေတဲ့ စားပွဲကိုတောင် လမ်းပျောက် ရလောက်အောင် အထိပါ။ ကျမက ဦးကြီးထဲ့ပေးတဲ့ Steak တွေ အသားကုန် တွယ်နေချိန်မှာ အမျိုးသားက ခေါက်ဆွဲကျော်နဲ. ကော်ပြန်.ကျော် စားနေလို. မကျေမနပ် သူနဲ. ပွစိ ပွစိ ဖြစ်ခဲ့ ရပါသးတယ်။


အပြန်ခရီးကတော့ သိပ်မချောမွေ.ခဲ့ပါ။ LA လေဆိပ်မှာ Bomb Alert နဲ. ကြုံနေလို. အလွန်ကြပ်တဲ့ လုံခြုံရေးနဲ. အတူ လေယဉ်တွေ နှောင့်နှေးတာရယ်။ အင်္ဂလန်ပြန်ရောက်တော့ အသစ်ဆောက်ပြီးခါစ London Heathrow Terminal 5 ရဲ. ပြဿနာတွေကြောင့် ပိုနှောင့်နှေးမှုတွေ ဖြစ်ရတာတွေပါ။ အမေရိက လေဆိပ် လုံခြုံရေးတွေရဲ. အကြောင်းကတော့ မကြာခဏ သူများပြောတာ ကြားရသလို၊ သတင်းမှာ Youtube တို.မှာလဲ မကြာခဏ တွေ.ရပါတယ်။ ဥပမာ အသက် ၈၀ကျော် အမျိုးသမီးကြီးက ဒီအဝတ်အထပ်ထပ်ချွတ် စစ်တာကို မကျေနပ်လို. ရေကူးဝတ်စုံနဲ. လေဆိပ်ကို လာတာ။ လက်တွန်းလှဲပေါ်က အမျိုးသား ခရီးသည်မှာ လုံခြုံရေးတွေရဲ့ အတင်းစစ်တာကြောင့် ရောဂါကြောင့် ထဲ့ထားရတဲ့ ဆီးအိတ်ကြီး ပေါက်ကျတာ။ ကလေးငယ်လေးတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ အထိ လုံခြုံရေးတွေက အကြာကြီး အတင်း စစ်ကြတာ တွေကစလို.ပေါ့။ သူတို. စစ်တာတွေပြောမှ ကျမ အရေးပေါ်ဌာနမှာ လုပ်တုန်းကတော့ ဘိန်းမှောင်ခို သယ်ချင်တဲ့သူတွေ စအိုထဲ ဘိန်းတွေ အထုတ်ကလေးတွေနဲ.ထဲ့ ခိုးသည်လာပြီး ရဲက ဖမ်းမိ ခေါ်လာတာတွေ သတိရမိပါတယ်။ ဘယ်လို နှိုက်ထုတ်ရသလဲ ဆိုတာတော့ ... အင်း ပြောလို.ကို မကောင်းလို. ဒီမှာဘဲ ဟိုရောက် ဒီရောက် စာတိုလေးကို ရပ်လိုက်ပါတော့မယ်။ 





Smiling tree from Bellagio hotel - I think 
Indoor setting with imitated Sky and
Street and Buildings.
Sometimes there're even faked rain and thunderclaps
Faked Sky again 

I can assure its not in Paris 
Bellagio hotel, i think
miniature Eiffel (Restaurant)
Again, this surely wan't in Egypt